ကို႐ိုနာကာလေစာင့္ၾကည့္ခံရခ်ိန္ စည္းကမ္းပ်က္ကြက္သူ ေထာင္ေျခာက္လက်


(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ျပည္ပက ျပန္လာသူေတြ ၁၄ ရက္စခန္းမွာ ေနထိုင္ဖို႔ အစိုးရရဲ႕ အစီအစဥ္ကို ေဒသတခ်ိဳ႕မွာ လိုက္နာမႈအားနည္းၿပီး အကူအညီေပးသူတခ်ိဳ႕ ရန္မူခံေနရပါတယ္။ စစ္ကိုင္းတိုင္း၊ ပုလဲၿမိဳ႕မွာေတာ့ ၁၄ ရက္စခန္းမွာ ေနထိုင္စဥ္ စည္းကမ္းမလိုက္နာသူတစ္ဦး ေထာင္ဒဏ္ ေျခာက္လ ခ်မွတ္ခံလိုက္ရပါတယ္။

အစိုးရက ေဒသႏၲရအမိန႔္ ၫႊန္ၾကားခ်က္ေတြ ထုတ္ျပန္ၿပီး ေစာင့္ၾကည့္ထိန္းခ်ဳပ္ေနတာကို မလိုက္နာလို႔ စစ္ကိုင္းတိုင္း ပုလဲၿမိဳ႕နယ္မွာ အမ်ိဳးသားတစ္ဦး ဧၿပီ ၂ရက္ မေန႔က အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ေျခာက္လ ခ်မွတ္ခံလိုက္ရပါတယ္။

သူဟာ ထိုင္းႏိုင္ငံကေန ျပန္လာလို႔ စစ္ကိုင္းတိုင္း၊ ပုလဲၿမိဳ႕ အထက္တန္းေက်ာင္းမွာ ၁၄ ရက္ ေစာင့္ၾကည့္ခံထား ရသူပါ။ မတ္ ၃၁ ရက္ညက ေစာင့္ၾကည့္စခန္းကေန အျပင္ကိုထြက္၊ အရက္ေသာက္စားၿပီး အာဏာပိုင္ေတြကို ရန္မူေျပာဆိုလို႔ ပုလဲၿမိဳ႕နယ္ ဒုတိယၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးက တရားလိုလုပ္ၿပီး ၂၀၁၃ ခုႏွစ္ သဘာ၀ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒ ပုဒ္မ ၃၀ (က) နဲ႔ အမႈဖြင့္ခဲ့တာပါ။ ဒီဥပေဒပုဒ္မအရ ျပစ္မႈထင္ရွားရင္ တစ္ႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ ၊ ဒဏ္ ႏွစ္ရပ္လုံးကိုျဖစ္ေစ ခ်မွတ္ႏိုင္တယ္လို ဥပေဒမွာ ေဖာ္ျပထားပါတယ္။

ေဒသႏၲရအမိန႔္ေတြနဲ႔ ၫႊန္ၾကားခ်က္ေတြကို မလိုက္နာလို႔ မရဘူးလို႔ ပုလဲၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္ထက္ က ေျပာပါတယ္။

"အမိန႔္ခ်ၿပီးၿပီ၊ ဘာပဲေျပာေျပာ ဒီလိုလုပ္ရတာ စိတ္မေကာင္းဘူး၊ စိတ္မေကာင္းလို႔ မလုပ္ရင္လည္း ဒီထက္ဆိုးတဲ့ ျပသနာေတြႀကဳံရမွာ၊ သက္ဆိုင္ရာ တိုင္းနဲ႔ျပည္နယ္အားလုံးက ဒီအခ်ိန္မွာက အသိတရားနဲ႔သြားလို႔ မျပည့္စုံဘူး၊ ေဒသႏၲရအမိန႔္နဲ႔ ၫြန္ၾကားခ်က္နဲ႔ တိတိက်က်လုပ္မွ ေရာဂါကထိန္းခ်ဳပ္ဖို႔လြယ္ကူမွာ"

ကို႐ိုနာအႏၲရာယ္ကာလမွာ ေဒသႏၲရအမိန႔္ကို မလိုက္နာလို႔ ေထာင္ဒဏ္ခ်မွတ္ခံရတာ ဒါပထမဆုံးျဖစ္စဥ္ပါ။ ေနရာတခ်ိဳ႕မွာလည္း အမႈဖြင့္ထားတဲ့ျဖစ္စဥ္ေတြ ရွိေနပါေသးတယ္။

ေထာင္ဒဏ္ခ်မွတ္ခံခဲ့ရသူကို  ပုလဲၿမိဳ႕မရဲစခန္းမွာ ထိန္းသိမ္းထားၿပီး ေစာင့္ၾကည့္ကာလ ျပည့္သြားရင္ေတာ့ မုံ႐ြာၿမိဳ႕ အက်ဥ္းေထာင္ကို ပို႔ေဆာင္သြားမွာျဖစ္ပါတယ္။

ပုလဲၿမိဳ႕မွာ မတ္လ ၂၄ ရက္ေန႔ကစလို႔ လူစုလူေဝးေတြမလုပ္ဖို႔၊ သၾကၤန္မ႑ပ္ေတြ မေဆာက္ဖို႔၊ ျပည္ပကေန ျပန္လာသူေတြ ၁၄ ရက္ၾကာ ေစာင့္ၾကည့္ခံဖို႔ စတဲ့ ေဒသႏၲရအမိန႔္ ထုတ္ျပန္ထားပါတယ္။ ဒီအမိန႔္ဟာ ဧၿပီလကုန္အထိ သက္ေရာက္မွာပါ။

လူအဝင္အထြက္မ်ားတဲ့ေနရာေတြမွာ ကိုယ္အပူခ်ိန္ စစ္ေဆးတာေတြ၊ ၁၄ ရက္ ေစာင့္ၾကည့္ခံရမယ့္သူေတြကို ေစာင့္ၾကည့္စခန္းေတြဆီ ပို႔ေဆာင္ေပးေနတဲ့ လူမႈအဖြဲ႕ေတြ၊ ေဒသဆိုင္ရာ အာဏာပိုင္ေတြကို မေခ်မငံျပန္လည္ေျပာဆို ရန္မူတာေတြ ေနရာတခ်ိဳ႕မွာ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက မိုးကုတ္ၿမိဳ႕မွာ ကိုယ္အပူခ်ိန္စစ္ေဆးမခံဘဲ အကူအညီေပးေနသူေတြေတြကို တုံ႔ျပန္ေျပာဆို ခဲ့တဲ့ကိစၥဟာ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေဝဖန္မႈမ်ားခဲ့ပါတယ္။

ေဒသႏၲရအမိန႔္နဲ႔ ၫႊန္ၾကားခ်က္ မလိုက္နာသူေတြကို အေရးယူတဲ့ အစီအစဥ္ကို မိုးကုတ္ၿမိဳ႕မွာေနထိုင္တဲ့ လူမႈေရးလုပ္ကိုင္ေနသူတစ္ဦးက ေထာက္ခံပါတယ္။

"မကူးစက္ေအာင္ေနရင္ေကာင္းတယ္။ မိုးကုတ္မွာျဖစ္သြားတာဆိုရင္ ကူညီလုပ္ေဆာင္ေပးေနတဲ့သူေတြကို မေထမဲ့ျမင္လုပ္လိုက္တဲ့ပုံစံေပါ့၊ ႏိုင္ငံေတာ္ကခ်မွတ္တဲ့ ေျခာက္လ။  ေက်နပ္ပါတယ္။ ကူညီေဆာင္႐ြက္ေပးေန တဲ့သူေတြဘက္ကို အကာအကြယ္ေပးတာ မရွိဘူးဆိုရင္ တကယ္ျဖစ္လာရင္ ကူညီေပးသူေတြ မထြက္လာ ႏိုင္ေတာ့ဘူး"

မႏၲေလးတိုင္း မတၱရာၿမိဳ႕နယ္မွာလည္း ၁၄ ရက္ ေစာင့္ၾကည့္စခန္းဆီ ပို႔ေဆာင္ဖို႔ သြားေရာက္ေခၚေဆာင္သူကို ရန္မူေျပာဆိုတာေတြ ရွိခဲ့ပါတယ္။

မႏၲေလးၿမိဳ႕က လူမႈကူညီေရးလုပ္ေဆာင္ေနတဲ့ ကိုေအာင္စိုးဦး က ဥပေဒနဲ႔အညီ ထိထိေရာက္ေရာက္ အေရးယူ သင့္တယ္လို႔ ေျပာပါတယ္။

"ဒီလိုျဖစ္စဥ္က မျဖစ္သင့္ဘူး၊ ဒီလိုလူမ်ိဳးကို မွတ္ေလာက္သားေလာက္ျဖစ္ေအာင္ အေရးယူမွ ေနာက္လူေတြ ဆက္မလုပ္ရဲမွာ"

ကို႐ိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ တကမာၻလုံးမွာ ေသာင္းနဲ႔ခ်ီ ေသဆုံးေနၿပီး  ဧၿပီ ၂ ရက္ညပိုင္း က်န္းမာေရး ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ျမန္မာျပည္တြင္းမွာ ကူးစက္ခံထားရသူ အေယာက္ ၂၀ ရွိေနပါတယ္။

အဲဒီထဲမွာ ျပည္ပႏိုင္ငံေတြကေန ျပန္လာသူအမ်ားအျပား  ပါဝင္သလို သူတို႔ကတဆင့္ ကူးစက္ခံထားရသူ တခ်ိဳ႕လည္း ပါဝင္ပါတယ္။ ကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ေစာင့္ၾကည့္ခံရတာကို နားလည္လက္ခံၿပီး လိုက္နာ ေပးၾကဖို႔ က်န္းမာေရးဝန္ႀကီးဌာနက တိုက္တြန္းထားပါတယ္။

ေခမဏီဝင္း / RFA Burmese
-------------------------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာကာလစောင့်ကြည့်ခံရချိန် စည်းကမ်းပျက်ကွက်သူ ထောင်ခြောက်လကျ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ပြည်ပက ပြန်လာသူတွေ ၁၄ ရက်စခန်းမှာ နေထိုင်ဖို့ အစိုးရရဲ့ အစီအစဉ်ကို ဒေသတချို့မှာ လိုက်နာမှုအားနည်းပြီး အကူအညီပေးသူတချို့ ရန်မူခံနေရပါတယ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှာတော့ ၁၄ ရက်စခန်းမှာ နေထိုင်စဉ် စည်းကမ်းမလိုက်နာသူတစ်ဦး ထောင်ဒဏ် ခြောက်လ ချမှတ်ခံလိုက်ရပါတယ်။

အစိုးရက ဒေသန္တရအမိန့် ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီး စောင့်ကြည့်ထိန်းချုပ်နေတာကို မလိုက်နာလို့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ အမျိုးသားတစ်ဦး ဧပြီ ၂ရက် မနေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ခြောက်လ ချမှတ်ခံလိုက်ရပါတယ်။

သူဟာ ထိုင်းနိုင်ငံကနေ ပြန်လာလို့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ အထက်တန်းကျောင်းမှာ ၁၄ ရက် စောင့်ကြည့်ခံထား ရသူပါ။ မတ် ၃၁ ရက်ညက စောင့်ကြည့်စခန်းကနေ အပြင်ကိုထွက်၊ အရက်သောက်စားပြီး အာဏာပိုင်တွေကို ရန်မူပြောဆိုလို့ ပုလဲမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး ၂၀၁၃ ခုနှစ် သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀ (က) နဲ့ အမှုဖွင့်ခဲ့တာပါ။ ဒီဥပဒေပုဒ်မအရ ပြစ်မှုထင်ရှားရင် တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ် နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်တယ်လို ဥပဒေမှာ ဖော်ပြထားပါတယ်။

ဒေသန္တရအမိန့်တွေနဲ့ ညွှန်ကြားချက်တွေကို မလိုက်နာလို့ မရဘူးလို့ ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက် က ပြောပါတယ်။

"အမိန့်ချပြီးပြီ၊ ဘာပဲပြောပြော ဒီလိုလုပ်ရတာ စိတ်မကောင်းဘူး၊ စိတ်မကောင်းလို့ မလုပ်ရင်လည်း ဒီထက်ဆိုးတဲ့ ပြသနာတွေကြုံရမှာ၊ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အားလုံးက ဒီအချိန်မှာက အသိတရားနဲ့သွားလို့ မပြည့်စုံဘူး၊ ဒေသန္တရအမိန့်နဲ့ ညွန်ကြားချက်နဲ့ တိတိကျကျလုပ်မှ ရောဂါကထိန်းချုပ်ဖို့လွယ်ကူမှာ"

ကိုရိုနာအန္တရာယ်ကာလမှာ ဒေသန္တရအမိန့်ကို မလိုက်နာလို့ ထောင်ဒဏ်ချမှတ်ခံရတာ ဒါပထမဆုံးဖြစ်စဉ်ပါ။ နေရာတချို့မှာလည်း အမှုဖွင့်ထားတဲ့ဖြစ်စဉ်တွေ ရှိနေပါသေးတယ်။

ထောင်ဒဏ်ချမှတ်ခံခဲ့ရသူကို  ပုလဲမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး စောင့်ကြည့်ကာလ ပြည့်သွားရင်တော့ မုံရွာမြို့ အကျဉ်းထောင်ကို ပို့ဆောင်သွားမှာဖြစ်ပါတယ်။

ပုလဲမြို့မှာ မတ်လ ၂၄ ရက်နေ့ကစလို့ လူစုလူဝေးတွေမလုပ်ဖို့၊ သင်္ကြန်မဏ္ဍပ်တွေ မဆောက်ဖို့၊ ပြည်ပကနေ ပြန်လာသူတွေ ၁၄ ရက်ကြာ စောင့်ကြည့်ခံဖို့ စတဲ့ ဒေသန္တရအမိန့် ထုတ်ပြန်ထားပါတယ်။ ဒီအမိန့်ဟာ ဧပြီလကုန်အထိ သက်ရောက်မှာပါ။

လူအဝင်အထွက်များတဲ့နေရာတွေမှာ ကိုယ်အပူချိန် စစ်ဆေးတာတွေ၊ ၁၄ ရက် စောင့်ကြည့်ခံရမယ့်သူတွေကို စောင့်ကြည့်စခန်းတွေဆီ ပို့ဆောင်ပေးနေတဲ့ လူမှုအဖွဲ့တွေ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေကို မချေမငံပြန်လည်ပြောဆို ရန်မူတာတွေ နေရာတချို့မှာ ရှိနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကုတ်မြို့မှာ ကိုယ်အပူချိန်စစ်ဆေးမခံဘဲ အကူအညီပေးနေသူတွေတွေကို တုံ့ပြန်ပြောဆို ခဲ့တဲ့ကိစ္စဟာ လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်မှုများခဲ့ပါတယ်။

ဒေသန္တရအမိန့်နဲ့ ညွှန်ကြားချက် မလိုက်နာသူတွေကို အရေးယူတဲ့ အစီအစဉ်ကို မိုးကုတ်မြို့မှာနေထိုင်တဲ့ လူမှုရေးလုပ်ကိုင်နေသူတစ်ဦးက ထောက်ခံပါတယ်။

"မကူးစက်အောင်နေရင်ကောင်းတယ်။ မိုးကုတ်မှာဖြစ်သွားတာဆိုရင် ကူညီလုပ်ဆောင်ပေးနေတဲ့သူတွေကို မထေမဲ့မြင်လုပ်လိုက်တဲ့ပုံစံပေါ့၊ နိုင်ငံတော်ကချမှတ်တဲ့ ခြောက်လ။  ကျေနပ်ပါတယ်။ ကူညီဆောင်ရွက်ပေးနေ တဲ့သူတွေဘက်ကို အကာအကွယ်ပေးတာ မရှိဘူးဆိုရင် တကယ်ဖြစ်လာရင် ကူညီပေးသူတွေ မထွက်လာ နိုင်တော့ဘူး"

မန္တလေးတိုင်း မတ္တရာမြို့နယ်မှာလည်း ၁၄ ရက် စောင့်ကြည့်စခန်းဆီ ပို့ဆောင်ဖို့ သွားရောက်ခေါ်ဆောင်သူကို ရန်မူပြောဆိုတာတွေ ရှိခဲ့ပါတယ်။

မန္တလေးမြို့က လူမှုကူညီရေးလုပ်ဆောင်နေတဲ့ ကိုအောင်စိုးဦး က ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူ သင့်တယ်လို့ ပြောပါတယ်။

"ဒီလိုဖြစ်စဉ်က မဖြစ်သင့်ဘူး၊ ဒီလိုလူမျိုးကို မှတ်လောက်သားလောက်ဖြစ်အောင် အရေးယူမှ နောက်လူတွေ ဆက်မလုပ်ရဲမှာ"

ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် တကမ္ဘာလုံးမှာ သောင်းနဲ့ချီ သေဆုံးနေပြီး  ဧပြီ ၂ ရက်ညပိုင်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာပြည်တွင်းမှာ ကူးစက်ခံထားရသူ အယောက် ၂၀ ရှိနေပါတယ်။

အဲဒီထဲမှာ ပြည်ပနိုင်ငံတွေကနေ ပြန်လာသူအများအပြား  ပါဝင်သလို သူတို့ကတဆင့် ကူးစက်ခံထားရသူ တချို့လည်း ပါဝင်ပါတယ်။ ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ စောင့်ကြည့်ခံရတာကို နားလည်လက်ခံပြီး လိုက်နာ ပေးကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

ခေမဏီဝင်း / RFA Burmese
https://www.rfa.org/burmese/news/thai-returner-against-rule-sentenced-six-months-in-jail-04032020052135.html
ကို႐ိုနာကာလေစာင့္ၾကည့္ခံရခ်ိန္ စည္းကမ္းပ်က္ကြက္သူ ေထာင္ေျခာက္လက် ကို႐ိုနာကာလေစာင့္ၾကည့္ခံရခ်ိန္ စည္းကမ္းပ်က္ကြက္သူ ေထာင္ေျခာက္လက် Reviewed by THITHTOOLWIN on 03:24 Rating: 5
Powered by Blogger.