ျပည္ပအလုပ္သမားေတြ COVID-19 ကူးစက္မႈ စကၤာပူေရာက္ျမန္မာေတြ စုိးရိမ္


(Zawgyi/Unicode)

စကၤာပူႏုိင္ငံမွာ ႏုိင္ငံျခားသား အလုပ္သမားေတြၾကား ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ တုိးလာေနတဲ့အတြက္ စကၤာပူေရာက္ ျမန္မာႏုိင္ငံသားေတြၾကား စုိးရိမ္မႈေတြလည္း တုိးလာေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က ေျပာျပေပးမွာပါ။

COVID-19 ကပ္ေရာဂါကုိ ေျခရာခံေစာင့္ၾကည့္ ထိန္းခ်ဳပ္ႏုိင္ခဲ့တဲ့အတြက္ ကမာၻ႔က်န္းမာေရးအဖဲြ႔ (WHO) ကပါ ခ်ီးက်ဳးခဲ့တဲ့ စကၤာပူႏုိင္ငံမွာ မၾကာေသးခင္ကစလုိ႔ ႏုိင္ငံျခားသား အလုပ္သမားေတြၾကား ကူးစက္မႈေတြ တုိးလာေနတဲ့အတြက္ စုိးရိမ္မႈေတြလည္း ႀကီးထြားလာေနတာပါ။ အထူးသျဖင့္ ႏုိင္ငံျခားသား အလုပ္သမားေတြ ေနထုိင္ၾကတဲ့ အေဆာင္ေတြမွာ ဒီရက္ပုိင္းအတြင္း ကူးစက္မႈေတြ ပုိမ်ားလာေနတာေၾကာင့္ ျမန္မာႏုိင္ငံသားေတြလည္း စိတ္ပူေနၾကတယ္လုိ႔ စကၤာပူေရာက္ ျမန္မာတဦးျဖစ္တဲ့ ကုိေအာင္လင္းထြဋ္ ကေျပာပါတယ္။

"စင္ကာပူမွာ အလုပ္လာလုပ္တဲ့ ႏိုင္ငံျခားသား အလုပ္သမားေတြထဲက သူတို႔ရဲ႕လုပ္ငန္းခြင္အမ်ိဳးအစားအလိုက္ ေနထိုင္ခြင့္ အလုပ္လုပ္ခြင့္ေပးထားတဲ့အထဲမွာ ျမန္မာအလုပ္သမားေတြလည္းပါတယ္ အခုဆိုရင္ အဲ့ဒီသူေတြအကုန္လံုးကို အျပင္မထြက္ရလုပ္လိုက္တယ္။ ဒီေန႔ကစၿပီးေတာ့ လုပ္လိုက္ၿပီ။ အဲ့ဒီမွာ အဓိကျပႆနာက ဘာလဲဆိုေတာ့ ဒီအလုပ္သမားေတြကိုထားတဲ့ အေဆာင္ေတြရွိတယ္။ အဲ့ဒီအေဆာင္ေတြမွာ အခုက ကူးတာေတြက တအားၾကီးကို မ်ားလာေနတယ္။ အဲ့ဒီအေဆာင္ေတြကေနကူးတာေတြကိုေန႔စဥ္တက္ေနတာ ဒီေန႔ဆိုရင္ စံခ်ိန္တင္ပဲ ၁,၀၀၀ ေက်ာ္တယ္။ ၁,၄၀၀ ေလာက္က္ိုျဖစ္လာၿပီ တရားဝင္စာရင္းဇယားေတြအရ တက္လာၿပီ ဒီေန႔ကဆို အမ်ားဆံုးေတြ႔တယ္။ အခုက ကူးခံရတဲ့သူေတြကို ခြဲၿပီး ထားတယ္ ေနာက္ သီးသန္႔ခြဲတဲ့ အေဆာက္အဦးေတြမွာလည္း အားကစားရံုေတြ အိပ္စ္ပိုခန္းမေတြမွာ ထားတယ္။ ဒါေပမဲ့ အခုက အလုပ္သမားေတြက အရမ္းၾကီးကိုမ်ားေနတဲ့အတြက္ က်ေနာ္ ဒီေန႔မနက္က ၾကားတဲ့သတင္းအရဆိုရင္ တခ်ိဳ႕ ျမန္မာအလုပ္သမားေလးေတြက တခ်ိဳ႕ positive ေတြ႔တယ္။ သူတို႔ကို ဘယ္မွာေတြ ေစာင့္ၾကည့္ထားလဲေမးေတာ့ သူတို႔အလုပ္ရံုရဲ႕ ကားပတ္ကင္ေတြထဲမွာ Shelter သေဘာမ်ိဳး ထားတယ္ေျပာတယ္ ဘယ္အဆင္ေျပပါ့မလဲဗ်ာ ကေလးေတြက ေနာက္သူတို႔ကို ရဲအေစာင့္အၾကပ္နဲ႔ ထားတယ္ေျပာတယ္။ အခုအေျခအေနက ဘယ္ေလာက္အထိဆိုးသလဲဆိုရင္ ညအိပ္တဲ့အခ်ိန္အထိကို Mask တပ္ထားရတယ္ မခၽြတ္ရဲတဲ့ အေနအထားအထိကိုျဖစ္ေနတယ္။"

ကိုေအာင္လင္းထြဋ္ကုိယ္တုိင္ကေတာ့ မရွိမျဖစ္လုပ္သား တစ္ဦးအျဖစ္ ကုန္ပစၥည္းပို႔ေဆာင္ေရးလုပ္ငန္းခြင္မွာ ဆက္လက္လုပ္ကိုင္ေနတာပါ။ စကၤာပူမွာ ႏုိင္ငံျခားသား အလုပ္သမားေတြၾကား ကူးစက္မႈေတြ တုိးလာေနခ်ိန္မွာ ျမန္မာႏုိင္ငံသားေတြအေနနဲ႔လည္း သက္ဆုိင္ရာ တာ၀န္ရွိသူေတြရရဲ႕ ညႊန္ၾကားခ်က္ေတြကုိ လုိက္နာဖုိ႔ လုိအပ္ေၾကာင္းလည္း သူကေျပာပါတယ္။

"က်ေနာ္ အေရးတၾကီးကိုအၾကံေပးခ်င္တယ္။ လံုးဝကို အျပင္ကိုမထြက္တာ Home Stay ေနတာအေကာင္းဆံုးပါပဲ။ က်ေနာ္တို႔ျမန္မာကေလးေတြကို အဓိကေျပာခ်င္တာက သူတို႔က အျပင္မထြက္ရဘူးဆိုတာ လံုးဝကို မထြက္ခုိင္းတာ။ အိမ္ထဲမွာပါေနပါ မထြက္နဲ႔ဆို မထြက္ပါနဲ႔ ခိုးလည္း မထြက္ပါနဲ႔။ ဒီမွာက Tracking လိုက္ရတာ အရမ္းလြယ္တယ္။ အကယ္လို႔ အေရးအေၾကာင္းရွိလို႔ နီးစပ္ရာ အကူညီေတာင္းၿပီးမွ ထြက္ပါ။ မထြက္မေန မရွိမျဖစ္လုပ္သားေတြက ထြက္ၿပီး အလုပ္လုပ္ရတယ္ ဥပမာ က်ေနာ္ ဆိုရင္ Essential Service Worker ဆိုၿပီး Pass ေပးထားတယ္။ က်ေနာ္က Shipping ကုမၸဏီဆိုေတာ့ အျပင္ထြက္လုပ္ရတယ္။ ဒါေပမဲ့ သြားခြင့္မျပဳတဲ့ေနရာေတြဆို သြားလို႔ကိုမရတာ ရဲအေစာင့္ေရွာက္ေတြ အမ်ားၾကီးထားထားတဲ့အတြက္ ဝင္လို႔ကိုမရတာ ဒါေၾကာင့္ မထြက္နဲ႔ဆို မထြက္နဲ႔ ေနအိမ္ထဲမွာပဲေနဆို အိမ္ထဲမွာပဲေနၾကပါလို႔ အထူးသတိေပးခ်င္ပါတယ္။ အခုက အရင္သီတင္းပတ္ ၂ ပတ္ကလည္း တင္းၾကပ္ထားတယ္။ အျပင္မထြက္ဖို႔ အခု ထပ္ၿပီးေတာ့ကို ပိုတင္းၾကပ္ထားတာပါေနာ္။"

စကၤာပူႏုိင္ငံဆုိင္ရာ ျမန္မာသံ႐ုံးကေတာ့ ျမန္မာႏုိင္ငံသားေတြ တတ္ႏုိင္သေလာက္ အျပင္မထြက္ၾကဖုိ႔ လူစုလူေဝးေရွာင္ၾကဖုိ႔နဲ႔ စကၤာပူ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ညႊန္ၾကားခ်က္ေတြကို လိုက္နာၾကဖို႔ တုိက္တြန္းထားပါတယ္။ သံ႐ံုးလုပ္ငန္းတခ်ိဳ႔ကိုေတာ့အြန္လိုင္းကသာ ေဆာင္ရြက္ေပးေတာ့မယ္လို႔လည္း ေၾကညာထားတာပါ။

လတ္တေလာမွာေတာ့ ကပ္ေရာဂါေၾကာင့္ အခက္အခဲႀကံဳေနရတဲ့ စကၤာပူေရာက္ ျမန္မာႏုိင္ငံသားေတြကုိ ျမန္မာပရဟိတအဖဲြ႔အစည္းေတြက တပုိင္တႏုိင္ကူညီေနၾကေၾကာင္းလည္း စကၤာပူ-ျမန္မာအသင္းရဲ႕ ဂုဏ္ထူးေဆာင္ အႀကံေပးပုဂၢိဳလ္လည္းျဖစ္၊ နမ့္ယမ္းတကၠသိုလ္မွာ ႏွစ္၂၀ ေက်ာ္ၾကာ တြဲဖက္ပါေမာကၡအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးတဲ့ ဦး Daniel Tint Lwin ကေျပာပါတယ္။

"အခုကေတာ့ အစိုးရကေတာ့ အတတ္ႏုိင္ဆံုးလုပ္ေပးေနတာေပါ့ေလ အလုပ္သမားေတြအတြက္ စင္ကာပူအစိုးရက တာဝန္ယူေပးပါမယ္တဲ့ စင္ကာပူဝန္ၾကီးခ်ဳပ္ေရာ ဝန္ၾကီးေတြေရာ ဝန္ၾကီးေဟာင္းေတြကေရာက အခုထြက္ေျပာေနၾကတယ္။ သူတို႔မွာတာဝန္ရွိတယ္။ ပစ္မထားပါဘူးတဲ့ ဒီကိုလာအလုပ္လုပ္ေနတဲ့သူေတြအေပၚ။ အခုအလုပ္သမားေတြကို ေနရာေတြျဖန္႔ထားတယ္။ အခုဆိုရင္ အားကစားရံုေတြ လူထု စုေဝးခန္းမလိုေနရာေတြမွာ ထားထားတယ္။ ကူးစက္ခံရသူေတြကိုလည္း စနစ္တက်ထားတယ္ ျမန္မာေတြထဲကလည္း ကူးတဲ့သူရွိတယ္။ အဲ့တာ အစိုးရက အတတ္ႏိုင္ဆံုးသီးသန္႔ခြဲထားတယ္။ အစိုးရက သူတို႔ကိုၾကည့္ထားတယ္ ေနာက္ ျမန္မာေလးေတြ စားဖို႔နဲ႔ လိုအပ္တာေလးေတြ အတြက္ တခ်ိဳ႕ ျမန္မာပရဟိတအဖြဲ႔ေတြက သြားကူညီၾကတယ္ လုပ္အားသြားေပးၾကတယ္လို႔ေတာင္ ၾကားပါတယ္။ အခုက ေက့စ္ေတြက အရမ္းမ်ားေတာ့ အန္ကယ္လ္တို႔လည္း စိတ္ပူတယ္။ ဒါေၾကာင့္ တကယ္လို႔ျဖစ္ခဲ့ရင္ အရမ္းစိတ္မပူပါနဲ႔ စင္ကာပူအစိုးရက ည႔ႊန္ၾကားထားတာေတြကို လိုက္နာပါ။ စိတ္ေအးေအးထားၾကပါလို႔ သတိေပးခ်င္ပါတယ္။"

စကၤာပူႏုိင္ငံ က်န္းမာေရး၀န္ႀကီးဌာနရဲ႕ တနလၤာေန႔ ထုတ္ျပန္ခ်က္အရ တေန႔တည္းမွာ အမ်ားဆုံးအျဖစ္ ကူးစက္သူလူနာအသစ္ ၁,၄၂၆ ရွိခဲ့ပါတယ္။ ကူးစက္သူေတြထဲမွာ ၁၆ ေယာက္ကသာ စကၤာပူႏုိင္ငံသားေတြနဲ႔ အၿမဲတမ္းေနထုိင္ခြင့္ရွိသူေတြ ျဖစ္ၾကၿပီး က်န္အမ်ားစုကေတာ့ ႏုိင္ငံျခားသား အလုပ္သမားေတြ ေနထုိင္ၾကတဲ့ အေဆာင္ေတြက ေရႊ႕ေျပာင္းအလုပ္သမားေတြ ျဖစ္ၾကပါတယ္။ စကၤာပူႏုိင္ငံမွာ တနလၤာေန႔ ထုတ္ျပန္ခ်က္အရ COVID-19 ေရာဂါေၾကာင့္ ေသဆုံးသူ ၁၁ အပါအ၀င္ ကူးစက္သူ ၈,၀၁၄ ရွိေနပါတယ္။

မဆုမြန္ / ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------------

[Unicode Version]

ပြည်ပအလုပ်သမားတွေ COVID-19 ကူးစက်မှု စင်္ကာပူရောက်မြန်မာတွေစိုးရိမ်

စင်္ကာပူနိုင်ငံမှာ နိုင်ငံခြားသား အလုပ်သမားတွေကြား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာနေတဲ့အတွက် စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေကြား စိုးရိမ်မှုတွေလည်း တိုးလာနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က ပြောပြပေးမှာပါ။

COVID-19 ကပ်ရောဂါကို ခြေရာခံစောင့်ကြည့် ထိန်းချုပ်နိုင်ခဲ့တဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပါ ချီးကျုးခဲ့တဲ့ စင်္ကာပူနိုင်ငံမှာ မကြာသေးခင်ကစလို့ နိုင်ငံခြားသား အလုပ်သမားတွေကြား ကူးစက်မှုတွေ တိုးလာနေတဲ့အတွက် စိုးရိမ်မှုတွေလည်း ကြီးထွားလာနေတာပါ။ အထူးသဖြင့် နိုင်ငံခြားသား အလုပ်သမားတွေ နေထိုင်ကြတဲ့ အဆောင်တွေမှာ ဒီရက်ပိုင်းအတွင်း ကူးစက်မှုတွေ ပိုများလာနေတာကြောင့် မြန်မာနိုင်ငံသားတွေလည်း စိတ်ပူနေကြတယ်လို့ စင်္ကာပူရောက် မြန်မာတဦးဖြစ်တဲ့ ကိုအောင်လင်းထွဋ် ကပြောပါတယ်။

"စင်ကာပူမှာ အလုပ်လာလုပ်တဲ့ နိုင်ငံခြားသား အလုပ်သမားတွေထဲက သူတို့ရဲ့လုပ်ငန်းခွင်အမျိုးအစားအလိုက် နေထိုင်ခွင့် အလုပ်လုပ်ခွင့်ပေးထားတဲ့အထဲမှာ မြန်မာအလုပ်သမားတွေလည်းပါတယ် အခုဆိုရင် အဲ့ဒီသူတွေအကုန်လုံးကို အပြင်မထွက်ရလုပ်လိုက်တယ်။ ဒီနေ့ကစပြီးတော့ လုပ်လိုက်ပြီ။ အဲ့ဒီမှာ အဓိကပြဿနာက ဘာလဲဆိုတော့ ဒီအလုပ်သမားတွေကိုထားတဲ့ အဆောင်တွေရှိတယ်။ အဲ့ဒီအဆောင်တွေမှာ အခုက ကူးတာတွေက တအားကြီးကို များလာနေတယ်။ အဲ့ဒီအဆောင်တွေကနေကူးတာတွေကိုနေ့စဉ်တက်နေတာ ဒီနေ့ဆိုရင် စံချိန်တင်ပဲ ၁,၀၀၀ ကျော်တယ်။ ၁,၄၀၀ လောက်ကိုဖြစ်လာပြီ တရားဝင်စာရင်းဇယားတွေအရ တက်လာပြီ ဒီနေ့ကဆို အများဆုံးတွေ့တယ်။ အခုက ကူးခံရတဲ့သူတွေကို ခွဲပြီး ထားတယ် နောက် သီးသန့်ခွဲတဲ့ အဆောက်အဦးတွေမှာလည်း အားကစားရုံတွေ အိပ်စ်ပိုခန်းမတွေမှာ ထားတယ်။ ဒါပေမဲ့ အခုက အလုပ်သမားတွေက အရမ်းကြီးကိုများနေတဲ့အတွက် ကျနော် ဒီနေ့မနက်က ကြားတဲ့သတင်းအရဆိုရင် တချို့ မြန်မာအလုပ်သမားလေးတွေက တချို့ positive တွေ့တယ်။ သူတို့ကို ဘယ်မှာတွေ စောင့်ကြည့်ထားလဲမေးတော့ သူတို့အလုပ်ရုံရဲ့ ကားပတ်ကင်တွေထဲမှာ Shelter သဘောမျိုး ထားတယ်ပြောတယ် ဘယ်အဆင်ပြေပါ့မလဲဗျာ ကလေးတွေက နောက်သူတို့ကို ရဲအစောင့်အကြပ်နဲ့ ထားတယ်ပြောတယ်။ အခုအခြေအနေက ဘယ်လောက်အထိဆိုးသလဲဆိုရင် ညအိပ်တဲ့အချိန်အထိကို Mask တပ်ထားရတယ် မချွတ်ရဲတဲ့ အနေအထားအထိကိုဖြစ်နေတယ်။"

ကိုအောင်လင်းထွဋ်ကိုယ်တိုင်ကတော့ မရှိမဖြစ်လုပ်သား တစ်ဦးအဖြစ် ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းခွင်မှာ ဆက်လက်လုပ်ကိုင်နေတာပါ။ စင်္ကာပူမှာ နိုင်ငံခြားသား အလုပ်သမားတွေကြား ကူးစက်မှုတွေ တိုးလာနေချိန်မှာ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေရရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ လိုအပ်ကြောင်းလည်း သူကပြောပါတယ်။

"ကျနော် အရေးတကြီးကိုအကြံပေးချင်တယ်။ လုံးဝကို အပြင်ကိုမထွက်တာ Home Stay နေတာအကောင်းဆုံးပါပဲ။ ကျနော်တို့မြန်မာကလေးတွေကို အဓိကပြောချင်တာက သူတို့က အပြင်မထွက်ရဘူးဆိုတာ လုံးဝကို မထွက်ခိုင်းတာ။ အိမ်ထဲမှာပါနေပါ မထွက်နဲ့ဆို မထွက်ပါနဲ့ ခိုးလည်း မထွက်ပါနဲ့။ ဒီမှာက Tracking လိုက်ရတာ အရမ်းလွယ်တယ်။ အကယ်လို့ အရေးအကြောင်းရှိလို့ နီးစပ်ရာ အကူညီတောင်းပြီးမှ ထွက်ပါ။ မထွက်မနေ မရှိမဖြစ်လုပ်သားတွေက ထွက်ပြီး အလုပ်လုပ်ရတယ် ဥပမာ ကျနော် ဆိုရင် Essential Service Worker ဆိုပြီး Pass ပေးထားတယ်။ ကျနော်က Shipping ကုမ္ပဏီဆိုတော့ အပြင်ထွက်လုပ်ရတယ်။ ဒါပေမဲ့ သွားခွင့်မပြုတဲ့နေရာတွေဆို သွားလို့ကိုမရတာ ရဲအစောင့်ရှောက်တွေ အများကြီးထားထားတဲ့အတွက် ဝင်လို့ကိုမရတာ ဒါကြောင့် မထွက်နဲ့ဆို မထွက်နဲ့ နေအိမ်ထဲမှာပဲနေဆို အိမ်ထဲမှာပဲနေကြပါလို့ အထူးသတိပေးချင်ပါတယ်။ အခုက အရင်သီတင်းပတ် ၂ ပတ်ကလည်း တင်းကြပ်ထားတယ်။ အပြင်မထွက်ဖို့ အခု ထပ်ပြီးတော့ကို ပိုတင်းကြပ်ထားတာပါနော်။"

စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးကတော့ မြန်မာနိုင်ငံသားတွေ တတ်နိုင်သလောက် အပြင်မထွက်ကြဖို့ လူစုလူဝေးရှောင်ကြဖို့နဲ့ စင်္ကာပူ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။ သံရုံးလုပ်ငန်းတချို့ကိုတော့အွန်လိုင်းကသာ ဆောင်ရွက်ပေးတော့မယ်လို့လည်း ကြေညာထားတာပါ။

လတ်တလောမှာတော့ ကပ်ရောဂါကြောင့် အခက်အခဲကြုံနေရတဲ့ စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေကို မြန်မာပရဟိတအဖွဲ့အစည်းတွေက တပိုင်တနိုင်ကူညီနေကြကြောင်းလည်း စင်္ကာပူ-မြန်မာအသင်းရဲ့ ဂုဏ်ထူးဆောင် အကြံပေးပုဂ္ဂိုလ်လည်းဖြစ်၊ နမ့်ယမ်းတက္ကသိုလ်မှာ နှစ်၂၀ ကျော်ကြာ တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဦး Daniel Tint Lwin ကပြောပါတယ်။

"အခုကတော့ အစိုးရကတော့ အတတ်နိုင်ဆုံးလုပ်ပေးနေတာပေါ့လေ အလုပ်သမားတွေအတွက် စင်ကာပူအစိုးရက တာဝန်ယူပေးပါမယ်တဲ့ စင်ကာပူဝန်ကြီးချုပ်ရော ဝန်ကြီးတွေရော ဝန်ကြီးဟောင်းတွေကရောက အခုထွက်ပြောနေကြတယ်။ သူတို့မှာတာဝန်ရှိတယ်။ ပစ်မထားပါဘူးတဲ့ ဒီကိုလာအလုပ်လုပ်နေတဲ့သူတွေအပေါ်။ အခုအလုပ်သမားတွေကို နေရာတွေဖြန့်ထားတယ်။ အခုဆိုရင် အားကစားရုံတွေ လူထု စုဝေးခန်းမလိုနေရာတွေမှာ ထားထားတယ်။ ကူးစက်ခံရသူတွေကိုလည်း စနစ်တကျထားတယ် မြန်မာတွေထဲကလည်း ကူးတဲ့သူရှိတယ်။ အဲ့တာ အစိုးရက အတတ်နိုင်ဆုံးသီးသန့်ခွဲထားတယ်။ အစိုးရက သူတို့ကိုကြည့်ထားတယ် နောက် မြန်မာလေးတွေ စားဖို့နဲ့ လိုအပ်တာလေးတွေ အတွက် တချို့ မြန်မာပရဟိတအဖွဲ့တွေက သွားကူညီကြတယ် လုပ်အားသွားပေးကြတယ်လို့တောင် ကြားပါတယ်။ အခုက ကေ့စ်တွေက အရမ်းများတော့ အန်ကယ်လ်တို့လည်း စိတ်ပူတယ်။ ဒါကြောင့် တကယ်လို့ဖြစ်ခဲ့ရင် အရမ်းစိတ်မပူပါနဲ့ စင်ကာပူအစိုးရက ည့ွှန်ကြားထားတာတွေကို လိုက်နာပါ။ စိတ်အေးအေးထားကြပါလို့သတိပေးချင်ပါတယ်။"

စင်္ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တနင်္လာနေ့ ထုတ်ပြန်ချက်အရ တနေ့တည်းမှာ အများဆုံးအဖြစ် ကူးစက်သူလူနာအသစ် ၁,၄၂၆ ရှိခဲ့ပါတယ်။ ကူးစက်သူတွေထဲမှာ ၁၆ ယောက်ကသာ စင်္ကာပူနိုင်ငံသားတွေနဲ့ အမြဲတမ်းနေထိုင်ခွင့်ရှိသူတွေ ဖြစ်ကြပြီး ကျန်အများစုကတော့ နိုင်ငံခြားသား အလုပ်သမားတွေ နေထိုင်ကြတဲ့ အဆောင်တွေက ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ကြပါတယ်။ စင်္ကာပူနိုင်ငံမှာ တနင်္လာနေ့ ထုတ်ပြန်ချက်အရ COVID-19 ရောဂါကြောင့် သေဆုံးသူ ၁၁ အပါအဝင် ကူးစက်သူ ၈,၀၁၄ ရှိနေပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/singapore-myanmar-covid/5379685.html
ျပည္ပအလုပ္သမားေတြ COVID-19 ကူးစက္မႈ စကၤာပူေရာက္ျမန္မာေတြ စုိးရိမ္ ျပည္ပအလုပ္သမားေတြ COVID-19 ကူးစက္မႈ စကၤာပူေရာက္ျမန္မာေတြ စုိးရိမ္ Reviewed by THITHTOOLWIN on 22:26 Rating: 5
Powered by Blogger.