ဓာတ္ခြဲအတည္ျပဳလူနာမ်ားႏွင့္ ထိေတြ႕ခဲ့သူမ်ားအား ရွာေဖြေထာက္လွမ္းမႈ


(Zawgyi)⤵⤵⤵
ေနျပည္ေတာ္၊ (၂၀၂၀) ျပည့္ႏွစ္၊ ဧၿပီလ (၂) ရက္ေန႔

C-9 ဓာတ္ခြဲအတည္ျပဳလူနာ

- ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အသက္ (၄၄) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးျဖစ္၍ (၂၃-၃-၂၀၂၀) ရက္ေန႔တြင္ ထိုင္းႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ျမဝတီၿမိဳ႕မွတစ္ဆင့္ ဝင္ေရာက္ခဲ့ၿပီး (၂၆-၃-၂၀၂၀) ရက္ေန႔တြင္ မဂၤလာဒုံၿမိဳ႕နယ္သို႔ ေရာက္ရွိခဲ့ပါသည္။

- ထိုသူမွာ (၂၆-၃-၂၀၂၀) ရက္ေန႔တြင္ပင္ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္းေဝဒနာမ်ား ခံစားခဲ့ရသျဖင့္ ျပည္သူ႔ေဆး႐ုံ၊ ပုလဲၿမိဳ႕သစ္၌ (၂၆-၃-၂၀၂၀) ရက္ေန႔တြင္ ေစာင့္ၾကည့္လူနာအျဖစ္ ေဆးကုသမႈခံယူကာ ဓာတ္ခြဲနမူနာအား ေပးပို႔စစ္ ေဆးခဲ့ရာ (၂၉-၃-၂၀၂၀) ရက္ အဆိုပါလူနာအား ေဝဘာဂီအထူးကုေဆး႐ုံႀကီးသို႔ လႊဲေျပာင္းကုသမႈ ခံယူေစမည္ျဖစ္ပါသည္။

- အဆိုပါလူနာသည္ ၎၏ဇနီးျဖစ္သူႏွင့္အတူ ထိုင္းႏိုင္ငံ၊ မဲေဆာက္ၿမိဳ႕သို႔ (၂၅-၃-၂၀၂၀) ရက္ေန႔၊ ညေနပိုင္းတြင္ေရာက္ရွိခဲ့ၿပီး၊ ျမဝတီသို ည (၇) နာရီခန႔္တြင္ ေရာက္ရွိ၍ ေ႐ႊနန္းထိုက္ ျမဝတီ-ရန္ကုန္ Express ျဖင့္ ရန္ကုန္သို႔စီးနင္းလိုက္ပါခဲ့ပါသည္။

- အဆိုပါ Express ယာဥ္ေပၚတြင္ ခရီးသည္ (၅၇) ဦးလိုက္ပါစီးနင္းလိုက္ပါခဲ့သျဖင့္ အသြားအလာကန႔္သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိပါသည္။

- ရန္ကုန္ၿမိဳ႕ ပုလဲလမ္းဆုံတြင္ ဆင္း၍ ဆိုင္ကယ္ကယ္ရီျဖင့္ ေနအိမ္သို႔ ျပန္လာခဲ့ေၾကာင္း သိရွိရပါသည္။

- (၂၆-၃-၂၀၂၀) ရက္ေန႔တြင္ ကိုယ္အပူခ်ိန္ျမင့္တက္လာသျဖင့္ ပုလဲၿမိဳ႕သစ္၊ ျပည္သူ႔ေဆး႐ုံသို႔ သြားေရာက္ျပသခဲ့ရာ ေစာင့္ၾကည့္လူနာအျဖစ္သတ္မွတ္၍ ေဆးကုသမႈေပးခဲ့ပါသည္။

- ၎ေနထိုင္ရာ ပုလဲၿမိဳ႕သစ္ရွိ ေနအိမ္တြင္ အိမ္ရွင္ (၂) ဦးႏွင့္အတူ ေနထိုင္ခဲ့သျဖင့္ ထိုသူမ်ားအား အသြားအလာကန႔္သတ္ပိတ္ပင္၍ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိပါသည္။

- အဆိုပါလူနာတြင္ COVID-19 ေရာဂါပိုးဓာတ္ခြဲအတည္ျပဳေတြ႕ရွိခ်ိန္မွ စ၍ ေဝဘာဂီအထူးကု ေဆး႐ုံႀကီးသို႔ စနစ္တက် လႊဲေျပာင္း၍ ကုသမႈခံယူေစခဲ့ပါသည္။

C-10 ဓာတ္ခြဲအတည္ျပဳလူနာ

- ဓာတ္ခြဲအတည္ျပဳလူနာ (Case-10) သည္ ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာေတာင္ၫြန္႔ ၿမိဳ႕နယ္တြင္ေနထိုင္ေသာ အသက္ (၄၅) ႏွစ္ အ႐ြယ္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (Case-05) ႏွင့္ အနီးကပ္ထိေတြ႕ခဲ့သည့္ ရာဇဝင္ရွိသည့္ အတြက္ (၂၈-၃-၂၀၂၀) ရက္ေန႔တြင္ ေဝဘာဂီအထူးကုေဆး႐ုံႀကီး၌ အသြားအလာကန္႔ သတ္ျခင္း (Hospital Quarantine) ေဆာင္႐ြက္ထားရွိၿပီး ၎ထံမွ ဓာတ္ခြဲနမူနာရယူၿပီး ေပးပို႔စစ္ေဆးခဲ့ျခင္းျဖစ္ပါသည္။

- အဆိုပါလူနာအား ဓာတ္ခြဲအတည္ျပဳစစ္ေဆးေတြ႕ရွိၿပီးခ်ိန္မွစ၍ ေဝဘာဂီအထူးကု ေဆး႐ုံႀကီးတြင္ သီးျခားထားရွိ၍ ေဆးကုသမႈေပးလ်က္ ရွိပါသည္။

- အဆိုပါလူနာသည္ (၂၅-၃-၂၀၂၀) ရက္ေန႔မွစ၍ ၎၏ဖခင္အား ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး တြင္ လိုက္ပါျပဳစုခဲ့ေၾကာင္းသိရွိရပါသည္။

C – 11, 12, 13 ဓာတ္ခြဲအတည္ျပဳလူနာမ်ား

အဆိုပါ ဓာတ္ခြဲအတည္ျပဳလူနာမ်ား (Case-11 ၆၆ ႏွစ္ အ႐ြယ္အမ်ိဳးသမီး၊ Case- 12 ၆၅ ႏွစ္ အ႐ြယ္ အမ်ိဳးသားႏွင့္ Case - 13 ၆၁ ႏွစ္အ႐ြယ္ အမ်ိဳးသမီး) သည္ ျပင္သစ္ႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ လာေရာက္သူမ်ား ျဖစ္ၿပီး ဓာတ္ခြဲအတည္ျပဳလူနာ Case – 08 ႏွင့္အတူ မႏၲေလး၊ မုံ႐ြာ၊ ပခုကၠဴ၊ ပုဂံ၊ အင္းေလး၊ ပင္းတယသို႔ သြားေရာက္လည္ပတ္ခဲ့ေၾကာင္းသိရွိရသျဖင့္ ၎တို႔ထံမွ ဓာတ္ခြဲနမူနာမ်ား ရယူစစ္ေဆးခဲ့ရာ (၃၀-၃-၂၀၂၀) ရက္ေန႔ တြင္ ထုတ္ျပန္သည့္ ဓာတ္ခြဲအေျဖအရ COVID-19 ေရာဂါပိုး ေတြ႕ရွိရပါသည္။

- အဆိုပါ ဓာတ္ခြဲအတည္ျပဳလူနာမ်ားသည္ ရန္ကုန္ၿမိဳ႕သို႔ SQ-918 ေလယာဥ္ျဖင့္ (၁၄-၃-၂၀၂၀) ရက္ေန႔တြင္ေရာက္ရွိလာခဲ့ပါသည္။

- (၁၄-၃-၂၀၂၀) ရက္ေန႔၊ ေန႔လည္ (၁:၃၀) နာရီတြင္ ရန္ကုန္မွ မႏၲေလးသို႔ Air-KBZ (K76221) ေလယာဥ္ျဖင့္ထြက္ခြာခဲ့ပါသည္။

- မႏၲေလးၿမိဳ႕တြင္ (၁၄-၃-၂၀၂၀) ရက္ေန႔မွ (၁၆-၃-၂၀၂၀)ရက္ေန႔အထိ တည္းခို ေနထိုင္ခဲ့ၿပီး (၁၆-၃-၂၀၂၀)ရက္ေန႔တြင္ မုံ႐ြာၿမိဳ႕သို႔ လည္းေကာင္း၊ (၁၇-၃-၂၀၂၀) ရက္ေန႔တြင္ မုံ႐ြာၿမိဳ႕မွ ပခုကၠဴၿမိဳ႕သို႔လည္းေကာင္း၊ (၁၈-၃-၂၀၂၀) ရက္ေန႔တြင္ မုံ႐ြာၿမိဳ႕မွ ပုဂံသို႔ လည္းေကာင္း၊ (၂၀-၃-၂၀၂၀) ရက္ေန႔တြင္ အင္းေလး၊ ပင္းတယသို႔ ကားျဖင့္ထြက္ခြာခဲ့ပါသည္၊

- (၂၂-၃-၂၀၂၀) ရက္ေန႔တြင္ ငပလီသို႔ 7Y-161 ေလေၾကာင္းျဖင့္ သြားေရာက္ခဲ့ပါသည္။

- (၂၅-၃-၂၀၂၀) ရက္ေန႔တြင္ ရန္ကုန္သို႔ 7Y-161 ေလေၾကာင္းျဖင့္ ျပန္လည္ ေရာက္ရွိလာၿပီး တာေမြၿမိဳ႕နယ္ရွိ ဟိုတယ္တစ္ခုတြင္ တည္းခိုေနထိုင္ခဲ့ ေၾကာင္းသိရွိ ရပါသည္။

- (၂၆-၃-၂၀၂၀) ရက္ေန႔တြင္ ရန္ကုန္ၿမိဳု႔တြင္းရွိ ေလယာဥ္လက္မွတ္အေရာင္းဌာနမ်ားသို႔ သြားေရာက္ခဲ့ေၾကာင္းသိရွိရပါသည္။

- (၂၈-၃-၂၀၂၀) ရက္ေန႔တြင္ Case – 08 တြင္ COVID-19 ေရာဂါပိုးဓာတ္ခြဲ အတည္ျပဳ ေတြ႕ရွိသျဖင့္ ၎တို႔တည္းခိုေနထိုင္သည့္ ဟိုတယ္တြင္ အသြားအလာကန႔္သတ္ျခင္းျပဳ လုပ္၍ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိပါသည္။

- ၎တို႔တြင္ သံသယေရာဂါလကၡဏာတစ္စုံတစ္ရာမရွိေသာ္လည္း ေဝဘာဂီအထူးကုေဆး႐ုံ ႀကီးသို႔ ေျပာင္းေ႐ႊ႕ကုသမႈခံယူေစ၍ သီးျခားထားရွိေစာင့္ၾကပ္ၾကည့္ရႈလ်က္ ရွိပါသည္။

C – 14 ဓာတ္ခြဲအတည္ျပဳလူနာ

- အသက္ (၂၄) ႏွစ္အ႐ြယ္ အမ်ိဳးသားလူနာသည္ ထိုင္းငံတြင္ေနစဥ္ အန္ျခင္း၊ ဗိုက္ေအာင့္ျခင္းမ်ားခံစားရသျဖင့္ ဘန္ေကာက္ၿမိဳ႕မွ တာခ်ီလိတ္ၿမိဳ႕ အငွားယာဥ္ျဖင့္ သို႔ျပန္လာၿပီး တာခ်ီလိတ္ၿမိဳ႕ရွိ ဟိုတယ္တစ္ခုတြင္ တည္းခို ေနထိုင္ခဲ့ပါသည္။

- (၂၇-၃-၂၀၂၀) ရက္ေန႔၊ ေန႔လည္ (၁:၃၀) တြင္ ဟိုတယ္မွ တာခ်ီလိတ္ေလဆိပ္သို႔ Taxi ျဖင့္သြားေရာက္ခဲ့ပါသည္။

- ေလဆိပ္အေပၚထပ္တြင္ေန႔လယ္စာ စားသုံးခဲ့ၿပီး ညေန (၅:၃၀)နာရီ အခ်ိန္တြင္ Air KBZ ေလေၾကာင္းလိုင္းျဖင့္ မႏၲေလးၿမိဳ႕သို႔ထြက္ခြာခဲ့ပါသည္။

- မႏၲေလးၿမိဳ႕တြင္ ၎၏သူငယ္ခ်င္းျဖစ္သူမ်ားမွ ကိုယ္ပိုင္ကားျဖင့္ လာေရာက္ ႀကိဳဆိုခဲ့ၿပီး ေက်ာက္မဲၿမိဳ႕သို႔ဆက္လက္ထြက္ခြာခဲ့ပါသည္။

- ေက်ာက္မဲသို႔ေရာက္ရွိခ်ိန္တြင္ ေက်ာက္မဲေဆး႐ုံ၊ ျပင္ပလူနာဌာနသို႔ သြားေရာက္ျပသ ခဲ့သျဖင့္ ေနအိမ္တြင္ အသြားအလာကန႔္သတ္ျခင္းျပဳလုပ္၍ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိရာ (၂၈-၃-၂၀၂၀) ရက္ေန႔ ည (၉:၄၅) အခ်ိန္တြင္ အန္သျဖင့္ ေဆး႐ုံသို႔ ဖုန္းျဖင့္ အေၾကာင္းၾကားရာ ေဆး႐ုံမွ တာဝန္ရွိသူမ်ားမွ သီးျခားစမ္းသပ္ခန္းတြင္ လာေရာက္ျပသ ေစခဲ့ၿပီး ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္၍ သီးျခားထားရွိ ေဆးကုသမႈေပး၍ ဓာတ္ခြဲနမူနာ ရယူစစ္ေဆးခဲ့ပါသည္။

- (၃၀-၃-၂၀၂၀) ရက္ေန႔တြင္ ထုတ္ျပန္ေသာ ဓာတ္ခြဲအေျဖအရ အဆိုပါလူနာတြင္ COVID-19 ေရာဂါပိုး ဓာတ္ခြဲအတည္ျပဳေတြ႕ရွိခဲ့ပါသည္။

C – 15 ဓာတ္ခြဲအတည္ျပဳလူနာ

- အသက္(၄၅) အ႐ြယ္ ႏိုင္ငံျခားသားမ်ားကို က်န္းမာေရးဝန္ေဆာင္မႈ ေပးေသာ ေဆးခန္း တစ္ခုတြင္ အလုပ္လုပ္သူ သူနာျပဳအမ်ိဳးသမီးတစ္ဦးသည္ (၂၆.၃.၂၀၂၀)ရက္ေန႔တြင္ ဖ်ားျခင္း၊ လည္ေခ်ာင္းနာျခင္းတို႔ကို စတင္ခံစားခဲ့ရၿပီး (၂၇.၃.၂၀၂၀)ရက္ေန႔ႏွင့္ (၂၉.၃.၂၀၂၀)ရက္ေန႔ တို႔တြင္ ၄င္းအလုပ္လုပ္ရာ ေဆးခန္းသို႔ ေဆးခန္းမွစီစဥ္ေပးေသာ ကားျဖင့္ သြားေရာက္ျပသ ခဲ့ပါသည္။

- အဆိုပါေဆးခန္းတြင္လူနာအား သီးျခားခြဲ၍ Isolation Room တြင္ထား၍ ကုသမႈေပးခဲ့ၿပီး (၃၀.၃.၂၀၂၀)ရက္ေန႔တြင္ ေဆးခန္း မွ ဗဟန္းၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာန႐ုံးသို႔ သတင္းပို႔ကာ ထိုမွတစ္ဆင့္ ရန္ကုန္တိုင္းေဒသႀကီး က်န္းမာေရးဦးစီးဌာနသို႔ အေၾကာင္း ၾကားခဲ့ရာ လူနာအား ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္၍ ေဆးခန္းမွ လူနာတင္ယာဥ္ျဖင့္ ရန္ကုန္အေနာက္ပိုင္းေဆး႐ုံသို႔ စနစ္တက် လႊဲေျပာင္းကုသမႈခံယူ ခဲ့ပါသည္။

C – 16 ဓာတ္ခြဲအတည္ျပဳလူနာ

- လူနာအမွတ္စဥ္ Case-16 အသက္ (၆၃) ႏွစ္ အ႐ြယ္အမ်ိဳးသမီးသည္ (၁၅-၃-၂၀၂၀) ရက္ေန႔၊ ဒူဘိုင္းမွ ျပန္လာေသာ သားျဖစ္သူအား ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ သြားေရာက္ ႀကိဳဆိုခဲ့ၿပီး ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (ဂ) ရပ္ကြက္၊ နီလာ (၁) လမ္းတြင္ ေခတၱတည္းခို ေနထိုင္ခဲ့ပါသည္။

- ထိုသို႔တည္းခိုေနထိုင္စဥ္ (၂) ပတ္ၾကာခန္႔ ေမာပန္းႏြမ္းနယ္ျခင္းမ်ား ခံစားခဲ့ရသျဖင့္ ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ျပင္ပေဆးခန္းသို႔ သြားေရာက္ျပသခဲ့ၿပီး (၂၇-၃-၂၀၂၀) ရက္ေန႔တြင္ ေရာဂါမသက္သာဘဲ ကိုယ္အပူခ်ိန္ျမင့္တက္ လာျခင္း တို႔ေၾကာင့္ (၃၁-၃-၂၀၂၀) ရက္ေန႔တြင္ ေျမာက္ဥကၠလာပသင္ၾကားေရးႏွင့္ အေထြေထြ ေရာဂါကုေဆး႐ုံႀကီးသို႔ ဆိုက္ကားျဖင့္ သြားေရာက္ျပသခဲ့ရာ အေရးေပၚဌာနတြင္ ဦးစြာ ျပသခဲ့ၿပီး ေဆးကုသေဆာင္သို႔ လႊဲေျပာင္းေပးခဲ့ပါသည္။

- လူနာတြင္ ဆီးခ်ိဳေရာဂါႏွင့္ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါအခံ ရွိေၾကာင္း သိရွိရပါသည္။

- ေဆး႐ုံသို႔ေရာက္ရွိၿပီး(၂)နာရီၾကာအထိ ျပည္ပႏိုင္ငံသို႔ခရီးသြားရာဇဝင္ရွိျခင္း (သို႔မဟုတ္) ျပည္ပႏိုင္ငံသို႔ ခရီးသြားေရာက္ခဲ့သူႏွင့္ ထိေတြ႕သည့္ ရာဇဝင္ရွိျခင္းကို တိက်စြာ မသိရွိရ ျခင္းေၾကာင့္ ေျမာက္ဥကၠလာပသင္ၾကားေရးႏွင့္ အေထြေထြေရာဂါကုေဆး႐ုံႀကီးမွ က်န္းမာေရးဝန္ထမ္း (၁၇) ဦးတို႔သည္ အနီးကပ္ ထိေတြ႕သူမ်ားျဖစ္ခဲ့ပါသည္။

- ဒူဘိုင္းမွျပန္လာသည့္ သားျဖစ္သူႏွင့္ ထိေတြ႕မႈရွိေၾကာင္း လူနာထံမွ သိရွိရခ်ိန္မွစ၍ လူနာအား ေစာင့္ၾကည့္လူနာအျဖစ္သတ္မွတ္၍ သီးျခားေဆာင္ (Isolation ward) တြင္ သီးျခားထားရွိကုသမႈေပးခဲ့ၿပီး ဓာတ္ခြဲနမူနာ ရယူစစ္ေဆးခဲ့ပါသည္။

- အဆိုပါလူနာတြင္ (၁-၄-၂၀၂၀) ရက္ေန႔၌ ထုတ္ျပန္ေသာ ဓာတ္ခြဲအေျဖအရ COVID-19 ေရာဂါပိုး ဓာတ္ခြဲအတည္ျပဳေတြ႕ရွိခဲ့ၿပီးေနာက္ ေဝဘာဂီအထူးကုေဆး႐ုံႀကီးသို႔ စနစ္ တက်လႊဲေျပာင္းကုသမႈခံယူေစခဲ့ပါသည္။

- (၁၅-၃-၂၀၂၀) ရက္ေန႔မွ (၃၀-၃-၂၀၂၀) ရက္ေန႔အတြင္း သမိုင္းလမ္းဆုံသို႔ ဘတ္စ္ကား ျဖင့္ တစ္ႀကိမ္သြားေရာက္ခဲ့ေၾကာင္းသိရွိရပါသည္။

- သို႔ျဖစ္ပါ၍ အဆိုပါလူနာႏွင့္ အနီးကပ္ထိေတြ႕ခဲ့သူ စုစုေပါင္း (၅၈) ဦးအား အသြား အလာတားျမစ္ပိတ္ပင္ကန္႔သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိပါသည္။

Ministry of Health and Sports, Myanmar

---------------------------------------------
(Unicode)⤵⤵⤵
ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းမှု

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၂) ရက်နေ့


C-9 ဓာတ်ခွဲအတည်ပြုလူနာ

- ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သော အသက် (၄၄) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်၍ (၂၃-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီမြို့မှတစ်ဆင့် ဝင်ရောက်ခဲ့ပြီး (၂၆-၃-၂၀၂၀) ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်သို့ ရောက်ရှိခဲ့ပါသည်။

- ထိုသူမှာ (၂၆-၃-၂၀၂၀) ရက်နေ့တွင်ပင် ဖျားခြင်း၊ ချောင်းဆိုးခြင်းဝေဒနာများ ခံစားခဲ့ရသဖြင့် ပြည်သူ့ဆေးရုံ၊ ပုလဲမြို့သစ်၌ (၂၆-၃-၂၀၂၀) ရက်နေ့တွင် စောင့်ကြည့်လူနာအဖြစ် ဆေးကုသမှုခံယူကာ ဓာတ်ခွဲနမူနာအား ပေးပို့စစ် ဆေးခဲ့ရာ (၂၉-၃-၂၀၂၀) ရက် အဆိုပါလူနာအား ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းကုသမှု ခံယူစေမည်ဖြစ်ပါသည်။

- အဆိုပါလူနာသည် ၎င်း၏ဇနီးဖြစ်သူနှင့်အတူ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ (၂၅-၃-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင်ရောက်ရှိခဲ့ပြီး၊ မြဝတီသို ည (၇) နာရီခန့်တွင် ရောက်ရှိ၍ ရွှေနန်းထိုက် မြဝတီ-ရန်ကုန် Express ဖြင့် ရန်ကုန်သို့စီးနင်းလိုက်ပါခဲ့ပါသည်။

- အဆိုပါ Express ယာဉ်ပေါ်တွင် ခရီးသည် (၅၇) ဦးလိုက်ပါစီးနင်းလိုက်ပါခဲ့သဖြင့် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

- ရန်ကုန်မြို့ ပုလဲလမ်းဆုံတွင် ဆင်း၍ ဆိုင်ကယ်ကယ်ရီဖြင့် နေအိမ်သို့ ပြန်လာခဲ့ကြောင်း သိရှိရပါသည်။

- (၂၆-၃-၂၀၂၀) ရက်နေ့တွင် ကိုယ်အပူချိန်မြင့်တက်လာသဖြင့် ပုလဲမြို့သစ်၊ ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ ဆေးကုသမှုပေးခဲ့ပါသည်။

- ၎င်းနေထိုင်ရာ ပုလဲမြို့သစ်ရှိ နေအိမ်တွင် အိမ်ရှင် (၂) ဦးနှင့်အတူ နေထိုင်ခဲ့သဖြင့် ထိုသူများအား အသွားအလာကန့်သတ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

- အဆိုပါလူနာတွင် COVID-19 ရောဂါပိုးဓာတ်ခွဲအတည်ပြုတွေ့ရှိချိန်မှ စ၍ ဝေဘာဂီအထူးကု ဆေးရုံကြီးသို့ စနစ်တကျ လွှဲပြောင်း၍ ကုသမှုခံယူစေခဲ့ပါသည်။

C-10 ဓာတ်ခွဲအတည်ပြုလူနာ

- ဓာတ်ခွဲအတည်ပြုလူနာ (Case-10) သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင်နေထိုင်သော အသက် (၄၅) နှစ် အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case-05) နှင့် အနီးကပ်ထိတွေ့ခဲ့သည့် ရာဇဝင်ရှိသည့် အတွက် (၂၈-၃-၂၀၂၀) ရက်နေ့တွင် ဝေဘာဂီအထူးကုဆေးရုံကြီး၌ အသွားအလာကန့် သတ်ခြင်း (Hospital Quarantine) ဆောင်ရွက်ထားရှိပြီး ၎င်းထံမှ ဓာတ်ခွဲနမူနာရယူပြီး ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

- အဆိုပါလူနာအား ဓာတ်ခွဲအတည်ပြုစစ်ဆေးတွေ့ရှိပြီးချိန်မှစ၍ ဝေဘာဂီအထူးကု ဆေးရုံကြီးတွင် သီးခြားထားရှိ၍ ဆေးကုသမှုပေးလျက် ရှိပါသည်။

- အဆိုပါလူနာသည် (၂၅-၃-၂၀၂၀) ရက်နေ့မှစ၍ ၎င်း၏ဖခင်အား ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင် လိုက်ပါပြုစုခဲ့ကြောင်းသိရှိရပါသည်။

C – 11, 12, 13 ဓာတ်ခွဲအတည်ပြုလူနာများ

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများ (Case-11 ၆၆ နှစ် အရွယ်အမျိုးသမီး၊ Case- 12 ၆၅ နှစ် အရွယ် အမျိုးသားနှင့် Case - 13 ၆၁ နှစ်အရွယ် အမျိုးသမီး) သည် ပြင်သစ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်သူများ ဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ Case – 08 နှင့်အတူ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ ပုဂံ၊ အင်းလေး၊ ပင်းတယသို့ သွားရောက်လည်ပတ်ခဲ့ကြောင်းသိရှိရသဖြင့် ၎င်းတို့ထံမှ ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးခဲ့ရာ (၃၀-၃-၂၀၂၀) ရက်နေ့ တွင် ထုတ်ပြန်သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရပါသည်။

- အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများသည် ရန်ကုန်မြို့သို့ SQ-918 လေယာဉ်ဖြင့် (၁၄-၃-၂၀၂၀) ရက်နေ့တွင်ရောက်ရှိလာခဲ့ပါသည်။

- (၁၄-၃-၂၀၂၀) ရက်နေ့၊ နေ့လည် (၁:၃၀) နာရီတွင် ရန်ကုန်မှ မန္တလေးသို့ Air-KBZ (K76221) လေယာဉ်ဖြင့်ထွက်ခွာခဲ့ပါသည်။

- မန္တလေးမြို့တွင် (၁၄-၃-၂၀၂၀) ရက်နေ့မှ (၁၆-၃-၂၀၂၀)ရက်နေ့အထိ တည်းခို နေထိုင်ခဲ့ပြီး (၁၆-၃-၂၀၂၀)ရက်နေ့တွင် မုံရွာမြို့သို့ လည်းကောင်း၊ (၁၇-၃-၂၀၂၀) ရက်နေ့တွင် မုံရွာမြို့မှ ပခုက္ကူမြို့သို့လည်းကောင်း၊ (၁၈-၃-၂၀၂၀) ရက်နေ့တွင် မုံရွာမြို့မှ ပုဂံသို့ လည်းကောင်း၊ (၂၀-၃-၂၀၂၀) ရက်နေ့တွင် အင်းလေး၊ ပင်းတယသို့ ကားဖြင့်ထွက်ခွာခဲ့ပါသည်၊

- (၂၂-၃-၂၀၂၀) ရက်နေ့တွင် ငပလီသို့ 7Y-161 လေကြောင်းဖြင့် သွားရောက်ခဲ့ပါသည်။

- (၂၅-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်သို့ 7Y-161 လေကြောင်းဖြင့် ပြန်လည် ရောက်ရှိလာပြီး တာမွေမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်ခဲ့ ကြောင်းသိရှိ ရပါသည်။

- (၂၆-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်မြိုု့တွင်းရှိ လေယာဉ်လက်မှတ်အရောင်းဌာနများသို့ သွားရောက်ခဲ့ကြောင်းသိရှိရပါသည်။

- (၂၈-၃-၂၀၂၀) ရက်နေ့တွင် Case – 08 တွင် COVID-19 ရောဂါပိုးဓာတ်ခွဲ အတည်ပြု တွေ့ရှိသဖြင့် ၎င်းတို့တည်းခိုနေထိုင်သည့် ဟိုတယ်တွင် အသွားအလာကန့်သတ်ခြင်းပြု လုပ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

- ၎င်းတို့တွင် သံသယရောဂါလက္ခဏာတစ်စုံတစ်ရာမရှိသော်လည်း ဝေဘာဂီအထူးကုဆေးရုံ ကြီးသို့ ပြောင်းရွှေ့ကုသမှုခံယူစေ၍ သီးခြားထားရှိစောင့်ကြပ်ကြည့်ရှုလျက် ရှိပါသည်။

C – 14 ဓာတ်ခွဲအတည်ပြုလူနာ

- အသက် (၂၄) နှစ်အရွယ် အမျိုးသားလူနာသည် ထိုင်းငံတွင်နေစဉ် အန်ခြင်း၊ ဗိုက်အောင့်ခြင်းများခံစားရသဖြင့် ဘန်ကောက်မြို့မှ တာချီလိတ်မြို့ အငှားယာဉ်ဖြင့် သို့ပြန်လာပြီး တာချီလိတ်မြို့ရှိ ဟိုတယ်တစ်ခုတွင် တည်းခို နေထိုင်ခဲ့ပါသည်။

- (၂၇-၃-၂၀၂၀) ရက်နေ့၊ နေ့လည် (၁:၃၀) တွင် ဟိုတယ်မှ တာချီလိတ်လေဆိပ်သို့ Taxi ဖြင့်သွားရောက်ခဲ့ပါသည်။

- လေဆိပ်အပေါ်ထပ်တွင်နေ့လယ်စာ စားသုံးခဲ့ပြီး ညနေ (၅:၃၀)နာရီ အချိန်တွင် Air KBZ လေကြောင်းလိုင်းဖြင့် မန္တလေးမြို့သို့ထွက်ခွာခဲ့ပါသည်။

- မန္တလေးမြို့တွင် ၎င်း၏သူငယ်ချင်းဖြစ်သူများမှ ကိုယ်ပိုင်ကားဖြင့် လာရောက် ကြိုဆိုခဲ့ပြီး ကျောက်မဲမြို့သို့ဆက်လက်ထွက်ခွာခဲ့ပါသည်။

- ကျောက်မဲသို့ရောက်ရှိချိန်တွင် ကျောက်မဲဆေးရုံ၊ ပြင်ပလူနာဌာနသို့ သွားရောက်ပြသ ခဲ့သဖြင့် နေအိမ်တွင် အသွားအလာကန့်သတ်ခြင်းပြုလုပ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိရာ (၂၈-၃-၂၀၂၀) ရက်နေ့ ည (၉:၄၅) အချိန်တွင် အန်သဖြင့် ဆေးရုံသို့ ဖုန်းဖြင့် အကြောင်းကြားရာ ဆေးရုံမှ တာဝန်ရှိသူများမှ သီးခြားစမ်းသပ်ခန်းတွင် လာရောက်ပြသ စေခဲ့ပြီး စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ဆေးကုသမှုပေး၍ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ပါသည်။

- (၃၀-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်သော ဓာတ်ခွဲအဖြေအရ အဆိုပါလူနာတွင် COVID-19 ရောဂါပိုး ဓာတ်ခွဲအတည်ပြုတွေ့ရှိခဲ့ပါသည်။

C – 15 ဓာတ်ခွဲအတည်ပြုလူနာ

- အသက်(၄၅) အရွယ် နိုင်ငံခြားသားများကို ကျန်းမာရေးဝန်ဆောင်မှု ပေးသော ဆေးခန်း တစ်ခုတွင် အလုပ်လုပ်သူ သူနာပြုအမျိုးသမီးတစ်ဦးသည် (၂၆.၃.၂၀၂၀)ရက်နေ့တွင် ဖျားခြင်း၊ လည်ချောင်းနာခြင်းတို့ကို စတင်ခံစားခဲ့ရပြီး (၂၇.၃.၂၀၂၀)ရက်နေ့နှင့် (၂၉.၃.၂၀၂၀)ရက်နေ့ တို့တွင် ၄င်းအလုပ်လုပ်ရာ ဆေးခန်းသို့ ဆေးခန်းမှစီစဉ်ပေးသော ကားဖြင့် သွားရောက်ပြသ ခဲ့ပါသည်။

- အဆိုပါဆေးခန်းတွင်လူနာအား သီးခြားခွဲ၍ Isolation Room တွင်ထား၍ ကုသမှုပေးခဲ့ပြီး (၃၀.၃.၂၀၂၀)ရက်နေ့တွင် ဆေးခန်း မှ ဗဟန်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးသို့ သတင်းပို့ကာ ထိုမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနသို့ အကြောင်း ကြားခဲ့ရာ လူနာအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ဆေးခန်းမှ လူနာတင်ယာဉ်ဖြင့် ရန်ကုန်အနောက်ပိုင်းဆေးရုံသို့ စနစ်တကျ လွှဲပြောင်းကုသမှုခံယူ ခဲ့ပါသည်။

C – 16 ဓာတ်ခွဲအတည်ပြုလူနာ

- လူနာအမှတ်စဉ် Case-16 အသက် (၆၃) နှစ် အရွယ်အမျိုးသမီးသည် (၁၅-၃-၂၀၂၀) ရက်နေ့၊ ဒူဘိုင်းမှ ပြန်လာသော သားဖြစ်သူအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သွားရောက် ကြိုဆိုခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ်၊ (ဂ) ရပ်ကွက်၊ နီလာ (၁) လမ်းတွင် ခေတ္တတည်းခို နေထိုင်ခဲ့ပါသည်။

- ထိုသို့တည်းခိုနေထိုင်စဉ် (၂) ပတ်ကြာခန့် မောပန်းနွမ်းနယ်ခြင်းများ ခံစားခဲ့ရသဖြင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ပြင်ပဆေးခန်းသို့ သွားရောက်ပြသခဲ့ပြီး (၂၇-၃-၂၀၂၀) ရက်နေ့တွင် ရောဂါမသက်သာဘဲ ကိုယ်အပူချိန်မြင့်တက် လာခြင်း တို့ကြောင့် (၃၁-၃-၂၀၂၀) ရက်နေ့တွင် မြောက်ဥက္ကလာပသင်ကြားရေးနှင့် အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ဆိုက်ကားဖြင့် သွားရောက်ပြသခဲ့ရာ အရေးပေါ်ဌာနတွင် ဦးစွာ ပြသခဲ့ပြီး ဆေးကုသဆောင်သို့ လွှဲပြောင်းပေးခဲ့ပါသည်။

- လူနာတွင် ဆီးချိုရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါအခံ ရှိကြောင်း သိရှိရပါသည်။

- ဆေးရုံသို့ရောက်ရှိပြီး(၂)နာရီကြာအထိ ပြည်ပနိုင်ငံသို့ခရီးသွားရာဇဝင်ရှိခြင်း (သို့မဟုတ်) ပြည်ပနိုင်ငံသို့ ခရီးသွားရောက်ခဲ့သူနှင့် ထိတွေ့သည့် ရာဇဝင်ရှိခြင်းကို တိကျစွာ မသိရှိရ ခြင်းကြောင့် မြောက်ဥက္ကလာပသင်ကြားရေးနှင့် အထွေထွေရောဂါကုဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်း (၁၇) ဦးတို့သည် အနီးကပ် ထိတွေ့သူများဖြစ်ခဲ့ပါသည်။

- ဒူဘိုင်းမှပြန်လာသည့် သားဖြစ်သူနှင့် ထိတွေ့မှုရှိကြောင်း လူနာထံမှ သိရှိရချိန်မှစ၍ လူနာအား စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြားဆောင် (Isolation ward) တွင် သီးခြားထားရှိကုသမှုပေးခဲ့ပြီး ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ပါသည်။

- အဆိုပါလူနာတွင် (၁-၄-၂၀၂၀) ရက်နေ့၌ ထုတ်ပြန်သော ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး ဓာတ်ခွဲအတည်ပြုတွေ့ရှိခဲ့ပြီးနောက် ဝေဘာဂီအထူးကုဆေးရုံကြီးသို့ စနစ် တကျလွှဲပြောင်းကုသမှုခံယူစေခဲ့ပါသည်။

- (၁၅-၃-၂၀၂၀) ရက်နေ့မှ (၃၀-၃-၂၀၂၀) ရက်နေ့အတွင်း သမိုင်းလမ်းဆုံသို့ ဘတ်စ်ကား ဖြင့် တစ်ကြိမ်သွားရောက်ခဲ့ကြောင်းသိရှိရပါသည်။

- သို့ဖြစ်ပါ၍ အဆိုပါလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူ စုစုပေါင်း (၅၈) ဦးအား အသွား အလာတားမြစ်ပိတ်ပင်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

Ministry of Health and Sports, Myanmar
https://www.facebook.com/MinistryOfHealthAndSportsMyanmar/

ဓာတ္ခြဲအတည္ျပဳလူနာမ်ားႏွင့္ ထိေတြ႕ခဲ့သူမ်ားအား ရွာေဖြေထာက္လွမ္းမႈ ဓာတ္ခြဲအတည္ျပဳလူနာမ်ားႏွင့္ ထိေတြ႕ခဲ့သူမ်ားအား ရွာေဖြေထာက္လွမ္းမႈ Reviewed by THITHTOOLWIN on 05:43 Rating: 5
Powered by Blogger.