ကို႐ိုနာေၾကာင့္ သၾကၤန္ကို ေျခာက္ေျခာက္ေသြ႕ေသြ႕ ေက်ာ္ျဖတ္ေနရ

(Zawgyi)⤵⤵⤵

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ႏွစ္စဥ္က်င္းပေနက် ႐ိုးရာသၾကၤန္ပြဲေတာ္ကို ဒီႏွစ္မက်င္းပပါဘူး။

စည္စည္ကားကားျဖစ္ခဲ့တဲ့ ျမန္မာႏွစ္သစ္ကူးကာလဟာ ကမာၻအႏွံ႔ပ်ံ႕ႏွံ႔ေနတဲ့ ကူးစက္ေရာဂါပိုးကို အႀကီးအက်ယ္ တိုက္ဖ်က္ေနရခ်ိန္နဲ႔ တိုက္ဆိုင္သြားတဲ့အတြက္ ဒီႏွစ္သၾကၤန္ဟာ ခါတိုင္းႏွစ္ေတြရဲ႕ သၾကၤန္အေနအထားနဲ႔ ဆန႔္က်င္ က္ ျဖစ္သြားပါတယ္။

၂၀၁၉ ခုႏွစ္ ဧၿပီလက အႏုပညာရွင္ေတြရဲ႕ ေဖ်ာ္ေျဖေရးေတြ၊ ေရကစားမ႑ပ္ႀကီးေတြ အပါအဝင္ လမ္းေလွ်ာက္ သၾကၤန္ေတြနဲ႔ စည္ကားခဲ့တဲ့ ရန္ကုန္ၿမိဳ႕ရဲ႕ အစည္းကားဆုံးေနရာေတြထဲက တခ်ိဳ႕ေနရာေတြဟာဆိုရင္ ဒီႏွစ္မွာ ေျခာက္ကပ္ေနပါတယ္။ ေရပက္ကစားျခင္း မရွိၾက၊ အိမ္အျပင္ထြက္လည္ျခင္း မရွိၾကဘဲ သၾကၤန္ကို ေျခာက္ ေျခာက္ေသြ႕ေသြ႕ ေက်ာ္ျဖတ္ေနၾကပါတယ္။

ရန္ကုန္ၿမိဳ႕မွာေနတဲ့ အင္ဂ်င္နီယာ ကိုဘိုဘိုဇင္က ရန္ကုန္ၿမိဳ႕ အေျခအေနကိုအခုလိုေျပာပါတယ္။

"တေန႔ကေရာ မေန႔ကေရာ ထြက္ၾကည့္တဲ့အခါက်ေတာ့ အရင္တုန္းက အရမ္းစည္တဲ့ျပည္လမ္းဆိုရင္ တစ္ေယာက္မွမရွိဘူး၊ ကားဆို တစ္စီးႏွစ္စီးပဲရွိတယ္ ပုံမွန္ ဘာသိသာလည္းဆိုေတာ့ အင္းစိန္လမ္းပဲသြားသြား ျပည္လမ္းပဲသြားသြား တာေမြဘက္ပဲသြားသြား လူနာတင္ကားေတြကေတာ့ ေနရာတိုင္းမွာေတြ႕တယ္ လမ္းတိုင္း မွာေတြ႕တယ္၊ ရန္ကုန္ကေတာ့ ေတာ္ေတာ္ေျခာက္တယ္၊ လူေတြကလည္း လုံးဝမရွိသေလာက္ပဲ၊ ဘတ္စ္ကား မွတ္တိုင္မွာ တစ္ေယာက္စ ႏွစ္ေယာက္စေတြ႕တယ္၊ ဘတ္စ္ကားမွတ္တိုင္ဆိုတာ မွတ္တိုင္တိုင္းမဟုတ္ဘူး၊ ဆူးေလဘက္ဆိုရင္ ဘယ္သူမွမရွိေတာ့ဘူး၊ ျပည္လမ္း အရင္ကစည္ပါတယ္ဆိုတဲ့ ကန္ေဘာင္ေရွ႕မွာ လုံးဝ မရွိေတာ့ဘူး၊ သၾကၤန္ကာလမလို႔ ေပ်ာ္ခ်င္တယ္၊ တကယ့္တကယ္ အျပင္ထြက္ၾကည့္တဲ့အခါၾကေတာ့ သၾကၤန္နဲ႔ အရိပ္အေယာက္တူတဲ့ ခံစားခ်က္မ်ိဳး တစ္ခုမွမရွိေတာ့ဘူး၊ အဲေတာ့ သၾကၤန္မဟုတ္သလို ခံစားရတယ္။"

မႏွစ္က ရန္ကုန္ၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမေရွ႕ ဗဟိုမ႑ပ္ႀကီးေပၚမွာ သံခ်ပ္အဖြဲ႕ေတြ၊ သၾကၤန္ယိမ္းၿပိဳင္ပြဲေတြနဲ႔ စည္းကားခဲ့တာပါ။

မဟာဗႏၶဳလပန္းၿခံေဘးမွာ စည္ပင္သာယာကေကာ္မတီ ဦးေဆာင္ၿပီး  လမ္းေလွ်ာက္သၾကၤန္က်င္းပခဲ့ပါတယ္။ မဟာဗႏၶဳလပန္းၿခံဟာဆိုရင္လည္း ေရကစားတဲ့သူေတြနဲ႔ တစ္ေန႔လုံး ျပည့္က်ပ္ေနခဲ့တာပါ။

အင္းလ်ားကန္ေဘာင္ေရွ႕ ျပည္လမ္းမေပၚက နာမည္ႀကီးအဆိုေတာ္ေတြရဲ႕ မ႑ပ္ႀကီးေတြနဲ႔ ျပည့္က်ပ္ေနခဲ့တဲ့ ေနရာဟာလည္း ရန္ကုန္ၿမိဳ႕မွာ အစည္ကားဆုံးလို႔ဆိုရမွာပါ။

မႏွစ္က ထီးေတြနဲ႔ ကန္ေဘာင္တေလွ်ာက္လုံး အလွဆင္ၿပီး စည္းကားခဲ့တဲ့ အင္လ်ားကန္ေဘာင္ကလည္း တိတ္ဆိတ္ ၿငိမ္သက္ေနပါတယ္။

သတင္းအခ်က္အလက္လုံၿခဳံေရးပညာရွင္ ကိုမ်ိဳးေက်ာ္ထြန္း က ဒီႏွစ္မက်င္းပရတဲ့ သၾကၤန္နဲ႔ပတ္သက္ၿပီး အခုလိုေျပာပါတယ္။

"မႏွစ္က လမ္းေလွ်ာက္သၾကၤန္ကို စလုပ္တာေပါ့ေနာ္၊ ေတာ္ေတာ္စည္တာေပါ့၊ သၾကၤန္ယဥ္ေက်းမႈေလးကို ျပန္ၿပီးေတာ့ ေမြးဖြားလိုက္သလိုမ်ိဳး လုပ္တဲ့အခါၾကေတာ့ ကြၽန္ေတာ္တို႔လည္း သေဘာက်တယ္၊ ေတာ္ေတာ္ ေပ်ာ္စရာေကာင္းပါတယ္၊ ဒီႏွစ္ကေတာ့သိတဲ့အတိုင္းပဲ COVID-19 ကိစၥျဖစ္လာတဲ့အခါၾကေတာ့ လမ္းေပၚမွာ လူေတြေျခာက္ကပ္ကုန္တာေပါ့၊ အဲေတာ့ သၾကၤန္ကို ဘယ္လိုလုပ္ၾကရသလဲဆိုေတာ့ အြန္လိုင္းသၾကၤန္ေတြပဲ ျဖစ္ကုန္တာေပါ့၊ ကိုယ့္နီးစပ္ရာေတြကို Video Call ေတြေခၚၿပီး အဲမွာပဲ ခ်ီးယားစ္ေတြလုပ္၊ အြန္လိုင္းမွာပဲ အရင္ႏွစ္ကေပ်ာ္ခဲ့တဲ့ဓာတ္ပုံေတြတင္ေပါ့၊ ေနာက္ၿပီးသီခ်င္းေတြဖြင့္ ကိုယ့္ဟာကို တကိုယ္ရည္သၾကၤန္ေတြ ျဖစ္ကုန္တာေပါ့၊ ဒါတဒဂၤေပါ့ ေနာက္ႏွစ္ၾကရင္ေတာ့ ကြၽန္ေတာ္ထင္တယ္ အခုႏွစ္ကဟာကို အတိုးနဲ႔ျပန္ေပ်ာ္ ၾကလိ့မ္မယ္လို႔ထင္တယ္၊ ျပန္လည္းေပ်ာ္ရလိမ့္မယ္လို႔ ေမွ်ာ္လင့္တယ္၊ ျပန္ေပ်ာ္ၾကတာေပါ့။"

အလားတူ ေနျပည္ေတာ္မွာလည္း မႏွစ္ကအထိ ဟိုတယ္ဇုန္သၾကၤန္ဟာ အစည္းကားဆုံးျဖစ္ခဲ့ပါတယ္၊ ဝန္ႀကီးဌာနေတြရဲ႕မ႑ပ္ေတြအျပင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကိုယ္တိုင္ ေရကစားတဲ့ ထိုက္ခ်ီတို ေရကစားမ႑ပ္လည္း ရွိခဲ့ဖူးပါတယ္။

ၿမိဳ႕ေတာ္ဝန္မ႑ပ္၊ သေျပကုန္းေဈးနဲ႔ နာမည္ႀကီး ဥပါန္တသႏၲိဘုရားေတြဟာလည္း ေနျပည္ေတာ္က အစည္ကားဆုံးျဖစ္ခဲ့ဖူးတဲ့ေနရာေတြပါ။

ျမန္မာႏိုင္ငံရဲ႕ ဒုတိယအႀကီးဆုံးနဲ႔ မဟာသၾကၤန္ပြဲေတာ္မွာ အစည္းကားဆုံးျဖစ္တဲ့ မႏၲေလးၿမိဳ႕ႀကီးဟာလည္း အသြားအလာေတြ နည္းပါးသြားတာပါ။

မႏၲေလးၿမိဳ႕မွာေနတဲ့ ရတနာပုံတကၠသိုလ္ရဲ႕ ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ဝင္ ကိုမ်ိဳးခ်စ္ေဇာ္ ကလည္း မႏၲေလးနဲ႔ သၾကၤန္ကို ခြဲထားသလို ခံစားရတယ္လို႔ ေျပာပါတယ္။

"COVID–19 ေၾကာင့္ ေျခာက္ကပ္သြားတာကေတာ့ ေတာ္ေတာ္ေလးလည္း ကြာျခားသြားတယ္၊ ၿမိဳ႕ရဲ႕စည္းကား မႈေတြ ကမာၻေက်ာ္တဲ့ မႏၲေလးသၾကၤန္ရဲ႕ ကြာျခားမႈေတြကေတာ့ တကယ္ကိုေျခာက္ကပ္သြားတယ္၊ အရင္တုန္း ကဆို က်ဳံးေဘးမွာဆို မ႑ပ္ေတြ၊ သံခ်ပ္ေတြ ၊ အလွျပယာဥ္ေတြ ထြက္ၾကတယ္ဗ်ာ၊ ဒါေပမဲ့ အခုအခ်ိန္မွာ ဘာမွမရွိတဲ့အတြက္ ေတာ္ေတာ္ေလးကို ေျခာက္ကပ္သြားပါတယ္၊ ပုံမွန္ထိုင္ေနၾကေနရာမွာအစ လူမရွိေတာ့ဘူး၊ ရပ္ကြက္ေတြထဲမွာေတာင္ အသြားအလာမရွိေတာ့တာေတာင္ရွိပါတယ္၊ အေျခအေနကေတာ့ သိပ္ေတာ့ အဆင္ မေျပဘူးေပါ့ဗ်ာ၊ သၾကၤန္နဲ႔မႏၲေလးက ခြဲျခားလို႔မရတာကို အခုခြဲျခားသလိုျဖစ္သြားတာေပါ့၊"

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈႏႈန္းကို တားဆီးဖို႔  ျပည္သူေတြ အျပင္မထြက္ၾကဖို႔နဲ႔ သၾကၤန္ပြဲေတာ္ အပါအဝင္ ပြဲလမ္းသဘင္ေတြ မက်င္းပဖို႔ အစိုးရက ေၾကညာထားတာေၾကာင့္ျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org/burmese/program_2/thingyan-cancel-due-to-coronavirus-04162020072523.html
-----------
(Unicode)⤵⤵⤵
ကိုရိုနာကြောင့် သင်္ကြန်ကို ခြောက်ခြောက်သွေ့သွေ့ ကျော်ဖြတ်နေရ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှစ်စဉ်ကျင်းပနေကျ ရိုးရာသင်္ကြန်ပွဲတော်ကို ဒီနှစ်မကျင်းပပါဘူး။

စည်စည်ကားကားဖြစ်ခဲ့တဲ့ မြန်မာနှစ်သစ်ကူးကာလဟာ ကမ္ဘာအနှံ့ပျံ့နှံ့နေတဲ့ ကူးစက်ရောဂါပိုးကို အကြီးအကျယ် တိုက်ဖျက်နေရချိန်နဲ့ တိုက်ဆိုင်သွားတဲ့အတွက် ဒီနှစ်သင်္ကြန်ဟာ ခါတိုင်းနှစ်တွေရဲ့ သင်္ကြန်အနေအထားနဲ့ ဆန့်ကျင် က် ဖြစ်သွားပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလက အနုပညာရှင်တွေရဲ့ ဖျော်ဖြေရေးတွေ၊ ရေကစားမဏ္ဍပ်ကြီးတွေ အပါအဝင် လမ်းလျှောက် သင်္ကြန်တွေနဲ့ စည်ကားခဲ့တဲ့ ရန်ကုန်မြို့ရဲ့ အစည်းကားဆုံးနေရာတွေထဲက တချို့နေရာတွေဟာဆိုရင် ဒီနှစ်မှာ ခြောက်ကပ်နေပါတယ်။ ရေပက်ကစားခြင်း မရှိကြ၊ အိမ်အပြင်ထွက်လည်ခြင်း မရှိကြဘဲ သင်္ကြန်ကို ခြောက် ခြောက်သွေ့သွေ့ ကျော်ဖြတ်နေကြပါတယ်။

ရန်ကုန်မြို့မှာနေတဲ့ အင်ဂျင်နီယာ ကိုဘိုဘိုဇင်က ရန်ကုန်မြို့ အခြေအနေကိုအခုလိုပြောပါတယ်။

"တနေ့ကရော မနေ့ကရော ထွက်ကြည့်တဲ့အခါကျတော့ အရင်တုန်းက အရမ်းစည်တဲ့ပြည်လမ်းဆိုရင် တစ်ယောက်မှမရှိဘူး၊ ကားဆို တစ်စီးနှစ်စီးပဲရှိတယ် ပုံမှန် ဘာသိသာလည်းဆိုတော့ အင်းစိန်လမ်းပဲသွားသွား ပြည်လမ်းပဲသွားသွား တာမွေဘက်ပဲသွားသွား လူနာတင်ကားတွေကတော့ နေရာတိုင်းမှာတွေ့တယ် လမ်းတိုင်း မှာတွေ့တယ်၊ ရန်ကုန်ကတော့ တော်တော်ခြောက်တယ်၊ လူတွေကလည်း လုံးဝမရှိသလောက်ပဲ၊ ဘတ်စ်ကား မှတ်တိုင်မှာ တစ်ယောက်စ နှစ်ယောက်စတွေ့တယ်၊ ဘတ်စ်ကားမှတ်တိုင်ဆိုတာ မှတ်တိုင်တိုင်းမဟုတ်ဘူး၊ ဆူးလေဘက်ဆိုရင် ဘယ်သူမှမရှိတော့ဘူး၊ ပြည်လမ်း အရင်ကစည်ပါတယ်ဆိုတဲ့ ကန်ဘောင်ရှေ့မှာ လုံးဝ မရှိတော့ဘူး၊ သင်္ကြန်ကာလမလို့ ပျော်ချင်တယ်၊ တကယ့်တကယ် အပြင်ထွက်ကြည့်တဲ့အခါကြတော့ သင်္ကြန်နဲ့ အရိပ်အယောက်တူတဲ့ ခံစားချက်မျိုး တစ်ခုမှမရှိတော့ဘူး၊ အဲတော့ သင်္ကြန်မဟုတ်သလို ခံစားရတယ်။"

မနှစ်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ ဗဟိုမဏ္ဍပ်ကြီးပေါ်မှာ သံချပ်အဖွဲ့တွေ၊ သင်္ကြန်ယိမ်းပြိုင်ပွဲတွေနဲ့ စည်းကားခဲ့တာပါ။

မဟာဗန္ဓုလပန်းခြံဘေးမှာ စည်ပင်သာယာကကော်မတီ ဦးဆောင်ပြီး  လမ်းလျှောက်သင်္ကြန်ကျင်းပခဲ့ပါတယ်။ မဟာဗန္ဓုလပန်းခြံဟာဆိုရင်လည်း ရေကစားတဲ့သူတွေနဲ့ တစ်နေ့လုံး ပြည့်ကျပ်နေခဲ့တာပါ။

အင်းလျားကန်ဘောင်ရှေ့ ပြည်လမ်းမပေါ်က နာမည်ကြီးအဆိုတော်တွေရဲ့ မဏ္ဍပ်ကြီးတွေနဲ့ ပြည့်ကျပ်နေခဲ့တဲ့ နေရာဟာလည်း ရန်ကုန်မြို့မှာ အစည်ကားဆုံးလို့ဆိုရမှာပါ။

မနှစ်က ထီးတွေနဲ့ ကန်ဘောင်တလျှောက်လုံး အလှဆင်ပြီး စည်းကားခဲ့တဲ့ အင်လျားကန်ဘောင်ကလည်း တိတ်ဆိတ် ငြိမ်သက်နေပါတယ်။

သတင်းအချက်အလက်လုံခြုံရေးပညာရှင် ကိုမျိုးကျော်ထွန်း က ဒီနှစ်မကျင်းပရတဲ့ သင်္ကြန်နဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

"မနှစ်က လမ်းလျှောက်သင်္ကြန်ကို စလုပ်တာပေါ့နော်၊ တော်တော်စည်တာပေါ့၊ သင်္ကြန်ယဉ်ကျေးမှုလေးကို ပြန်ပြီးတော့ မွေးဖွားလိုက်သလိုမျိုး လုပ်တဲ့အခါကြတော့ ကျွန်တော်တို့လည်း သဘောကျတယ်၊ တော်တော် ပျော်စရာကောင်းပါတယ်၊ ဒီနှစ်ကတော့သိတဲ့အတိုင်းပဲ COVID-19 ကိစ္စဖြစ်လာတဲ့အခါကြတော့ လမ်းပေါ်မှာ လူတွေခြောက်ကပ်ကုန်တာပေါ့၊ အဲတော့ သင်္ကြန်ကို ဘယ်လိုလုပ်ကြရသလဲဆိုတော့ အွန်လိုင်းသင်္ကြန်တွေပဲ ဖြစ်ကုန်တာပေါ့၊ ကိုယ့်နီးစပ်ရာတွေကို Video Call တွေခေါ်ပြီး အဲမှာပဲ ချီးယားစ်တွေလုပ်၊ အွန်လိုင်းမှာပဲ အရင်နှစ်ကပျော်ခဲ့တဲ့ဓာတ်ပုံတွေတင်ပေါ့၊ နောက်ပြီးသီချင်းတွေဖွင့် ကိုယ့်ဟာကို တကိုယ်ရည်သင်္ကြန်တွေ ဖြစ်ကုန်တာပေါ့၊ ဒါတဒင်္ဂပေါ့ နောက်နှစ်ကြရင်တော့ ကျွန်တော်ထင်တယ် အခုနှစ်ကဟာကို အတိုးနဲ့ပြန်ပျော် ကြလိ့မ်မယ်လို့ထင်တယ်၊ ပြန်လည်းပျော်ရလိမ့်မယ်လို့ မျှော်လင့်တယ်၊ ပြန်ပျော်ကြတာပေါ့။"

အလားတူ နေပြည်တော်မှာလည်း မနှစ်ကအထိ ဟိုတယ်ဇုန်သင်္ကြန်ဟာ အစည်းကားဆုံးဖြစ်ခဲ့ပါတယ်၊ ဝန်ကြီးဌာနတွေရဲ့မဏ္ဍပ်တွေအပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ရေကစားတဲ့ ထိုက်ချီတို ရေကစားမဏ္ဍပ်လည်း ရှိခဲ့ဖူးပါတယ်။

မြို့တော်ဝန်မဏ္ဍပ်၊ သပြေကုန်းဈေးနဲ့ နာမည်ကြီး ဥပါန်တသန္တိဘုရားတွေဟာလည်း နေပြည်တော်က အစည်ကားဆုံးဖြစ်ခဲ့ဖူးတဲ့နေရာတွေပါ။

မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးနဲ့ မဟာသင်္ကြန်ပွဲတော်မှာ အစည်းကားဆုံးဖြစ်တဲ့ မန္တလေးမြို့ကြီးဟာလည်း အသွားအလာတွေ နည်းပါးသွားတာပါ။

မန္တလေးမြို့မှာနေတဲ့ ရတနာပုံတက္ကသိုလ်ရဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဝင် ကိုမျိုးချစ်ဇော် ကလည်း မန္တလေးနဲ့ သင်္ကြန်ကို ခွဲထားသလို ခံစားရတယ်လို့ ပြောပါတယ်။

"COVID–19 ကြောင့် ခြောက်ကပ်သွားတာကတော့ တော်တော်လေးလည်း ကွာခြားသွားတယ်၊ မြို့ရဲ့စည်းကား မှုတွေ ကမ္ဘာကျော်တဲ့ မန္တလေးသင်္ကြန်ရဲ့ ကွာခြားမှုတွေကတော့ တကယ်ကိုခြောက်ကပ်သွားတယ်၊ အရင်တုန်း ကဆို ကျုံးဘေးမှာဆို မဏ္ဍပ်တွေ၊ သံချပ်တွေ ၊ အလှပြယာဉ်တွေ ထွက်ကြတယ်ဗျာ၊ ဒါပေမဲ့ အခုအချိန်မှာ ဘာမှမရှိတဲ့အတွက် တော်တော်လေးကို ခြောက်ကပ်သွားပါတယ်၊ ပုံမှန်ထိုင်နေကြနေရာမှာအစ လူမရှိတော့ဘူး၊ ရပ်ကွက်တွေထဲမှာတောင် အသွားအလာမရှိတော့တာတောင်ရှိပါတယ်၊ အခြေအနေကတော့ သိပ်တော့ အဆင် မပြေဘူးပေါ့ဗျာ၊ သင်္ကြန်နဲ့မန္တလေးက ခွဲခြားလို့မရတာကို အခုခွဲခြားသလိုဖြစ်သွားတာပေါ့၊"

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းကို တားဆီးဖို့  ပြည်သူတွေ အပြင်မထွက်ကြဖို့နဲ့ သင်္ကြန်ပွဲတော် အပါအဝင် ပွဲလမ်းသဘင်တွေ မကျင်းပဖို့ အစိုးရက ကြေညာထားတာကြောင့်ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese/program_2/thingyan-cancel-due-to-coronavirus-04162020072523.html
ကို႐ိုနာေၾကာင့္ သၾကၤန္ကို ေျခာက္ေျခာက္ေသြ႕ေသြ႕ ေက်ာ္ျဖတ္ေနရ ကို႐ိုနာေၾကာင့္ သၾကၤန္ကို ေျခာက္ေျခာက္ေသြ႕ေသြ႕ ေက်ာ္ျဖတ္ေနရ Reviewed by THITHTOOLWIN on 20:57 Rating: 5
Powered by Blogger.