စကၤာပူမွာ COVID-19 ျဖစ္ၿပီး ျပန္ေကာင္းလာတဲ့ ျမန္မာအမ်ဳိးသမီး အိမ္ငွားဖုိ႔အခက္ႀကံဳ


(Zawgyi/Unicode)

စကၤာပူႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ၿပီး ေဆးရုံတက္လုိက္ရတဲ့ ျမန္မာ အမ်ဳိးသမီးငယ္တဦးဟာ ေရာဂါလကၡဏာ ေပ်ာက္ကင္းသက္သာၿပီး ေဆးရုံက ျပန္ဆင္းလာခ်ိန္မွာ ေနစရာ အခက္အခဲနဲ႔ ရင္ဆုိင္ေနရတဲ့ အေၾကာင္းကို ကိုဉာဏ္ဝင္းေအာင္ ေျပာျပေပးမွာပါ။

စကၤာပူမွာ ေဆာက္လုပ္ေရး အင္ဂ်င္နီယာအျဖစ္ လုပ္ကုိင္ေနတဲ့ အသက္(၂၇)ႏွစ္အရြယ္ မ ေဝၿငိမ္းအိက ၊ သူ COVID-19 ေရာဂါပိုး ကင္းရွင္းသြားၿပီး ေဆးရုံက ျပန္ဆင္းလာခ်ိန္မွာ သူငွားေနတဲ့ အိမ္ရွင္က သူ႔ကို လက္မခံေတာ့တာေၾကာင့္ သူ႔အတြက္ ေနစရာ အိပ္စရာ ေနရာမရွိေတာ့ပဲ ျဖစ္သြားရေၾကာင္း ခုလို ရွင္းျပပါတယ္။

" ဧၿပီ(၃)ရက္ကေန စဖ်ားတယ္၊ ေနာက္ဆုံးက်ေတာ့ ဘယ္လိုမွ အန႔ံအရသာ မရေတာ့တဲ့ အခါက်ေတာ့ ညီမ ေဆးခန္းကို သြားျပတယ္။ ဧၿပီ ၉ ရက္ မနက္ပိုင္း ေဆးခန္းသြားတယ္ ၊ ညေနပိုင္းမွာ ကူးစက္ေရာဂါဆိုင္ရာ ေဆးရုံမွာ တခါတည္း သြားစစ္လုိက္တယ္။ စစ္လုိက္ေတာ့ COVID-19 နဲ႔ပတ္သက္လို႔ Positive ျဖစ္တယ္ဆိုၿပီးေတာ့ ဆရာဝန္က ေျပာတယ္ Confirm ျဖစ္တယ္ေပါ့ေနာ္။ အဲဒီေနာက္ပိုင္း ေဆးရုံမွာ (၇)ရက္ ၾကာတယ္ ၿပီးေတာ့ Isolation Facility ဆိုၿပီးေတာ့သူတို႔က Mild infection အေပ်ာ့စား ေရာဂါလကၡဏာ ေလာက္ပဲ ျဖစ္တဲ့လူေတြကို ခြဲထားတဲ့ ေနရာေပါ့။ အဲဒီေနရာမွာ ညီမကို (၁၀)ရက္ထားတယ္။ အဲဒီ(၁၀)ရက္ၿပီးေတာ့ (၉)ရက္ေျမာက္ေန႔မွာ ညီမက Negative ဆိုတဲ့အ ေျဖကို ပထမဆုံးရတယ္။ အဲဒါနဲ႔ပဲ ညီမက အိမ္ရွင္ကို လွမ္းေျပာတယ္။ အမ ေရ .. ညီမကေတာ့ ပထမတႀကိမ္ Negative ျဖစ္သြားၿပီ ၊ အကယ္လို႔ မနက္ျဖန္ ဒုတိယအႀကိမ္ Negative ျဖစ္ခဲ့ရင္ အိမ္ျပန္လာလို႔ ရၿပီ အမေရဆိုေတာ့ ၊ ေနာက္ေန႔မွာလည္း Negative ပဲဆိုေတာ့ အဲဒီအမကို လွမ္းေျပာလိုက္တယ္။ အဲဒါနဲ႔ သူက ျပန္မလာနဲ႔ေပါ့ေနာ္ ၊ ညီမကို သူကအဲဒီလိုမ်ဳိး ေျပာတယ္။ လက္မခံဘူးေပါ့ေနာ္ နင့္ဖာသာနင္ အိမ္ သပ္သပ္ရွာေပါ့။ အဲဒီအခ်ိန္မွာ ကုိယ့္ဟာကို Negative ျဖစ္လို႔ ေပ်ာ္ရမယ့္ အေပ်ာ္ဆိုတာေတာင္ မရွိေတာ့ဘူးေပါ့။ "

COVID-19 ေရာဂါ ကင္းရွင္းသြားၿပီးခ်ိန္မွာ သူ႔အေနနဲ႔ သီးျခားေစာင့္ၾကည့္ကာလအျဖစ္ Quarantine လုပ္ခဲ့ရတယ္လုိ႔လည္း မ ေဝၿငိမ္းအိက ေျပာပါတယ္။

မ ေဝၿငိမ္းအိရဲ႕ ခုလုိ ေျပာဆိုခ်က္ ေတြနဲ႔ ပတ္သက္လို႔ သူမကို လခနဲ႔ အိမ္ခန္းငွားေပးတဲ့ အိမ္ရွင္ ျမန္မာအမ်ဳိးသမီးကို VOA က ဖုန္းေခၚခဲ့ေပမယ့္ ဖုန္းကိုင္ ေျဖၾကားျခင္း မရွိပါဘူး။

အခုလို ေနစရာမရွိ ျဖစ္ေနတာကုိ ၾကားသိသ ြားတဲ့ ျမန္မာႏိုင္ငံသားတခ်ဳိ႕က အိမ္ခန္းငွားလို႔ မရခင္မွာ သူတို႔ဆီ ေခတၱလာေနဖို႔ ဖိတ္ေခၚခဲ့ၿပီး ၊ ေလာေလာဆယ္မွာ ေနစရာအိမ္ခန္း အတည္တက်ရဖို႔ ႀကဳိးပမ္းေနဆဲပဲလို႔ မ ေဝၿငိမ္းအိက ေျပာပါတယ္။

" အဲဒီ ေဆးရုံက ဆင္းမယ့္မနက္ ၊ စေနေန႔ မနက္အထိကို ညီမမွာ ဘယ္သြားရမွန္းကို မသိဘူး။ အခုအခ်ိန္မွာ စကၤာပူမွာက ဟိုတယ္ေတြမွာလည္း မေလးရွားက Quarantine ဝင္တဲ့လူေတြ အကုန္လုံးက Booking ေတြကလည္း အကုန္ျပည့္ေနေတာ့ လုံးဝအခန္းငွားလို႔ မရဘူး။ ၿပီးရင္ အျခားမွာလည္း ညီမမွာ သြားစရာ မရွိဘူး။ အဲဒါ ေနာက္ဆုံးက်ေတာ့ ညီမ ပထမတခါ အိမ္ရွာတုန္းက သိခဲ့တဲ့အကိုတေယာက္ကို လွမ္းေမးေတာ့ အဲဒီအကိုေတြက ကူညီထားတာေပါ့ေနာ္။ အဲဒါနဲ႔ ဒီအိမ္ကို လာလိုက္တယ္ ၃ ရက္ရွိၿပီေပါ့။ အိမ္ကေတာ့ ေလာေလာဆယ္ ရွာေနတုန္းပဲ။ "

ကိုရိုနာဗိုင္းရပ္စ္ကို လူေတြ စိုးရိမ္ထိတ္လန္႔မႈရွိတာ နားလည္ေပမဲ့ အခုလို ကပ္ေရာဂါကာလမွာ စကၤာပူက အိမ္ရွင္အိမ္ငွားေတြၾကား လူသားခ်င္းစာနာတဲ့ ရႈေထာင့္က ခ်ည္းကပ္ ေျဖရွင္းသင့္တယ္လို႔ ျမန္မာအလုပ္သမားေရး ကူညီေဆာင္ရြက္ေနတဲ့ HOME အဖြဲ႕ အုပ္ခ်ဳပ္မႈ ဒါရိုက္တာအဖ ြဲ႔ဝင္ ဦးတင္ေမာင္ဝင္းက အႀကံျပဳပါတယ္။

" ဒီ အိမ္ရွင္ေတြ ေၾကာက္မယ္ဆုိတာကို နားလည္လုိ႔လည္း ရပါတယ္။ သဘာဝလည္း က်ပါတယ္။ ဒါေပမဲ့ဗ်ာ သူေဆးရုံတက္ေနတဲ့ အခ်ိန္ အေနအထားမ်ဳိးမွာ စာစာနာနာေလး ႏွစ္သိမ့္ ေျပာၿပီးေတာ့မွ ေျပေျပလည္လည္ျဖစ္ရင္ ေကာင္းတာေပါ့၊ အခုကက်ေတာ့ သူေနခဲ့တဲ့အခ်ိန္မွာ သူ႔အဝတ္အစား အသုံးအေဆာင္ေတြရွိမယ္ အဲဒါေတြကိုေတာင္သူက လာယူလို႔မရေအာင္ ျဖစ္သြားတယ္ဆိုတာက်ေတာ့ သိပ္ၿပီးေတာ့ လူသားမ်ား မဆန္ဘူးလို႔မ်ား ေျပာရမလိုေတာင္ ျဖစ္ေနတယ္။ "

စကၤာပူႏိုင္ငံမွာ အခုခ်ိန္ထိ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ထားသူေပါင္း (၁၄၄၀၀)ေက်ာ္ရွိၿပီး ၊ ေသဆုံးသူ (၁၄)ဦးရွိကာ ေရာဂါေပ်ာက္ကင္းသ ြားသူ ( ၁၁၀၀)နီးပါးရွိပါတယ္။ ေရာဂါကူးစက္မႈ အမ်ားစုဟာ စကၤာပူႏိုင္ငံမွာ လာေရာက္အလုပ္လုပ္ေနၾကတဲ့ ႏိုင္ငံျခားသား လုပ္သားေတြပဲ ျဖစ္ပါတယ္။

..............

စင်္ကာပူမှာ COVID-19 ဖြစ်ပြီး ပြန်ကောင်းလာတဲ့ မြန်မာအမျိုးသမီး အိမ်ငှားဖို့အခက်ကြုံ

(Unicode)

စင်္ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြီး ဆေးရုံတက်လိုက်ရတဲ့ မြန်မာ အမျိုးသမီးငယ်တဦးဟာ ရောဂါလက္ခဏာ ပျောက်ကင်းသက်သာပြီး ဆေးရုံက ပြန်ဆင်းလာချိန်မှာ နေစရာ အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ အကြောင်းကို ကိုဉာဏ်ဝင်းအောင် ပြောပြပေးမှာပါ။

စင်္ကာပူမှာ ဆောက်လုပ်ရေး အင်ဂျင်နီယာအဖြစ် လုပ်ကိုင်နေတဲ့ အသက်(၂၇)နှစ်အရွယ် မ ဝေငြိမ်းအိက ၊ သူ COVID-19 ရောဂါပိုး ကင်းရှင်းသွားပြီး ဆေးရုံက ပြန်ဆင်းလာချိန်မှာ သူငှားနေတဲ့ အိမ်ရှင်က သူ့ကို လက်မခံတော့တာကြောင့် သူ့အတွက် နေစရာ အိပ်စရာ နေရာမရှိတော့ပဲ ဖြစ်သွားရကြောင်း ခုလို ရှင်းပြပါတယ်။

" ဧပြီ(၃)ရက်ကနေ စဖျားတယ်၊ နောက်ဆုံးကျတော့ ဘယ်လိုမှ အနံ့အရသာ မရတော့တဲ့ အခါကျတော့ ညီမ ဆေးခန်းကို သွားပြတယ်။ ဧပြီ ၉ ရက် မနက်ပိုင်း ဆေးခန်းသွားတယ် ၊ ညနေပိုင်းမှာ ကူးစက်ရောဂါဆိုင်ရာ ဆေးရုံမှာ တခါတည်း သွားစစ်လိုက်တယ်။ စစ်လိုက်တော့ COVID-19 နဲ့ပတ်သက်လို့ Positive ဖြစ်တယ်ဆိုပြီးတော့ ဆရာဝန်က ပြောတယ် Confirm ဖြစ်တယ်ပေါ့နော်။ အဲဒီနောက်ပိုင်း ဆေးရုံမှာ (၇)ရက် ကြာတယ် ပြီးတော့ Isolation Facility ဆိုပြီးတော့သူတို့က Mild infection အပျော့စား ရောဂါလက္ခဏာ လောက်ပဲ ဖြစ်တဲ့လူတွေကို ခွဲထားတဲ့ နေရာပေါ့။ အဲဒီနေရာမှာ ညီမကို (၁၀)ရက်ထားတယ်။ အဲဒီ(၁၀)ရက်ပြီးတော့ (၉)ရက်မြောက်နေ့မှာ ညီမက Negative ဆိုတဲ့အ ဖြေကို ပထမဆုံးရတယ်။ အဲဒါနဲ့ပဲ ညီမက အိမ်ရှင်ကို လှမ်းပြောတယ်။ အမ ရေ .. ညီမကတော့ ပထမတကြိမ် Negative ဖြစ်သွားပြီ ၊ အကယ်လို့ မနက်ဖြန် ဒုတိယအကြိမ် Negative ဖြစ်ခဲ့ရင် အိမ်ပြန်လာလို့ ရပြီ အမရေဆိုတော့ ၊ နောက်နေ့မှာလည်း Negative ပဲဆိုတော့ အဲဒီအမကို လှမ်းပြောလိုက်တယ်။ အဲဒါနဲ့ သူက ပြန်မလာနဲ့ပေါ့နော် ၊ ညီမကို သူကအဲဒီလိုမျိုး ပြောတယ်။ လက်မခံဘူးပေါ့နော် နင့်ဖာသာနင် အိမ် သပ်သပ်ရှာပေါ့။ အဲဒီအချိန်မှာ ကိုယ့်ဟာကို Negative ဖြစ်လို့ ပျော်ရမယ့် အပျော်ဆိုတာတောင် မရှိတော့ဘူးပေါ့။ "

COVID-19 ရောဂါ ကင်းရှင်းသွားပြီးချိန်မှာ သူ့အနေနဲ့ သီးခြားစောင့်ကြည့်ကာလအဖြစ် Quarantine လုပ်ခဲ့ရတယ်လို့လည်း မ ဝေငြိမ်းအိက ပြောပါတယ်။

မ ဝေငြိမ်းအိရဲ့ ခုလို ပြောဆိုချက် တွေနဲ့ ပတ်သက်လို့ သူမကို လခနဲ့ အိမ်ခန်းငှားပေးတဲ့ အိမ်ရှင် မြန်မာအမျိုးသမီးကို VOA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းကိုင် ဖြေကြားခြင်း မရှိပါဘူး။

အခုလို နေစရာမရှိ ဖြစ်နေတာကို ကြားသိသ ွားတဲ့ မြန်မာနိုင်ငံသားတချို့က အိမ်ခန်းငှားလို့ မရခင်မှာ သူတို့ဆီ ခေတ္တလာနေဖို့ ဖိတ်ခေါ်ခဲ့ပြီး ၊ လောလောဆယ်မှာ နေစရာအိမ်ခန်း အတည်တကျရဖို့ ကြိုးပမ်းနေဆဲပဲလို့ မ ဝေငြိမ်းအိက ပြောပါတယ်။

" အဲဒီ ဆေးရုံက ဆင်းမယ့်မနက် ၊ စနေနေ့ မနက်အထိကို ညီမမှာ ဘယ်သွားရမှန်းကို မသိဘူး။ အခုအချိန်မှာ စင်္ကာပူမှာက ဟိုတယ်တွေမှာလည်း မလေးရှားက Quarantine ဝင်တဲ့လူတွေ အကုန်လုံးက Booking တွေကလည်း အကုန်ပြည့်နေတော့ လုံးဝအခန်းငှားလို့ မရဘူး။ ပြီးရင် အခြားမှာလည်း ညီမမှာ သွားစရာ မရှိဘူး။ အဲဒါ နောက်ဆုံးကျတော့ ညီမ ပထမတခါ အိမ်ရှာတုန်းက သိခဲ့တဲ့အကိုတယောက်ကို လှမ်းမေးတော့ အဲဒီအကိုတွေက ကူညီထားတာပေါ့နော်။ အဲဒါနဲ့ ဒီအိမ်ကို လာလိုက်တယ် ၃ ရက်ရှိပြီပေါ့။ အိမ်ကတော့ လောလောဆယ် ရှာနေတုန်းပဲ။ "

ကိုရိုနာဗိုင်းရပ်စ်ကို လူတွေ စိုးရိမ်ထိတ်လန့်မှုရှိတာ နားလည်ပေမဲ့ အခုလို ကပ်ရောဂါကာလမှာ စင်္ကာပူက အိမ်ရှင်အိမ်ငှားတွေကြား လူသားချင်းစာနာတဲ့ ရှုထောင့်က ချည်းကပ် ဖြေရှင်းသင့်တယ်လို့ မြန်မာအလုပ်သမားရေး ကူညီဆောင်ရွက်နေတဲ့ HOME အဖွဲ့ အုပ်ချုပ်မှု ဒါရိုက်တာအဖ ွဲ့ဝင် ဦးတင်မောင်ဝင်းက အကြံပြုပါတယ်။

" ဒီ အိမ်ရှင်တွေ ကြောက်မယ်ဆိုတာကို နားလည်လို့လည်း ရပါတယ်။ သဘာဝလည်း ကျပါတယ်။ ဒါပေမဲ့ဗျာ သူဆေးရုံတက်နေတဲ့ အချိန် အနေအထားမျိုးမှာ စာစာနာနာလေး နှစ်သိမ့် ပြောပြီးတော့မှ ပြေပြေလည်လည်ဖြစ်ရင် ကောင်းတာပေါ့၊ အခုကကျတော့ သူနေခဲ့တဲ့အချိန်မှာ သူ့အဝတ်အစား အသုံးအဆောင်တွေရှိမယ် အဲဒါတွေကိုတောင်သူက လာယူလို့မရအောင် ဖြစ်သွားတယ်ဆိုတာကျတော့ သိပ်ပြီးတော့ လူသားများ မဆန်ဘူးလို့များ ပြောရမလိုတောင် ဖြစ်နေတယ်။ "

စင်္ကာပူနိုင်ငံမှာ အခုချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ထားသူပေါင်း (၁၄၄၀၀)ကျော်ရှိပြီး ၊ သေဆုံးသူ (၁၄)ဦးရှိကာ ရောဂါပျောက်ကင်းသ ွားသူ ( ၁၁၀၀)နီးပါးရှိပါတယ်။ ရောဂါကူးစက်မှု အများစုဟာ စင်္ကာပူနိုင်ငံမှာ လာရောက်အလုပ်လုပ်နေကြတဲ့ နိုင်ငံခြားသား လုပ်သားတွေပဲ ဖြစ်ပါတယ်။

ကိုဉာဏ္ဝင္းေအာင္/VOA (Burmese)
https://burmese.voanews.com/a/singapore-myanmar-covid-19-/5394664.html
စကၤာပူမွာ COVID-19 ျဖစ္ၿပီး ျပန္ေကာင္းလာတဲ့ ျမန္မာအမ်ဳိးသမီး အိမ္ငွားဖုိ႔အခက္ႀကံဳ စကၤာပူမွာ COVID-19 ျဖစ္ၿပီး ျပန္ေကာင္းလာတဲ့ ျမန္မာအမ်ဳိးသမီး အိမ္ငွားဖုိ႔အခက္ႀကံဳ Reviewed by THITHTOOLWIN on 07:47 Rating: 5
Powered by Blogger.