ျမန္မာ COVID-19 ကာကြယ္တားဆီးေရး အေမရိကန္ အကူအညီေပးေန

ရန္ကုန္ၿမိဳ႕ ဘတ္စ္ကားေပၚက ႏွာေခါင္းစည္းတပ္ထားတဲ့ အမ်ိဳးသမီး (ဇန္န၀ါရီ ၂၉ ၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ COVID-19 ကပ္ေရာဂါထိန္းခ်ဳပ္ေရးအတြက္ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ဘယ္လို အကူအညီေပးေနသလဲဆိုတာ ကိုသားၫြန္႔ဦးက တင္ျပထားပါတယ္။

ျမန္မာႏိုင္ငံတြင္း COVID-19 ကပ္ေရာဂါပ်ံ႕ႏွံ႔မႈ ထိန္းခ်ဳပ္ေရးအတြက္ အေမရိကန္ျပည္ေထာင္စုရဲ႕ ေရာဂါထိန္းခ်ဳပ္ေရးဗဟိုဌာန (CDC) အေနနဲ႔ ကြ်မ္းက်င္မႈအရ အကူအညီေပးေနသလို ေရာဂါရွာေဖြေရးေတြမွာလည္း နည္းပညာအရ သင္တန္းေပးကူညီခဲ့တာေတြ ရိွတယ္လို႔ CDC တာ၀န္ရိွသူေတြက ဗီြအိုေအကိုေျပာခဲ့ပါတယ္။

“ရန္ကုန္မွာ အေမရိကန္ CDC ရံုး ရိွၿပီး ျမန္မာက်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနနဲ႔ အတူ တဲြလုပ္ေနပါတယ္။ CDC အတၱလန္တာရံုးနဲ႔ ထိုင္းႏိုင္ငံဆိုင္ရာ CDC ရံုးကတဆင့္ နည္းပညာရပ္ဆိုင္ရာအေထာက္ပံ့ေတြ ကူညီေဆာင္ရြက္ေပးေနပါတယ္။”
SEE ALSO:
COVID-19 ကုဖုိ႔ ျမန္မာအပါအ၀င္ ယူနန္နယ္စပ္ေဒသတေလွ်ာက္ ေဆးရုံ ၂၅ ခု တရုတ္ေဆာက္မည္

CDC ရဲ႕ထိုင္းႏိုင္ငံဆုိင္ရာ ညႊန္ၾကားေရးမွဴး Dr. John MacArthur ေျပာခဲ့တာပါ။ ၿပီးခဲ့တဲ့လတုန္းကလည္း သူကိုယ္တိုင္ဦးေဆာင္ၿပီးေတာ့လည္း CDC အဖဲြ႔ ျမန္မာႏိုင္ငံလာေရာက္ခဲ့တယ္လုိ႔ ေျပာပါတယ္။

“ကူးစက္ေရာဂါဆိုင္ရာ ကြ်မ္းက်င္သူေတြ ႏိုင္ငံအ၀င္အထြက္ စိစစ္ေရးဆိုင္ရာကြ်မ္းက်င္သူေတြပါတဲ့ အဖဲြ႔တဖဲြ႔ကို က်ေနာ္ ဦးေဆာင္ၿပီးေတာ့ ျမန္မာက်န္းမာေရးနဲ႔အားကစား၀န္ႀကီးဌာနနဲ႔အတူ တဲြလုပ္ခဲ့ေသးတယ္။ ရန္ကုန္ ေနျပည္ေတာ္နဲ႔ မႏၱေလးေလဆိပ္ေတြကို သြားၾကတယ္။ ျပန္လာတဲ့ျမန္မာႏိုင္ငံသားေတြနဲ႔ ခရီးသြားေတြကို စိစစ္ စစ္ေဆးတာေတြ ပိုၿပီး တိုးတက္ေကာင္းမြန္လာဖို႔ အဲဒီေလဆိပ္ေတြက သီးျခားခဲြစစ္ေဆးမႈဆိုင္ရာ ကြ်မ္းက်င္သူေတြနဲ႔ အတူ တဲြလုပ္ခဲ့တယ္။”

ဒီမတိုင္ခင္အေျခအေနကတည္းက CDC အေနနဲ႔ ျမန္မာႏိုင္ငံအတြက္ ကူးစက္ေရာဂါဆိုင္ရာလက္ေတြ႔ ကြင္းဆင္းမႈသင္တန္း အစီအစဥ္ေတြ လုပ္ေပးခဲ့တယ္လုိ႔လည္း ေျပာပါတယ္။ တကယ္ေတာ့ CDC အေနနဲ႔ ငွက္တုပ္ေကြးေရာဂါတိုက္ဖ်က္ေရးကာလကတည္းက ေရာဂါေထာက္လွမ္းေရးနဲ႔ ဓာတ္ခဲြစမ္းသပ္မႈစနစ္ေတြကို ျမန္မာႏိုင္ငံတြင္း စတင္ လုပ္ခဲ့ၿပီးသားျဖစ္တယ္လို႔ Dr. John MacArthur က ဗီြအိုေအကို ေျပာပါတယ္။

“သကၠရာဇ္ႏွစ္ေထာင္ေက်ာ္ ငွက္တုပ္ေကြးေရာဂါပ်ံ႕ႏွ႔ံ ကူးစက္မႈအခ်ိန္ကလာကတည္းက CDC အေနနဲ႔ ျမန္မာက်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနနဲ႔ တဲြလုပ္ခဲ့တာပါ။ ေျပာရရင္ က်ေနာ္ကိုယ္တိုင္လည္း အဲဒီအခ်ိန္ကတည္းက အာရွေဒသနဲ႔ထိစပ္ခဲ့တာပါ။ ကပ္ေဘးတုပ္ေကြးေရာဂါျဖစ္လာႏိုင္တယ္ဆိုတဲ့ စိုးရိမ္ခ်က္ေၾကာင့္ တုိင္းျပည္အႏွံ႔ ေရာဂါေထာက္လွမ္းေရးစနစ္နဲ႔ ဓာတ္ခဲြစမ္းသပ္မႈ ကြန္ယက္ေတြကို အဲဒီအခ်ိန္မွာ စလုပ္ခဲ့ပါတယ္။ အဲဒီတုန္းက လုပ္ခဲ့တဲ့ ဓါတ္ခဲြစမ္းသပ္မႈ ကူးစက္ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ေရာဂါရွာေဖြေရး စနစ္ေတြကို အခု ျမန္မာျပည္ထဲ ဗိုင္းရပ္စ္ ရွာေဖြထိန္းခ်ဳပ္ေရးမွာ အသံုးျပဳေနပါတယ္။”

ျမန္မာႏိုင္ငံရဲ႕ COVID-19ကပ္ေရာဂါတုံ႔ျပန္ေဆာင္ရြက္ေရးအတြက္ အေမရိကန္ျပည္ေထာင္စုရဲ႕ ႏိုင္ငံတကာဖံြၿဖိဳးေရးေအဂ်င္စီ (USAID) က ေဒၚလာ ၁.၈ သန္း ကူညီေပးအပ္မယ္လို႔ မတ္လ ၁၈ ရက္ေန႔ကတည္းက ေၾကညာထားတာပါ။ ဒါ့အျပင္ ေရာဂါကာကြယ္ေရးပစၥည္းေတြကိုလည္း USAID အေနနဲ႔ ျမန္မာႏိုင္ငံကို ေထာက္ပံ့ကူညီခဲ့ပါတယ္။

ျမန္မာႏိုင္ငံအပါအ၀င္ အေရွ႕ေတာင္အာရွေဒသတြင္းနိုင္ငံေတြဟာ တုပ္ေကြးအမ်ိဳးအစား ကူးစက္ေရာဂါေတြျဖစ္ခဲ့တာ အေတာ္ေလး အေတြ႕အႀကံဳရိွထားတဲ့အတြက္ အခုအေျခအေနကို ရင္ဆိုင္ဖို႔ အဆင့္သင့္ရိွတယ္လို႔လည္း အေမရိကန္ CDC တာ၀န္ရိွသူေတြက ျမင္ပါတယ္။

အေရွ႕ေတာင္အာရွႏိုင္ငံေတြဟာ ကမၻာ့လူဦးေရရဲ႕ ၉ ရာခိုင္ႏႈန္း ရွိေပမဲ့ အခု COVID-19 ကပ္ေရာဂါအၾကပ္အတည္းအေျခအေနမွာေတာ့ ေရာဂါပိုးေတြ႔ရိွမႈဟာ တကမၻာလံုးေရာဂါျဖစ္ပြားမႈရဲ႕ ၁ ရာခိုင္ႏႈန္း အေသအေပ်ာက္အားျဖင့္လည္း ၁ ရာခိုင္ႏႈန္း ေအာက္မွာ ရိွေနေသးတယ္လို႔ Dr. MacArthur က ေျပာပါတယ္။

ျမန္မာႏို္င္ငံမွာေတာ့ ဒီကေန႔အထိဆို ကိုရိုနာေရာဂါပိုးရွာေဖြေတြ႕ရိွသူ ၈၅ ဦး ရိွၿပီး ဒီေရာဂါနဲ႔ ဆက္ႏြယ္ၿပီး ေသဆံုးသူဟာလည္း ေလးဦး ရိွသြားၿပီျဖစ္ပါတယ္။

[Unicode Version]

မြန်မာ COVID-19 ကာကွယ်တားဆီးရေး အမေရိကန် အကူအညီပေးနေ

မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါထိန်းချုပ်ရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်လို အကူအညီပေးနေသလဲဆိုတာ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း COVID-19 ကပ်ရောဂါပျံ့နှံ့မှု ထိန်းချုပ်ရေးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ ရောဂါထိန်းချုပ်ရေးဗဟိုဌာန (CDC) အနေနဲ့ ကျွမ်းကျင်မှုအရ အကူအညီပေးနေသလို ရောဂါရှာဖွေရေးတွေမှာလည်း နည်းပညာအရ သင်တန်းပေးကူညီခဲ့တာတွေ ရှိတယ်လို့ CDC တာဝန်ရှိသူတွေက ဗွီအိုအေကိုပြောခဲ့ပါတယ်။

“ရန်ကုန်မှာ အမေရိကန် CDC ရုံး ရှိပြီး မြန်မာကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ အတူ တွဲလုပ်နေပါတယ်။ CDC အတ္တလန်တာရုံးနဲ့ ထိုင်းနိုင်ငံဆိုင်ရာ CDC ရုံးကတဆင့် နည်းပညာရပ်ဆိုင်ရာအထောက်ပံ့တွေ ကူညီဆောင်ရွက်ပေးနေပါတယ်။”

CDC ရဲ့ထိုင်းနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Dr. John MacArthur ပြောခဲ့တာပါ။ ပြီးခဲ့တဲ့လတုန်းကလည်း သူကိုယ်တိုင်ဦးဆောင်ပြီးတော့လည်း CDC အဖွဲ့ မြန်မာနိုင်ငံလာရောက်ခဲ့တယ်လို့ ပြောပါတယ်။

“ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူတွေ နိုင်ငံအဝင်အထွက် စိစစ်ရေးဆိုင်ရာကျွမ်းကျင်သူတွေပါတဲ့ အဖွဲ့တဖွဲ့ကို ကျနော် ဦးဆောင်ပြီးတော့ မြန်မာကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနနဲ့အတူ တွဲလုပ်ခဲ့သေးတယ်။ ရန်ကုန် နေပြည်တော်နဲ့ မန္တလေးလေဆိပ်တွေကို သွားကြတယ်။ ပြန်လာတဲ့မြန်မာနိုင်ငံသားတွေနဲ့ ခရီးသွားတွေကို စိစစ် စစ်ဆေးတာတွေ ပိုပြီး တိုးတက်ကောင်းမွန်လာဖို့ အဲဒီလေဆိပ်တွေက သီးခြားခွဲစစ်ဆေးမှုဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ အတူ တွဲလုပ်ခဲ့တယ်။”

ဒီမတိုင်ခင်အခြေအနေကတည်းက CDC အနေနဲ့ မြန်မာနိုင်ငံအတွက် ကူးစက်ရောဂါဆိုင်ရာလက်တွေ့ ကွင်းဆင်းမှုသင်တန်း အစီအစဉ်တွေ လုပ်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။ တကယ်တော့ CDC အနေနဲ့ ငှက်တုပ်ကွေးရောဂါတိုက်ဖျက်ရေးကာလကတည်းက ရောဂါထောက်လှမ်းရေးနဲ့ ဓာတ်ခွဲစမ်းသပ်မှုစနစ်တွေကို မြန်မာနိုင်ငံတွင်း စတင် လုပ်ခဲ့ပြီးသားဖြစ်တယ်လို့ Dr. John MacArthur က ဗွီအိုအေကို ပြောပါတယ်။

“သက္ကရာဇ်နှစ်ထောင်ကျော် ငှက်တုပ်ကွေးရောဂါပျံ့နှံ့ ကူးစက်မှုအချိန်ကလာကတည်းက CDC အနေနဲ့ မြန်မာကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ တွဲလုပ်ခဲ့တာပါ။ ပြောရရင် ကျနော်ကိုယ်တိုင်လည်း အဲဒီအချိန်ကတည်းက အာရှဒေသနဲ့ထိစပ်ခဲ့တာပါ။ ကပ်ဘေးတုပ်ကွေးရောဂါဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်ကြောင့် တိုင်းပြည်အနှံ့ ရောဂါထောက်လှမ်းရေးစနစ်နဲ့ ဓာတ်ခွဲစမ်းသပ်မှု ကွန်ယက်တွေကို အဲဒီအချိန်မှာ စလုပ်ခဲ့ပါတယ်။ အဲဒီတုန်းက လုပ်ခဲ့တဲ့ ဓါတ်ခွဲစမ်းသပ်မှု ကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ ရောဂါရှာဖွေရေး စနစ်တွေကို အခု မြန်မာပြည်ထဲ ဗိုင်းရပ်စ် ရှာဖွေထိန်းချုပ်ရေးမှာ အသုံးပြုနေပါတယ်။”

မြန်မာနိုင်ငံရဲ့ COVID-19ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်ရေးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာဖွံဖြိုးရေးအေဂျင်စီ (USAID) က ဒေါ်လာ ၁.၈ သန်း ကူညီပေးအပ်မယ်လို့ မတ်လ ၁၈ ရက်နေ့ကတည်းက ကြေညာထားတာပါ။ ဒါ့အပြင် ရောဂါကာကွယ်ရေးပစ္စည်းတွေကိုလည်း USAID အနေနဲ့ မြန်မာနိုင်ငံကို ထောက်ပံ့ကူညီခဲ့ပါတယ်။

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသတွင်းနိုင်ငံတွေဟာ တုပ်ကွေးအမျိုးအစား ကူးစက်ရောဂါတွေဖြစ်ခဲ့တာ အတော်လေး အတွေ့အကြုံရှိထားတဲ့အတွက် အခုအခြေအနေကို ရင်ဆိုင်ဖို့ အဆင့်သင့်ရှိတယ်လို့လည်း အမေရိကန် CDC တာဝန်ရှိသူတွေက မြင်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေဟာ ကမ္ဘာ့လူဦးရေရဲ့ ၉ ရာခိုင်နှုန်း ရှိပေမဲ့ အခု COVID-19 ကပ်ရောဂါအကြပ်အတည်းအခြေအနေမှာတော့ ရောဂါပိုးတွေ့ရှိမှုဟာ တကမ္ဘာလုံးရောဂါဖြစ်ပွားမှုရဲ့ ၁ ရာခိုင်နှုန်း အသေအပျောက်အားဖြင့်လည်း ၁ ရာခိုင်နှုန်း အောက်မှာ ရှိနေသေးတယ်လို့ Dr. MacArthur က ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒီကနေ့အထိဆို ကိုရိုနာရောဂါပိုးရှာဖွေတွေ့ရှိသူ ၈၅ ဦး ရှိပြီး ဒီရောဂါနဲ့ ဆက်နွယ်ပြီး သေဆုံးသူဟာလည်း လေးဦး ရှိသွားပြီဖြစ်ပါတယ်။

သားၫြန္႔ဦး/VOA (Burmese)
https://burmese.voanews.com/a/covid-myanmar/5374462.html
ျမန္မာ COVID-19 ကာကြယ္တားဆီးေရး အေမရိကန္ အကူအညီေပးေန ျမန္မာ COVID-19 ကာကြယ္တားဆီးေရး အေမရိကန္ အကူအညီေပးေန Reviewed by THITHTOOLWIN on 21:04 Rating: 5
Powered by Blogger.