သၾကၤန္ေရပက္ပါက ေထာင္တစ္ႏွစ္ထိ ခ်ႏိုင္ေသာ ဥပေဒျဖင့္ အေရးယူမည္

(Zawgyi)⤵⤵⤵
မုံ႐ြာ၊ဧၿပီ-၁၂

စစ္ကိုင္းတိုင္း၌ သၾကၤန္ကာလအတြင္း ေရကစားျခင္းျပဳလုပ္ပါက အျမင့္ဆုံးေထာင္ဒဏ္တစ္ႏွစ္ထိ ခ်မွတ္ႏိုင္ေသာ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၃၀ (က)ျဖင့္အေရးယူမည္ဟု လုံၿခဳံေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး သန္းထြန္းေအာင္ က ယေန႔ ေျပာသည္။

COVID-19 ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ အုန္းလက္မ႑ပ္ အပါအဝင္ မည္သည့္ မ႑ပ္မွ် ျပဳလုပ္ခြင့္မျပဳဘဲ ေရပက္ခံလည္ပတ္ျခင္း၊လူစုလူေဝးျဖင့္ ေရပတ္ျခင္းတို႔ကို တားျမစ္ထားသည္။

"ျပည္ေထာင္စုကၫြန္ၾကားထားတဲ့အတိုင္းပါပဲ၊ အုပ္စုဖြဲ႕ေသာက္စား မူးယစ္တာေတြပါတားျမစ္ထားတယ္ "ဟု တိုင္းအဆင့္ COVID-19ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီ အတြင္းေရးမႉး ဗိုလ္မႉးႀကီး သန္းထြန္းေအာင္ ကေျပာသည္။

ယေန႔ သၾကၤန္အႀကိဳေန႔တြင္ မုံ႐ြာၿမိဳ႕ဗိုလ္ခ်ဳပ္လမ္းမႀကီးေဘး ကန္သာယာ ပတ္လည္ တြင္ အုပ္စု ဖြဲ႕ အရက္ေသာက္ျခင္းမ်ားရွိေနသည္ ဟု ေဒသခံမ်ား ကဆိုသည္။

စစ္ကိုင္းတိုင္းအတြင္း COVID-19 ကာလ အေရးေပၚ ထုတ္ျပန္ထားေသာစည္းကမ္းမ်ားကို မလိုက္နာ၍ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒျဖင့္ အေရးယူခံရသူ ယေန႔အထိ ၁၆ ဦးရွိသည္။

၎တို႔ထဲမွ ၁၀ဦးကို အလုပ္ႏွင့္ ေထာင္ဒဏ္ ၆ လ၊ ၃ ဦးအား အလုပ္ႏွင့္ေထာင္ဒဏ္ ၁ ႏွစ္ထိ တရား႐ုံးအသီးသီးမွ ခ်မွတ္ခဲ့ၿပီးျဖစ္သည္။

ကိုသစၥာ
Monywa Gazette
https://www.facebook.com/monywagazette/
----------
(Unicode)⤵⤵⤵
သင်္ကြန်ရေပက်ပါက ထောင်တစ်နှစ်ထိ ချနိုင်သော ဥပဒေဖြင့် အရေးယူမည်

မုံရွာ၊ဧပြီ-၁၂

စစ်ကိုင်းတိုင်း၌ သင်္ကြန်ကာလအတွင်း ရေကစားခြင်းပြုလုပ်ပါက အမြင့်ဆုံးထောင်ဒဏ်တစ်နှစ်ထိ ချမှတ်နိုင်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀ (က)ဖြင့်အရေးယူမည်ဟု လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင် က ယနေ့ ပြောသည်။

COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အုန်းလက်မဏ္ဍပ် အပါအဝင် မည်သည့် မဏ္ဍပ်မျှ ပြုလုပ်ခွင့်မပြုဘဲ ရေပက်ခံလည်ပတ်ခြင်း၊လူစုလူဝေးဖြင့် ရေပတ်ခြင်းတို့ကို တားမြစ်ထားသည်။

"ပြည်ထောင်စုကညွန်ကြားထားတဲ့အတိုင်းပါပဲ၊ အုပ်စုဖွဲ့သောက်စား မူးယစ်တာတွေပါတားမြစ်ထားတယ် "ဟု တိုင်းအဆင့် COVID-19ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး သန်းထွန်းအောင် ကပြောသည်။

ယနေ့ သင်္ကြန်အကြိုနေ့တွင် မုံရွာမြို့ဗိုလ်ချုပ်လမ်းမကြီးဘေး ကန်သာယာ ပတ်လည် တွင် အုပ်စု ဖွဲ့ အရက်သောက်ခြင်းများရှိနေသည် ဟု ဒေသခံများ ကဆိုသည်။

စစ်ကိုင်းတိုင်းအတွင်း COVID-19 ကာလ အရေးပေါ် ထုတ်ပြန်ထားသောစည်းကမ်းများကို မလိုက်နာ၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူခံရသူ ယနေ့အထိ ၁၆ ဦးရှိသည်။

၎င်းတို့ထဲမှ ၁၀ဦးကို အလုပ်နှင့် ထောင်ဒဏ် ၆ လ၊ ၃ ဦးအား အလုပ်နှင့်ထောင်ဒဏ် ၁ နှစ်ထိ တရားရုံးအသီးသီးမှ ချမှတ်ခဲ့ပြီးဖြစ်သည်။

ကိုသစ္စာ
Monywa Gazette
https://www.facebook.com/monywagazette/
သၾကၤန္ေရပက္ပါက ေထာင္တစ္ႏွစ္ထိ ခ်ႏိုင္ေသာ ဥပေဒျဖင့္ အေရးယူမည္ သၾကၤန္ေရပက္ပါက ေထာင္တစ္ႏွစ္ထိ ခ်ႏိုင္ေသာ ဥပေဒျဖင့္ အေရးယူမည္ Reviewed by THITHTOOLWIN on 02:44 Rating: 5
Powered by Blogger.