အေမရိကန္ေလယာဥ္တင္သေဘၤာ သီအိုဒို႐ုဒ္စဗဲ့ေပၚတြင္ COVID-19 ကူးစက္ခံရသူ ၅၅၀ ဦးထိရွိလာ

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသည့္ အေမရိကန္ USS သီအိုဒို႐ုဒ္စဗဲ့ ေလယာဥ္တင္သေဘၤာအားေတြ႕ရစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ဝါရွင္တန္ ၊ ဧၿပီ ၁၂ ရက္(ဆင္ဟြာ)

    အေမရိကန္ႏိုင္ငံ၏ န်ဴကလီယားစြမ္းအင္သုံး ေလယာဥ္တင္သေဘၤာျဖစ္သည့္ USS သီအိုဒို႐ုဒ္စဗဲ့ေပၚတြင္ လိုက္ပါလာေသာ ေရတပ္သားမ်ားထဲတြင္ COVID-19 ေရာဂါကူးစက္ခံရသူ အေရအတြက္ ၅၅၀ ဦးထိ ေရာက္ရွိသြားၿပီျဖစ္ေၾကာင္း အေမရိကန္ေရတပ္က ဧၿပီ ၁၁ ရက္တြင္ သတင္းထုတ္ျပန္ခဲ့သည္။

၎သေဘၤာေပၚတြင္ လိုက္ပါလာေသာ သေဘၤာအမႈထမ္းမ်ားအနက္ ၅၅၀ ဦးသည္ Positive ႏွင့္ ၃,၆၇၃ ဦးသည္ Negative အေျဖမ်ား စစ္ေဆးေတြ႕ရွိခဲ့ျခင္းႏွင့္အတူ COVID-19  ကူးစက္ခံရမႈ ၉၂ ရာခိုင္ႏႈန္းအထိ ရွိခဲ့ေၾကာင္း ႏွင့္ သေဘၤာသားစုစုေပါင္း ၃,၆၉၆ ဦးစလုံးကို ကမ္းေပၚသို႔ ေျပာင္းေ႐ႊ႕ေပးခဲ့ၿပီးျဖစ္ေၾကာင္း ေနာက္ဆုံးထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသည့္ အေမရိကန္ USS သီအိုဒို႐ုဒ္စဗဲ့ ေလယာဥ္တင္သေဘၤာအားေတြ႕ရစဥ္(ဆင္ဟြာ)
လြန္ခဲ့ေသာ ႏွစ္ပတ္တြင္ အဆိုပါေလယာဥ္တင္ သေဘၤာ၏ အႀကီးအမႉး ေရတပ္ဗိုလ္မႉးႀကီး Brett Crozier သည္ သေဘၤာေပၚ၌ COVID-19 ကူးစက္မႈရွိေနေၾကာင္း သတိေပးခ်က္ထုတ္ျပန္စဥ္က ကူးစက္ခံရသူအေရအတြက္မွာ ဒါဇင္အနည္းငယ္သာရွိခဲ့ေသာ္လည္း ယခုအခါ အထက္ေဖာ္ျပပါ ကိန္းဂဏန္းအထိ ျမင့္တက္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသည့္ အေမရိကန္ USS သီအိုဒို႐ုဒ္စဗဲ့ ေလယာဥ္တင္သေဘၤာအားေတြ႕ရစဥ္(ဆင္ဟြာ)
Crozier သည္ ကူးစက္မႈႏွင့္ပတ္သက္ေသာ အစီရင္ခံစာကို ထိုစဥ္က ယာယီေရတပ္ဝန္ႀကီးျဖစ္သည့္ Thomas Modly ထံေပးပို႔ခဲ့ၿပီးေနာက္ ရာထူးမွ ထုတ္ပယ္ခံခဲ့ရသည္။ ေနာက္ပိုင္းတြင္ ၎အားရာထူးမွ ထုတ္ပယ္ခဲ့သည့္ ယာယီဝန္ႀကီး Modly ကိုယ္တိုင္ ရာထူးမွ ႏုတ္ထြက္စာတင္ခဲ့ေၾကာင္း သိရသည္။

အေမရိကန္ကာကြယ္ေရးဝန္ႀကီး Mark Esper က ထုတ္ပယ္ခံရေသာ သေဘၤာအႀကီးအမႉး Crozier အား အလုပ္ျပန္ခန႔္ျခင္းမခန႔္ျခင္းအတြက္ ၿပီးျပည့္စုံေသာ စမ္းေဆးမႈမ်ား ျပဳလုပ္မႈ မၿပီးမခ်င္း ဆုံးျဖတ္ခ်က္ ခ်သြားမည္မဟုတ္ေၾကာင္း ေျပာၾကားခဲ့သည္။အေမရိကန္ေရတပ္တြင္ ကူးစက္ခံရသူ ၉၄၅ ဦးရွိၿပီး ေသဆုံးသူ ၄ ဦးရွိေၾကာင္း ဧၿပီ ၁၁ ရက္ ေနာက္ဆုံးထုတ္ျပန္ခ်က္ အရသိရသည္။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/world-covid19/27118-covid-77
-----------
(Unicode)⤵⤵⤵
အမေရိကန်လေယာဉ်တင်သင်္ဘော သီအိုဒိုရုဒ်စဗဲ့ပေါ်တွင် COVID-19 ကူးစက်ခံရသူ ၅၅၀ ဦးထိရှိလာ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် အမေရိကန် USS သီအိုဒိုရုဒ်စဗဲ့ လေယာဉ်တင်သင်္ဘောအားတွေ့ရစဉ်(ဆင်ဟွာ)

    ဝါရှင်တန် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)

    အမေရိကန်နိုင်ငံ၏ နျူကလီယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောဖြစ်သည့် USS သီအိုဒိုရုဒ်စဗဲ့ပေါ်တွင် လိုက်ပါလာသော ရေတပ်သားများထဲတွင် COVID-19 ရောဂါကူးစက်ခံရသူ အရေအတွက် ၅၅၀ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အမေရိကန်ရေတပ်က ဧပြီ ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

၎င်းသင်္ဘောပေါ်တွင် လိုက်ပါလာသော သင်္ဘောအမှုထမ်းများအနက် ၅၅၀ ဦးသည် Positive နှင့် ၃,၆၇၃ ဦးသည် Negative အဖြေများ စစ်ဆေးတွေ့ရှိခဲ့ခြင်းနှင့်အတူ COVID-19  ကူးစက်ခံရမှု ၉၂ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း နှင့် သင်္ဘောသားစုစုပေါင်း ၃,၆၉၆ ဦးစလုံးကို ကမ်းပေါ်သို့ ပြောင်းရွှေ့ပေးခဲ့ပြီးဖြစ်ကြောင်း နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် အမေရိကန် USS သီအိုဒိုရုဒ်စဗဲ့ လေယာဉ်တင်သင်္ဘောအားတွေ့ရစဉ်(ဆင်ဟွာ)

လွန်ခဲ့သော နှစ်ပတ်တွင် အဆိုပါလေယာဉ်တင် သင်္ဘော၏ အကြီးအမှူး ရေတပ်ဗိုလ်မှူးကြီး Brett Crozier သည် သင်္ဘောပေါ်၌ COVID-19 ကူးစက်မှုရှိနေကြောင်း သတိပေးချက်ထုတ်ပြန်စဉ်က ကူးစက်ခံရသူအရေအတွက်မှာ ဒါဇင်အနည်းငယ်သာရှိခဲ့သော်လည်း ယခုအခါ အထက်ဖော်ပြပါ ကိန်းဂဏန်းအထိ မြင့်တက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် အမေရိကန် USS သီအိုဒိုရုဒ်စဗဲ့ လေယာဉ်တင်သင်္ဘောအားတွေ့ရစဉ်(ဆင်ဟွာ)

Crozier သည် ကူးစက်မှုနှင့်ပတ်သက်သော အစီရင်ခံစာကို ထိုစဉ်က ယာယီရေတပ်ဝန်ကြီးဖြစ်သည့် Thomas Modly ထံပေးပို့ခဲ့ပြီးနောက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ နောက်ပိုင်းတွင် ၎င်းအားရာထူးမှ ထုတ်ပယ်ခဲ့သည့် ယာယီဝန်ကြီး Modly ကိုယ်တိုင် ရာထူးမှ နုတ်ထွက်စာတင်ခဲ့ကြောင်း သိရသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး Mark Esper က ထုတ်ပယ်ခံရသော သင်္ဘောအကြီးအမှူး Crozier အား အလုပ်ပြန်ခန့်ခြင်းမခန့်ခြင်းအတွက် ပြီးပြည့်စုံသော စမ်းဆေးမှုများ ပြုလုပ်မှု မပြီးမချင်း ဆုံးဖြတ်ချက် ချသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။အမေရိကန်ရေတပ်တွင် ကူးစက်ခံရသူ ၉၄၅ ဦးရှိပြီး သေဆုံးသူ ၄ ဦးရှိကြောင်း ဧပြီ ၁၁ ရက် နောက်ဆုံးထုတ်ပြန်ချက် အရသိရသည်။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/world-covid19/27118-covid-77
အေမရိကန္ေလယာဥ္တင္သေဘၤာ သီအိုဒို႐ုဒ္စဗဲ့ေပၚတြင္ COVID-19 ကူးစက္ခံရသူ ၅၅၀ ဦးထိရွိလာ အေမရိကန္ေလယာဥ္တင္သေဘၤာ သီအိုဒို႐ုဒ္စဗဲ့ေပၚတြင္ COVID-19 ကူးစက္ခံရသူ ၅၅၀ ဦးထိရွိလာ Reviewed by THITHTOOLWIN on 02:37 Rating: 5
Powered by Blogger.