COVID-19 ေစာင့္ၾကည့္ အသြားအလာကန႔္သတ္မႈ ၂၁ ရက္ ေျပာင္းလဲသတ္မွတ္



မုံ႐ြာ၊ဧၿပီ-၁၁

အသြားအလာကန႔္သတ္မႈ(Quarantine)ကာလကို ယခင္က ၁၄ ရက္သတ္မွတ္ထားေသာ္လည္း ယခုအခါ၂၁ရက္အျဖစ္ တိုးျမႇင့္ သတ္မွတ္လိုက္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ခဲ့သည္။

COVID-19 ေရာဂါရွိသူမ်ားမွ ေရာဂါပိုးစြန႔္ထုတ္သည့္ကာလမွာ ေရာဂါလကၡဏာ မျပမီ (၂)ရက္မွ ေရာဂါလကၡဏာျပၿပီး (၂၈)ရက္ အထိရွိ၍ အျခားသူမ်ားသို႔ ေရာဂါကူးစက္ႏိုင္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕မွ ထုတ္ျပန္ ထားပါသည္။

"COVIDေရာဂါ ကူးစက္ေနသူတစ္ဦး ျမန္မာႏိုင္ငံမွာ ပထမဆုံးေတြ႕ခဲ့တာ သုံးပတ္ ရွိသြားၿပီ ဆိုေတာ့၊ ေရာဂါ မပ်ံ႕ပြါးေရး၊ ကာကြယ္ေရး၊ အတြက္ ဘာေတြ လုပ္ ရမယ္ ဆိုတာပိုသိလာပါတယ္။ Quarantine ၁၄ ရက္လြန္မွ ေရာဂါ လကၡဏာ ျပသူေတြေတြ႕ရလို႔ စိတ္ခ်ရေအာင္ quarantine ကို ၂၁ ရက္ထိ တိုးရပါမယ္" ဟု ေဒၚေအာင္ဆန္းစုၾကည္္္က ၎၏ ေဖ့စ္ဘြခ္ စာမ်က္ႏွာတြင္ ေျပာသည္။

Quarantineကာလ ၂၁ရက္ျပည့္ေသာ္လည္း လူစုလူေဝးရွိေသာေနရာမ်ားတြင္ သြားေရာက္ျခင္းမျပဳရန္ႏွင့္ အိမ္သားမ်ားႏွင့္ေရာေႏွာေနထိုင္ျခင္းမျပဳဘဲ တဦးႏွင့္တဦး၆ေပအကြာတြင္ေနရန္၊အိမ္တြင္ဧည့္သည္လက္မခံရန္စသည့္ အေရးႀကီးသည့္အခ်က္မ်ားအပါအဝင္ အခ်က္(၁၂)ခ်က္ကို အထူးအေလးထားလိုက္နာရန္ ထုတ္ျပန္ခဲ့သည္။

အိၿဖိဳး / Monywa Gazette
https://www.facebook.com/monywagazette/
---------------------------------------------------
COVID-19 စောင့်ကြည့် အသွားအလာကန့်သတ်မှု ၂၁ ရက် ပြောင်းလဲသတ်မှတ်

မုံရွာ၊ဧပြီ-၁၁

အသွားအလာကန့်သတ်မှု(Quarantine)ကာလကို ယခင်က ၁၄ ရက်သတ်မှတ်ထားသော်လည်း ယခုအခါ၂၁ရက်အဖြစ် တိုးမြှင့် သတ်မှတ်လိုက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

COVID-19 ရောဂါရှိသူများမှ ရောဂါပိုးစွန့်ထုတ်သည့်ကာလမှာ ရောဂါလက္ခဏာ မပြမီ (၂)ရက်မှ ရောဂါလက္ခဏာပြပြီး (၂၈)ရက် အထိရှိ၍ အခြားသူများသို့ ရောဂါကူးစက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန် ထားပါသည်။

"COVIDရောဂါ ကူးစက်နေသူတစ်ဦး မြန်မာနိုင်ငံမှာ ပထမဆုံးတွေ့ခဲ့တာ သုံးပတ် ရှိသွားပြီ ဆိုတော့၊ ရောဂါ မပျံ့ပွါးရေး၊ ကာကွယ်ရေး၊ အတွက် ဘာတွေ လုပ် ရမယ် ဆိုတာပိုသိလာပါတယ်။ Quarantine ၁၄ ရက်လွန်မှ ရောဂါ လက္ခဏာ ပြသူတွေတွေ့ရလို့ စိတ်ချရအောင် quarantine ကို ၂၁ ရက်ထိ တိုးရပါမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ဖေ့စ်ဘွခ် စာမျက်နှာတွင် ပြောသည်။

Quarantineကာလ ၂၁ရက်ပြည့်သော်လည်း လူစုလူဝေးရှိသောနေရာများတွင် သွားရောက်ခြင်းမပြုရန်နှင့် အိမ်သားများနှင့်ရောနှောနေထိုင်ခြင်းမပြုဘဲ တဦးနှင့်တဦး၆ပေအကွာတွင်နေရန်၊အိမ်တွင်ဧည့်သည်လက်မခံရန်စသည့် အရေးကြီးသည့်အချက်များအပါအဝင် အချက်(၁၂)ချက်ကို အထူးအလေးထားလိုက်နာရန် ထုတ်ပြန်ခဲ့သည်။

အိဖြိုး / Monywa Gazette
https://www.facebook.com/monywagazette/
COVID-19 ေစာင့္ၾကည့္ အသြားအလာကန႔္သတ္မႈ ၂၁ ရက္ ေျပာင္းလဲသတ္မွတ္ COVID-19 ေစာင့္ၾကည့္ အသြားအလာကန႔္သတ္မႈ ၂၁ ရက္ ေျပာင္းလဲသတ္မွတ္ Reviewed by THITHTOOLWIN on 22:29 Rating: 5
Powered by Blogger.