မေလးရွားမွာ တရားမဝင္ျမန္မာတဦး COVID-19 ေရာဂါနဲ႔ ေသဆံုး

COVID 19 နဲ႔ ေသဆံုးသြားတဲ့ ျမန္မာ အေလာင္းကုိ သယ္ေဆာင္လာစဥ္ (သတင္းဓာတ္ပံု - မေလးရွားႏိုင္ငံ နာေရးကူညီမူအသင္း)

(Zawgyi/Unicode)

မေလးရွားႏိုင္ငံမွာ ျမန္မာတဦး COVID-19 ေရာဂါနဲ႔ ကြယ္လြန္တယ္ဆိုတာကို ဗီြအိုေအ ျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာ ကတင္ဆက္ေပးပါမယ္။

မေလးရွားႏိုင္ငံမွာ တရားမ၀င္ေနထိုင္ အလုပ္လုပ္ကိုင္ေနတဲ့ ျမန္မာတဦးဟာ COVID-19 ဗိုင္းရပ္စ္နဲ႔ ေသဆံုးသြားတာျဖစ္ေၾကာင္း ဧျပီလ ၁၆ ရက္မွာ ဓါတ္ခဲြစမ္းသပ္မႈ အေျဖထြက္လာပါတယ္။ သူဟာ ဧၿပီ ၁၃ ရက္ေန႔က ဖ်ားနာၿပီး ေသဆံုးသြားတာျဖစ္ေပမဲ့ သူ႔ရုပ္အေလာင္းကို ယူၿပီး ဓါတ္ခဲြနမူနာယူ စစ္ေဆးရာမွာ ကိုရိုနာဗိုင္းရပ္စ္ ေတြ႔ရိွေၾကာင္း အေျဖထြက္ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း သူ႕ကို ရုပ္အေလာင္းကို ျပန္ရရခ်င္း ခ်က္ျခင္း မီးသျဂိဳၤလ္ခံရတယ္လို႔ မေလးရွားနာေရးကူညီမႈအသင္း ဥကၠ႒ ဦးစန္း၀င္က ေျပာပါတယ္။

COVID 19 နဲ႔ ေသဆံုးသြားတဲ့ ျမန္မာ အေလာင္းကုိ သယ္ေဆာင္လာစဥ္ (သတင္းဓာတ္ပံု - မေလးရွားႏိုင္ငံ နာေရးကူညီမူအသင္း)

"ေလးလပုိင္း ဒီလ ၁၃ မေလးရွားႏိုင္ငံ ကြာလာလမ္ပူ ရွင္က်န္းနားမွာေနတဲ့ ျမန္မာတေယာက္က ဖ်ားေနတာ ၂ ပတ္ေလာက္ရွိျပီ ဖ်ားေနတာ ပတ္၀န္းက်င္းကေျပာတယ္။ သူမွာလည္း အေထာက္အထားလည္း မရွိေတာ့ ေဆးရံုလည္းသြားဖို ့ေၾကာက္ေနတာ အဲဒီေန႔မွာ ေရခ်ိဳးခန္းနားက အေပါ့အပါးသြားျပီး အျပန္မွာပဲ သူ႔အခန္းထဲမွာ လဲျပီး ေသသြားတာေပါ့။ မေလးရွားရဲ႕ ရဲတပ္ဖဲြ႔က COVID-19 အဖဲြ႔တို႔ကို က်ေနာ္တို႔အဖဲြက အေၾကာင္းၾကားတယ္။ သူတို႔အေလာင္း လာယူတယ္။ ဒီေနာက္စစ္ၾကည့္တာ ဒီေန႔ပဲ အေျဖထြက္တယ္။ COVID-19 ဗိုင္းရပ္စ္ပုိး ကူးစက္ေနတယ္လို႔ က်ေနာ္တို႔ကို အေၾကာင္းၾကားျပီး အကူညီေတာင္းတယ္။ ခ်က္ခ်င္းသၿဂိဳလ္ရမယ္ဆုိလို႔ က်ေနာ္တို႔ အကူအညီေတာင္းေတာ့က်ေနာ္တို႔ အခုပဲ သူကုိသၿဂိဳၤလ္ျပီးတယ္။"

မေလးရွားႏုိင္ငံတြင္းမွာ ျမန္မာ ၃၁ ေယာက္ ကုိရိုနာဗုိင္းရပ္စ္ကူးစက္ခံရတယ္လို႔ မေလးရွားႏိုင္ငံက ျမန္မာသံရံုးကလည္း ေျပာဆိုထားပါတယ္။ အခု ေသဆံုးသူဟာ ၃၁ ဦးပါတဲ့စာရင္းထဲမွာ မပါ၀င္ေၾကာင္း ဦးစန္း၀င္းက ေျပာျပပါတယ္။

"မပါဘူး၊ မပါဘူးသူကေတာ့ ဘာမွအေထာက္အထား မဟုတ္ေတာ့ တရား၀င္အလုပ္သမား မဟုတ္ေတာ့ သူက ေဆးရံုသြားရမွာ ေၾကာက္တယ္ေလ မေလးရွားမွာလည္း ျမန္မာေတြ ကူးစက္ခံရတာ ၃၁ ေယာက္ရွိတယ္လို႔ ၿပီခဲ့တဲ့တပတ္ထဲကေၾကျငာတယ္။ ျမန္မာႏိုင္ငံသား ၃၁ ေယာက္ကူးစက္ခံရတယ္လို႔ ေၾကျငာတယ္။ ေမာင္ျဖဴ ေမာင္နီ စသျဖင့္မေျပာဘူး။ ျမန္မာႏိုင္ငံသားေတြ ၃၁ ေယာက္ကူးစက္ခံရတယ္လို႔ပဲ ေၾကျငာပါတယ္။"

ျမန္မာ အလုပ္သမား လူ၀င္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူအင္အား၀န္ႀကီးဌာန အလုပ္သမားညႊန္ၾကားမႈဦးစီးဌာနကေတာ့ မေလးရွားကို တရား၀င္ေစလႊတ္တဲ့ အလုပ္သမားေပါင္း ၂၀၀,၀၀၀ ေက်ာ္ရွိျပီး တျခားနည္းလမ္းေတြနဲ႔ မေလးရွားကို ေရာက္သြားသူ အားလံုးေပါင္းရင္ မေလးရွားမွာ ျမန္မာအလုပ္သမား ၅၀၀,၀၀၀ ထက္မနည္း ရွိေနပါတယ္။ မေလးရွားႏိုင္ငံမွာေတာ့ ဓါတ္ခဲြနမူနာစမ္းသပ္မႈ အေျဖအရ ကိုရိုနာဗိုင္းရပ္စ္ရွိသူ ၅,၀၀၀ ေက်ာ္ရွိၿပီး ဒီေရာဂါပိုးေၾကာင္း ၈၀ ေက်ာ္ ေသဆံုးခဲ့ရၿပီး ျဖစ္ပါတယ္။

[Unicode Version]

မလေးရှားမှာ တရားမဝင်မြန်မာတဦး COVID-19 ရောဂါနဲ့ သေဆုံး

မလေးရှားနိုင်ငံမှာ မြန်မာတဦး COVID-19 ရောဂါနဲ့ ကွယ်လွန်တယ်ဆိုတာကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ ကတင်ဆက်ပေးပါမယ်။

မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာတဦးဟာ COVID-19 ဗိုင်းရပ်စ်နဲ့ သေဆုံးသွားတာဖြစ်ကြောင်း ဧပြီလ ၁၆ ရက်မှာ ဓါတ်ခွဲစမ်းသပ်မှု အဖြေထွက်လာပါတယ်။ သူဟာ ဧပြီ ၁၃ ရက်နေ့က ဖျားနာပြီး သေဆုံးသွားတာဖြစ်ပေမဲ့ သူ့ရုပ်အလောင်းကို ယူပြီး ဓါတ်ခွဲနမူနာယူ စစ်ဆေးရာမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိကြောင်း အဖြေထွက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ကို ရုပ်အလောင်းကို ပြန်ရရချင်း ချက်ခြင်း မီးသဂြိုၤလ်ခံရတယ်လို့ မလေးရှားနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်က ပြောပါတယ်။

"လေးလပိုင်း ဒီလ ၁၃ မလေးရှားနိုင်ငံ ကွာလာလမ်ပူ ရှင်ကျန်းနားမှာနေတဲ့ မြန်မာတယောက်က ဖျားနေတာ ၂ ပတ်လောက်ရှိပြီ ဖျားနေတာ ပတ်ဝန်းကျင်းကပြောတယ်။ သူမှာလည်း အထောက်အထားလည်း မရှိတော့ ဆေးရုံလည်းသွားဖို့ကြောက်နေတာ အဲဒီနေ့မှာ ရေချိုးခန်းနားက အပေါ့အပါးသွားပြီး အပြန်မှာပဲ သူ့အခန်းထဲမှာ လဲပြီး သေသွားတာပေါ့။ မလေးရှားရဲ့ ရဲတပ်ဖွဲ့က COVID-19 အဖွဲ့တို့ကို ကျနော်တို့အဖွဲက အကြောင်းကြားတယ်။ သူတို့အလောင်း လာယူတယ်။ ဒီနောက်စစ်ကြည့်တာ ဒီနေ့ပဲ အဖြေထွက်တယ်။ COVID-19 ဗိုင်းရပ်စ်ပိုး ကူးစက်နေတယ်လို့ ကျနော်တို့ကို အကြောင်းကြားပြီး အကူညီတောင်းတယ်။ ချက်ချင်းသဂြိုလ်ရမယ်ဆိုလို့ ကျနော်တို့ အကူအညီတောင်းတော့ကျနော်တို့ အခုပဲ သူကိုသဂြိုၤလ်ပြီးတယ်။"

မလေးရှားနိုင်ငံတွင်းမှာ မြန်မာ ၃၁ ယောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ မလေးရှားနိုင်ငံက မြန်မာသံရုံးကလည်း ပြောဆိုထားပါတယ်။ အခု သေဆုံးသူဟာ ၃၁ ဦးပါတဲ့စာရင်းထဲမှာ မပါဝင်ကြောင်း ဦးစန်းဝင်းက ပြောပြပါတယ်။

"မပါဘူး၊ မပါဘူးသူကတော့ ဘာမှအထောက်အထား မဟုတ်တော့ တရားဝင်အလုပ်သမား မဟုတ်တော့ သူက ဆေးရုံသွားရမှာ ကြောက်တယ်လေ မလေးရှားမှာလည်း မြန်မာတွေ ကူးစက်ခံရတာ ၃၁ ယောက်ရှိတယ်လို့ ပြီခဲ့တဲ့တပတ်ထဲကကြေငြာတယ်။ မြန်မာနိုင်ငံသား ၃၁ ယောက်ကူးစက်ခံရတယ်လို့ ကြေငြာတယ်။ မောင်ဖြူ မောင်နီ စသဖြင့်မပြောဘူး။ မြန်မာနိုင်ငံသားတွေ ၃၁ ယောက်ကူးစက်ခံရတယ်လို့ပဲ ကြေငြာပါတယ်။"

မြန်မာ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူအင်အားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကတော့ မလေးရှားကို တရားဝင်စေလွှတ်တဲ့ အလုပ်သမားပေါင်း ၂၀၀,၀၀၀ ကျော်ရှိပြီး တခြားနည်းလမ်းတွေနဲ့ မလေးရှားကို ရောက်သွားသူ အားလုံးပေါင်းရင် မလေးရှားမှာ မြန်မာအလုပ်သမား ၅၀၀,၀၀၀ ထက်မနည်း ရှိနေပါတယ်။ မလေးရှားနိုင်ငံမှာတော့ ဓါတ်ခွဲနမူနာစမ်းသပ်မှု အဖြေအရ ကိုရိုနာဗိုင်းရပ်စ်ရှိသူ ၅,၀၀၀ ကျော်ရှိပြီး ဒီရောဂါပိုးကြောင်း ၈၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

မေအးေအးမာ/VOA (Burmese)
https://burmese.voanews.com/a/malaysia-myanmar-covid-death/5374451.html
မေလးရွားမွာ တရားမဝင္ျမန္မာတဦး COVID-19 ေရာဂါနဲ႔ ေသဆံုး မေလးရွားမွာ တရားမဝင္ျမန္မာတဦး COVID-19 ေရာဂါနဲ႔ ေသဆံုး Reviewed by THITHTOOLWIN on 21:02 Rating: 5
Powered by Blogger.