ျမန္မာျပည္က အေျခခံေတြဆီ ေရာက္လာၿပီျဖစ္တဲ့ ကို႐ိုနာ

 လူနာအမွတ္ ၃၃ မိသားစုဒီအေဆာင္ကိုေျပာင္းလာတာ ၂ လေလာက္ရွိၿပီလို႔ အေဆာင္ေနသူေတြကေျပာ
(Zawgyi)⤵⤵⤵

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကို ျပည္ေတာ္ျပန္မ်ားက ေနစတင္ေတြ႕ရွိခဲ့ေပမယ့္ အခုအခါ အေျခခံလူတန္းစား လက္လုပ္လက္စားမိသားစုေတြဆီကိုပါ ပ်ံ႕ႏွံ႔ကူးစက္လာၿပီျဖစ္ပါတယ္။

ဧၿပီလ ၁၂ရက္ေန႔ မနက္ေစာေစာပိုင္းက ျမန္မာႏိုင္ငံ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက တရားဝင္ ဓာတ္ခြဲ အတည္ျပဳခ်က္ေတြအရ လူနာအမွတ္ ၃၃ ဟာ ေ႐ြျပည္သာ က လက္လုပ္ လက္စား အိမ္ေထာင္စု ေတြစုေပါင္းေနထိုင္တဲ့ အေဆာင္မွာေနသူျဖစ္ပါတယ္။

သူဟာ ေ႐ႊျပည္သာ ပဲဂိုေဒါင္ေတြမွာ က်ပန္းကုန္ထမ္းတဲ့ လုပ္သားတစ္ဦးရဲ႕ ဇနီးလည္းျဖစ္ပါတယ္။

အဲဒီ့ အမ်ိဳးသမီးဟာ အသက္၂၉ ႏွစ္ အ႐ြယ္ျဖစ္ၿပီးေတာ့ သူနဲ႔ သူ႔အမ်ိဳးသား ၊သူ႔တို႔ရဲ႕ တစ္ႏွစ္ခြဲအ႐ြယ္ ကေလးငယ္တို႔ဟာ အျခားလူ အေယာက္၂၀ခန္႔နဲ႔အတူ အေဆာင္မွာ အတူတကြေနထိုင္ၾကတယ္လို႔လည္း ေ႐ႊျပည္သာေဒသခံတစ္ဦးကေျပာပါတယ္။

အေဆာင္အတူေနသူေတြအပါအဝင္ အနည္းဆုံးလူ ၅၂ ေယာက္ ကို အသြားအလာကန္႔သတ္ၿပီးေစာင့္ၾကည့္ဖို႔စီစဥ္ေနတယ္
ေ႐ႊျပည္သာက လူနာအမွတ္ ၃၃ နဲ႔ အေဆာင္ အတူေနသူေတြ အပါအဝင္ အနည္းဆုံး လူ ၅၂ ေယာက္ ကို အသြားအလာ ကန္႔သတ္ၿပီး ေစာင့္ၾကည့္ဖို႔ စီစဥ္ေနတယ္လို႔လည္း ေ႐ႊျပည္သာ အမွတ္၁ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးျမင့္ေအာင္က ဘီဘီစီကိုေျပာပါတယ္။

အဲဒီအေဆာင္ရွိရာ လမ္းကိုလည္း အသြားအလာ ပိတ္ထားလိုက္ၿပီး၊ လူနာ အမွတ္ ၃၃ နဲ႔ အနီးကပ္ ရွိခဲ့သူေတြကို ေလွာ္ကား အထက ၂ မွာ အသြားအလာကန္႔သတ္ၿပီးေစာင့္ၾကည့္ဖို႔ ေ႐ြ႕ေျပာင္းေပး ထားတယ္လို႔ သူကရွင္းျပပါတယ္။

လူနာ အမွတ္ ၃၃ဟာ ဧၿပီလ ၇ ရက္ေန႔က စတင္ၿပီး ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ႏွာရည္ယိုျခင္းတို႔ ခံစားရလို႔ ဧၿပီ ၁၀ရက္ေန႔မွာ အင္းစိန္ျပည္သူ႔ ေဆး႐ုံႀကီး ကို သြားေရာက္ျပသခဲ့ရာကေန သူ႔ကို႔ေစာင့္ၾကည့္လူနာအျဖစ္သက္မွတ္ၿပီး ဓါတ္ခြဲနမူနာ ေပးပို႔စစ္ေဆးခဲ့တာျဖစ္ပါတယ္။

ဧၿပီလ ၁၂ ရက္ေန႔ မနက္ေစာေစာပိုင္း မွာ အင္းစိန္ေဆး႐ုံ ကျပန္ေရာက္လာတဲ့ လူနာအမွတ္၃၃ ရဲ႕ အမ်ိဳးသားနဲ႔ ကေလးငယ္ကို သူတို႔ ေနထိုင္တဲ့ ေ႐ႊျပည္သာ က အေဆာင္ကို ဝင္ခြင့္မျပဳေတာ့ဘဲနဲ႔ ေန႔လယ္ပိုင္းမွာေတာ့ ေ႐ႊျပည္သာေဆး႐ုံကို အသြားအလာကန္႔သတ္ၿပီးေစာင့္ၾကည့္မႈေတြလုပ္ဖို႔ေခၚသြားတယ္လို႔ လည္း ဦးျမင့္ေအာင္ ကေျပာပါတယ္။

အခုလိုေ႐ႊျပည္သာ ၿမိဳ႕နယ္အတြင္း အမ်ားနဲ႔ အတူေနၾကတဲ့ အေဆာင္မွာ ကို႐ိုနာဗိုင္းရစ္ပိုး ေတြ႕လာတာ ဟာစိုးရိမ္စရာျဖစ္တယ္လို႔လည္း ေ႐ႊျပည္သာေဒသခံတစ္ဦး ကေျပာပါတယ္။

လူနာအမွတ္ ၃၃ ရဲ႕ ခင္ပြန္းနဲ႔ ကေလးကို ေနထိုင္တဲ့အေဆာင္ အဝင္မခံဘဲ တားထား
လူနာ အမွတ္ ၃၃ ဆီ့ကိုဘယ္လိုကူးစက္ခံရတယ္ ဆိုတာနဲ႔ပတ္သက္ၿပီးတိတိက်က် ထုတ္ျပန္တာမ်ိဳးမေတြ႕ရေသးပါဘူး။

ကူးစက္ခံရသူဟာ ခရီးသြားရာဇဝင္မရွိသူ လို႔လည္းသိရပါတယ္။

ေရာဂါပိုးေတြ႕သူဟာ လက္လုပ္လက္စားေတြထဲ ကဆိုေတာ့ သူတို႔ေနထိုင္ရတဲ့ ပုံစံက ကူးစက္မႈကို ျမန္ႏိုင္မယ္လို႔ထင္တယ္ လို႔လည္း ေ႐ႊျပည္သာေဒသခံ တစ္ဦးကေျပာပါတယ္။

"ေ႐ြျပည္သာက အေဆာင္ေတြပုံစံက ေနဖို႔အေဆာင္ေတြကသက္သက္၊ ေရခ်ိဳးခန္းနဲ႔ အိမ္သာနဲ႔ကတြဲလ်က္ တစ္ခန္းထားေတာ့၊ အေဆာင္ေနတဲ့ အိမ္ေထာင္သည္ ေတြဟာ ၊အိမ္သာ ေရခ်ိဳးခန္းက မွ်သုံးရတယ္၊ေနာက္ တစ္ေယာက္နဲ႔ တစ္ေယာက္ ၃ ေပအကြာ မွာေနဖို႔ ကလည္းသိပ္မလြယ္ေတာ့ လက္လုပ္လက္စားေတြကို ကူးရင္ ကြၽန္ေတာ္တို႔စိုးရိမ္တယ္"လို႔လည္း ကေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ပိုးေတြ႕ရွိသူ စုစုေပါင္း ၃၉ ဦးအထိရွိလာၿပီျဖစ္ၿပီးေတာ့ လူနာအမွတ္ ၃၃ ဟာ ေ႐ႊျပည္သာမွာ ေနထိုင္သူ ေတြထဲက ပထမဆုံးေတြ႕တာျဖစ္တယ္လို႔လည္း လို႔လည္း ေ႐ႊျပည္သာၿမိဳ႕နယ္က တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးရန္ေအာင္မင္းကေျပာပါတယ္။
၃ ေပအကြာက ခြာၿပီးေနဖို႔ဆိုတာ ဘယ္လိုမွ မျဖစ္ႏိုင္သလို လိုက္နာမႈအားနည္း

ကို႐ိုနာဗိုင္းရပ္စ္ ပိုးကူးစက္မႈ ကို ကာကြယ္ဖို႔အတြက္ လက္ကိုမၾကာမၾကာေဆးဖို႔နဲ႔၊လူစုလူေဝးေတြေရွာင္ဖို႔ ၊ခပ္ခြာခြာ အနည္းဆုံး ၃ ေပေလာက္ခြာေနၾကဖို႔ အစိုးရက တိုက္တြန္းထားပါတယ္။

ဒါေပမယ့္ ေ႐ႊျပည္သာမွာ စတိုးဆိုင္ ေစ်းဆိုင္ေတြမွာ ေစ်းဝယ္ရင္ ၃ ေပအကြာ ကမဝယ္ၾကသလို၊ လက္ကိုလည္းစနစ္တက်ေဆးတဲ့ သူနည္းေၾကာင္း ၊အခုရက္ပိုင္း လဘက္ရည္ဆိုင္ေတြမွာ ပါဆယ္ပဲေရာင္းေပမယ့္၊ ဆိုင္ကိုအတင္းလာၿပီးထိုင္ေသာက္ေနသူေတြေၾကာင့္ ၊ အခ်ိဳ႕ဆိုင္ေတြမွာ လူစုလူေဝးေတြျဖစ္ေနတာဟာ စိုးရိမ္စရာရွိတယ္လို႔လည္း ေ႐ြျပည္သာေနထိုင္သူတစ္ဦး ကေျပာပါတယ္။

ေ႐ြျပည္သာဟာ ရန္ကုန္တိုင္းအတြင္းလူေနထူထပ္တဲ့ ၿမိဳ႕နယ္တစ္ခုျဖစ္ ၿပီးဆင္ေျခဖုံးေဒသတစ္ခုျဖစ္တာရယ္ အေျခခံလက္လုပ္လက္စားေတြ ေနတဲ့ေဒသျဖစ္လို႔ ကူးစက္မႈျဖစ္လာရင္ အလြယ္တကူျမန္ျမန္ဆန္ဆန္ ပ်ံႏွံ႔မွာကို လည္းစိုးရီမ္ေနၾကပါတယ္ ။

ေ႐ႊျပည္သာ ၿမိဳ႕နယ္ ဟာ ရပ္ကြက္ေပါင္း၂၃ ခုေက်း႐ြာ ၄ ခုပါဝင္ၿပီးတရားဝင္ေနထိုင္သူဦးေရ ၃ သိန္းခြဲခန္႔ ရွိၿပီး တယ္လို႔ ရားဝင္ထုတ္ျပန္ထားတဲ့စာရင္းေတြအရ သိရပါတယ္။

ဧၿပီ ၁၁ရက္ေန႔က ရန္ကုန္တိုင္းေဒသႀကီး ေျမာက္ဒဂုံၿမိဳ႕နယ္၌ အေျခခံစားေသာက္ကုန္ ပစၥည္းမ်ား ျဖန႔္ေဝေပးေနစဥ္
ေ႐ြျပည္သာ က လူနာအမွ တ္၃၃ ရဲ႕အေဆာင္မွာ အတူေနခဲ့တဲ့သူေတြ အမ်ားစု ဟာ ၃ ေပအကြာက ခြာၿပီးေနဖို႔ဆိုတာ ဘယ္လိုမွ မျဖစ္ႏိုင္ဘူး လို႔လည္းေ႐ႊျပည္သာၿမိဳ႕နယ္က တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးရန္ေအာင္မင္းကေျပာပါတယ္။

ေ႐ြျပည္သာ မွာ အခုလို ေရာဂါပိုးရွိသူေတြ႕တဲ့ သတင္းေတြ ထြက္လာၿပီးေနာက္မွာေတာ့ လမ္းေတြေပၚမွာကား အသြားအလာ ေတြအရင္ကထက္ ေတာ့သိသိသာသာ ေလ်ာ့သြားတယ္လို႔ သူကေျပာပါတယ္။

ဒီမွာ က အေျခခံလူတန္းစားေတြ မ်ားေတာ့ကြၽန္ေတာ္တို႔ ကစိုးရိမ္တာေပါ့၊ အခုလည္း လက္ေဆးရည္ေတြေဝဖို႔နဲ႔ လက္ေဆးကန္ အခု၃၀ ေလာက္ ၿမိဳ႕နယ္ထဲမွာ ေဝဖို႔ စီစဥ္ေနတယ္ လို႔လည္းဦးရန္ေအာင္မင္းက ဘီဘီစီကိုေျပာပါတယ္။

"လုပ္ႏိုင္သ ေလာက္ေတာ့ ကြၽန္ေတာ္တို႔ လုပ္ေနပါတယ္၊ကူးစက္မႈေတြထပ္မျဖစ္ေအာင္လို႔ေပါ့ "လည္း ဦးရန္ေအာင္မင္းကေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52261292
-------------
(Unicode)⤵⤵⤵
မြန်မာပြည်က အခြေခံတွေဆီ ရောက်လာပြီဖြစ်တဲ့ ကိုရိုနာ

ဓာတ်ပုံ မူပိုင် NYOnyo NYOnyo
Image caption လူနာအမှတ် ၃၃ မိသားစုဒီအဆောင်ကိုပြောင်းလာတာ ၂ လလောက်ရှိပြီလို့ အဆောင်နေသူတွေကပြော

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကို ပြည်တော်ပြန်များက နေစတင်တွေ့ရှိခဲ့ပေမယ့် အခုအခါ အခြေခံလူတန်းစား လက်လုပ်လက်စားမိသားစုတွေဆီကိုပါ ပျံ့နှံ့ကူးစက်လာပြီဖြစ်ပါတယ်။

ဧပြီလ ၁၂ရက်နေ့ မနက်စောစောပိုင်းက မြန်မာနိုင်ငံ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက တရားဝင် ဓာတ်ခွဲ အတည်ပြုချက်တွေအရ လူနာအမှတ် ၃၃ ဟာ ရွေပြည်သာ က လက်လုပ် လက်စား အိမ်ထောင်စု တွေစုပေါင်းနေထိုင်တဲ့ အဆောင်မှာနေသူဖြစ်ပါတယ်။

သူဟာ ရွှေပြည်သာ ပဲဂိုဒေါင်တွေမှာ ကျပန်းကုန်ထမ်းတဲ့ လုပ်သားတစ်ဦးရဲ့ ဇနီးလည်းဖြစ်ပါတယ်။

အဲဒီ့ အမျိုးသမီးဟာ အသက်၂၉ နှစ် အရွယ်ဖြစ်ပြီးတော့ သူနဲ့ သူ့အမျိုးသား ၊သူ့တို့ရဲ့ တစ်နှစ်ခွဲအရွယ် ကလေးငယ်တို့ဟာ အခြားလူ အယောက်၂၀ခန့်နဲ့အတူ အဆောင်မှာ အတူတကွနေထိုင်ကြတယ်လို့လည်း ရွှေပြည်သာဒေသခံတစ်ဦးကပြောပါတယ်။
ဓာတ်ပုံ မူပိုင် NYOnyo NYOnyo
Image caption အဆောင်အတူနေသူတွေအပါအဝင် အနည်းဆုံးလူ ၅၂ ယောက် ကို အသွားအလာကန့်သတ်ပြီးစောင့်ကြည့်ဖို့စီစဉ်နေတယ်

ရွှေပြည်သာက လူနာအမှတ် ၃၃ နဲ့ အဆောင် အတူနေသူတွေ အပါအဝင် အနည်းဆုံး လူ ၅၂ ယောက် ကို အသွားအလာ ကန့်သတ်ပြီး စောင့်ကြည့်ဖို့ စီစဉ်နေတယ်လို့လည်း ရွှေပြည်သာ အမှတ်၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က ဘီဘီစီကိုပြောပါတယ်။

အဲဒီအဆောင်ရှိရာ လမ်းကိုလည်း အသွားအလာ ပိတ်ထားလိုက်ပြီး၊ လူနာ အမှတ် ၃၃ နဲ့ အနီးကပ် ရှိခဲ့သူတွေကို လှော်ကား အထက ၂ မှာ အသွားအလာကန့်သတ်ပြီးစောင့်ကြည့်ဖို့ ရွေ့ပြောင်းပေး ထားတယ်လို့ သူကရှင်းပြပါတယ်။

လူနာ အမှတ် ၃၃ဟာ ဧပြီလ ၇ ရက်နေ့က စတင်ပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်းတို့ ခံစားရလို့ ဧပြီ ၁၀ရက်နေ့မှာ အင်းစိန်ပြည်သူ့ ဆေးရုံကြီး ကို သွားရောက်ပြသခဲ့ရာကနေ သူ့ကို့စောင့်ကြည့်လူနာအဖြစ်သက်မှတ်ပြီး ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဧပြီလ ၁၂ ရက်နေ့ မနက်စောစောပိုင်း မှာ အင်းစိန်ဆေးရုံ ကပြန်ရောက်လာတဲ့ လူနာအမှတ်၃၃ ရဲ့ အမျိုးသားနဲ့ ကလေးငယ်ကို သူတို့ နေထိုင်တဲ့ ရွှေပြည်သာ က အဆောင်ကို ဝင်ခွင့်မပြုတော့ဘဲနဲ့ နေ့လယ်ပိုင်းမှာတော့ ရွှေပြည်သာဆေးရုံကို အသွားအလာကန့်သတ်ပြီးစောင့်ကြည့်မှုတွေလုပ်ဖို့ခေါ်သွားတယ်လို့ လည်း ဦးမြင့်အောင် ကပြောပါတယ်။

အခုလိုရွှေပြည်သာ မြို့နယ်အတွင်း အများနဲ့ အတူနေကြတဲ့ အဆောင်မှာ ကိုရိုနာဗိုင်းရစ်ပိုး တွေ့လာတာ ဟာစိုးရိမ်စရာဖြစ်တယ်လို့လည်း ရွှေပြည်သာဒေသခံတစ်ဦး ကပြောပါတယ်။
ဓာတ်ပုံ မူပိုင် Thein Zan
Image caption လူနာအမှတ် ၃၃ ရဲ့ ခင်ပွန်းနဲ့ ကလေးကို နေထိုင်တဲ့အဆောင် အဝင်မခံဘဲ တားထား

လူနာ အမှတ် ၃၃ ဆီ့ကိုဘယ်လိုကူးစက်ခံရတယ် ဆိုတာနဲ့ပတ်သက်ပြီးတိတိကျကျ ထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။

ကူးစက်ခံရသူဟာ ခရီးသွားရာဇဝင်မရှိသူ လို့လည်းသိရပါတယ်။

ရောဂါပိုးတွေ့သူဟာ လက်လုပ်လက်စားတွေထဲ ကဆိုတော့ သူတို့နေထိုင်ရတဲ့ ပုံစံက ကူးစက်မှုကို မြန်နိုင်မယ်လို့ထင်တယ် လို့လည်း ရွှေပြည်သာဒေသခံ တစ်ဦးကပြောပါတယ်။

"ရွေပြည်သာက အဆောင်တွေပုံစံက နေဖို့အဆောင်တွေကသက်သက်၊ ရေချိုးခန်းနဲ့ အိမ်သာနဲ့ကတွဲလျက် တစ်ခန်းထားတော့၊ အဆောင်နေတဲ့ အိမ်ထောင်သည် တွေဟာ ၊အိမ်သာ ရေချိုးခန်းက မျှသုံးရတယ်၊နောက် တစ်ယောက်နဲ့ တစ်ယောက် ၃ ပေအကွာ မှာနေဖို့ ကလည်းသိပ်မလွယ်တော့ လက်လုပ်လက်စားတွေကို ကူးရင် ကျွန်တော်တို့စိုးရိမ်တယ်"လို့လည်း ကပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိသူ စုစုပေါင်း ၃၉ ဦးအထိရှိလာပြီဖြစ်ပြီးတော့ လူနာအမှတ် ၃၃ ဟာ ရွှေပြည်သာမှာ နေထိုင်သူ တွေထဲက ပထမဆုံးတွေ့တာဖြစ်တယ်လို့လည်း လို့လည်း ရွှေပြည်သာမြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းကပြောပါတယ်။
ဓာတ်ပုံ မူပိုင် Tein Zan
Image caption ၃ ပေအကွာက ခွာပြီးနေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သလို လိုက်နာမှုအားနည်း

ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်မှု ကို ကာကွယ်ဖို့အတွက် လက်ကိုမကြာမကြာဆေးဖို့နဲ့၊လူစုလူဝေးတွေရှောင်ဖို့ ၊ခပ်ခွာခွာ အနည်းဆုံး ၃ ပေလောက်ခွာနေကြဖို့ အစိုးရက တိုက်တွန်းထားပါတယ်။

ဒါပေမယ့် ရွှေပြည်သာမှာ စတိုးဆိုင် ဈေးဆိုင်တွေမှာ ဈေးဝယ်ရင် ၃ ပေအကွာ ကမဝယ်ကြသလို၊ လက်ကိုလည်းစနစ်တကျဆေးတဲ့ သူနည်းကြောင်း ၊အခုရက်ပိုင်း လဘက်ရည်ဆိုင်တွေမှာ ပါဆယ်ပဲရောင်းပေမယ့်၊ ဆိုင်ကိုအတင်းလာပြီးထိုင်သောက်နေသူတွေကြောင့် ၊ အချို့ဆိုင်တွေမှာ လူစုလူဝေးတွေဖြစ်နေတာဟာ စိုးရိမ်စရာရှိတယ်လို့လည်း ရွေပြည်သာနေထိုင်သူတစ်ဦး ကပြောပါတယ်။

ရွေပြည်သာဟာ ရန်ကုန်တိုင်းအတွင်းလူနေထူထပ်တဲ့ မြို့နယ်တစ်ခုဖြစ် ပြီးဆင်ခြေဖုံးဒေသတစ်ခုဖြစ်တာရယ် အခြေခံလက်လုပ်လက်စားတွေ နေတဲ့ဒေသဖြစ်လို့ ကူးစက်မှုဖြစ်လာရင် အလွယ်တကူမြန်မြန်ဆန်ဆန် ပျံနှံ့မှာကို လည်းစိုးရီမ်နေကြပါတယ် ။

ရွှေပြည်သာ မြို့နယ် ဟာ ရပ်ကွက်ပေါင်း၂၃ ခုကျေးရွာ ၄ ခုပါဝင်ပြီးတရားဝင်နေထိုင်သူဦးရေ ၃ သိန်းခွဲခန့် ရှိပြီး တယ်လို့ ရားဝင်ထုတ်ပြန်ထားတဲ့စာရင်းတွေအရ သိရပါတယ်။
ဓာတ်ပုံ မူပိုင် MPA
Image caption ဧပြီ ၁၁ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်၌ အခြေခံစားသောက်ကုန် ပစ္စည်းများ ဖြန့်ဝေပေးနေစဉ်

ရွေပြည်သာ က လူနာအမှ တ်၃၃ ရဲ့အဆောင်မှာ အတူနေခဲ့တဲ့သူတွေ အများစု ဟာ ၃ ပေအကွာက ခွာပြီးနေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး လို့လည်းရွှေပြည်သာမြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းကပြောပါတယ်။

ရွေပြည်သာ မှာ အခုလို ရောဂါပိုးရှိသူတွေ့တဲ့ သတင်းတွေ ထွက်လာပြီးနောက်မှာတော့ လမ်းတွေပေါ်မှာကား အသွားအလာ တွေအရင်ကထက် တော့သိသိသာသာ လျော့သွားတယ်လို့ သူကပြောပါတယ်။

ဒီမှာ က အခြေခံလူတန်းစားတွေ များတော့ကျွန်တော်တို့ ကစိုးရိမ်တာပေါ့၊ အခုလည်း လက်ဆေးရည်တွေဝေဖို့နဲ့ လက်ဆေးကန် အခု၃၀ လောက် မြို့နယ်ထဲမှာ ဝေဖို့ စီစဉ်နေတယ် လို့လည်းဦးရန်အောင်မင်းက ဘီဘီစီကိုပြောပါတယ်။

"လုပ်နိုင်သ လောက်တော့ ကျွန်တော်တို့ လုပ်နေပါတယ်၊ကူးစက်မှုတွေထပ်မဖြစ်အောင်လို့ပေါ့ "လည်း ဦးရန်အောင်မင်းကပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52261292
ျမန္မာျပည္က အေျခခံေတြဆီ ေရာက္လာၿပီျဖစ္တဲ့ ကို႐ိုနာ ျမန္မာျပည္က အေျခခံေတြဆီ ေရာက္လာၿပီျဖစ္တဲ့ ကို႐ိုနာ Reviewed by THITHTOOLWIN on 02:25 Rating: 5
Powered by Blogger.