စကၤာပူမွာ ေက်ာင္းေတြနဲ႔ လုပ္ငန္းအမ်ားအျပား ပိတ္ၿပီ

စကၤာပူ ၀န္ႀကီးခ်ဳပ္ Lee Hsien Loong ရဲ႕ ေျပာၾကားခ်က္ကို ရုပ္သံလိုင္း တခုကေန ၾကည့္ရႈေနတဲ့ အမ်ိဳးသားတဦး (ဧၿပီ ၀၃၊ ၂၀၂၀)

(Zawgyi/Unicode)

စင္ကာပူႏုိင္ငံမွာေတာ့ ေက်ာင္းေတြနဲ႔ အလုပ္ေတြ အေတာ္မ်ားမ်ားကို ပိတ္ဖို႔ ၀န္ႀကီးခ်ဳပ္က လီရွန္လြန္းက ဒီကေန႔မွာ ေျပာလိုက္ပါတယ္။

ကိုရိုနာဗုိင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႕မႈေတြကို တင္းတင္းၾကပ္ၾကပ္ထိန္းခ်ဳပ္တဲ့အေနနဲ႔ အခုလို ပိတ္ဖို႔လုပ္ေဆာင္လိုက္တာျဖစ္ၿပီး အဓိက မရွိမျဖစ္လိုအပ္တဲ့ ၀န္ေဆာင္မႈလုပ္ငန္းေတြနဲ႔ အဓိကက်တဲ့ စီးပြားေရးလုပ္ငန္းက႑ေတြက လဲြၿပီး က်န္တဲ့ ရုံးေတြ၊ စီးပြားေရးလုပ္ငန္းေတြကို ပိတ္ဖို႔ စင္ကာပူ၀န္ႀကီးခ်ဳပ္က ေျပာၾကားလိုက္တာျဖစ္ပါတယ္။

စင္ကာပူမွာ အခုလတ္တေလာ သီတင္းပတ္ေတြအတြင္း ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံရမႈေတြ သိသိသာသာ တုိးလာတာေၾကာင့္ အခုလို ေက်ာင္းေတြ နဲ႔ အလုပ္ေတြကို ပိတ္ဖို႔အတြက္လုပ္ေဆာင္လာတာျဖစ္ၿပီး ဧၿပီလ ၇ ရက္ေန႔ တနလၤာေန႔ကေန ေမလ ၄ ရက္ေန႔အထိ ပိတ္သြားမွာျဖစ္တယ္လို႔ေျပာပါတယ္။

တကယ္လို႔ အေျခအေနေတြ တုိးတက္မႈ မရွိဘူးဆုိရင္ ေနာက္ထပ္တလ ထပ္တုိးသြားႏုိင္တယ္လို႔လည္း ေျပာပါတယ္။ ေက်ာင္းေတြကိုေတာ့ ၈ ရက္ေန႔ကစၿပီး အိမ္ကေနၿပီး စာသင္တာေတြ လုပ္သြားမွာျဖစ္တယ္လို႔ေျပာပါတယ္။

ဒါ့အျပင္ လူေတြအေနနဲ႔ အိမ္မွာရွိတဲ့ မိသားစုကလဲြရင္ က်န္တဲ့လူေတြနဲ႔အျပင္မွာ ေတြ႔ဆုံတာေတြ မလုပ္ၾကဖို႔ မလိုအပ္ရင္ အျပင္မထြက္ၾကဖို႔ေျပာၾကားလိုက္ပါတယ္။ ေစ်းေတြမွာ အစားအစာ ၀ယ္ဖို႔ ကိစၥလိုမ်ိဳး၊ ေန႔စဥ္မရွိမျဖစ္လိုအပ္တဲ့ ပစၥည္းေတြ၀ယ္ဖို႔အတြက္ အျပင္ထြက္တာကလဲြရင္ က်န္တဲ့အခ်ိန္ေတြမွာ အျပင္မထြက္ဘဲ ေနၾကဖို႔ ၀န္ႀကီးခ်ဳပ္က ေျပာလိုက္ပါတယ္။

စင္ကာပူမွာ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံထားရသူ ၁,၁၀၀ ေက်ာ္ရွိၿပီး၊ ေသဆုံးသူ ၅ ဦး ရွိပါတယ္ခင္ဗ်ာ။


[Unicode Version]

စင်္ကာပူမှာ ကျောင်းတွေနဲ့ လုပ်ငန်းအများအပြား ပိတ်ပြီ

စင်ကာပူနိုင်ငံမှာတော့ ကျောင်းတွေနဲ့ အလုပ်တွေ အတော်များများကို ပိတ်ဖို့ ဝန်ကြီးချုပ်က လီရှန်လွန်းက ဒီကနေ့မှာ ပြောလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်တဲ့အနေနဲ့ အခုလို ပိတ်ဖို့လုပ်ဆောင်လိုက်တာဖြစ်ပြီး အဓိက မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ အဓိကကျတဲ့ စီးပွားရေးလုပ်ငန်းကဏ္ဍတွေက လွဲပြီး ကျန်တဲ့ ရုံးတွေ၊ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဖို့ စင်ကာပူဝန်ကြီးချုပ်က ပြောကြားလိုက်တာဖြစ်ပါတယ်။

စင်ကာပူမှာ အခုလတ်တလော သီတင်းပတ်တွေအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုတွေ သိသိသာသာ တိုးလာတာကြောင့် အခုလို ကျောင်းတွေ နဲ့ အလုပ်တွေကို ပိတ်ဖို့အတွက်လုပ်ဆောင်လာတာဖြစ်ပြီး ဧပြီလ ၇ ရက်နေ့ တနင်္လာနေ့ကနေ မေလ ၄ ရက်နေ့အထိ ပိတ်သွားမှာဖြစ်တယ်လို့ပြောပါတယ်။

တကယ်လို့ အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုရင် နောက်ထပ်တလ ထပ်တိုးသွားနိုင်တယ်လို့လည်း ပြောပါတယ်။ ကျောင်းတွေကိုတော့ ၈ ရက်နေ့ကစပြီး အိမ်ကနေပြီး စာသင်တာတွေ လုပ်သွားမှာဖြစ်တယ်လို့ပြောပါတယ်။

ဒါ့အပြင် လူတွေအနေနဲ့ အိမ်မှာရှိတဲ့ မိသားစုကလွဲရင် ကျန်တဲ့လူတွေနဲ့အပြင်မှာ တွေ့ဆုံတာတွေ မလုပ်ကြဖို့ မလိုအပ်ရင် အပြင်မထွက်ကြဖို့ပြောကြားလိုက်ပါတယ်။ ဈေးတွေမှာ အစားအစာ ဝယ်ဖို့ ကိစ္စလိုမျိုး၊ နေ့စဉ်မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေဝယ်ဖို့အတွက် အပြင်ထွက်တာကလွဲရင် ကျန်တဲ့အချိန်တွေမှာ အပြင်မထွက်ဘဲ နေကြဖို့ ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။

စင်ကာပူမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁,၁၀၀ ကျော်ရှိပြီး၊ သေဆုံးသူ ၅ ဦး ရှိပါတယ်ခင်ဗျာ။

VOA (Burmese)
https://burmese.voanews.com
စကၤာပူမွာ ေက်ာင္းေတြနဲ႔ လုပ္ငန္းအမ်ားအျပား ပိတ္ၿပီ စကၤာပူမွာ ေက်ာင္းေတြနဲ႔ လုပ္ငန္းအမ်ားအျပား ပိတ္ၿပီ Reviewed by THITHTOOLWIN on 03:29 Rating: 5
Powered by Blogger.