ျမန္မာ COVID-19 ကူးစက္သူ ၃ ဦးထပ္တုိး၊ စုစုေပါင္း ၃၁ ဦးရွိၿပီ


(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါရွိမရွိ ေစာင့္ၾကည့္ခံေနရသူ ေနာက္ထပ္ ၃ ဦးရဲ႕ ဓာတ္ခြဲနမူနာ အေျဖအရ ေရာဂါပိုးကူးစက္ေနေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီေန႔ည ၈ နာရီက သတင္းထုတ္ျပန္လိုက္ပါတယ္။

ျမန္မာႏုိင္ငံတဝန္း ေဆး႐ုံေတြနဲ႔ သက္ဆိုင္ရာေနရာမွာ အသြားအလာကန႔္သတ္ၿပီး ေစာင့္ၾကပ္ၾကည့္႐ႈမႈခံရသူ စုစုေပါင္း ၁၆၇ ဦးရဲ႕ ဓာတ္ခြဲနမူနာေတြကို စစ္ေဆးခဲ့ရာမွာ ေတာင္ႀကီးၿမိဳ႕က အသက္ ၂၆ ႏွစ္အရြယ္ အမ်ိဳးသားတေယာက္၊ ရန္ကုန္ ေဝဘာဂီေဆး႐ုံက ၅၈ ႏွစ္အရြယ္ အမ်ိဳးသမီးတဦးနဲ႔ ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕က ၄၉ ႏွစ္အရြယ္ အမ်ိဳးသမီးတဦးတို႔မွာ ေရာဂါပိုးရွိေၾကာင္း အတည္ျပဳလိုက္တာပါ။

အတည္ျပဳလူနာေတြရဲ႕ လတ္တေလာ က်န္းမာေရးအေျခအေန ေကာင္းမြန္တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ မတ္လ ၂၃ ရက္ကေန ဧၿပီလ ၁၁ ရက္ေန႔အထိ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ ၃၁ ဦး ရွိပါတယ္။

ေနာက္ဆံုးထြက္လာတဲ့ ဓာတ္ခြဲအေျဖေတြအရ က်န္စစ္ေဆးသူ ၁၆၄ ဦးမွာ COVID-19 ေရာဂါပိုး မရွိဘူးလို႔ ဆိုပါတယ္။

အခုေနာက္ဆံုး ေရာဂါပိုးကူးစက္ အတည္ျပဳလူနာ ၃ ဦးဟာ အရင္က ခရီးသြားရာဇဝင္ မရွိဘူးလို႔ ဆိုပါတယ္။ ဓာတ္ခြဲအတည္ျပဳလူနာေတြနဲ႔ ထိေတြ႔ခဲ့သူမ်ားအားလုံးကို စုံစမ္းေဖာ္ထုတ္ၿပီး အသြားအလာ ကန႔္သတ္ကာ ေစာင့္ၾကပ္ၾကည့္႐ႈသြားမယ္လို႔လည္း ဆိုပါတယ္။

ဓာတ္ခြဲအတည္ျပဳလူနာေတြနဲ႔ အနီးကပ္ထိေတြ႔ခဲ့သူေတြ အေနနဲ႔ နီးစပ္ရာ က်န္းမာေရးဌာနကို ဆက္သြယ္အေၾကာင္းၾကားဖို႔ကိုလည္း တိုက္တြန္းထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------

(Unicode)

မြန်မာ COVID-19 ကူးစက်သူ ၃ ဦးထပ်တိုး၊ စုစုပေါင်း ၃၁ ဦးရှိပြီ

မြန်မာနိုင်ငံမှာ COVID-19 ရောဂါရှိမရှိ စောင့်ကြည့်ခံနေရသူ နောက်ထပ် ၃ ဦးရဲ့ ဓာတ်ခွဲနမူနာ အဖြေအရ ရောဂါပိုးကူးစက်နေကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီက သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံတဝန်း ဆေးရုံတွေနဲ့ သက်ဆိုင်ရာနေရာမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုမှုခံရသူ စုစုပေါင်း ၁၆၇ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးခဲ့ရာမှာ တောင်ကြီးမြို့က အသက် ၂၆ နှစ်အရွယ် အမျိုးသားတယောက်၊ ရန်ကုန် ဝေဘာဂီဆေးရုံက ၅၈ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ ချင်းပြည်နယ် တီးတိန်မြို့က ၄၉ နှစ်အရွယ် အမျိုးသမီးတဦးတို့မှာ ရောဂါပိုးရှိကြောင်း အတည်ပြုလိုက်တာပါ။

အတည်ပြုလူနာတွေရဲ့ လတ်တလော ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၂၃ ရက်ကနေ ဧပြီလ ၁၁ ရက်နေ့အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၃၁ ဦး ရှိပါတယ်။

နောက်ဆုံးထွက်လာတဲ့ ဓာတ်ခွဲအဖြေတွေအရ ကျန်စစ်ဆေးသူ ၁၆၄ ဦးမှာ COVID-19 ရောဂါပိုး မရှိဘူးလို့ ဆိုပါတယ်။

အခုနောက်ဆုံး ရောဂါပိုးကူးစက် အတည်ပြုလူနာ ၃ ဦးဟာ အရင်က ခရီးသွားရာဇဝင် မရှိဘူးလို့ ဆိုပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်ပြီး အသွားအလာ ကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမယ်လို့လည်း ဆိုပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေ အနေနဲ့ နီးစပ်ရာ ကျန်းမာရေးဌာနကို ဆက်သွယ်အကြောင်းကြားဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid19-update-i…/5368515.html
ျမန္မာ COVID-19 ကူးစက္သူ ၃ ဦးထပ္တုိး၊ စုစုေပါင္း ၃၁ ဦးရွိၿပီ ျမန္မာ COVID-19 ကူးစက္သူ ၃ ဦးထပ္တုိး၊ စုစုေပါင္း ၃၁ ဦးရွိၿပီ Reviewed by THITHTOOLWIN on 22:37 Rating: 5
Powered by Blogger.