ကို႐ိုနာဗိုင္းရပ္စ္- အိႏၵိယ ၿမိဳ႕ႀကီးေတြအားလုံး ကူးစက္ႏႈန္းျမင့္မားရာ အနီေရာင္ဇုန္ သတ္မွတ္

 ၿမိဳ႕ေတာ္ ေဒလီကို ကူးစက္ႏႈန္းျမင့္မားရာ အနီေရာင္ဇုန္ သတ္မွတ္
(Zawgyi)⤵⤵⤵

အိႏၵိယၿမိဳ႕ေတာ္ ေဒလီနဲ႔ စီးပြားေရးၿမိဳ႕ေတာ္ မြမ္ဘိုင္းတို႔ အပါအဝင္ ၿမိဳ႕ႀကီး ေျခာက္ၿမိဳ႕ကို ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈႏႈန္း ျမင့္မားတဲ့ အနီေရာင္ဇုန္ အျဖစ္ သတ္မွတ္လိုက္ပါတယ္။

အစိုးရက ဗုဒၶဟူးေန႔က ထုတ္လိုက္တဲ့ စည္းမ်ဥ္းအသစ္ေတြထဲမွာ ႏိုင္ငံရဲ႕ ကူးစက္မႈ အေျခအေနေတြကို ကူးစက္မႈႏႈန္းကို လိုက္ၿပီး အေရာင္ေတြနဲ႔ သတ္မွတ္လိုက္ပါတယ္။

အနီေရာင္ဇုန္က ကူးစက္မႈႏႈန္းျမင့္တဲ့ အႏၲရာယ္ရွိတဲ့ဇုန္၊ လိေမၼာ္ေရာင္က ကူးစက္မႈေတြ ရွိတဲ့ဇုန္၊ အစိမ္းေရာင္က ကူးစက္မႈမရွိတဲ့ဇုန္လို႔ သတ္မွတ္ထားပါတယ္

ဒါေပမဲ့ ႏိုင္ငံထဲမွာ အစိမ္းေရာင္ဇုန္ တစ္ခုမွ မရွိပါဘူး။
တျခား အနီေရာင္ဇုန္ေတြက ဘယ္ေနရာေတြလဲ

တႏိုင္ငံလုံးမွာ ခ႐ိုင္ ၁၇၀ ကို အနီေရာင္ဇုန္ေတြ အျဖစ္ သတ္မွတ္ထားပါတယ္။

ေဒလီနဲ႔ မြမ္ဘိုင္းတို႔အျပင္ ခ်န္ႏိုင္း၊ ဘန္ဂေလာ၊ ကိုလ္ကတၱားနဲ႔ ဟိုက္ဒရာဘတ္တို႔လည္း အနီေရာင္ေတြအျဖစ္ သတ္မွတ္ထားပါတယ္။

ျပည္နယ္တခ်ိဳ႕က စက္မႈနဲ႔ ကုန္ထုတ္လုပ္ငန္း အခ်က္အခ်ာေနရာေတြကိုလည္း အဲဒီစာရင္းထဲ ထည့္ထားပါတယ္။

ဗဟိုအစိုးရက ျပည္နယ္အစိုးရေတြကို အဲဒီေနရာေတြမွာ လာမယ့္သီတင္းပတ္မွာ ကူးစက္မႈ ေျခရာခံဖို႔နဲ႔ ကူးစက္မႈစစ္ေဆးတာေတြ ပိုတိုးလုပ္ဖို႔ ၫႊန္ၾကားထားပါတယ္။ အဲဒါက ကူးစက္မႈဇုန္အဆင့္ကို အနီကေန လိေမၼာ္၊ ေနာက္ အစိမ္း တျဖည္းျဖည္းခ်င္း ေလွ်ာ့ခ်ႏိုင္ဖို႔ ရည္႐ြယ္လုပ္ေဆာင္တာ ျဖစ္ပါတယ္။

 ေဒလီမွာ မီးသတ္ဌာနက ပိုးသတ္ေဆးဖ်န္း

အနီေရာင္ဇုန္ထဲမွာ ၂၈ ရက္အတြင္း ကူးစက္မႈ အသစ္မေတြ႕ရရင္ အစိမ္းေရာင္ဇုန္အျဖစ္ ေျပာင္းသတ္မွတ္မွာ ျဖစ္ၿပီး ၁၄ ရက္အတြင္း မေတြ႕ရင္ လိေမၼာ္ေရာင္ဇုန္အျဖစ္ သတ္မွတ္မယ္လို႔ က်န္းမာေရး ဝန္ႀကီးဌာနရဲ႕ အဆိုအရ သိရပါတယ္။
အနီေရာင္ဇုန္မွာ ဘာလုပ္မလဲ

ဒီေနရာရဲ႕ ကူးစက္မႈဘယ္ေလာက္ဆိုးသလဲ သိေအာင္ အစိုးရ ေသခ်ာစစ္ေဆးတာေတြ လုပ္မွာပါ။ လူအမ်ားအျပားကို စုေပါင္း စစ္ေဆးမယ့္ အစီအစဥ္ေတြကို ျပည္နယ္ အစိုးရေတြက ေၾကညာထားၿပီးပါၿပီ။

အဲဒါက နမူနာယူမယ့္ လူတခ်ိဳ႕ဆီက ႏွာေခါင္းနဲ႔လည္ေခ်ာင္းက တို႔ဖတ္စ ေတြကို ဘူးတစ္ခုထဲထည့္ယူၿပီး ခ်က္ခ်င္းအေျဖသိႏိုင္တဲ့ နည္းနဲ႔ တစ္ခ်ိန္တည္း စစ္ေဆးမွာပါ။ ဒါေတြကိုWHO ကလမ္းၫႊန္ထားတဲ့ နည္းအတိုင္း လုပ္မွာပါ။

အဲဒီအေျဖမွာ ပိုးမေတြ႕ရရင္ လူအားလုံးမွာ ပိုးမရွိတာ ျဖစ္ပါတယ္။ ပိုးေတြ႕ရရင္ေတာ့ အဲဒီလူေတြကို တစ္ေယာက္ခ်င္းစီ ေနာက္တစ္ခါ ထပ္စစ္မွာ ျဖစ္ပါတယ္။ အဲဒီလို စုေပါင္း စစ္ေဆးနည္းက လူေနထူထပ္တဲ့ေနရာေတြအတြက္ အခ်ိန္ကုန္ သက္သာေစပါတယ္။

စည္းမ်ဥ္းအသစ္ေတြအရ ပိတ္ဆို႔မႈ ေျဖေလွ်ာ့မႈေတြကို ဧၿပီ ၂၀ ရက္က အနီေရာင္ သတ္မွတ္ခံရတဲ့ ေနရာေတြမွာ က်င့္သုံးမွာ မဟုတ္ပါဘူး။

ပိတ္ဆို႔ ေလာ့ေဒါင္းလုပ္ထားေပမဲ့ ေျဖေလွ်ာ့မႈေတြကို စိုက္ပ်ိဳးေရး၊ အြန္လိုင္းစီးပြားေရးနဲ႔ လွ်ပ္စစ္နဲ႔လက္သမားလို ေန႔စားအလုပ္သမားေတြအတြက္ ရည္႐ြယ္ေလွ်ာ့ေပးခဲ့တာ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-52309314
-------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်- အိန္ဒိယ မြို့ကြီးတွေအားလုံး ကူးစက်နှုန်းမြင့်မားရာ အနီရောင်ဇုန် သတ်မှတ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြို့တော် ဒေလီကို ကူးစက်နှုန်းမြင့်မားရာ အနီရောင်ဇုန် သတ်မှတ်

အိန္ဒိယမြို့တော် ဒေလီနဲ့ စီးပွားရေးမြို့တော် မွမ်ဘိုင်းတို့ အပါအဝင် မြို့ကြီး ခြောက်မြို့ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်မားတဲ့ အနီရောင်ဇုန် အဖြစ် သတ်မှတ်လိုက်ပါတယ်။

အစိုးရက ဗုဒ္ဓဟူးနေ့က ထုတ်လိုက်တဲ့ စည်းမျဉ်းအသစ်တွေထဲမှာ နိုင်ငံရဲ့ ကူးစက်မှု အခြေအနေတွေကို ကူးစက်မှုနှုန်းကို လိုက်ပြီး အရောင်တွေနဲ့ သတ်မှတ်လိုက်ပါတယ်။

အနီရောင်ဇုန်က ကူးစက်မှုနှုန်းမြင့်တဲ့ အန္တရာယ်ရှိတဲ့ဇုန်၊ လိမ္မော်ရောင်က ကူးစက်မှုတွေ ရှိတဲ့ဇုန်၊ အစိမ်းရောင်က ကူးစက်မှုမရှိတဲ့ဇုန်လို့ သတ်မှတ်ထားပါတယ်

ဒါပေမဲ့ နိုင်ငံထဲမှာ အစိမ်းရောင်ဇုန် တစ်ခုမှ မရှိပါဘူး။
တခြား အနီရောင်ဇုန်တွေက ဘယ်နေရာတွေလဲ

တနိုင်ငံလုံးမှာ ခရိုင် ၁၇၀ ကို အနီရောင်ဇုန်တွေ အဖြစ် သတ်မှတ်ထားပါတယ်။

ဒေလီနဲ့ မွမ်ဘိုင်းတို့အပြင် ချန်နိုင်း၊ ဘန်ဂလော၊ ကိုလ်ကတ္တားနဲ့ ဟိုက်ဒရာဘတ်တို့လည်း အနီရောင်တွေအဖြစ် သတ်မှတ်ထားပါတယ်။

ပြည်နယ်တချို့က စက်မှုနဲ့ ကုန်ထုတ်လုပ်ငန်း အချက်အချာနေရာတွေကိုလည်း အဲဒီစာရင်းထဲ ထည့်ထားပါတယ်။

ဗဟိုအစိုးရက ပြည်နယ်အစိုးရတွေကို အဲဒီနေရာတွေမှာ လာမယ့်သီတင်းပတ်မှာ ကူးစက်မှု ခြေရာခံဖို့နဲ့ ကူးစက်မှုစစ်ဆေးတာတွေ ပိုတိုးလုပ်ဖို့ ညွှန်ကြားထားပါတယ်။ အဲဒါက ကူးစက်မှုဇုန်အဆင့်ကို အနီကနေ လိမ္မော်၊ နောက် အစိမ်း တဖြည်းဖြည်းချင်း လျှော့ချနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ဒေလီမှာ မီးသတ်ဌာနက ပိုးသတ်ဆေးဖျန်း

အနီရောင်ဇုန်ထဲမှာ ၂၈ ရက်အတွင်း ကူးစက်မှု အသစ်မတွေ့ရရင် အစိမ်းရောင်ဇုန်အဖြစ် ပြောင်းသတ်မှတ်မှာ ဖြစ်ပြီး ၁၄ ရက်အတွင်း မတွေ့ရင် လိမ္မော်ရောင်ဇုန်အဖြစ် သတ်မှတ်မယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အဆိုအရ သိရပါတယ်။
အနီရောင်ဇုန်မှာ ဘာလုပ်မလဲ

ဒီနေရာရဲ့ ကူးစက်မှုဘယ်လောက်ဆိုးသလဲ သိအောင် အစိုးရ သေချာစစ်ဆေးတာတွေ လုပ်မှာပါ။ လူအများအပြားကို စုပေါင်း စစ်ဆေးမယ့် အစီအစဉ်တွေကို ပြည်နယ် အစိုးရတွေက ကြေညာထားပြီးပါပြီ။

အဲဒါက နမူနာယူမယ့် လူတချို့ဆီက နှာခေါင်းနဲ့လည်ချောင်းက တို့ဖတ်စ တွေကို ဘူးတစ်ခုထဲထည့်ယူပြီး ချက်ချင်းအဖြေသိနိုင်တဲ့ နည်းနဲ့ တစ်ချိန်တည်း စစ်ဆေးမှာပါ။ ဒါတွေကိုWHO ကလမ်းညွှန်ထားတဲ့ နည်းအတိုင်း လုပ်မှာပါ။

အဲဒီအဖြေမှာ ပိုးမတွေ့ရရင် လူအားလုံးမှာ ပိုးမရှိတာ ဖြစ်ပါတယ်။ ပိုးတွေ့ရရင်တော့ အဲဒီလူတွေကို တစ်ယောက်ချင်းစီ နောက်တစ်ခါ ထပ်စစ်မှာ ဖြစ်ပါတယ်။ အဲဒီလို စုပေါင်း စစ်ဆေးနည်းက လူနေထူထပ်တဲ့နေရာတွေအတွက် အချိန်ကုန် သက်သာစေပါတယ်။

စည်းမျဉ်းအသစ်တွေအရ ပိတ်ဆို့မှု ဖြေလျှော့မှုတွေကို ဧပြီ ၂၀ ရက်က အနီရောင် သတ်မှတ်ခံရတဲ့ နေရာတွေမှာ ကျင့်သုံးမှာ မဟုတ်ပါဘူး။

ပိတ်ဆို့ လော့ဒေါင်းလုပ်ထားပေမဲ့ ဖြေလျှော့မှုတွေကို စိုက်ပျိုးရေး၊ အွန်လိုင်းစီးပွားရေးနဲ့ လျှပ်စစ်နဲ့လက်သမားလို နေ့စားအလုပ်သမားတွေအတွက် ရည်ရွယ်လျှော့ပေးခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52309314
ကို႐ိုနာဗိုင္းရပ္စ္- အိႏၵိယ ၿမိဳ႕ႀကီးေတြအားလုံး ကူးစက္ႏႈန္းျမင့္မားရာ အနီေရာင္ဇုန္ သတ္မွတ္ ကို႐ိုနာဗိုင္းရပ္စ္- အိႏၵိယ ၿမိဳ႕ႀကီးေတြအားလုံး ကူးစက္ႏႈန္းျမင့္မားရာ အနီေရာင္ဇုန္ သတ္မွတ္ Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.