တ႐ုတ္ျပန္ အလုပ္သမား ႏွစ္ရာေက်ာ္ကို အစိုးရအစီအစဥ္နဲ႔ ေနရပ္ျပန္ပို႔

တ႐ုတ္ႏိုင္ငံမွ ျပန္လာတဲ့ ျမန္မာႏိုင္ငံသား ေ႐ႊ႕ေျပာင္းအလုပ္သမားေတြကို ၂၀၂၀ ဧၿပီ ၂၈ရက္ေန႔က ေတြ႕ရစဥ္ / Photo: Kan Thar / RFA
(Zawgyi)⤵⤵⤵
ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ခ်င္းေ႐ႊေဟာ္နဲ႔ ေလာက္ကိုင္ေဒသ ကိုျဖတ္ၿပီး တ႐ုတ္ႏိုင္ငံမွာ သြားေရာက္ အလုပ္လုပ္ေနရာက ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ စက္႐ုံေတြပိတ္ၿပီး ေနရပ္ျပန္လာတဲ့ ျမန္မာႏိုင္ငံသား ေ႐ႊ႕ေျပာင္းအလုပ္သမားေတြကို ဒီေန႔ ကစၿပီး အာဏာပိုင္ေတြရဲ႕ အစီအစဥ္နဲ႔ ေနရပ္ကို ပို႔ေဆာင္ေနပါတယ္။

ေ႐ႊ႕ေျပာင္းလုပ္သားေတြဟာ ခ်င္ေ႐ႊေဟာ္ကိုျဖတ္ၿပီး တစ္ဘက္တ႐ုတ္ႏိုင္ငံ မိန္းတိန္ၿမိဳ႕ကစိုက္ပ်ိဳးေရးလုပ္ငန္း ေတြမွာ အလုပ္လုပ္ေနၾကသူေတြျဖစ္ၿပီး သူတို႔ကို ခ်င္ေ႐ႊေဟာ္ၿမိဳ႕နယ္ လုံထန္ေက်း႐ြာမွာ ရွိတဲ့စာသင္ေက်ာင္း ထဲမွာ ခုႏွစ္ရက္ေလာက္ သီးသန႔္ထား က်န္းမာေရး ေစာင့္ၾကည့္ခံခဲ့ရတယ္လို႔ ေနရပ္ျပန္လာတဲ့ ေ႐ႊ႕ေျပာင္းလုပ္သား ကိုျမင့္စိုးက ေျပာပါတယ္။

ကိုျမင့္စိုးဟာ တ႐ုတ္ျပည္မႀကီးထဲက မိန္းတိန္မွာရွိတဲ့ သခြားနဲ႔ သပြတ္စိုက္ခင္းမွာ အလုပ္လုပ္တာျဖစ္ၿပီး လုပ္ခတစ္သိန္းေလာက္ မရခဲ့ဘူးလို႔ ေျပာပါတယ္။ ကိုျမင့္စိုးလို႔ပဲ လုပ္သားအမ်ားစုဟာ ေနရပ္ျပန္ၾကတာမွာ လုပ္ခ မရၾကတာလဲရွိတယ္လို႔ ေနရပ္ျပန္လာတဲ့ ကိုျပည့္ၿဖိဳးေမာင္က ေျပာပါတယ္။

ပဲခူးတိုင္းျပည္ခ႐ိုင္ ေပါက္ေခါင္းေဒသကို ျပန္မယ့္ ေ႐ႊ႕ေျပာင္းအလုပ္သမ မဝင္းဝင္းမာကလဲ ေရာဂါေၾကာင့္ ျပန္လာၾကတာမွာ အလုပ္ရွင္ဆီမွာ စုထားရတဲ့ ေငြေၾကးမရခဲ့ဘူးလို႔ ေျပာပါတယ္။ ေနရပ္ျပန္မယ့္ သူေတြလဲတ႐ုတ္ထဲမွာ ရွိေနေသးတယ္လို႔ သူကေျပာပါတယ္။

မေကြးတိုင္းေဒသႀကီး နတ္ေမာက္ၿမိဳ႕နယ္နဲ႔ ပဲခူးတိုင္းျပည္ခ႐ိုင္က အမ်ားစုျဖစ္ၿပီး ဒီကေန႔မွာေတာ့ ဆယ့္ႏွစ္ဘီး ကားသုံးစီးနဲ႔  ခ်င္းေ႐ႊေဟာ္ကေန မႏၲေလးၿမိဳ႕အထိ ပို႔ေဆာင္ေပးခဲ့တာပါ။

လားရႈိးၿမိဳ႕မွာ ခရီးတစ္ေထာက္နားခ်ိန္မွာေတာ့ ေစတနာရွင္ေတြ၊ ပရဟိတအဖြဲ႕ေတြနဲ႔ ၿမိဳ႕နယ္ခ႐ိုင္ အဆင့္ဌာနဆိုင္ရာေတြက စားစရာေတြ ကူညီေထာက္ပံ့ ေပးခဲ့ၾကပါတယ္။ ဧၿပီလ ၂၉ရက္ မနက္ျဖန္မွာေတာ့ ေနရပ္ျပန္မယ့္ သူ ႏွစ္ရာေက်ာ္ရွိၿပီး အဲဒီထဲမွာ က်န္းမာေရး ေစာင့္ၾကည့္ခံရၿပီးသူ ခုႏွစ္ဆယ္ေက်ာ္ကလြဲလို႔ ဒီကေန႔ျပန္လာ သူေတြပါ က်န္းမာေရး ေစာင့္ၾကည့္ခံရတာ မရွိေသးတဲ့အတြက္ သူတို႔ ေဒသမွာ က်န္းမာေရးေစာင့္ၾကည့္ခံၾကရမွာ ျဖစ္တယ္လို႔ လားရႈိးၿမိဳ႕နယ္ အေထြ ေထြအုပ္ခ်ဳပ္ေရးဦးစီဌာန ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးအာကာလင္းက ေျပာ ပါတယ္။

ကိုးကန႔္ေဒကကို ဝင္ေရာက္လာမယ့္ ျမန္မာႏိုင္ငံသား ႏွစ္ေသာင္းေက်ာ္ေလာက္ ရွိတယ္လို႔ တ႐ုတ္ဘက္က ကိုးကန႔္ေဒသ အုပ္ခ်ဳပ္ေရးအဖြဲ႕ကို အေၾကာင္းၾကားထားၿပီး ဧၿပီတစ္ရက္ကေန ဧၿပီလ ၂၂ရက္အထိဝင္ ေရာက္လာသူ တစ္ေထာင္ေက်ာ္ ရွိေနတယ္လို႔ ကိုးကန႔္ေဒသ အုပ္ခ်ဳပ္ေရးအဖြဲ႕က ေျပာဆိုထားပါတယ္။

ျပန္လည္ ဝင္ေရာက္လာသူေတြကို ေလာက္ကိုင္ၿမိဳ႕နယ္မွာ ခ႐ိုင္မိုးလုံေလလုံကစားကြင္း၊ အထ က(၁)စာ သင္ေက်ာင္း၊ နတလ စက္မႈလူငယ္သင္ တန္းေက်ာင္း၊ နတလ အိမ္တြင္းမႈသင္တန္းေက်ာင္း၊ ရန္လုံ က်ိဳင္း‌ေဆးျဖတ္စခန္းေဟာင္း စတဲ့ေနရာငါးခုမွာ က်န္းမာေရး ေစာင့္ၾကည့္တာေတြ လုပ္ေနသလို ခ်င္ေ႐ႊေဟာ္ နယ္စပ္ကေန ဝင္လာသူေတြကို ေတာ့ ၿမိဳ႕ေတာ္ခန္းမနဲ႔ လုံထန္စာသင္ေက်ာင္း ႏွစ္ေနရာမွာ က်န္းမာေရး ေစာင့္ ၾကည့္တာ ေတြလုပ္ေနတယ္လို႔ ဆိုပါတယ္။

ထပ္မံဝင္ေရာက္လာသူေတြ မ်ားလာရင္ က်န္းမာေရး ေစာင့္ၾကည့္မႈအတြက္ ေနရာထိုင္ခင္း အခက္အခဲ ရွိလာႏိုင္လို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ကို တင္ျပထားၿပီး ရွမ္းျပည္နယ္အစိုးရအဖြဲ႕ကလည္း ကိုဗစ္ေရာဂါထိန္းခ်ဳပ္ေရး ဗဟိုအဖြဲ႕ကို တင္ျပၿပီး ေနရပ္ျပန္သူေတြကို သူတို႔ေဒသကို အစိုးရအစီအစဥ္နဲ႔ ပို႔ေဆာင္ၿပီး သူတို႔ေဒသမွာပဲ က်န္းမာေရး ေစာင့္ၾကည့္တာေတြလုပ္ဖို႔ စီစဥ္ ထားတယ္လို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ စီမံ စီးပြားဝန္ႀကီး ဦးစိုးၫြန္႔လြင္က ေျပာဆိုထားပါတယ္။

ကံသာ / RFA Burmese
-------------------------------
(Unicode)⤵⤵⤵
တရုတ်ပြန် အလုပ်သမား နှစ်ရာကျော်ကို အစိုးရအစီအစဉ်နဲ့ နေရပ်ပြန်ပို့

တရုတ်နိုင်ငံမှ ပြန်လာတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေကို ၂၀၂၀ ဧပြီ ၂၈ရက်နေ့က တွေ့ရစဉ် / Photo: Kan Thar / RFA

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်နဲ့ လောက်ကိုင်ဒေသ ကိုဖြတ်ပြီး တရုတ်နိုင်ငံမှာ သွားရောက် အလုပ်လုပ်နေရာက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် စက်ရုံတွေပိတ်ပြီး နေရပ်ပြန်လာတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေကို ဒီနေ့ ကစပြီး အာဏာပိုင်တွေရဲ့ အစီအစဉ်နဲ့ နေရပ်ကို ပို့ဆောင်နေပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေဟာ ချင်ရွှေဟော်ကိုဖြတ်ပြီး တစ်ဘက်တရုတ်နိုင်ငံ မိန်းတိန်မြို့ကစိုက်ပျိုးရေးလုပ်ငန်း တွေမှာ အလုပ်လုပ်နေကြသူတွေဖြစ်ပြီး သူတို့ကို ချင်ရွှေဟော်မြို့နယ် လုံထန်ကျေးရွာမှာ ရှိတဲ့စာသင်ကျောင်း ထဲမှာ ခုနှစ်ရက်လောက် သီးသန့်ထား ကျန်းမာရေး စောင့်ကြည့်ခံခဲ့ရတယ်လို့ နေရပ်ပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သား ကိုမြင့်စိုးက ပြောပါတယ်။

ကိုမြင့်စိုးဟာ တရုတ်ပြည်မကြီးထဲက မိန်းတိန်မှာရှိတဲ့ သခွားနဲ့ သပွတ်စိုက်ခင်းမှာ အလုပ်လုပ်တာဖြစ်ပြီး လုပ်ခတစ်သိန်းလောက် မရခဲ့ဘူးလို့ ပြောပါတယ်။ ကိုမြင့်စိုးလို့ပဲ လုပ်သားအများစုဟာ နေရပ်ပြန်ကြတာမှာ လုပ်ခ မရကြတာလဲရှိတယ်လို့ နေရပ်ပြန်လာတဲ့ ကိုပြည့်ဖြိုးမောင်က ပြောပါတယ်။

ပဲခူးတိုင်းပြည်ခရိုင် ပေါက်ခေါင်းဒေသကို ပြန်မယ့် ရွှေ့ပြောင်းအလုပ်သမ မဝင်းဝင်းမာကလဲ ရောဂါကြောင့် ပြန်လာကြတာမှာ အလုပ်ရှင်ဆီမှာ စုထားရတဲ့ ငွေကြေးမရခဲ့ဘူးလို့ ပြောပါတယ်။ နေရပ်ပြန်မယ့် သူတွေလဲတရုတ်ထဲမှာ ရှိနေသေးတယ်လို့ သူကပြောပါတယ်။

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်နဲ့ ပဲခူးတိုင်းပြည်ခရိုင်က အများစုဖြစ်ပြီး ဒီကနေ့မှာတော့ ဆယ့်နှစ်ဘီး ကားသုံးစီးနဲ့  ချင်းရွှေဟော်ကနေ မန္တလေးမြို့အထိ ပို့ဆောင်ပေးခဲ့တာပါ။

လားရှိုးမြို့မှာ ခရီးတစ်ထောက်နားချိန်မှာတော့ စေတနာရှင်တွေ၊ ပရဟိတအဖွဲ့တွေနဲ့ မြို့နယ်ခရိုင် အဆင့်ဌာနဆိုင်ရာတွေက စားစရာတွေ ကူညီထောက်ပံ့ ပေးခဲ့ကြပါတယ်။ ဧပြီလ ၂၉ရက် မနက်ဖြန်မှာတော့ နေရပ်ပြန်မယ့် သူ နှစ်ရာကျော်ရှိပြီး အဲဒီထဲမှာ ကျန်းမာရေး စောင့်ကြည့်ခံရပြီးသူ ခုနှစ်ဆယ်ကျော်ကလွဲလို့ ဒီကနေ့ပြန်လာ သူတွေပါ ကျန်းမာရေး စောင့်ကြည့်ခံရတာ မရှိသေးတဲ့အတွက် သူတို့ ဒေသမှာ ကျန်းမာရေးစောင့်ကြည့်ခံကြရမှာ ဖြစ်တယ်လို့ လားရှိုးမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက ပြော ပါတယ်။

ကိုးကန့်ဒေကကို ဝင်ရောက်လာမယ့် မြန်မာနိုင်ငံသား နှစ်သောင်းကျော်လောက် ရှိတယ်လို့ တရုတ်ဘက်က ကိုးကန့်ဒေသ အုပ်ချုပ်ရေးအဖွဲ့ကို အကြောင်းကြားထားပြီး ဧပြီတစ်ရက်ကနေ ဧပြီလ ၂၂ရက်အထိဝင် ရောက်လာသူ တစ်ထောင်ကျော် ရှိနေတယ်လို့ ကိုးကန့်ဒေသ အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုထားပါတယ်။

ပြန်လည် ဝင်ရောက်လာသူတွေကို လောက်ကိုင်မြို့နယ်မှာ ခရိုင်မိုးလုံလေလုံကစားကွင်း၊ အထ က(၁)စာ သင်ကျောင်း၊ နတလ စက်မှုလူငယ်သင် တန်းကျောင်း၊ နတလ အိမ်တွင်းမှုသင်တန်းကျောင်း၊ ရန်လုံ ကျိုင်း‌ဆေးဖြတ်စခန်းဟောင်း စတဲ့နေရာငါးခုမှာ ကျန်းမာရေး စောင့်ကြည့်တာတွေ လုပ်နေသလို ချင်ရွှေဟော် နယ်စပ်ကနေ ဝင်လာသူတွေကို တော့ မြို့တော်ခန်းမနဲ့ လုံထန်စာသင်ကျောင်း နှစ်နေရာမှာ ကျန်းမာရေး စောင့် ကြည့်တာ တွေလုပ်နေတယ်လို့ ဆိုပါတယ်။

ထပ်မံဝင်ရောက်လာသူတွေ များလာရင် ကျန်းမာရေး စောင့်ကြည့်မှုအတွက် နေရာထိုင်ခင်း အခက်အခဲ ရှိလာနိုင်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို တင်ပြထားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ကလည်း ကိုဗစ်ရောဂါထိန်းချုပ်ရေး ဗဟိုအဖွဲ့ကို တင်ပြပြီး နေရပ်ပြန်သူတွေကို သူတို့ဒေသကို အစိုးရအစီအစဉ်နဲ့ ပို့ဆောင်ပြီး သူတို့ဒေသမှာပဲ ကျန်းမာရေး စောင့်ကြည့်တာတွေလုပ်ဖို့ စီစဉ် ထားတယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံ စီးပွားဝန်ကြီး ဦးစိုးညွန့်လွင်က ပြောဆိုထားပါတယ်။

ကံသာ / RFA Burmese
https://www.rfa.org/burmese/news/200-workers-return-from-china-04282020084124.html
တ႐ုတ္ျပန္ အလုပ္သမား ႏွစ္ရာေက်ာ္ကို အစိုးရအစီအစဥ္နဲ႔ ေနရပ္ျပန္ပို႔ တ႐ုတ္ျပန္ အလုပ္သမား ႏွစ္ရာေက်ာ္ကို အစိုးရအစီအစဥ္နဲ႔ ေနရပ္ျပန္ပို႔ Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.