COVID-19 လူနာေတြကုရင္း ကုိယ္တုိင္ကူးစက္ခံရတဲ့ နယူးေယာက္က ျမန္မာဆရာ၀န္တဦးရဲ႕ အေတြ႔အႀကံဳ


(Zawgyi/Unicode)

နယူးေယာက္ၿမိဳ႕ကေဆးရုံမွာ COVID-19 လူနာေတြကုိ ကုသေပးရင္း ကုိယ္တုိင္ အဲဒီေရာဂါ ကူးစက္ခံလုိက္ရတဲ့ ျမန္မာ ဆရာ၀န္တဦးရဲ႕ အေတြ႔အႀကံဳကုိ တင္ျပေပးခ်င္ပါတယ္။

ေဒါက္တာ နႏၵဟာ နယူးေယာက္ၿမိဳ႕က Suny Downstate ေဆးရုံမွာ အဆုတ္နဲ႔ ICU အထူးၾကပ္မတ္ကုသေရးေဆးပညာ အထူးကုသင္တန္း တက္ေနသူ ျဖစ္ပါတယ္။ နယူးေယာက္ၿမိဳ႕ဟာ လက္ရွိမွာ အေမရိကန္ျပည္ေထာင္စုအတြင္း COVID-19 ကူးစက္မႈေတြ အႀကီးမားဆုံးျဖစ္ေနတဲ့ ေနရာျဖစ္တာနဲ႔အညီ လြန္ခဲ့တဲ့ သီတင္း ၃ ပတ္ေလာက္ကစၿပီး သူတုိ႔ ေဆးရုံမွာလည္း ဒီ COVID-19 ေရာဂါ ကူးစက္ေနတဲ့ လူနာေတြကုိ စတင္ ကုသေပးရင္းက သူကုိယ္တုိင္လည္း ဒီေရာဂါ ကူးစက္ခံခဲ့ရတာပါ။ သူ႔ရဲ႕အေတြ႔အႀကံဳေတြကုိ ကို ေဇာ္၀င္းလိႈင္က ဆက္သြယ္ေမးျမန္းစဥ္ သူက အခုလုိ စတင္ ရွင္းျပပါတယ္။

ေဒါက္တာ နႏၵ။ ။ အခု နယူးေယာက္က အေျခအေနက ေတာ္ေတာ္ဆိုးေနတယ္ခင္ဗ်။ က်ေနာ္တို႔ ေဆးရံုဆိုရင္ လြန္ခဲ့တဲ့ ၃ ပတ္ေက်ာ္ေလာက္မွာ စၿပီးေတာ့ COVID-19 လူနာေတြကုိ စၿပီးေတာ့ ေတြ႔ရတယ္ဗ် ။ အဲဒီအခ်ိန္ကေနစၿပီးေတာ့ လူနာေတြ တရက္ၿပီး တရက္ ပိုမ်ားလာတာ အခုဆိုရင္ က်ေနာ္တို႔ ICU က ၃ ဆေလာက္ ထပ္ၿပီး ခ်ဲ႕ထားရတယ္ခင္ဗ်။ က်ေနာ္တို႔ ICU မွာဆိုရင္ အသက္ရႈစက္ တင္ထားတဲ့ လူနာေတြက ၃၀ ကေန ၄၀ ေလာက္အထိ ရွိေနၿပီ။ ေနာက္ၿပီးေတာ့ ပံုမွန္ medical ward ေတြမွာလည္း COVID-19 လူနာေတြ ေနာက္ထပ္ ၄၀- ၅၀ ေလာက္အထိ ရွိေနၿပီဗ်။

ကိုေဇာ္၀င္းလိႈင္။ ။ ဆိုေတာ့ ၁၀၀ နား ကပ္လာၿပီေပါ့ေနာ္ တေျဖးေျဖး

ေဒါက္တာ နႏၵ။ ။ ဟုတ္တယ္ တရက္ထပ္ တရက္ကို လူနာေတြ ပိုပိုၿပီးတိုးလာေနတယ္။

ကိုေဇာ္၀င္းလိႈင္။ ။ ကို နႏၵက အဲဒီေတာ့ ဘယ္ေဆးရံုမွာ တာ၀န္ယူထားတာလဲခင္ဗ်။

ေဒါက္တာ နႏၵ။ ။ က်ေနာ္ကေတာ့ ICU ဆိုေတာ့ ေရာဂါလကၡဏာ ျပင္းထန္တဲ့လူနာေတြ ၊ ရုတ္တရက္ အဆုတ္ပ်က္စီးၿပီးေတာ့ အသက္ရႈစက္ တင္ဖို႔ လိုတဲ့လူနာေတြကို အဓိက ကုသေပးရတာပါဗ်။

ကိုေဇာ္၀င္းလိႈင္။ ။ ကို နႏၵတို႔ ေဆးရံုကို ေတြမွာလည္း COVID-19 လူနာေတြ စေရာက္ကတည္းက လူနာေတြကို ကိုင္တြယ္လာရတာလားခင္ဗ်။

ေဒါက္တာ နႏၵ။ ။ ဟုတ္တယ္ဗ် ဒီ ၃ ပတ္ေက်ာ္အတြင္းမွာ ေတြမွာလည္း COVID-19 လူနာေတြကိုပဲ အမ်ားဆံုး ကုသေပးေနရပါတယ္။

ကိုေဇာ္၀င္းလိႈင္။ ။ အဲလို ကုသေနရင္းနဲ႔ က်ေနာ္ၾကားတာက ကို နႏၵကိုယ္တိုင္ COVID-19 ကူးစက္ခံရတယ္လို႔ ၾကားပါတယ္ အဲဒါ ဘယ္လို စသိသလဲ ၊ ခႏၶာကိုယ္မွာ ေျပာင္းလဲမႈေတြ ဘာေတြျဖစ္သလဲ။ COVID-19 ကိုယ့္မွာ ျဖစ္တယ္လို႔ ဘယ္လို သံသရ စရွိသလဲ။

ေဒါက္တာ နႏၵ။ ။ က်ေနာ္ကေတာ့ ဒီ ၃ ပတ္ေက်ာ္အတြင္းမွာ ေန႔တိုင္း COVID-19 လူနာေတြကို ကုသေနရတာဆိုေတာ့ ဘယ္အခ်ိန္မွာ ဘယ္လို ကူးသြားသလဲဆိုတာကေတာ့ အတိအက် ေျပာဖို႔ေတာ့ နညး္နည္းခက္တာေပါ့။ ဘယ္လို စသိသလဲဆိုေတာ့ ထိပ္ဆံုးကေတာ့ ေခါင္းကိုက္တာကေန စတယ္ခင္ဗ်။ ပထမ တရက္ေခါင္းကိုက္တယ္ ေနာက္ရက္မွာေတာ့ အဖ်ား စရွိလာတာေပါ့။ အဲဒီမွာ အဖ်ားစရွိေတာ့ က်ေန္ာ test လုပ္လိုက္တဲ့အခါမွာ test က positive ျဖစ္ေနတယ္။ အဓိက ျဖစ္တာက က်ေနာ္က ေခါင္းကိုက္တာနဲ႔ ဖ်ားတာနဲ႔ ၂ ရက္ ၃ ရက္ေလာက္ျဖစ္တယ္။ ေနာက္ ကိုယ္လက္ မအီမသာျဖစ္တာေပါ့။ ဒါေပမယ့္ က်ေနာ္ တျခား respiratory symptoms မ်ိဳးျဖစ္တဲ့ ေခ်ာင္းဆိုးတာေတြ၊ အသက္ရႈမ၀တာေတြေတာ့ မျဖစ္လိုက္ဘူး။ အခုဆိုရင္ေတာ့ အကုန္လံုးက်ေနာ္ ေတာ္ေတာ္ေတာ့ ျပန္ေကာင္းေနပါၿပီ။ ဒီမွာလည္း ေနျပန္ေကာင္းသေလာက္ရွိေနၿပီ ေနာက္တပတ္ဆိုရင္ အလုပ္ကို ျပန္သြားဖို႔အတြက္ ready ျဖစ္ေနပါၿပီ။

ကိုေဇာ္၀င္းလိႈင္။ ။ က်ေနာ္တို႔ ၾကားတာက COVID-19 ခ်င္းအတူတူမွာ နည္းနည္းျပင္းတဲ့ ဟာမ်ိဳး သိပ္မျပင္းတာမ်ိဳး ၊ အရမ္းကို ဆိုးတဲ့ဟာမ်ိဳး ဆိုတာ အစားစားရွိတယ္လို႔ ေျပာပါတယ္။ ဆိုေတာ့ ကိုနႏၵျဖစ္တာက သိပ္မျပင္းတဲ့အေနအထားမို႔ ၊ က်ေနာ္တို႔ သတင္းေတြ မွာ ေတြ႔ေနတာေတြက အျပင္းအထန္ခံစားေနရတာမ်ိဳး မခံစားလိုက္ရတာလား နည္းနည္းေလး ရွင္းျပပါ။

ေဒါက္တာ နႏၵ။ ။ ဟုတ္တယ္ဗ် အကို ေျပာသလိုမ်ိဳးပဲ COVID လူနာေတြမွာ အေျခအေနက ၃ ခုျဖစ္ႏိုင္တာေပါ့။ mild symptoms ဆိုတာမ်ိဳးက အေပ်ာ့စားေပါ့ က်ေနာ္တို႔ပံုမွန္ျဖစ္သလိုမ်ိဳး common cold လို႔ေခၚတာေပါ့ ပံုမွန္အေအးမိ၊ ႏွာေစးေခ်ာင္းဆိုးသေလာက္ပဲ ျဖစ္တယ္။ တခ်ိဳ႕ နညး္နည္း ပိုဆိုးတဲ့လူနာေတြမွာဆိုရင္ေတာ့ အသက္ရႈမ၀တာေတြ ေခ်ာင္းအရမ္းဆိုးတာေတြျဖစ္ၿပီး ေဆးရံုတက္ဖို႔အတြက္ ေလာက္အထိ ျဖစ္တာေပါ့။ ေနာက္ၿပီး ပိုျပင္းထန္တဲ့လူနာေတြဆိုရင္ေတာ့ ICU ထိန္းဖို႔ လိုသြားတဲ့အေျခအေနအထိ ျဖစ္ႏိုင္တာေပါ့။ ေနာက္ ဒီ ၃ ခုကို ျပန္ခြဲမယ္ဆုိရင္ေတာ့symptom ေပ်ာ့တဲ့ လကၡဏာနဲ႔ လာတာကေတာ့ ၈၀ ရာခိုင္ႏႈန္းေလာက္ရွိမယ္။ ေနာက္ၿပီး ေဆးရံုတက္ဖို႔ ေလာက္အထိ ဆိုးတာကေတာ့ ၁၅ ရာခိုင္ႏႈန္းေလာက္ရွိမယ္။ ေနာက္ၿပီး ICU အထိ လိုတာကေတာ့ ၅ ရာခိုင္ႏႈန္းေလာက္ရွိမယ္။

ကိုေဇာ္၀င္းလိႈင္။ ။ အဲဒီေတာ့ သိပ္မျပင္းတဲ့လူေတြဆိုရင္ေတာ့ အနိမ့္ဆံုးအဆင့္မွာ ရွိတဲ့လူေတြဆိုရင္ ခဏတျဖဳတ္ေဆးရံုမွာ ၾကည့္ၿပီးေတာ့ အိမ္မွာပဲ Quarantine လုပ္ခိုင္တယ္ဆိုတာမ်ိဳးလား ဘယ္လိုမ်ိဳးလုပ္သလဲ။

ေဒါက္တာ နႏၵ။ ။ အခုဆိုရင္ေတာ့ သူတို႔ ဘယ္လို Recommend လုပ္ေနသလဲဆိုရင္ေတာ့ ပံုမွန္ေနမေကာင္းျဖစ္ရံုေလာက္ပဲ ျဖစ္တယ္ဆိုရင္ေတာ့ ေဆးရံုေတာင္မွ မလာခိုင္းေတာ့ဘူး။ အခုေဆးရံုကလည္း လူနာေတြနဲ႔ ျပည့္ေနတဲ့အခါက်ေတာ့ symptom ေပ်ာ့တယ္ ၊ ႏွာေစးေခ်ာင္းဆိုးေလာက္ပဲ ရွိတယ္ဆိုရင္ အိမ္မွာပဲ ေနခိုင္းတယ္။ တကယ္လို႔ အသက္ရႈမ၀တာေတြ ေခ်ာင္းဆိုးတာေတြ မသက္သာတာေတြ ရက္ၾကာလာမယ္ဆိုရင္ အဲဒီအခ်ိန္မွာပဲ ေဆးရံုေဆးခန္းေတြကို သြားဖို႔အတြက္ recommend လုပ္ထားတယ္ အခုအခ်ိန္မွာ။
ကိုေဇာ္၀င္းလိႈင္။ ။ ေဒါက္တာ နႏၵ က အခု ျပန္ၿပီးေတာ့ သက္သာလာၿပီ မၾကာခင္မွာလည္း အလုပ္ ျပန္ဆင္းလို႔ရတဲ့ အေနအထားျဖစ္ၿပီဆိုေတာ့ ေရာဂါက ဘယ္အခ်ိန္မွာ သတ္မွတ္တာလဲ ေဆးပညာအရေပါ့ေနာ္။ ေပ်ာက္သြားရင္လည္း ဘယ္ေလာက္ၾကာၾကာလူေတြနဲ႔ သီးျခားခြဲေနရတဲ့အတိုင္းအတာရွိသလဲဆိုတာ ရွင္းျပပါဦး။

ေဒါက္တာ နႏၵ။ ။ က်ေနာ္တို႔အခု CDC ကေန လမ္းညြန္ထားတာေပါ့ေလ ေရာဂါျဖစ္ၿပီးဆိုရင္ ဖ်ားတာရယ္၊ ေရာဂါလကၡဏာရယ္၊ ေပ်ာက္တာ ၃ ရက္ၾကာၿပီဆိုရင္ ေနာက္ၿပီးေတာ့ ေရာဂါလကၡဏာစျပတာကေန ၇ ရက္ၾကာၿပီဆိုရင္ home isolation ကို နားလို႔ရၿပီလို႔ သူတို႔ လမ္းညႊန္ထားပါတယ္။ ဒါေပမယ့္ က်ေနာ္တုိ႔ က်န္းမာေရး၀န္ထမ္းေတြ အလုပ္ကို ျပန္သြားမယ္ဆိုရင္ေတာ့ mask ကို ေတာက္ေလွ်ာက္တပ္ထားဖို႔ ညႊန္ၾကားထားပါတယ္။ ေရာဂါလကၡဏာ စျဖစ္ၿပီး ၁၄ ရက္ၾကာတဲ့အထိ mask ကို အခ်ိန္ျပည့္တပ္ထားဖို႔ ညႊန္ၾကားထားပါတယ္။

ကိုေဇာ္၀င္းလိႈင္။ ။ အဲဒီေတာ့ ေဒါက္တာ နႏၵလိုပဲ COVID-19 ျဖစ္ၿပီး ျပန္ေကာင္းလာတဲ့ လုပ္ငန္းခြင္ျပန္၀င္လာတဲ့ ဆရာ၀န္ေတြ က်န္းမာေရး၀န္ထမ္းေတြ ရွိတယ္ေပါ့ေနာ္။

ေဒါက္တာ နႏၵ။ ။ ရွိတယ္ခင္ဗ် က်ေနာ့္လုပ္ေဖာ္ကိုင္ဘက္ေတြ ထဲမွာလည္း ICU ဆရာ၀န္ ၃ ေယာက္ အခုေလာေလာဆယ္ ျဖစ္ေနတယ္။ ဒါေပမယ့္ သူတို႔လည္း အကုန္ ျပန္ေနေကာင္းေနပါၿပီ။

ကိုေဇာ္၀င္းလိႈင္။ ။ ေဒါက္တာ နႏၵတို႔ အခု နယူးေယာက္မွာ ကုေနရတဲ့အေတြ႔အၾကံဳ အရၾကည့္ၿပီးေျပာမယ္ဆိုရင္ေတာ့ ျမန္မာႏိုင္ငံမွာေတာ့ အခုမွ စျဖစ္ခါစပဲ ရွိေသးတယ္။ ဆိုးဆိုး၀ါး၀ါးျဖစ္လာမယ္လို႔ေတာ့ ယတိပ်က္မေျပာႏိုင္ဘူးေပါ့ေနာ္။ ဒါေပမယ့္ ျဖစ္လာႏိုင္ေျခ တျခားႏိုင္ငံေတြရဲ႕ နမူနာကို ၾကည့္ၿပီး ျဖစ္လာႏိုင္ေျခ ရွိတယ္လို႔ ယူဆရတယ္ အဲဒီေတာ့ နယူးေယာက္မွာ ကုေနရတဲ့အေနအထားနဲ႔ ႏိႈင္းယွဥ္ၿပီးေျပာမယ္ဆိုရင္ ျမန္မာ ႏိုင္ငံကို ဘယ္လို အၾကံ ဉာဏ္မ်ိဳးေပးခ်င္သလဲ။

ေဒါက္တာ နႏၵ။ ။ အခု နယူးေယာက္မွာ အေျခအေနကေတာ့ ေတာ္ေတာ္ဆိုးေနတယ္လို႔ ေျပာရမွာေပါ့ေနာ္။ လူနာအေရအတြက္ကလည္း ထိန္းခ်ဳပ္လို႔ မရႏိုင္ေအာင္ ျမင့္တက္ေနတယ္။ ေဆးရံုေတြကလည္း မႏိုင္မနင္းေတြျဖစ္ေနတယ္ က်ေနာ္တို႔ဆီမွာဆိုရင္ တခ်ိဳ႕ေဆး၀ါးေတြ မရွိသေလာက္ေအာင္ ျဖစ္ေနပါၿပီ။ ဒီ အသက္ရႈစက္ ventilator patient ေတြေပးရတဲ့ ေဆးေတြဆိုရင္ တခ်ိဳ႕ က်ေနာ္တို႔ဆီမွာ မရွိေတာ့ပါဘူး။ အဲဒီေတာ့ က်ေနာ္ျမန္မာႏိုင္ငံကို ေျပာခ်င္တာကေတာ့ အခုမွ ျမန္မာႏိုင္ငံမွာ ေရာဂါ စျပန္႕ခါစဆိုေတာ့ က်ေနာ္ေျပာခ်င္တာက ဒီမွာလိုမ်ိဳး ဆိုး၀ါးတဲ့ အေျခအေနေတြ မျဖစ္ေအာင္လို႔ ျမန္မာႏိုင္ငံမွာ ရွိတဲ့ ျပည္သူေတြ ပူးေပါင္းၿပီးေတာ့ ေရာဂါကို ဆက္ၿပီးေတာ့ မျပန္႕ပြားေအာင္ ပူးေပါင္းေဆာင္ရြက္ၾကဖို႔ ေျပာခ်င္ပါတယ္။ ဒါေပမယ့္လည္း အဆိုးဆံုးအေျခအေန ျဖစ္လာႏိုင္တာကို ၾကိဳၿပီးျပင္ဆင္ထားဖို႔လည္း ေျပာခ်င္ပါတယ္။ လိုအပ္တဲ့ ကာကြယ္ေရးပစၥည္းေတြ လံုလံုေလာက္ေလာက္ရွိဖို႔ ေဆး၀ါးေတြ လံုလံုေလာက္ေလာက္ရွိဖို႔ ေဆး၀ါး ကရိယာေတြလံုလံုေလာက္ေလာက္ရွိဖို႔ ၾကိဳၿပီးျပင္ဆင္ထားဖို႔လည္း ေျပာခ်င္ပါတယ္။

ကိုေဇာ္၀င္းလိႈင္က နယူးေယာက္ၿမိဳ႕ Suny Downstate ေဆးရုံက ေဒါက္တာ နႏၵ ကို ဆက္သြယ္ေမးျမန္းခဲ့တာပါ။

ကိုုေဇာ္၀င္းလႈိင္ / ဗြီအိုေအ (ျမန္မာပုိင္း)
.......................

COVID-19 လူနာတွေကုရင်း ကိုယ်တိုင်ကူးစက်ခံရတဲ့ နယူးယောက်က မြန်မာဆရာဝန်တဦးရဲ့ အတွေ့အကြုံ

(Unicode)

နယူးယောက်မြို့ကဆေးရုံမှာ COVID-19 လူနာတွေကို ကုသပေးရင်း ကိုယ်တိုင် အဲဒီရောဂါ ကူးစက်ခံလိုက်ရတဲ့ မြန်မာ ဆရာဝန်တဦးရဲ့ အတွေ့အကြုံကို တင်ပြပေးချင်ပါတယ်။

ဒေါက်တာ နန္ဒဟာ နယူးယောက်မြို့က Suny Downstate ဆေးရုံမှာ အဆုတ်နဲ့ ICU အထူးကြပ်မတ်ကုသရေးဆေးပညာ အထူးကုသင်တန်း တက်နေသူ ဖြစ်ပါတယ်။ နယူးယောက်မြို့ဟာ လက်ရှိမှာ အမေရိကန်ပြည်ထောင်စုအတွင်း COVID-19 ကူးစက်မှုတွေ အကြီးမားဆုံးဖြစ်နေတဲ့ နေရာဖြစ်တာနဲ့အညီ လွန်ခဲ့တဲ့ သီတင်း ၃ ပတ်လောက်ကစပြီး သူတို့ ဆေးရုံမှာလည်း ဒီ COVID-19 ရောဂါ ကူးစက်နေတဲ့ လူနာတွေကို စတင် ကုသပေးရင်းက သူကိုယ်တိုင်လည်း ဒီရောဂါ ကူးစက်ခံခဲ့ရတာပါ။ သူ့ရဲ့အတွေ့အကြုံတွေကို ကို ဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းစဉ် သူက အခုလို စတင် ရှင်းပြပါတယ်။

ဒေါက်တာ နန္ဒ။ ။ အခု နယူးယောက်က အခြေအနေက တော်တော်ဆိုးနေတယ်ခင်ဗျ။ ကျနော်တို့ ဆေးရုံဆိုရင် လွန်ခဲ့တဲ့ ၃ ပတ်ကျော်လောက်မှာ စပြီးတော့ COVID-19 လူနာတွေကို စပြီးတော့ တွေ့ရတယ်ဗျ ။ အဲဒီအချိန်ကနေစပြီးတော့ လူနာတွေ တရက်ပြီး တရက် ပိုများလာတာ အခုဆိုရင် ကျနော်တို့ ICU က ၃ ဆလောက် ထပ်ပြီး ချဲ့ထားရတယ်ခင်ဗျ။ ကျနော်တို့ ICU မှာဆိုရင် အသက်ရှုစက် တင်ထားတဲ့ လူနာတွေက ၃၀ ကနေ ၄၀ လောက်အထိ ရှိနေပြီ။ နောက်ပြီးတော့ ပုံမှန် medical ward တွေမှာလည်း COVID-19 လူနာတွေ နောက်ထပ် ၄၀- ၅၀ လောက်အထိ ရှိနေပြီဗျ။

ကိုဇော်ဝင်းလှိုင်။ ။ ဆိုတော့ ၁၀၀ နား ကပ်လာပြီပေါ့နော် တဖြေးဖြေး

ဒေါက်တာ နန္ဒ။ ။ ဟုတ်တယ် တရက်ထပ် တရက်ကို လူနာတွေ ပိုပိုပြီးတိုးလာနေတယ်။

ကိုဇော်ဝင်းလှိုင်။ ။ ကို နန္ဒက အဲဒီတော့ ဘယ်ဆေးရုံမှာ တာဝန်ယူထားတာလဲခင်ဗျ။

ဒေါက်တာ နန္ဒ။ ။ ကျနော်ကတော့ ICU ဆိုတော့ ရောဂါလက္ခဏာ ပြင်းထန်တဲ့လူနာတွေ ၊ ရုတ်တရက် အဆုတ်ပျက်စီးပြီးတော့ အသက်ရှုစက် တင်ဖို့ လိုတဲ့လူနာတွေကို အဓိက ကုသပေးရတာပါဗျ။

ကိုဇော်ဝင်းလှိုင်။ ။ ကို နန္ဒတို့ ဆေးရုံကို တွေမှာလည်း COVID-19 လူနာတွေ စရောက်ကတည်းက လူနာတွေကို ကိုင်တွယ်လာရတာလားခင်ဗျ။

ဒေါက်တာ နန္ဒ။ ။ ဟုတ်တယ်ဗျ ဒီ ၃ ပတ်ကျော်အတွင်းမှာ တွေမှာလည်း COVID-19 လူနာတွေကိုပဲ အများဆုံး ကုသပေးနေရပါတယ်။

ကိုဇော်ဝင်းလှိုင်။ ။ အဲလို ကုသနေရင်းနဲ့ ကျနော်ကြားတာက ကို နန္ဒကိုယ်တိုင် COVID-19 ကူးစက်ခံရတယ်လို့ ကြားပါတယ် အဲဒါ ဘယ်လို စသိသလဲ ၊ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ဘာတွေဖြစ်သလဲ။ COVID-19 ကိုယ့်မှာ ဖြစ်တယ်လို့ ဘယ်လို သံသရ စရှိသလဲ။

ဒေါက်တာ နန္ဒ။ ။ ကျနော်ကတော့ ဒီ ၃ ပတ်ကျော်အတွင်းမှာ နေ့တိုင်း COVID-19 လူနာတွေကို ကုသနေရတာဆိုတော့ ဘယ်အချိန်မှာ ဘယ်လို ကူးသွားသလဲဆိုတာကတော့ အတိအကျ ပြောဖို့တော့ နည်းနည်းခက်တာပေါ့။ ဘယ်လို စသိသလဲဆိုတော့ ထိပ်ဆုံးကတော့ ခေါင်းကိုက်တာကနေ စတယ်ခင်ဗျ။ ပထမ တရက်ခေါင်းကိုက်တယ် နောက်ရက်မှာတော့ အဖျား စရှိလာတာပေါ့။ အဲဒီမှာ အဖျားစရှိတော့ ကျနေ်ာ test လုပ်လိုက်တဲ့အခါမှာ test က positive ဖြစ်နေတယ်။ အဓိက ဖြစ်တာက ကျနော်က ခေါင်းကိုက်တာနဲ့ ဖျားတာနဲ့ ၂ ရက် ၃ ရက်လောက်ဖြစ်တယ်။ နောက် ကိုယ်လက် မအီမသာဖြစ်တာပေါ့။ ဒါပေမယ့် ကျနော် တခြား respiratory symptoms မျိုးဖြစ်တဲ့ ချောင်းဆိုးတာတွေ၊ အသက်ရှုမဝတာတွေတော့ မဖြစ်လိုက်ဘူး။ အခုဆိုရင်တော့ အကုန်လုံးကျနော် တော်တော်တော့ ပြန်ကောင်းနေပါပြီ။ ဒီမှာလည်း နေပြန်ကောင်းသလောက်ရှိနေပြီ နောက်တပတ်ဆိုရင် အလုပ်ကို ပြန်သွားဖို့အတွက် ready ဖြစ်နေပါပြီ။

ကိုဇော်ဝင်းလှိုင်။ ။ ကျနော်တို့ ကြားတာက COVID-19 ချင်းအတူတူမှာ နည်းနည်းပြင်းတဲ့ ဟာမျိုး သိပ်မပြင်းတာမျိုး ၊ အရမ်းကို ဆိုးတဲ့ဟာမျိုး ဆိုတာ အစားစားရှိတယ်လို့ ပြောပါတယ်။ ဆိုတော့ ကိုနန္ဒဖြစ်တာက သိပ်မပြင်းတဲ့အနေအထားမို့ ၊ ကျနော်တို့ သတင်းတွေ မှာ တွေ့နေတာတွေက အပြင်းအထန်ခံစားနေရတာမျိုး မခံစားလိုက်ရတာလား နည်းနည်းလေး ရှင်းပြပါ။

ဒေါက်တာ နန္ဒ။ ။ ဟုတ်တယ်ဗျ အကို ပြောသလိုမျိုးပဲ COVID လူနာတွေမှာ အခြေအနေက ၃ ခုဖြစ်နိုင်တာပေါ့။ mild symptoms ဆိုတာမျိုးက အပျော့စားပေါ့ ကျနော်တို့ပုံမှန်ဖြစ်သလိုမျိုး common cold လို့ခေါ်တာပေါ့ ပုံမှန်အအေးမိ၊ နှာစေးချောင်းဆိုးသလောက်ပဲ ဖြစ်တယ်။ တချို့ နည်းနည်း ပိုဆိုးတဲ့လူနာတွေမှာဆိုရင်တော့ အသက်ရှုမဝတာတွေ ချောင်းအရမ်းဆိုးတာတွေဖြစ်ပြီး ဆေးရုံတက်ဖို့အတွက် လောက်အထိ ဖြစ်တာပေါ့။ နောက်ပြီး ပိုပြင်းထန်တဲ့လူနာတွေဆိုရင်တော့ ICU ထိန်းဖို့ လိုသွားတဲ့အခြေအနေအထိ ဖြစ်နိုင်တာပေါ့။ နောက် ဒီ ၃ ခုကို ပြန်ခွဲမယ်ဆိုရင်တော့symptom ပျော့တဲ့ လက္ခဏာနဲ့ လာတာကတော့ ၈၀ ရာခိုင်နှုန်းလောက်ရှိမယ်။ နောက်ပြီး ဆေးရုံတက်ဖို့ လောက်အထိ ဆိုးတာကတော့ ၁၅ ရာခိုင်နှုန်းလောက်ရှိမယ်။ နောက်ပြီး ICU အထိ လိုတာကတော့ ၅ ရာခိုင်နှုန်းလောက်ရှိမယ်။

ကိုဇော်ဝင်းလှိုင်။ ။ အဲဒီတော့ သိပ်မပြင်းတဲ့လူတွေဆိုရင်တော့ အနိမ့်ဆုံးအဆင့်မှာ ရှိတဲ့လူတွေဆိုရင် ခဏတဖြုတ်ဆေးရုံမှာ ကြည့်ပြီးတော့ အိမ်မှာပဲ Quarantine လုပ်ခိုင်တယ်ဆိုတာမျိုးလား ဘယ်လိုမျိုးလုပ်သလဲ။

ဒေါက်တာ နန္ဒ။ ။ အခုဆိုရင်တော့ သူတို့ ဘယ်လို Recommend လုပ်နေသလဲဆိုရင်တော့ ပုံမှန်နေမကောင်းဖြစ်ရုံလောက်ပဲ ဖြစ်တယ်ဆိုရင်တော့ ဆေးရုံတောင်မှ မလာခိုင်းတော့ဘူး။ အခုဆေးရုံကလည်း လူနာတွေနဲ့ ပြည့်နေတဲ့အခါကျတော့ symptom ပျော့တယ် ၊ နှာစေးချောင်းဆိုးလောက်ပဲ ရှိတယ်ဆိုရင် အိမ်မှာပဲ နေခိုင်းတယ်။ တကယ်လို့ အသက်ရှုမဝတာတွေ ချောင်းဆိုးတာတွေ မသက်သာတာတွေ ရက်ကြာလာမယ်ဆိုရင် အဲဒီအချိန်မှာပဲ ဆေးရုံဆေးခန်းတွေကို သွားဖို့အတွက် recommend လုပ်ထားတယ် အခုအချိန်မှာ။
ကိုဇော်ဝင်းလှိုင်။ ။ ဒေါက်တာ နန္ဒ က အခု ပြန်ပြီးတော့ သက်သာလာပြီ မကြာခင်မှာလည်း အလုပ် ပြန်ဆင်းလို့ရတဲ့ အနေအထားဖြစ်ပြီဆိုတော့ ရောဂါက ဘယ်အချိန်မှာ သတ်မှတ်တာလဲ ဆေးပညာအရပေါ့နော်။ ပျောက်သွားရင်လည်း ဘယ်လောက်ကြာကြာလူတွေနဲ့ သီးခြားခွဲနေရတဲ့အတိုင်းအတာရှိသလဲဆိုတာ ရှင်းပြပါဦး။

ဒေါက်တာ နန္ဒ။ ။ ကျနော်တို့အခု CDC ကနေ လမ်းညွန်ထားတာပေါ့လေ ရောဂါဖြစ်ပြီးဆိုရင် ဖျားတာရယ်၊ ရောဂါလက္ခဏာရယ်၊ ပျောက်တာ ၃ ရက်ကြာပြီဆိုရင် နောက်ပြီးတော့ ရောဂါလက္ခဏာစပြတာကနေ ၇ ရက်ကြာပြီဆိုရင် home isolation ကို နားလို့ရပြီလို့ သူတို့ လမ်းညွှန်ထားပါတယ်။ ဒါပေမယ့် ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေ အလုပ်ကို ပြန်သွားမယ်ဆိုရင်တော့ mask ကို တောက်လျှောက်တပ်ထားဖို့ ညွှန်ကြားထားပါတယ်။ ရောဂါလက္ခဏာ စဖြစ်ပြီး ၁၄ ရက်ကြာတဲ့အထိ mask ကို အချိန်ပြည့်တပ်ထားဖို့ ညွှန်ကြားထားပါတယ်။

ကိုဇော်ဝင်းလှိုင်။ ။ အဲဒီတော့ ဒေါက်တာ နန္ဒလိုပဲ COVID-19 ဖြစ်ပြီး ပြန်ကောင်းလာတဲ့ လုပ်ငန်းခွင်ပြန်ဝင်လာတဲ့ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေ ရှိတယ်ပေါ့နော်။

ဒေါက်တာ နန္ဒ။ ။ ရှိတယ်ခင်ဗျ ကျနော့်လုပ်ဖော်ကိုင်ဘက်တွေ ထဲမှာလည်း ICU ဆရာဝန် ၃ ယောက် အခုလောလောဆယ် ဖြစ်နေတယ်။ ဒါပေမယ့် သူတို့လည်း အကုန် ပြန်နေကောင်းနေပါပြီ။

ကိုဇော်ဝင်းလှိုင်။ ။ ဒေါက်တာ နန္ဒတို့ အခု နယူးယောက်မှာ ကုနေရတဲ့အတွေ့အကြုံ အရကြည့်ပြီးပြောမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာတော့ အခုမှ စဖြစ်ခါစပဲ ရှိသေးတယ်။ ဆိုးဆိုးဝါးဝါးဖြစ်လာမယ်လို့တော့ ယတိပျက်မပြောနိုင်ဘူးပေါ့နော်။ ဒါပေမယ့် ဖြစ်လာနိုင်ခြေ တခြားနိုင်ငံတွေရဲ့ နမူနာကို ကြည့်ပြီး ဖြစ်လာနိုင်ခြေ ရှိတယ်လို့ ယူဆရတယ် အဲဒီတော့ နယူးယောက်မှာ ကုနေရတဲ့အနေအထားနဲ့ နှိုင်းယှဉ်ပြီးပြောမယ်ဆိုရင် မြန်မာ နိုင်ငံကို ဘယ်လို အကြံ ဉာဏ်မျိုးပေးချင်သလဲ။

ဒေါက်တာ နန္ဒ။ ။ အခု နယူးယောက်မှာ အခြေအနေကတော့ တော်တော်ဆိုးနေတယ်လို့ ပြောရမှာပေါ့နော်။ လူနာအရေအတွက်ကလည်း ထိန်းချုပ်လို့ မရနိုင်အောင် မြင့်တက်နေတယ်။ ဆေးရုံတွေကလည်း မနိုင်မနင်းတွေဖြစ်နေတယ် ကျနော်တို့ဆီမှာဆိုရင် တချို့ဆေးဝါးတွေ မရှိသလောက်အောင် ဖြစ်နေပါပြီ။ ဒီ အသက်ရှုစက် ventilator patient တွေပေးရတဲ့ ဆေးတွေဆိုရင် တချို့ ကျနော်တို့ဆီမှာ မရှိတော့ပါဘူး။ အဲဒီတော့ ကျနော်မြန်မာနိုင်ငံကို ပြောချင်တာကတော့ အခုမှ မြန်မာနိုင်ငံမှာ ရောဂါ စပြန့်ခါစဆိုတော့ ကျနော်ပြောချင်တာက ဒီမှာလိုမျိုး ဆိုးဝါးတဲ့ အခြေအနေတွေ မဖြစ်အောင်လို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူတွေ ပူးပေါင်းပြီးတော့ ရောဂါကို ဆက်ပြီးတော့ မပြန့်ပွားအောင် ပူးပေါင်းဆောင်ရွက်ကြဖို့ ပြောချင်ပါတယ်။ ဒါပေမယ့်လည်း အဆိုးဆုံးအခြေအနေ ဖြစ်လာနိုင်တာကို ကြိုပြီးပြင်ဆင်ထားဖို့လည်း ပြောချင်ပါတယ်။ လိုအပ်တဲ့ ကာကွယ်ရေးပစ္စည်းတွေ လုံလုံလောက်လောက်ရှိဖို့ ဆေးဝါးတွေ လုံလုံလောက်လောက်ရှိဖို့ ဆေးဝါး ကရိယာတွေလုံလုံလောက်လောက်ရှိဖို့ ကြိုပြီးပြင်ဆင်ထားဖို့လည်း ပြောချင်ပါတယ်။

ကိုဇော်ဝင်းလှိုင်က နယူးယောက်မြို့ Suny Downstate ဆေးရုံက ဒေါက်တာ နန္ဒ ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

ကိုုေဇာ္၀င္းလႈိင္ / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/covid-19-myanmar-doctor-experience-in-new-york-out-break-/5357750.html
COVID-19 လူနာေတြကုရင္း ကုိယ္တုိင္ကူးစက္ခံရတဲ့ နယူးေယာက္က ျမန္မာဆရာ၀န္တဦးရဲ႕ အေတြ႔အႀကံဳ COVID-19 လူနာေတြကုရင္း ကုိယ္တုိင္ကူးစက္ခံရတဲ့ နယူးေယာက္က ျမန္မာဆရာ၀န္တဦးရဲ႕ အေတြ႔အႀကံဳ Reviewed by THITHTOOLWIN on 05:43 Rating: 5
Powered by Blogger.