AA နဲ႔ ဆက္ႏြယ္မႈ စြပ္စဲြခ်က္နဲ႔ လူ ၄၀ နီးပါးကုိ စစ္တပ္ဖမ္းဆီး


(Zawgyi/Unicode)

မၾကာေသးခင္က ပစ္ခတ္တိုက္ခိုက္မႈ ျဖစ္ပြါးျပီး လူေသဆုံးမႈ ျဖစ္ပြားခဲ့တဲ့ ရခိုင္ျပည္နယ္၊ ပုဏၰားကၽြန္းၿမိဳ႕နယ္၊ ေက်ာက္ဆိပ္ေက်း႐ြာက ေက်း႐ြာအုပ္ခ်ဳပ္ေရးမွဴးအပါအဝင္ ႐ြာသား ၃၉ ဦးကို တပ္မေတာ္ကေန ဖမ္းဆီးထိန္းသိမ္းထားတဲ့ အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ဆက္ေပးမွာပါ။

ပုဏၰားကၽြန္းၿမိဳ႕နယ္၊ ေက်ာက္ဆိပ္ေက်း႐ြာက ေက်း႐ြာအုပ္ခ်ဳပ္ေရးမွဴးအပါအဝင္ ႐ြာသားအမ်ားအျပားကို မေန႔က ျမန္မာစစ္တပ္ဘက္က ဖမ္းဆီးထားေၾကာင္း ပုဏၰားကၽြန္းၿမိဳ႕နယ္မဲဆႏၵနယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္ကေျပာပါတယ္။

“ေက်ာက္ဆိပ္ရြာသားေတြကို ေျခလ်င္နဲ႔ ေခၚသြားတာ။ ၇ နာရီ ၈ နာရီ မနက္ပိုင္း အဲဒီအုပ္္ခ်ဳပ္ေရးမွဴးအိမ္မွာ လူစုတယ္။ စုျပီးေတာ့ေန႔လယ္ ၂ နာရီ၀န္းက်င္ေလာက္မွာ တန္းစီျပီးေတာ့ ေခၚေဆာင္သြားတာ။ ဦးေရကအကုန္လုံး ၃၉ ေယာက္။ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးအပါအ၀င္။ ေက်ာက္ဆိပ္နဲ႔ ၅၅၀ တပ္ရင္းက ႏွစ္မိုင္ေက်ာ္ေက်ာ္ေလာက္ေ၀းတယ္။ အဲဒီေနာက္ပိုင္းမွာေတာ့ ဘာမွသတင္းအစအနေတြ မရေတာ့ဘူး။”

ဒီရြာသားေတြဟာ AA ရခိုင္လက္နက္ကိုင္အဖြဲ႕နဲ႕ဆက္စပ္မႈရွိလို႕ ဖမ္းဆီးထိန္းသိမ္းထားတာျဖစ္ေၾကာင္း တပ္မေတာ္ သတင္းမွန္ထုတ္ျပန္ေရးအဖြဲ႕အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

“ဟုတ္။ လူ ၃၈ ေယာက္ က်ေနာ္တို႔ ထိန္းသိမ္းထားတာ ရွိပါတယ္။ အဓိကကေတာ့ က်ေနာ္တို႔ AA ေသာင္းက်န္းသူေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဆက္စပ္ေဖၚထုတ္ခဲ့လို႔အရျဖစ္တယ္။ ေျပာနိုင္တာက က်ေနာ္တို႔ ဒီ ဥပေဒနဲ႔အညီ စုံစမ္းစစ္ေဆးမႈေတြ ေဆာင္ရြက္ပါ့မယ္။ ၿပီးရင္ဥပေဒအတိုင္းပဲ က်ေနာ္တို႔ ဆက္လက္ေဆာင္ရြက္သြားပါ့မယ္ဗ်။”

တပ္မေတာ္က ဖမ္းဆီးသြားတဲ့ ရြာသားေတြဟာ AA အဖြဲ႕နဲ႔ ပတ္သက္မႈ မရွိဘူးလို႔ AA ေျပာခြင့္ရခိုင္သုခက ဆိုပါတယ္။

“က်ေနာ္တို႔နဲ႔ လုံး၀ပတ္သက္မႈ မရွိဘူး။ ဒီလူေတြက ေဒသခံအပစ္မဲ့ျပည္သူေတြပဲ ျဖစ္တယ္။ အခုဒီဖမ္းဆီးခံရတဲ့ ၃၉ ေယာက္ဟာ လြန္ခဲ့တဲ့ဧျပီလ ၁၃ ရက္ေန႔တုန္းက ပုဏၰားကၽြန္းအေျခစိုက္ ခမရ ၅၅၀ ကေနျပီးေတာ့မွ လက္နက္ၾကီးနဲ႔ ပစ္တာကို ရြာသားေတြကေနျပီးေတာ့မွ မီဒီယာေတြကိုေျပာတာ ရွိတယ္။ အဲတာေၾကာင့္မို႔လို႔သူတို႔က အဲဒီလိုလာေရာက္ဖမ္းဆီးတယ္လို႔ သိရတယ္။”

ေက်ာက္ဆိပ္ေက်းရြာမွာ ျပီးခဲ့တဲ့ ဧၿပီလ ၁၃ ရက္ေန႔က လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲမႈေၾကာင့္ အရပ္သား ၈ ဦး ေသဆံုးျပီး ၁၃ ဦး ျပင္းထန္ဒဏ္ရာရခဲ့ပါတယ္။

ဒီလက္နက္ၾကီးက်ည္ေတြဟာ ျမန္မာစစ္တပ္ဘက္က ပစ္ခတ္တာျဖစ္ေၾကာင္း ေဒသခံေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေျပာဆိုေနၾကပါတယ္။

တပ္မေတာ္ဘက္ကေတာ့ AA အဖြဲ႕ကေန တပ္မေတာ္စစ္ေရယာဥ္ေတြကို ပစ္ခတ္တိုက္ခိုက္ခဲ့လို႔ ျပန္လည္ပစ္ခတ္ခဲ့ျဖစ္ေၾကာင္း ဗြီအိုေအကိုေျပာဆိုခဲ့ပါတယ္။

ဒီကေန႔မွာလည္း မင္းျပားၿမိဳ႕နယ္ဖက္မွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြါးေၾကာင္း AA ေျပာခြင့္ရခိုင္သုခကေျပာပါတယ္။

“ဒီေန႕မွာ မင္းျပားၿမိဳ႕နယ္ဘက္မွာ တိုက္ပြဲျဖစ္တာ ရွိတယ္ဗ်။ ဖါးေပ်ာ္ရြာရဲ႕ေတာင္ဘက္ေပါ့ေနာ္ ရာေမာင္ေတာင္ေၾကာကို ျမန္မာစစ္တပ္ဘက္က အင္အား ၂၈၀ ေလာက္နဲ႕ ထိုးစစ္ဆင္တိုက္ခိုက္လာတဲ့အတြက္ေၾကာင့္မို႕လို႕ တိုက္ပြဲျဖစ္တာ ရွိတယ္။ ျမန္မာစစ္တပ္ရဲ႕က်ိန္းေတာင္ေပၚကေန လက္နက္ၾကီးနဲ႔ လွမ္းပစ္တဲ့အတြက္ေၾကာင့္မို႕လို႕ မင္းျပားၿမိဳ႕နယ္ မင္းရြာကိုလက္နက္ၾကီး က်ေရာက္ေပါက္ကြဲတာ ရွိတယ္။”

ဒီကေန႔ ျဖစ္ပြါးတဲ့တိုက္ပြဲျဖစ္စဥ္အတြင္း လက္နက္ၾကီးက်ေရာက္မႈေၾကာင့္ အရပ္သားေတြ ထိခိုက္ေသဆုံးမႈတခ်ိဳ႕ ရွိခဲ့တယ္လို႔ ခိုင္သုခက ဆိုပါတယ္။

ဒီေန႔ မင္းျပားၿမိဳ႕နယ္အတြင္း တိုက္ပြဲျဖစ္ပြါးတဲ့အေျခအေနကို မသိရွိေသးေၾကာင္း တပ္မေတာ္ဘက္ကေျပာပါတယ္။

ရခိုင္ျပည္နယ္ စစ္ေရးပဋိပကၡျဖစ္စဥ္အတြင္း တပ္မေတာ္က ပစ္ခတ္တဲ့ လက္နက္ႀကီးက်ည္ေၾကာင့္ လူေသဆုံးဒဏ္ရာ ရရွိမႈေတြရွိခဲ့တယ္လို႔ ေျပာဆိုေနမႈေတြဟာ လံုၿခံဳေရးတပ္ဖြဲ႕ဝင္ေတြကို ျပည္သူလူထုအထင္အျမင္လြဲမွားေစဖို႕ ေရးသားေျပာဆို ျဖန္႔ခ်ိေနျခင္းသာျဖစ္ေၾကာင္း တပ္မေတာ္ကေန သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျမန္မာနိုင္ငံမွာ အစိုးရရဲ႕ ျပန္ၾကားေရးဌာနအပါ၀င္ သတင္းဌာနေတြက ရခိုင္ေဒသအတြင္း စစ္ေရးပဋိပကၡျဖစ္စဥ္အတြင္း အရပ္သားေတြ ထိခိုက္မႈ အေျခအေနေတြကို ေရးသားေဖၚျပတာမရွိတဲ့ အေျခအေနေၾကာင့္ ေဒသခံ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအေနနဲ႕ ျဖစ္စဥ္အမွန္ေတြကိုသာ မီဒီယာေတြကိုေျပာဆိုတာျဖစ္ေၾကာင္း လႊတ္ေတာ္ ကိုယ္စားလွယ္ေတြကတုံ႕ျပန္ပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းအတြင္း အစိုးရကေန အင္တာနက္ဆက္သြယ္ေရး လိုင္းျဖတ္ေတာက္ထားမႈေၾကာင့္ ေဒသ အတြင္းျဖစ္ပ်က္ေနတဲ့ သတင္းေတြကို အခ်ိန္နဲ႔ တေျပးညီ ၀န္ေဆာင္မႈ မရရွိဘူးလို႕သူကဆိုပါတယ္။

ဒါ့အျပင္ သတင္းေရးသားေဖၚျပမႈမွာလည္း အစိုးရက အၾကမ္းဖက္နဲ႕တရားမ၀င္အဖြဲ႕လို႕ေၾကညာထားတဲ့ AA အဖြဲ႕ တာ၀န္ရွိသူေတြကို ဆက္သြယ္ေမးျမန္းတဲ့ သတင္းဌာန တာ၀န္ရွိသူေတြကိုလဲ တရားစြဲဆိုမႈေတြ လုပ္ေဆာင္လာတဲ့ အေျခအေနေၾကာင့္ သတင္းမွန္ေဖၚျပဖို႕မွာ အခက္ေတြ႕ေနတယ္လို႕သတင္းဌာနတာ၀န္ရွိသူေတြက ဆိုပါတယ္။

ကိုႏိုင္ကြန္းအိန္ / ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------
[Unicode Version]

AA နဲ့ ဆက်နွယ်မှု စွပ်စွဲချက်နဲ့ လူ ၄၀ နီးပါးကို စစ်တပ်ဖမ်းဆီး

မကြာသေးခင်က ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွါးပြီး လူသေဆုံးမှု ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာသား ၃၉ ဦးကို တပ်မတော်ကနေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးမှာပါ။

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာသားအများအပြားကို မနေ့က မြန်မာစစ်တပ်ဘက်က ဖမ်းဆီးထားကြောင်း ပုဏ္ဏားကျွန်းမြို့နယ်မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောပါတယ်။

“ကျောက်ဆိပ်ရွာသားတွေကို ခြေလျင်နဲ့ ခေါ်သွားတာ။ ၇ နာရီ ၈ နာရီ မနက်ပိုင်း အဲဒီအုပ်ချုပ်ရေးမှူးအိမ်မှာ လူစုတယ်။ စုပြီးတော့နေ့လယ် ၂ နာရီဝန်းကျင်လောက်မှာ တန်းစီပြီးတော့ ခေါ်ဆောင်သွားတာ။ ဦးရေကအကုန်လုံး ၃၉ ယောက်။ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင်။ ကျောက်ဆိပ်နဲ့ ၅၅၀ တပ်ရင်းက နှစ်မိုင်ကျော်ကျော်လောက်ဝေးတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဘာမှသတင်းအစအနတွေ မရတော့ဘူး။”

ဒီရွာသားတွေဟာ AAရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ဆက်စပ်မှုရှိလို့ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ကြောင်း တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“ဟုတ်။ လူ ၃၈ ယောက် ကျနော်တို့ ထိန်းသိမ်းထားတာ ရှိပါတယ်။ အဓိကကတော့ ကျနော်တို့ AA သောင်းကျန်းသူတွေနဲ့ ပတ်သက်ပြီးတော့ ဆက်စပ်ဖေါ်ထုတ်ခဲ့လို့အရဖြစ်တယ်။ ပြောနိုင်တာက ကျနော်တို့ ဒီ ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ပါ့မယ်။ ပြီးရင်ဥပဒေအတိုင်းပဲ ကျနော်တို့ ဆက်လက်ဆောင်ရွက်သွားပါ့မယ်ဗျ။”

တပ်မတော်က ဖမ်းဆီးသွားတဲ့ ရွာသားတွေဟာ AA အဖွဲ့နဲ့ ပတ်သက်မှု မရှိဘူးလို့ AA ပြောခွင့်ရခိုင်သုခက ဆိုပါတယ်။

“ကျနော်တို့နဲ့ လုံးဝပတ်သက်မှု မရှိဘူး။ ဒီလူတွေက ဒေသခံအပစ်မဲ့ပြည်သူတွေပဲ ဖြစ်တယ်။ အခုဒီဖမ်းဆီးခံရတဲ့ ၃၉ ယောက်ဟာ လွန်ခဲ့တဲ့ဧပြီလ ၁၃ ရက်နေ့တုန်းက ပုဏ္ဏားကျွန်းအခြေစိုက် ခမရ ၅၅၀ ကနေပြီးတော့မှ လက်နက်ကြီးနဲ့ ပစ်တာကို ရွာသားတွေကနေပြီးတော့မှ မီဒီယာတွေကိုပြောတာ ရှိတယ်။ အဲတာကြောင့်မို့လို့သူတို့က အဲဒီလိုလာရောက်ဖမ်းဆီးတယ်လို့ သိရတယ်။”

ကျောက်ဆိပ်ကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၈ ဦး သေဆုံးပြီး ၁၃ ဦး ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။

ဒီလက်နက်ကြီးကျည်တွေဟာ မြန်မာစစ်တပ်ဘက်က ပစ်ခတ်တာဖြစ်ကြောင်း ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောဆိုနေကြပါတယ်။

တပ်မတော်ဘက်ကတော့ AA အဖွဲ့ကနေ တပ်မတော်စစ်ရေယာဉ်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပြန်လည်ပစ်ခတ်ခဲ့ဖြစ်ကြောင်း ဗွီအိုအေကိုပြောဆိုခဲ့ပါတယ်။

ဒီကနေ့မှာလည်း မင်းပြားမြို့နယ်ဖက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးကြောင်း AA ပြောခွင့်ရခိုင်သုခကပြောပါတယ်။

“ဒီနေ့မှာ မင်းပြားမြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်တာ ရှိတယ်ဗျ။ ဖါးပျော်ရွာရဲ့တောင်ဘက်ပေါ့နော် ရာမောင်တောင်ကြောကို မြန်မာစစ်တပ်ဘက်က အင်အား ၂၈၀ လောက်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်ကြောင့်မို့လို့ တိုက်ပွဲဖြစ်တာ ရှိတယ်။ မြန်မာစစ်တပ်ရဲ့ကျိန်းတောင်ပေါ်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တဲ့အတွက်ကြောင့်မို့လို့ မင်းပြားမြို့နယ် မင်းရွာကိုလက်နက်ကြီး ကျရောက်ပေါက်ကွဲတာ ရှိတယ်။”

ဒီကနေ့ ဖြစ်ပွါးတဲ့တိုက်ပွဲဖြစ်စဉ်အတွင်း လက်နက်ကြီးကျရောက်မှုကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုတချို့ ရှိခဲ့တယ်လို့ ခိုင်သုခက ဆိုပါတယ်။

ဒီနေ့ မင်းပြားမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွါးတဲ့အခြေအနေကို မသိရှိသေးကြောင်း တပ်မတော်ဘက်ကပြောပါတယ်။

ရခိုင်ပြည်နယ် စစ်ရေးပဋိပက္ခဖြစ်စဉ်အတွင်း တပ်မတော်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် လူသေဆုံးဒဏ်ရာ ရရှိမှုတွေရှိခဲ့တယ်လို့ ပြောဆိုနေမှုတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူလူထုအထင်အမြင်လွဲမှားစေဖို့ ရေးသားပြောဆို ဖြန့်ချိနေခြင်းသာဖြစ်ကြောင်း တပ်မတော်ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရရဲ့ ပြန်ကြားရေးဌာနအပါဝင် သတင်းဌာနတွေက ရခိုင်ဒေသအတွင်း စစ်ရေးပဋိပက္ခဖြစ်စဉ်အတွင်း အရပ်သားတွေ ထိခိုက်မှု အခြေအနေတွေကို ရေးသားဖေါ်ပြတာမရှိတဲ့ အခြေအနေကြောင့် ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဖြစ်စဉ်အမှန်တွေကိုသာ မီဒီယာတွေကိုပြောဆိုတာဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်တွေကတုံ့ပြန်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်း အစိုးရကနေ အင်တာနက်ဆက်သွယ်ရေး လိုင်းဖြတ်တောက်ထားမှုကြောင့် ဒေသ အတွင်းဖြစ်ပျက်နေတဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ဝန်ဆောင်မှု မရရှိဘူးလို့သူကဆိုပါတယ်။

ဒါ့အပြင် သတင်းရေးသားဖေါ်ပြမှုမှာလဲ အစိုးရက အကြမ်းဖက်နဲ့တရားမဝင်အဖွဲ့လို့ကြေညာထားတဲ့ AA အဖွဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းတဲ့ သတင်းဌာန တာဝန်ရှိသူတွေကိုလဲ တရားစွဲဆိုမှုတွေ လုပ်ဆောင်လာတဲ့ အခြေအနေကြောင့် သတင်းမှန်ဖေါ်ပြဖို့မှာ အခက်တွေ့နေတယ်လို့သတင်းဌာနတာဝန်ရှိသူတွေက ဆိုပါတယ်။

ကိုနိုင်ကွန်းအိန် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/rakhine-aa-military/5379574.html
AA နဲ႔ ဆက္ႏြယ္မႈ စြပ္စဲြခ်က္နဲ႔ လူ ၄၀ နီးပါးကုိ စစ္တပ္ဖမ္းဆီး AA နဲ႔ ဆက္ႏြယ္မႈ စြပ္စဲြခ်က္နဲ႔ လူ ၄၀ နီးပါးကုိ စစ္တပ္ဖမ္းဆီး Reviewed by THITHTOOLWIN on 22:26 Rating: 5
Powered by Blogger.