စက္႐ုံ အလုပ္႐ုံေတြမွာ ၆ေပ အကြာကေန အလုပ္ လုပ္ရမယ္

အလုပ္တက္ အလုပ္ဆင္းမွာ လူစုလူေဝးမျဖစ္ရန္ ၆ ေပအကြာ အဝင္အထြက္ျပဳလုပ္ရန္ ဆိုတဲ့အခ်က္ပါဝင္
ရန္ကုန္၊ ပုသိမ္နဲ႔ ပဲခူး ၿမိဳ႕တို႔ က စက္မႈဇုန္ေတြမွာ စက္႐ုံ၊ အလုပ္႐ုံေတြအမ်ားစု ျပန္ဖြင့္ၾကလို႔ ဒီေန႔ လူစုလူေဝးေတြ ျဖစ္ခဲ့ၾကပါတယ္။

ဧၿပီလ ၁၉ ရက္ေန႔ညက ျမန္မာတစ္ႏိုင္ငံလုံးက စက္႐ုံေတြကို အလုပ္သမားဝန္ႀကီးဌာနက စစ္ေဆးမွာျဖစ္လို႔ လာမယ့္ ဧၿပီလ ( ၃၀) ရက္ေန႔အထိ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ႕ အႀကံျပဳခ်က္၊ သတ္မွတ္ခ်က္ေတြနဲ႔အညီ လိုက္နာေဆာင္႐ြက္ၿပီးမွသာ ဖြင့္လွစ္ခြင့္ျပဳမယ္လို႔ အလုပ္သမားဝန္ႀကီးဌာန က ထုတ္ျပန္ခဲ့ေပမယ့္လည္း အခ်ိဳ႕စက္႐ုံေတြက ဒီကေန႔မွာပဲ ျပန္ဖြင့္ခဲ့ၾကတာပါ။

ရန္ကုန္မွာ အခ်ိဳ႕စက္႐ုံေတြက အလုပ္သမားေတြကို ျပန္လႊတ္ၾကေပမယ့္ အခ်ိဳ႕စက္႐ုံေတြက သန္႔ရွင္းေရးလုပ္ၿပီးမွ ျပန္ရတယ္လို႔ လည္း အလုပ္သမားေတြ ကေျပာပါတယ္။

အလုပ္သမားေတြဘက္က အလုပ္ပိတ္ေပးဖို႔ ေတာင္းဆိုမွ လကုန္အထိ လစာမဲ့ခြင့္နဲ႔ လက္မွတ္ထိုးၿပီး အလုပ္ပိတ္ေပးေၾကာင္းေ႐ႊျပည္သာစက္မႈဇုံမွာရွိတဲ့ အထည္ခ်ဳပ္စက္႐ုံ တစ္ခုက အလုပ္သမားတစ္ေယာက္က ဘီဘီစီကိုေျပာပါတယ္။
ပုသိမ္မွာ ဧၿပီ၂၀ ရက္က ဖြင့္တဲ့ အထည္ခ်ဳပ္စက္႐ုံ အဝင္
ျမန္မာႏိုင္ငံမွာ ကို႐ိုနာ ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ မႈေတြ ျမင့္လာခ်ိန္မွာ အခုလိုလူစုလူေဝး ကို မတားဆီးႏိုင္တာဟာ လူစုၿပီးေရာဂါ ျဖန္႔သလို ျဖစ္ေနတယ္လို႔ အလုပ္သမားအခ်င္းခ်င္း႐ိုင္းပင္းကူညီေရးအဖြဲ႕က ေဒၚခခက ဘီဘီစီကိုေျပာပါတယ္။

စက္႐ုံအလုပ္႐ုံက အလုပ္သမားေတြရဲ႕ လုပ္ငန္းခြင္မွာ အလုပ္သမားဝန္ႀကီးဌာန စစ္ေဆးမယ့္အခ်က္ေတြထဲမွာ တစ္ဦးနဲ႔တစ္ဦး လုပ္ငန္းခြင္မွာ ၆ ေပအကြာ ကေန အလုပ္လုပ္ႏိုင္ရန္ဆိုတဲ့ အခ်က္ပါဝင္တာေတြ႕ရပါတယ္။

ဒီအခ်က္ဟာ ျမန္မာႏိုင္ငံက လုပ္သားေတြအမ်ားစု လုပ္ကိုင္ၾကတဲ့ အထည္ခ်ဳပ္ လုပ္ငန္းခြင္ အမ်ားစုမွာ ေတာ့ အေတာ့္ကို အခက္အခဲရွိႏိုင္တယ္လို႔ အလုပ္သမားအေရး ေဆာင္႐ြက္ေနသူေတြက ေျပာပါတယ္။

ဒီေန႔ ရန္ကုန္အထည္ခ်ဳပ္စက္႐ုံကို အလုပ္ဆင္းခဲ့ တဲ့ အလုပ္သမားတစ္ဦးကေတာ့ ၆ ေပအကြာကေန လုပ္ရတာမဟုတ္ဘဲ အရင္လိုပဲလုပ္ခဲ့ ရတယ္လို႔လည္း ဘီဘီစီကို ေျပာပါတယ္။
၆ေပ အကြာ ကေန လုပ္ရမယ္ ဆိုပါတယ္
က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ အႀကံျပဳခ်က္၊ သတ္မွတ္ခ်က္ေတြမွာ အလုပ္ရွင္ေတြအေနနဲ႔ ႀကိဳပို႔ ကားေတြစီစဥ္ရမွာ ျဖစ္သလို၊ လက္သန္႔စင္ေဆး၊ ႏွာေခါင္းစည္း၊ လက္အိတ္ေတြ ကိုလည္း အလုံ အေလာက္ထားရမယ္ လို႔လည္းက်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း စက္႐ုံအလုပ္႐ုံ ၆၆၀၀ ေက်ာ္ရွိၿပီးေတာ့ ၁၀ ရက္အတြင္း သတ္မွတ္ခ်က္ေတြနဲ႔ စက္႐ုံေတြမွာ ျပင္ထားတာေတြ ညီ မညီ အၿပီးစစ္ဖို႔ ကလည္း အခက္အခဲရွိႏိုင္တယ္လို႔ အလုပ္သမားအခ်င္းခ်င္း႐ိုင္းပင္းကူညီေရးအဖြဲ႕က ေဒၚခခ ကေျပာပါတယ္။

လႈိင္သာယာမွာ အဖြဲ႕ ၁၁ ဖြဲ႕နဲ႔ ဧၿပီ၂၀ ရက္ေန႔က စ စစ္ေနပါတယ္လို႔ အလုပ္႐ုံ၊ အလုပ္သမားဥပေဒ၊ စစ္ေဆးေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးၫြန္႔ဝင္းက ဘီဘီစီကိုေျပာပါတယ္။

ရန္ကုန္က စက္႐ုံ အလုပ္ သမားအမ်ားစု အလုပ္လုပ္ၾကတဲ့ လႈိင္သာယာ ၿမိဳ႕နယ္ဟာ အဝင္ အထြက္ ကန္႔သတ္ တာေတြ လုပ္ထားသလို ညမထြက္ရ အမိန္႔လည္း ထုတ္ျပန္ထားပါ တယ္။

အလုပ္သမားေတြဟာ ေထာက္ခံခ်က္စာေတြနဲ႔ ရပ္ကြက္ထဲ ဝင္ထြက္ေနတာေတြ႕ရတယ္လို႔လည္း က်န္စစ္သားအိမ္ယာမွာ ေနထိုင္သူတစ္ဦးကေျပာပါတယ္။

"အေဆာင္က တစ္လ ၆ ေသာင္းေလာက္ ေပးရေတာ့ ဒီမွာပဲ ဆက္ေနရေတာ့မယ္၊ ပိတ္လည္း အေဆာင္ကေစာင့္ေတာ့မယ္"လို႔ အထည္ခ်ဳပ္ လုပ္သားတစ္ဦးကေျပာပါတယ္။
စက္႐ုံေတြမွာလူေလွ်ာ့တာေတြရွိလာႏိုင္
စားဝတ္ေနေရးအတြက္ မျဖစ္မေနလုပ္ငန္းခြင္ဝင္ရမွာ ျဖစ္ေပမယ့္၊ စက္႐ုံအလုပ္႐ုံေတြက က်န္းမာေရးနဲ႔ ကိုက္ညီ ေအာင္ထားႏိုင္မလားဆိုတာ ကို အလုပ္သမားေတြက လည္းစိုးရိမ္ေနၾကတာလည္းျဖစ္ပါတယ္။

စက္႐ုံ အလုပ္႐ုံေတြကိုစစ္ေဆးေနဆဲ ကာလအတြင္း အလုပ္သမားေတြအတြက္ လုပ္အားခအေျခအေနနဲ႔ ပတ္သက္လို႔ အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အား၀န္ႀကီးဌာန အပါအဝင္ ျပည္ေထာင္စုအစိုးရအဖြဲ႕ေတြဟာ လူမႈေရးအေထာက္အပံ့ပုံစံမ်ိဳးနဲ႔ ေပးအပ္သြားဖို႔ အစီအစဥ္ရွိတယ္လို႔ အစိုးရဘက္ကေန သိရပါတယ္။

ျမန္မာႏိုင္ငံ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းက ျပန္ဖြင့္မယ့္စက္႐ုံေတြအေနနဲ႔ က်န္းမာေရးဝန္ႀကီးဌာနက ၫႊန္ၾကားခ်က္ေတြကိုလိုက္နာဖို႔ တိုက္တြန္း ႏႈိးေဆာ္ခ်က္ကို ဧၿပီလ ၁၈ ရက္ ရက္စြဲနဲ႔ ထုတ္ျပန္ခဲ့ပါတယ္။

အခ်ိန္မီ လုပ္ငန္းခြင္ ျပန္မဝင္ႏိုင္တဲ့ အလုပ္သမားေတြအတြက္ သက္ဆိုင္ရာကို ခြင့္တိုင္ၾကားရင္ ဧၿပီလကုန္အထိ လစာမဲ့ ခြင့္ျပဳၿပီး အလုပ္အကိုင္ တည္ၿမဲမႈအတြက္ အာမခံခ်က္ေပးဖို႔ အသင္းဝင္ စက္႐ုံပိုင္ရွင္ေတြကို အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းက တိုက္တြန္းထားပါ တယ္။

လက္ရွိမွာ ေတာ့ အစိုးရ ရဲ႕လူမႈဖူလုံေရးေထာက္ပံ့မႈနဲ႔ အက်ဳံးဝင္တဲ့ အလုပ္သမားအေရအတြက္က တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ဆိုရင္ ၁.၅ သန္းေက်ာ္ ရွိတယ္ တရားင္စာရင္းေတြအရ သိရပါတယ္။

အစိုးရအေနနဲ႔ကေတာ့ စက္႐ုံ၊ အလုပ္႐ုံေတြကို စစ္ေဆးရာမွာ (က)ေဆးဝါးထုတ္လုပ္ေရးစက္႐ုံမ်ား (ခ)စားေသာက္ကုန္ထုတ္လုပ္ေရးစက္႐ုံမ်ား (ဂ)က်န္းမာေရးလိုအပ္ခ်က္မ်ားႏွင့္ ကိုက္ညီၿပီး ဖြင့္လွစ္ရန္အသင့္ျဖစ္ေနေသာ စက္႐ုံ ၊အလုပ္႐ုံ၊အလုပ္ဌာနမ်ား (ဃ)လုပ္သားဦးေရ (၁,၀၀၀)ႏွင့္ အထက္ ရွိေသာ စက္႐ုံ၊အလုပ္႐ုံမ်ား နဲ႔ (င)အျခား စက္႐ုံ၊အလုပ္႐ုံ၊အလုပ္ဌာန မ်ား ဆိုၿပီး အစဥ္လိုက္ စစ္ေဆးေဆာင္႐ြက္သြားမွာ ျဖစ္တယ္ လို႔လည္း အလုပ္သမားဝန္ႀကီးဌာန ကေျပာပါတယ္။

BBC Burmese
---------------------------------------
စက်ရုံ အလုပ်ရုံတွေမှာ ၆ပေ အကွာကနေ အလုပ် လုပ်ရမယ်

ရန်ကုန်၊ ပုသိမ်နဲ့ ပဲခူး မြို့တို့ က စက်မှုဇုန်တွေမှာ စက်ရုံ၊ အလုပ်ရုံတွေအများစု ပြန်ဖွင့်ကြလို့ ဒီနေ့ လူစုလူဝေးတွေ ဖြစ်ခဲ့ကြပါတယ်။

ဧပြီလ ၁၉ ရက်နေ့ညက မြန်မာတစ်နိုင်ငံလုံးက စက်ရုံတွေကို အလုပ်သမားဝန်ကြီးဌာနက စစ်ဆေးမှာဖြစ်လို့ လာမယ့် ဧပြီလ ( ၃၀) ရက်နေ့အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ အကြံပြုချက်၊ သတ်မှတ်ချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ပြီးမှသာ ဖွင့်လှစ်ခွင့်ပြုမယ်လို့ အလုပ်သမားဝန်ကြီးဌာန က ထုတ်ပြန်ခဲ့ပေမယ့်လည်း အချို့စက်ရုံတွေက ဒီကနေ့မှာပဲ ပြန်ဖွင့်ခဲ့ကြတာပါ။

ရန်ကုန်မှာ အချို့စက်ရုံတွေက အလုပ်သမားတွေကို ပြန်လွှတ်ကြပေမယ့် အချို့စက်ရုံတွေက သန့်ရှင်းရေးလုပ်ပြီးမှ ပြန်ရတယ်လို့ လည်း အလုပ်သမားတွေ ကပြောပါတယ်။

အလုပ်သမားတွေဘက်က အလုပ်ပိတ်ပေးဖို့ တောင်းဆိုမှ လကုန်အထိ လစာမဲ့ခွင့်နဲ့ လက်မှတ်ထိုးပြီး အလုပ်ပိတ်ပေးကြောင်းရွှေပြည်သာစက်မှုဇုံမှာရှိတဲ့ အထည်ချုပ်စက်ရုံ တစ်ခုက အလုပ်သမားတစ်ယောက်က ဘီဘီစီကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ပျံ့နှံ့ မှုတွေ မြင့်လာချိန်မှာ အခုလိုလူစုလူဝေး ကို မတားဆီးနိုင်တာဟာ လူစုပြီးရောဂါ ဖြန့်သလို ဖြစ်နေတယ်လို့ အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့က ဒေါ်ခခက ဘီဘီစီကိုပြောပါတယ်။

စက်ရုံအလုပ်ရုံက အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်မှာ အလုပ်သမားဝန်ကြီးဌာန စစ်ဆေးမယ့်အချက်တွေထဲမှာ တစ်ဦးနဲ့တစ်ဦး လုပ်ငန်းခွင်မှာ ၆ ပေအကွာ ကနေ အလုပ်လုပ်နိုင်ရန်ဆိုတဲ့ အချက်ပါဝင်တာတွေ့ရပါတယ်။

ဒီအချက်ဟာ မြန်မာနိုင်ငံက လုပ်သားတွေအများစု လုပ်ကိုင်ကြတဲ့ အထည်ချုပ် လုပ်ငန်းခွင် အများစုမှာ တော့ အတော့်ကို အခက်အခဲရှိနိုင်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

ဒီနေ့ ရန်ကုန်အထည်ချုပ်စက်ရုံကို အလုပ်ဆင်းခဲ့ တဲ့ အလုပ်သမားတစ်ဦးကတော့ ၆ ပေအကွာကနေ လုပ်ရတာမဟုတ်ဘဲ အရင်လိုပဲလုပ်ခဲ့ ရတယ်လို့လည်း ဘီဘီစီကို ပြောပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ အကြံပြုချက်၊ သတ်မှတ်ချက်တွေမှာ အလုပ်ရှင်တွေအနေနဲ့ ကြိုပို့ ကားတွေစီစဉ်ရမှာ ဖြစ်သလို၊ လက်သန့်စင်ဆေး၊ နှာခေါင်းစည်း၊ လက်အိတ်တွေ ကိုလည်း အလုံ အလောက်ထားရမယ် လို့လည်းကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံအလုပ်ရုံ ၆၆၀၀ ကျော်ရှိပြီးတော့ ၁၀ ရက်အတွင်း သတ်မှတ်ချက်တွေနဲ့ စက်ရုံတွေမှာ ပြင်ထားတာတွေ ညီ မညီ အပြီးစစ်ဖို့ ကလည်း အခက်အခဲရှိနိုင်တယ်လို့ အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့က ဒေါ်ခခ ကပြောပါတယ်။

လှိုင်သာယာမှာ အဖွဲ့ ၁၁ ဖွဲ့နဲ့ ဧပြီ၂၀ ရက်နေ့က စ စစ်နေပါတယ်လို့ အလုပ်ရုံ၊ အလုပ်သမားဥပဒေ၊ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ဘီဘီစီကိုပြောပါတယ်။

ရန်ကုန်က စက်ရုံ အလုပ် သမားအများစု အလုပ်လုပ်ကြတဲ့ လှိုင်သာယာ မြို့နယ်ဟာ အဝင် အထွက် ကန့်သတ် တာတွေ လုပ်ထားသလို ညမထွက်ရ အမိန့်လည်း ထုတ်ပြန်ထားပါ တယ်။

အလုပ်သမားတွေဟာ ထောက်ခံချက်စာတွေနဲ့ ရပ်ကွက်ထဲ ဝင်ထွက်နေတာတွေ့ရတယ်လို့လည်း ကျန်စစ်သားအိမ်ယာမှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

"အဆောင်က တစ်လ ၆ သောင်းလောက် ပေးရတော့ ဒီမှာပဲ ဆက်နေရတော့မယ်၊ ပိတ်လည်း အဆောင်ကစောင့်တော့မယ်"လို့ အထည်ချုပ် လုပ်သားတစ်ဦးကပြောပါတယ်။

စားဝတ်နေရေးအတွက် မဖြစ်မနေလုပ်ငန်းခွင်ဝင်ရမှာ ဖြစ်ပေမယ့်၊ စက်ရုံအလုပ်ရုံတွေက ကျန်းမာရေးနဲ့ ကိုက်ညီ အောင်ထားနိုင်မလားဆိုတာ ကို အလုပ်သမားတွေက လည်းစိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။

စက်ရုံ အလုပ်ရုံတွေကိုစစ်ဆေးနေဆဲ ကာလအတွင်း အလုပ်သမားတွေအတွက် လုပ်အားခအခြေအနေနဲ့ ပတ်သက်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့တွေဟာ လူမှုရေးအထောက်အပံ့ပုံစံမျိုးနဲ့ ပေးအပ်သွားဖို့ အစီအစဉ်ရှိတယ်လို့ အစိုးရဘက်ကနေ သိရပါတယ်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ပြန်ဖွင့်မယ့်စက်ရုံတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်တွေကိုလိုက်နာဖို့ တိုက်တွန်း နှိုးဆော်ချက်ကို ဧပြီလ ၁၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

အချိန်မီ လုပ်ငန်းခွင် ပြန်မဝင်နိုင်တဲ့ အလုပ်သမားတွေအတွက် သက်ဆိုင်ရာကို ခွင့်တိုင်ကြားရင် ဧပြီလကုန်အထိ လစာမဲ့ ခွင့်ပြုပြီး အလုပ်အကိုင် တည်မြဲမှုအတွက် အာမခံချက်ပေးဖို့ အသင်းဝင် စက်ရုံပိုင်ရှင်တွေကို အထည်ချုပ်လုပ်ငန်းရှင်များအသင်းက တိုက်တွန်းထားပါ တယ်။

လက်ရှိမှာ တော့ အစိုးရ ရဲ့လူမှုဖူလုံရေးထောက်ပံ့မှုနဲ့ အကျုံးဝင်တဲ့ အလုပ်သမားအရေအတွက်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ၁.၅ သန်းကျော် ရှိတယ် တရားင်စာရင်းတွေအရ သိရပါတယ်။

အစိုးရအနေနဲ့ကတော့ စက်ရုံ၊ အလုပ်ရုံတွေကို စစ်ဆေးရာမှာ (က)ဆေးဝါးထုတ်လုပ်ရေးစက်ရုံများ (ခ)စားသောက်ကုန်ထုတ်လုပ်ရေးစက်ရုံများ (ဂ)ကျန်းမာရေးလိုအပ်ချက်များနှင့် ကိုက်ညီပြီး ဖွင့်လှစ်ရန်အသင့်ဖြစ်နေသော စက်ရုံ ၊အလုပ်ရုံ၊အလုပ်ဌာနများ (ဃ)လုပ်သားဦးရေ (၁,၀၀၀)နှင့် အထက် ရှိသော စက်ရုံ၊အလုပ်ရုံများ နဲ့ (င)အခြား စက်ရုံ၊အလုပ်ရုံ၊အလုပ်ဌာန များ ဆိုပြီး အစဉ်လိုက် စစ်ဆေးဆောင်ရွက်သွားမှာ ဖြစ်တယ် လို့လည်း အလုပ်သမားဝန်ကြီးဌာန ကပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52355966
စက္႐ုံ အလုပ္႐ုံေတြမွာ ၆ေပ အကြာကေန အလုပ္ လုပ္ရမယ္ စက္႐ုံ အလုပ္႐ုံေတြမွာ ၆ေပ အကြာကေန အလုပ္ လုပ္ရမယ္ Reviewed by THITHTOOLWIN on 22:27 Rating: 5
Powered by Blogger.