ကုိဗစ္ေၾကာင့္ အသြားအလာကန္႔သတ္မႈ ခ်ဳိးေဖာက္သူ မေလးမွာ ေထာင္ခ်ီဖမ္းခံရ


(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ ပ်ံ႕ႏွံ႔မႈေတြေၾကာင့္ ျမန္မာ အပါအ၀င္ ေဒသတြင္း ႏုိင္ငံေတြမွာ အသြားအလာ ကန္႔သတ္ထိန္းခ်ဳပ္ ေဆာင္ရြက္မႈေတြ ရွိေနသလို လူမႈေရးဆိုင္ရာ အခက္အခဲေတြနဲ႔လည္း ႀကံဳေတြ႔ေနရပါၿပီ။ မေလးရွား ႏုိင္ငံမွာေတာ့ ဗိုင္းရပ္စ္ ထိန္းခ်ဳပ္ေရး စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္သူေတြကို ေထာင္ဒဏ္ခ်မွတ္ေနပါတယ္။

ဗိုင္းရပ္စ္ မပ်ံ႕ႏွံ႔ေစေရး အတြက္ ခ်မွတ္ထားတဲ႔ စည္းမ်ဥ္းေတြ ခ်ိဳးေဖာက္မႈနဲ႔ မေလးရွားမွာ ဖမ္းခံရသူ ေထာင္ခ်ီ ရွိေနၿပီး ၿပီးခဲ႔တဲ႔ သတင္းပတ္ကုန္ အတြင္း ပထမ အသုတ္ အျဖစ္ လူ ၅၈ ေယာက္ကို ေထာင္ဒဏ္ခ်မွတ္ခဲ႔တာပါ။ မေလးရွားရဲ႕ အခုလုပ္ရပ္က လူေတြကို ဗိုင္းရပ္စ္ ကူးစက္ေစမယ့္ အႏၱရာယ္ ပိုမ်ားေစတဲ႔ အတြက္ ေထာင္ဒဏ္ ခ်မွတ္တာမ်ိဳး မလုပ္ဖို႔ အခြင့္အေရး လႈပ္ရွားမႈ အဖြဲ႔ HRW က တိုက္တြန္းထားပါတယ္။

ထိုင္းႏုိင္ငံမွာေတာ့ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ အေရအတြက္ သိသိသာသာ ေလ်ာ့က်လာၿပီး လက္ရွိမွာ ကူးစက္ခံ အတည္ျပဳ ၂,၉၃၁ ဦးနဲ႔ ေသဆံုးသူ ၅၂ ဦး ရွိေနပါတယ္။ အင္ဒိုနီးရွား ႏုိင္ငံက တိရိစာၦန္ရံုေတြမွာေတာ့ ဆူမၾတား က်ားေတြ၊ ဘိုနီယို ေအာ္ရင္ဂူတန္ ေမ်ာက္၀ံေတြ အပါအ၀င္ ေထာင္နဲ႔ခ်ီတဲ႔ တိရိစာၦန္ေတြ အငတ္ေဘးနဲ႔ ႀကံဳရလု အေျခစိုက္ေနပါၿပီ။

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ ပ်ံ႕ႏွံ႔မႈ ကာလအတြင္း တိရိစာၦန္ရံုေတြကို လာေရာက္သူ မရွိတာေၾကာင့္ ၀င္ေငြမရွိေတာ့တဲ႔ အတြက္ တိရိစာၦန္ရံု အားလံုးနီးပါးမွာ ေမလလယ္ အထိဘဲ တိရိစာၦန္ အစာ၀ယ္ဖို႔ ေငြရွိၿပီး ေနာက္ထပ္ ၀ယ္စရာ ေငြမရွိေတာ့တဲ႔ အေၾကာင္း ႏုိင္ငံရဲ႕ တိရိစာၦန္ရံု အဖြဲ႔က ေျပာဆိုထားပါတယ္။

ျမန္မာႏုိင္ငံမွာေတာ့ ဗိုင္းရပ္စ္ ကူးစက္ခံ အတည္ျပဳ လူနာ တနလာၤေန႔ ညပိုင္းအထိ ၁၄၆ ရွိၿပီး ဒီထဲက ဗိုင္းရပ္စ္ ကင္းစင္သူ ၁၆ ဦးရွိေၾကာင္း၊ ၉ ဦးက ေဆးရံုဆင္းခဲ႔ၿပီ ျဖစ္ေၾကာင္း အစိုးရက သတင္းထုတ္ထားပါတယ္။ ဗိုင္းရပ္စ္ ကူးစက္ခံထားရသူေတြထဲက ၅ ဦး ေသဆံုးခဲ႔ရပါတယ္။

...................

ကိုဗစ်ကြောင့် အသွားအလာကန့်သတ်မှု ချိုးဖောက်သူ မလေးမှာ ထောင်ချီဖမ်းခံရ
(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုတွေကြောင့် မြန်မာ အပါအဝင် ဒေသတွင်း နိုင်ငံတွေမှာ အသွားအလာ ကန့်သတ်ထိန်းချုပ် ဆောင်ရွက်မှုတွေ ရှိနေသလို လူမှုရေးဆိုင်ရာ အခက်အခဲတွေနဲ့လည်း ကြုံတွေ့နေရပါပြီ။ မလေးရှား နိုင်ငံမှာတော့ ဗိုင်းရပ်စ် ထိန်းချုပ်ရေး စည်းမျဉ်းတွေကို ချိုးဖောက်သူတွေကို ထောင်ဒဏ်ချမှတ်နေပါတယ်။

ဗိုင်းရပ်စ် မပျံ့နှံ့စေရေး အတွက် ချမှတ်ထားတဲ့ စည်းမျဉ်းတွေ ချိုးဖောက်မှုနဲ့ မလေးရှားမှာ ဖမ်းခံရသူ ထောင်ချီ ရှိနေပြီး ပြီးခဲ့တဲ့ သတင်းပတ်ကုန် အတွင်း ပထမ အသုတ် အဖြစ် လူ ၅၈ ယောက်ကို ထောင်ဒဏ်ချမှတ်ခဲ့တာပါ။ မလေးရှားရဲ့ အခုလုပ်ရပ်က လူတွေကို ဗိုင်းရပ်စ် ကူးစက်စေမယ့် အန္တရာယ် ပိုများစေတဲ့ အတွက် ထောင်ဒဏ် ချမှတ်တာမျိုး မလုပ်ဖို့ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ HRW က တိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အရေအတွက် သိသိသာသာ လျော့ကျလာပြီး လက်ရှိမှာ ကူးစက်ခံ အတည်ပြု ၂,၉၃၁ ဦးနဲ့ သေဆုံးသူ ၅၂ ဦး ရှိနေပါတယ်။ အင်ဒိုနီးရှား နိုင်ငံက တိရိစ္ဆာန်ရုံတွေမှာတော့ ဆူမတြား ကျားတွေ၊ ဘိုနီယို အော်ရင်ဂူတန် မျောက်ဝံတွေ အပါအဝင် ထောင်နဲ့ချီတဲ့ တိရိစ္ဆာန်တွေ အငတ်ဘေးနဲ့ ကြုံရလု အခြေစိုက်နေပါပြီ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှု ကာလအတွင်း တိရိစ္ဆာန်ရုံတွေကို လာရောက်သူ မရှိတာကြောင့် ဝင်ငွေမရှိတော့တဲ့ အတွက် တိရိစ္ဆာန်ရုံ အားလုံးနီးပါးမှာ မေလလယ် အထိဘဲ တိရိစ္ဆာန် အစာဝယ်ဖို့ ငွေရှိပြီး နောက်ထပ် ဝယ်စရာ ငွေမရှိတော့တဲ့ အကြောင်း နိုင်ငံရဲ့ တိရိစ္ဆာန်ရုံ အဖွဲ့က ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာတော့ ဗိုင်းရပ်စ် ကူးစက်ခံ အတည်ပြု လူနာ တနလာၤနေ့ ညပိုင်းအထိ ၁၄၆ ရှိပြီး ဒီထဲက ဗိုင်းရပ်စ် ကင်းစင်သူ ၁၆ ဦးရှိကြောင်း၊ ၉ ဦးက ဆေးရုံဆင်းခဲ့ပြီ ဖြစ်ကြောင်း အစိုးရက သတင်းထုတ်ထားပါတယ်။ ဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေထဲက ၅ ဦး သေဆုံးခဲ့ရပါတယ်။

VOA (Burmese)
https://burmese.voanews.com/a/covid-malaysia/5394491.html
ကုိဗစ္ေၾကာင့္ အသြားအလာကန္႔သတ္မႈ ခ်ဳိးေဖာက္သူ မေလးမွာ ေထာင္ခ်ီဖမ္းခံရ ကုိဗစ္ေၾကာင့္ အသြားအလာကန္႔သတ္မႈ ခ်ဳိးေဖာက္သူ မေလးမွာ ေထာင္ခ်ီဖမ္းခံရ Reviewed by THITHTOOLWIN on 07:47 Rating: 5
Powered by Blogger.