ကမာၻတဝန္း COVID-19 ကူးစက္သူ ၁.၇ သန္း ေက်ာ္သြားၿပီ

နယူးေယာက္တြင္ ကုိ႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူမ်ားကုိ သယ္လာသည့္ က်န္းမာေရးဝန္ထမ္းမ်ား။ (ဧၿပီ ၄၊ ၂၀၂၀)
(Zawgyi / Unicode)

ကမၻာတဝန္း COVID-19 ကပ္ေရာဂါ ကူးစက္သူေပါင္း ၁.၇ သန္းဝန္းက်င္ ရွိသြားၿပီလို႔ အေမရိကန္ျပည္ေထာင္စု Johns Hopkins တကၠသိုလ္ရဲ႕ ေသာၾကာေန႔ညပိုင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ကူးစက္ခံရသူေတြအနက္ ၁ သိန္းေက်ာ္ ေသဆံုးခဲ့တယ္လို႔ ဆိုေပမယ့္ တကယ္ေသဆံုးတဲ့ ဦးေရဟာ ဒီထက္မက ပိုမ်ားႏိုင္တယ္လို႔ လူထုက်န္းမာေရး ကၽြမ္းက်င္သူေတြက ေထာက္ျပပါတယ္။ တခ်ိဳ႕ အိုးအိမ္မဲ့နဲ႔ တျခား ေသဆံုးသူေတြကို ရင္ခြဲစစ္ေဆးတာေတြ မလုပ္ႏိုင္ခဲ့ဘူးလို႔ ေျပာပါတယ္။

ဥပမာ အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးဌာနက ဓာတ္ခြဲခန္း အတည္ျပဳလူနာ ေသဆံုးစာရင္းကိုပဲ ထုတ္ျပန္တာမို႔ ရင္ခြဲစစ္ေဆးတာ မလုပ္ႏိုင္တဲ့ က်န္ေသဆံုးသူေတြ စာရင္းထဲမွာ မပါျဖစ္ရတယ္လို႔ ေထာက္ျပပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ COVID-19 ကူးစက္မႈေၾကာင့္ ေသာၾကာေန႔ တရက္တည္းမွာ ၂၁၀၀ ေက်ာ္ ေသဆံုးခဲ့ရၿပီး ကူးစက္သူဦးေရ ၅ သိန္းအထိ တိုးလာတယ္လို႔ Johns Hokpins တကၠသိုလ္က စာရင္းထုတ္ျပန္လိုက္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------

(Unicode)

ကမ္ဘာတဝန်း COVID-19 ကူးစက်သူ ၁.၇ သန်း ကျော်သွားပြီ

ကမ္ဘာတဝန်း COVID-19 ကပ်ရောဂါ ကူးစက်သူပေါင်း ၁.၇ သန်းဝန်းကျင် ရှိသွားပြီလို့ အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ်ရဲ့ သောကြာနေ့ညပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကူးစက်ခံရသူတွေအနက် ၁ သိန်းကျော် သေဆုံးခဲ့တယ်လို့ ဆိုပေမယ့် တကယ်သေဆုံးတဲ့ ဦးရေဟာ ဒီထက်မက ပိုများနိုင်တယ်လို့ လူထုကျန်းမာရေး ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။ တချို့ အိုးအိမ်မဲ့နဲ့ တခြား သေဆုံးသူတွေကို ရင်ခွဲစစ်ဆေးတာတွေ မလုပ်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။

ဥပမာ အမေရိကန် ရောဂါထိန်းချုပ်ရေးဌာနက ဓာတ်ခွဲခန်း အတည်ပြုလူနာ သေဆုံးစာရင်းကိုပဲ ထုတ်ပြန်တာမို့ ရင်ခွဲစစ်ဆေးတာ မလုပ်နိုင်တဲ့ ကျန်သေဆုံးသူတွေ စာရင်းထဲမှာ မပါဖြစ်ရတယ်လို့ ထောက်ပြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကူးစက်မှုကြောင့် သောကြာနေ့ တရက်တည်းမှာ ၂၁၀၀ ကျော် သေဆုံးခဲ့ရပြီး ကူးစက်သူဦးရေ ၅ သိန်းအထိ တိုးလာတယ်လို့ Johns Hokpins တက္ကသိုလ်က စာရင်းထုတ်ပြန်လိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid19-infected-world-wide/5368371.html
ကမာၻတဝန္း COVID-19 ကူးစက္သူ ၁.၇ သန္း ေက်ာ္သြားၿပီ ကမာၻတဝန္း COVID-19 ကူးစက္သူ ၁.၇ သန္း ေက်ာ္သြားၿပီ Reviewed by THITHTOOLWIN on 22:45 Rating: 5
Powered by Blogger.