ႏွာေခါင္းစည္းတပ္သင့္မတပ္သင့္ပညာရွင္ေတြျပန္သုံးသပ္

ဥေရာပမွာ ႏွာေခါင္းစည္း တပ္သူ မ်ားလာ
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ျပန႔္ပြားမႈကိုထိန္းခ်ဳပ္ႏိုင္ေရး အတြက္ လူေတြ ႏွာေခါင္းစည္း မ်က္ႏွာဖုံးပိုတပ္သင့္သလား။

ကမာၻ႔က်န္းမာေရး အဖြဲ႕ခ်ဳပ္WHO ရဲ႕ ပညာရွင္တခ်ိဳ႕က ကဒီေမးခြန္းနဲ႔ပတ္သက္ၿပီး ျပန္လည္ဆန္းစစ္ေနပါတယ္။

ဗိုင္းရပ္စ္ဟာ နဂို ကထင္ထားတာထက္ ပိုၿပီးေဝးေဝးေရာက္ႏိုင္သလား ဆိုတဲ့အခ်က္အေပၚမွာ သုေတသီပညာရွင္ေတြက ျပန္လည္ခ်င့္ခ်ိန္ေနၾကတာျဖစ္ပါတယ္။

အေမရိကန္သုေတသီေတြရဲ႕ ေလ့လာခ်က္တခုအရ ဗိုင္းရပ္စ္ဟာ ေခ်ာင္းဆိုးရင္ ေပ ၂၀ နီးပါး၊ ႏွာေခ်ရင္ ၂၅ ေပေက်ာ္အထိေရာက္ႏိုင္တယ္လို႔ ေတြ႕ရွိလာတဲ့အတြက္ ျပန္လည္သုံးသပ္ဖို႔ ျဖစ္လာတာပါ။

အခုသုေတသန အသစ္ရဲ႕ ေတြ႕ရွိခ်က္က ႏွာေခါင္းစည္းမ်က္ႏွာဖုံးတပ္ဆင္ျခင္းနဲ႔ ပတ္သက္တဲ့ အႀကံျပဳခ်က္ကို အေျပာင္းအလဲျဖစ္လာႏိုင္တယ္လို႔ ကမာၻ႔က်န္းမာေရး အဖြဲ႕ခ်ဳပ္WHO ရဲ႕သုေတသနပညာရွင္အဖြဲ႕ေခါင္းေဆာင္ ပါေမာကၡေဒးဗစ္ ေဟးမန္းက ဘီဘီစီကို ေျပာပါတယ္။ပါေမာကၡေဒးဗစ္ေဟးမန္းဟာ WHO ရဲ႕ဒါ႐ိုက္တာေဟာင္းတေယာက္လည္း ျဖစ္ပါတယ္။

“ေတြ႕ရွိခ်က္အသစ္အေပၚအေျခခံၿပီး ႏွာေခါင္းစည္းမ်က္ႏွာဖုံးတပ္သင့္မတပ္သင့္ ဆိုတာနဲ႔ပတ္သက္တဲ့ ကမာၻ႔က်န္းမာေရး အဖြဲ႕ခ်ဳပ္ရဲ႕အႀကံျပဳခ်က္ကို ျပန္လည္ျပင္ဆင္ေရး ေဆြးေႏြးေနပါတယ္”လို႔လည္း သူကဆိုပါတယ္။

လက္ရွိအႀကံျပဳခ်က္

လက္ရွိအႀကံျပဳထားတာက ေရာဂါမကူးစက္ေအာင္ ေခ်ာင္းဆိုး၊ ႏွာေခ်သူနဲ႔ အနည္းဆုံး ၃ ေပေက်ာ္ခြာေနပါလို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္ WHO ကအႀကံျပဳထားတာပါ။

တဆက္တည္းအႀကံျပဳတာကေတာ့ ကိုယ္တိုင္ဖ်ားနာေနသူ ေရာဂါလကၡဏာျပေနသူေတြသာ ႏွာေခါင္းစည္းမ်က္ႏွာဖုံးတပ္ဆင္ၾကဖို႔ ျဖစ္ပါတယ္။

က်န္းမာတဲ့သူအတြက္ဆိုရင္ သံသယလူနာတေယာက္ေယာက္ကို ျပဳစုကုသေနရမွ ဒါမွမဟုတ္ ကိုယ္တိုင္က ေခ်ာင္းဆိုးႏွာေခ်ေနမွသာ တပ္ဆင္ဖို႔လိုၿပီး က်န္တဲ့အခ်ိန္မွာ ႏွာေခါင္းစည္း မ်က္ႏွာဖုံးတပ္ဖို႔ မလိုဘူးလို႔ လက္ရွိအႀကံျပဳခ်က္က ဆိုထားတာပါ။

မ်က္ႏွာဖုံးကို စနစ္တက်ျဖဳတ္တပ္မွသာ အက်ိဳးရွိမယ္ဆိုတာကိုလည္း အေလးအနက္ေျပာထားပါတယ္။

ၿဗိတိန္၊ အေမရိကန္နဲ႔ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက အႀကံေပးထားတဲ့ လူခ်င္းခြာေနေရး အစီအစဥ္ဆိုတာကလည္း တေယာက္နဲ႔တေယာက္ ၂ မီတာ သို႔မဟုတ္ ၆ ေပခြဲနီးပါးသာခြာေနဖို႔ေျပာထားပါတယ္။

ဒီ ၆ ေပခြဲအႀကံေပးခ်က္ဟာ ဗိုင္းရပ္စ္က အမႈန္အမႊားအရည္အစက္မွတဆင့္ ကူးစက္တယ္ဆိုတဲ့ အခ်က္အေပၚ အေျခခံထားတာျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ေခ်ာင္းဆိုးလို႔ ထြက္လာတဲ့ အမႈန္အမႊားအရည္အစက္အမ်ားစုဟာ အနီးနားပတ္ဝန္းက်င္မွာသာ က်ေရာက္ႏိုင္လိမ့္မယ္လို႔ တြက္ခ်က္အႀကံေပးခဲ့တာ ျဖစ္ပါတယ္။

 ေခ်ာင္းဆိုးႏွာေခ်တဲ့ အမႈန္အမႊားေတြဟာ ထင္ထားတာထက္ပိုၿပီး ေဝးေဝးေရာက္ႏိုင္

ေတြ႕ရွိခ်က္အသစ္ကဘာလဲ

မက္ဆာခ်ဴးဆက္နည္းပညာတကၠသိုလ္ MIT ကသုေတသီေတြဟာ ျမန္ႏႈန္းျမင့္ကင္မရာေတြနဲ႔ ဆင္ဆာေတြကို အသုံးျပဳၿပီး ေခ်ာင္းဆိုးႏွာေခ်တဲ့ ျဖစ္စဥ္ကို တိတိက်က်သိဖို႔ ေလ့လာခဲ့ပါတယ္။

အဲသလိုေလ့လာတဲ့အခါ ေတြ႕လာရတာက ေခ်ာင္းဆိုးႏွာေခ်ၿပီး မႈတ္ထုတ္လိုက္တဲ့အခါ ေသးငယ္တဲ့အခိုးအေငြ႕ေတြဟာ တိမ္လိုလြင့္ပါးၿပီး အေဝးထိေရာက္သြားတယ္ဆိုတဲ့ အခ်က္ပါပဲ။ အဲဒီတိမ္တိုက္ထဲမွာ အ႐ြယ္အစားအမ်ိဳးမ်ိဳးေသာ အမႈန္အမႊား အရည္ အစက္ေတြပါဝင္သြားႏိုင္တာကို လည္း ေတြ႕ခဲ့ရပါတယ္။

လက္ေတြ႕ခန္းမွာ ျပဳလုပ္ခဲ့တဲ့ အဲဒီစမ္းသပ္ခ်က္အရ ေခ်ာင္းဆိုးတဲ့အခါ အရည္အစက္ဟာ ၆ မီတာ သို႔မဟုတ္ ေပ ၂၀ နီးပါးအထိေရာက္ႏိုင္ၿပီး ေခ်ာင္းဆိုးတာထက္ အရွိန္ျပင္းျပင္း ႏွာေခ်တဲ့အခါမွာဆိုရင္ ၈ မီတာ သို႔မဟုတ္ ၂၅ ေပေက်ာ္အထိေတာင္ ေရာက္ႏိုင္တာကို ေတြ႕ခဲ့ရပါတယ္။

စဥ္းစားစရာအခ်က္

၂ မီတာ သို႔မဟုတ္ ၆ ေပခြဲနီးပါးခြာေနရင္ စိတ္ခ်ရတယ္ဆိုတဲ့ လက္ရွိအႀကံေပးခ်က္နဲ႔ ပတ္သက္ၿပီး အဓိကစိုးရိမ္ပူပန္မိတယ္လို႔ MIT သုေတသီအဖြဲ႕ရဲ႕ေခါင္းေဆာင္ ပါေမာကၡလစ္ဒီယာေဘာ္ရီဘာက ဆိုပါတယ္။

“ကြၽန္မတို႔ ေခ်ာင္းဆိုး ႏွာေခ်လိုက္တဲ့အခါ အခိုးအေငြ႕ထုဟာ အရွိန္နဲ႔ ထြက္လာၿပီး အေဝးအထိေရာက္ႏိုင္ပါတယ္။ အဲဒီအခိုးအေငြ႕ထဲမွာ အ႐ြယ္အစားအမ်ိဳးမ်ိဳးရွိတဲ့ အရည္အစက္ေတြပါလာၿပီး ပတ္ဝန္းက်င္မွာ ျပန႔္သြားပါတယ္။ ၂ မီတာဆိုရင္ စိတ္ခ်ရတယ္ဆိုတဲ့ အယူအဆမွားထြက္ေပၚလာတာက အရည္အစက္ေတြဟာ အနားပတ္ဝန္းက်င္မွာပဲ ျပဳတ္က်သြားလိမ့္မယ္လို႔ယူဆၿပီး တြက္ခ်က္ခဲ့လို႔ပါ။” လို႔ ပါေမာကၡလစ္ဒီရာ ေဘာ္ရီဘာက ဘီဘီစီကို ေျပာပါတယ္။

ႏွာေခါင္းစည္းမ်က္ႏွာဖုံးအႀကံေပးခ်က္ေျပာင္းလဲေတာ့မလား

တခ်ိဳ႕အေျခအေနေတြမွာ အထူးသျဖင့္ ေလဝင္ေလထြက္မေကာင္းတဲ့ အခန္းေတြထဲမွာဆိုရင္ ႏွာေခါင္းစည္းတပ္တာဟာ အႏၲရာယ္ျဖစ္ႏိုင္ေျခကို ပိုနည္းေစတယ္လို႔ ပါေမာကၡလစ္ဒီရာေဘာ္ရီဘာက ဆိုပါတယ္။

ဥပမာပိုးရွိသူလူနာ တေယာက္နဲ႔ မ်က္ႏွာခ်င္းဆိုင္ရတဲ့အခါ ႏွာေခါင္းစည္းမ်က္ႏွာဖုံးတပ္ထားျခင္းအားျဖင့္ တဖက္လူအသက္ရႉထုတ္လိုက္တဲ့ေလဟာ ကိုယ့္ဆီတိုက္႐ိုက္မလာဘဲ လမ္းေၾကာင္းေျပာင္းသြားေစပါတယ္။ ဗိုင္းရပ္စ္ပါတဲ့အခိုးအေငြ႕ဟာလည္း ကိုယ့္ပါးစပ္ကိုယ့္ႏွာေခါင္းနဲ႔ ေဝးရာေရာက္သြားပါတယ္။

“ပါးလွ်ပ္တဲ့ ႏွာေခါင္းစည္းမ်က္ႏွာဖုံးေတြကေတာ့ အေသးဆုံးအမႈန္အစက္ေတြကို မရႉသြင္းမိေအာင္ ကာကြယ္ႏိုင္မွာ မဟုတ္ပါဘူး။ ဘာ့ေၾကာင့္လဲဆိုေတာ့ သူတို႔က ေကာင္းေကာင္းစစ္မထုတ္ႏိုင္လို႔ပါ” လို႔ပါေမာကၡလစ္ဒီရာေဘာ္ရီဘာက ဆိုပါတယ္။“အဲသလိုစစ္မထုတ္ႏိုင္ေပမယ့္ ကိုယ့္ဆီဦးတည္လာတဲ့ အခိုးအေငြ႕ထုရဲ႕အရွိန္ကေတာ့ အတားအဆီးအဟန႔္အတားေၾကာင့္ လမ္းေၾကာင္းေျပာင္းၿပီး တျခားဘက္ကို ဦးတည္သြားေစႏိုင္ပါတယ္။” လို႔သူကဆိုပါတယ္။ အမႈန္အမႊားအရည္အစက္ကို စစ္ထုတ္မထားႏိုင္ရင္ေတာင္ အက်ိဳးရွိေသးတယ္လို႔ သူကဆိုပါတယ္။

ႏွာေခါင္းစည္းတပ္ရင္ တဆက္တည္းတပ္ဖို႔လိုတယ္လို႔ ပါေမာကၡေဟးမန္းကဆို

WHO ပညာရွင္ေတြ ဘယ္လိုစဥ္းစားလာသလဲ

MIT နဲ႔တျခားတကၠသိုလ္ေတြရဲ႕ သုေတသနအသစ္ ေတြ႕ရွိခ်က္ကို ထည့္သြင္း စဥ္းစားရလိမ့္မယ္လို႔ WHO ပညာရွင္ပါေမာကၡေဟးမန္းကဆိုပါတယ္။ ေခ်ာင္းဆိုး၊ ႏွာေခ်လို႔ ျပန႔္လြင့္သြားမယ့္ အမႈန္အစက္ဟာ အရင္ကထင္ထားတာထက္ ပိုေဝးေဝးေရာက္ႏိုင္႐ိုးမွန္ရင္ျပန္လည္သုံးသပ္ရမယ္လို႔ဆိုပါတယ္။

“သူတို႔သုေတသနအသစ္ရဲ႕ အေထာက္အထားကခိုင္မာတယ္ဆိုရင္ ႏွာေခါင္းစည္းမ်က္ႏွာဖုံးတပ္တာဟာ လူခ်င္းခြာတာနဲ႔ တန္းတူထိေရာက္ပါလိမ့္မယ္။ ပိုၿပီးေတာင္ထိေရာက္ခ်င္ထိေရာက္လိမ့္မယ္”လို႔လည္းဆိုပါတယ္။

ဒါေပမယ့္ ႏွာေခါင္းစည္းကို စနစ္တက်တပ္ဆင္ဖို႔လိုမွာျဖစ္ေၾကာင္းကိုေတာ့ သူကထပ္ေလာင္းသတိေပးပါတယ္။ ႏွာေခါင္းေပၚမွာ ပလပ္စတာခံၿပီး ႏွာေခါင္းစည္းတပ္ဖို႔လည္း သူကအႀကံျပဳပါတယ္။ တကယ္လို႔ အစိုေငြ႕ရွိလာရင္ အမႈန္အမႊားေတြ ျဖတ္ဝင္ႏိုင္တယ္လို႔ဆိုပါတယ္။ ျဖဳတ္တဲ့အခါမွာလည္း လက္ကေန ႏွာေခါင္းစည္းကို ပိုးမကူးစက္ဖို႔ သတိထားျဖဳတ္ရမယ္လို႔ဆိုပါတယ္။

ဒါ့အျပင္ႏွာေခါင္းစည္းတပ္ရင္ တဆက္တည္းတပ္ဖို႔လည္း သူကအႀကံေပးပါတယ္။ ေဆးလိပ္ေသာက္ခ်င္ရင္ ခြၽတ္လိုက္ျပန္တပ္လိုက္၊ အစာစားခ်င္ရင္ ခြၽတ္လိုက္ျပန္တပ္လိုက္မလုပ္ဘဲ တဆက္တည္းတပ္ဆင္ရမယ္လို႔ဆိုပါတယ္။

ေနာက္ရက္အနည္းငယ္အတြင္းမွာ ပညာရွင္အဖြဲ႕အစည္းအေဝးထိုင္ဖို႔ရွိပါတယ္။

အဂၤလန္လူထုက်န္းမာေရးဌာနရဲ႕ ေျပာေရးဆိုခြင့္ရွိသူကေတာ့ ေဆး႐ုံေဆးခန္းအျပင္ကလူေတြ မ်က္ႏွာဖုံးတပ္ဆင္မႈေတြဟာ သိပ္အမ်ားႀကီး မထိေရာက္ႏိုင္ဘူးလို႔ဆိုပါတယ္။

“မ်က္ႏွာဖုံးဟာ မွန္မွန္ကန္ကန္တပ္ဆင္ဖို႔လိုတယ္။ မၾကာခဏလဲဖို႔လိုတယ္။ စနစ္တက်ျဖဳတ္ဖို႔လိုတယ္။ အႏၲရာယ္ကင္းေအာင္ စြန႔္ပစ္တတ္ဖို႔လိုတယ္။ ထိေရာက္ဖို႔ဆိုရင္ က်န္းမာသန႔္ရွင္းေရးနည္းလမ္းေတြနဲ႔ တြဲဖက္အသုံးျပဳတတ္ဖို႔လိုပါတယ္။” လို႔သူကဆိုပါတယ္။

ႏိုင္ငံအမ်ားအျပားဟာ သူတို႔အႀကံေပးခ်က္ကိုျပင္လာမလား

အာရွႏိုင္ငံေတြမွာ ေစာေစာကတည္းက ႏွာေခါင္းစည္းမ်က္ႏွာဖုံးကို လူအမ်ားတပ္ဆင္ေနၾကပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာလည္း ျပန္လည္ သုံးသပ္မယ္လို႔ အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးဌာန CDC ကဆိုပါတယ္။

ၾသစႀတီးယားႏိုင္ငံမွာ ရဲေတြႏွာေခါင္းစည္းမ်က္ႏွာဖုံးတပ္ဆင္ၾကၿပီး ရဲနဲ႔ဆက္ဆံရသူေတြလည္း ႏွာေခါင္းစည္းမ်က္ႏွာဖုံးတပ္ၾကရပါတယ္။ ဆူပါမတ္ကက္ႀကီးတခ်ိဳ႕ကလည္း ေစ်းဝယ္လာသူေတြကို ႏွာေခါင္းစည္းမ်က္ႏွာဖုံး တပ္ခိုင္းေနပါတယ္။

အရင္က အတပ္နည္းတဲ့ ဥေရာပမွာေတာင္ အခုေတာ္ေတာ္မ်ားမ်ားတပ္ေနၾကပါၿပီ။ ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္ WHO ကတရားဝင္ေၾကညာရင္ ပိုၿပီးတပ္လာၾကပါလိမ့္ဦးမယ္။

BBC Burmese
https://www.bbc.com/burmese/world-52138523
-----------
(Unicode)⤵⤵⤵
နှာခေါင်းစည်းတပ်သင့်မတပ်သင့်ပညာရှင်တွေပြန်သုံးသပ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဥရောပမှာ နှာခေါင်းစည်း တပ်သူ များလာ

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကိုထိန်းချုပ်နိုင်ရေး အတွက် လူတွေ နှာခေါင်းစည်း မျက်နှာဖုံးပိုတပ်သင့်သလား။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်WHO ရဲ့ ပညာရှင်တချို့က ကဒီမေးခွန်းနဲ့ပတ်သက်ပြီး ပြန်လည်ဆန်းစစ်နေပါတယ်။

ဗိုင်းရပ်စ်ဟာ နဂို ကထင်ထားတာထက် ပိုပြီးဝေးဝေးရောက်နိုင်သလား ဆိုတဲ့အချက်အပေါ်မှာ သုတေသီပညာရှင်တွေက ပြန်လည်ချင့်ချိန်နေကြတာဖြစ်ပါတယ်။

အမေရိကန်သုတေသီတွေရဲ့ လေ့လာချက်တခုအရ ဗိုင်းရပ်စ်ဟာ ချောင်းဆိုးရင် ပေ ၂၀ နီးပါး၊ နှာချေရင် ၂၅ ပေကျော်အထိရောက်နိုင်တယ်လို့ တွေ့ရှိလာတဲ့အတွက် ပြန်လည်သုံးသပ်ဖို့ ဖြစ်လာတာပါ။

အခုသုတေသန အသစ်ရဲ့ တွေ့ရှိချက်က နှာခေါင်းစည်းမျက်နှာဖုံးတပ်ဆင်ခြင်းနဲ့ ပတ်သက်တဲ့ အကြံပြုချက်ကို အပြောင်းအလဲဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်WHO ရဲ့သုတေသနပညာရှင်အဖွဲ့ခေါင်းဆောင် ပါမောက္ခဒေးဗစ် ဟေးမန်းက ဘီဘီစီကို ပြောပါတယ်။ပါမောက္ခဒေးဗစ်ဟေးမန်းဟာ WHO ရဲ့ဒါရိုက်တာဟောင်းတယောက်လည်း ဖြစ်ပါတယ်။

“တွေ့ရှိချက်အသစ်အပေါ်အခြေခံပြီး နှာခေါင်းစည်းမျက်နှာဖုံးတပ်သင့်မတပ်သင့် ဆိုတာနဲ့ပတ်သက်တဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်ရဲ့အကြံပြုချက်ကို ပြန်လည်ပြင်ဆင်ရေး ဆွေးနွေးနေပါတယ်”လို့လည်း သူကဆိုပါတယ်။

လက်ရှိအကြံပြုချက်

လက်ရှိအကြံပြုထားတာက ရောဂါမကူးစက်အောင် ချောင်းဆိုး၊ နှာချေသူနဲ့ အနည်းဆုံး ၃ ပေကျော်ခွာနေပါလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ကအကြံပြုထားတာပါ။

တဆက်တည်းအကြံပြုတာကတော့ ကိုယ်တိုင်ဖျားနာနေသူ ရောဂါလက္ခဏာပြနေသူတွေသာ နှာခေါင်းစည်းမျက်နှာဖုံးတပ်ဆင်ကြဖို့ ဖြစ်ပါတယ်။

ကျန်းမာတဲ့သူအတွက်ဆိုရင် သံသယလူနာတယောက်ယောက်ကို ပြုစုကုသနေရမှ ဒါမှမဟုတ် ကိုယ်တိုင်က ချောင်းဆိုးနှာချေနေမှသာ တပ်ဆင်ဖို့လိုပြီး ကျန်တဲ့အချိန်မှာ နှာခေါင်းစည်း မျက်နှာဖုံးတပ်ဖို့ မလိုဘူးလို့ လက်ရှိအကြံပြုချက်က ဆိုထားတာပါ။

မျက်နှာဖုံးကို စနစ်တကျဖြုတ်တပ်မှသာ အကျိုးရှိမယ်ဆိုတာကိုလည်း အလေးအနက်ပြောထားပါတယ်။

ဗြိတိန်၊ အမေရိကန်နဲ့ နိုင်ငံတော်တော်များများက အကြံပေးထားတဲ့ လူချင်းခွာနေရေး အစီအစဉ်ဆိုတာကလည်း တယောက်နဲ့တယောက် ၂ မီတာ သို့မဟုတ် ၆ ပေခွဲနီးပါးသာခွာနေဖို့ပြောထားပါတယ်။

ဒီ ၆ ပေခွဲအကြံပေးချက်ဟာ ဗိုင်းရပ်စ်က အမှုန်အမွှားအရည်အစက်မှတဆင့် ကူးစက်တယ်ဆိုတဲ့ အချက်အပေါ် အခြေခံထားတာဖြစ်ပါတယ်။

ဒါ့ကြောင့် ချောင်းဆိုးလို့ ထွက်လာတဲ့ အမှုန်အမွှားအရည်အစက်အများစုဟာ အနီးနားပတ်ဝန်းကျင်မှာသာ ကျရောက်နိုင်လိမ့်မယ်လို့ တွက်ချက်အကြံပေးခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Getty
Image caption ချောင်းဆိုးနှာချေတဲ့ အမှုန်အမွှားတွေဟာ ထင်ထားတာထက်ပိုပြီး ဝေးဝေးရောက်နိုင်

တွေ့ရှိချက်အသစ်ကဘာလဲ

မက်ဆာချူးဆက်နည်းပညာတက္ကသိုလ် MIT ကသုတေသီတွေဟာ မြန်နှုန်းမြင့်ကင်မရာတွေနဲ့ ဆင်ဆာတွေကို အသုံးပြုပြီး ချောင်းဆိုးနှာချေတဲ့ ဖြစ်စဉ်ကို တိတိကျကျသိဖို့ လေ့လာခဲ့ပါတယ်။

အဲသလိုလေ့လာတဲ့အခါ တွေ့လာရတာက ချောင်းဆိုးနှာချေပြီး မှုတ်ထုတ်လိုက်တဲ့အခါ သေးငယ်တဲ့အခိုးအငွေ့တွေဟာ တိမ်လိုလွင့်ပါးပြီး အဝေးထိရောက်သွားတယ်ဆိုတဲ့ အချက်ပါပဲ။ အဲဒီတိမ်တိုက်ထဲမှာ အရွယ်အစားအမျိုးမျိုးသော အမှုန်အမွှား အရည် အစက်တွေပါဝင်သွားနိုင်တာကို လည်း တွေ့ခဲ့ရပါတယ်။

လက်တွေ့ခန်းမှာ ပြုလုပ်ခဲ့တဲ့ အဲဒီစမ်းသပ်ချက်အရ ချောင်းဆိုးတဲ့အခါ အရည်အစက်ဟာ ၆ မီတာ သို့မဟုတ် ပေ ၂၀ နီးပါးအထိရောက်နိုင်ပြီး ချောင်းဆိုးတာထက် အရှိန်ပြင်းပြင်း နှာချေတဲ့အခါမှာဆိုရင် ၈ မီတာ သို့မဟုတ် ၂၅ ပေကျော်အထိတောင် ရောက်နိုင်တာကို တွေ့ခဲ့ရပါတယ်။

စဉ်းစားစရာအချက်

၂ မီတာ သို့မဟုတ် ၆ ပေခွဲနီးပါးခွာနေရင် စိတ်ချရတယ်ဆိုတဲ့ လက်ရှိအကြံပေးချက်နဲ့ ပတ်သက်ပြီး အဓိကစိုးရိမ်ပူပန်မိတယ်လို့ MIT သုတေသီအဖွဲ့ရဲ့ခေါင်းဆောင် ပါမောက္ခလစ်ဒီယာဘော်ရီဘာက ဆိုပါတယ်။

“ကျွန်မတို့ ချောင်းဆိုး နှာချေလိုက်တဲ့အခါ အခိုးအငွေ့ထုဟာ အရှိန်နဲ့ ထွက်လာပြီး အဝေးအထိရောက်နိုင်ပါတယ်။ အဲဒီအခိုးအငွေ့ထဲမှာ အရွယ်အစားအမျိုးမျိုးရှိတဲ့ အရည်အစက်တွေပါလာပြီး ပတ်ဝန်းကျင်မှာ ပြန့်သွားပါတယ်။ ၂ မီတာဆိုရင် စိတ်ချရတယ်ဆိုတဲ့ အယူအဆမှားထွက်ပေါ်လာတာက အရည်အစက်တွေဟာ အနားပတ်ဝန်းကျင်မှာပဲ ပြုတ်ကျသွားလိမ့်မယ်လို့ယူဆပြီး တွက်ချက်ခဲ့လို့ပါ။” လို့ ပါမောက္ခလစ်ဒီရာ ဘော်ရီဘာက ဘီဘီစီကို ပြောပါတယ်။

နှာခေါင်းစည်းမျက်နှာဖုံးအကြံပေးချက်ပြောင်းလဲတော့မလား

တချို့အခြေအနေတွေမှာ အထူးသဖြင့် လေဝင်လေထွက်မကောင်းတဲ့ အခန်းတွေထဲမှာဆိုရင် နှာခေါင်းစည်းတပ်တာဟာ အန္တရာယ်ဖြစ်နိုင်ခြေကို ပိုနည်းစေတယ်လို့ ပါမောက္ခလစ်ဒီရာဘော်ရီဘာက ဆိုပါတယ်။

ဥပမာပိုးရှိသူလူနာ တယောက်နဲ့ မျက်နှာချင်းဆိုင်ရတဲ့အခါ နှာခေါင်းစည်းမျက်နှာဖုံးတပ်ထားခြင်းအားဖြင့် တဖက်လူအသက်ရှူထုတ်လိုက်တဲ့လေဟာ ကိုယ့်ဆီတိုက်ရိုက်မလာဘဲ လမ်းကြောင်းပြောင်းသွားစေပါတယ်။ ဗိုင်းရပ်စ်ပါတဲ့အခိုးအငွေ့ဟာလည်း ကိုယ့်ပါးစပ်ကိုယ့်နှာခေါင်းနဲ့ ဝေးရာရောက်သွားပါတယ်။

“ပါးလျှပ်တဲ့ နှာခေါင်းစည်းမျက်နှာဖုံးတွေကတော့ အသေးဆုံးအမှုန်အစက်တွေကို မရှူသွင်းမိအောင် ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့က ကောင်းကောင်းစစ်မထုတ်နိုင်လို့ပါ” လို့ပါမောက္ခလစ်ဒီရာဘော်ရီဘာက ဆိုပါတယ်။“အဲသလိုစစ်မထုတ်နိုင်ပေမယ့် ကိုယ့်ဆီဦးတည်လာတဲ့ အခိုးအငွေ့ထုရဲ့အရှိန်ကတော့ အတားအဆီးအဟန့်အတားကြောင့် လမ်းကြောင်းပြောင်းပြီး တခြားဘက်ကို ဦးတည်သွားစေနိုင်ပါတယ်။” လို့သူကဆိုပါတယ်။ အမှုန်အမွှားအရည်အစက်ကို စစ်ထုတ်မထားနိုင်ရင်တောင် အကျိုးရှိသေးတယ်လို့ သူကဆိုပါတယ်။
ဓာတ်ပုံ မူပိုင် Getty
Image caption နှာခေါင်းစည်းတပ်ရင် တဆက်တည်းတပ်ဖို့လိုတယ်လို့ ပါမောက္ခဟေးမန်းကဆို

WHO ပညာရှင်တွေ ဘယ်လိုစဉ်းစားလာသလဲ

MIT နဲ့တခြားတက္ကသိုလ်တွေရဲ့ သုတေသနအသစ် တွေ့ရှိချက်ကို ထည့်သွင်း စဉ်းစားရလိမ့်မယ်လို့ WHO ပညာရှင်ပါမောက္ခဟေးမန်းကဆိုပါတယ်။ ချောင်းဆိုး၊ နှာချေလို့ ပြန့်လွင့်သွားမယ့် အမှုန်အစက်ဟာ အရင်ကထင်ထားတာထက် ပိုဝေးဝေးရောက်နိုင်ရိုးမှန်ရင်ပြန်လည်သုံးသပ်ရမယ်လို့ဆိုပါတယ်။

“သူတို့သုတေသနအသစ်ရဲ့ အထောက်အထားကခိုင်မာတယ်ဆိုရင် နှာခေါင်းစည်းမျက်နှာဖုံးတပ်တာဟာ လူချင်းခွာတာနဲ့ တန်းတူထိရောက်ပါလိမ့်မယ်။ ပိုပြီးတောင်ထိရောက်ချင်ထိရောက်လိမ့်မယ်”လို့လည်းဆိုပါတယ်။

ဒါပေမယ့် နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ဖို့လိုမှာဖြစ်ကြောင်းကိုတော့ သူကထပ်လောင်းသတိပေးပါတယ်။ နှာခေါင်းပေါ်မှာ ပလပ်စတာခံပြီး နှာခေါင်းစည်းတပ်ဖို့လည်း သူကအကြံပြုပါတယ်။ တကယ်လို့ အစိုငွေ့ရှိလာရင် အမှုန်အမွှားတွေ ဖြတ်ဝင်နိုင်တယ်လို့ဆိုပါတယ်။ ဖြုတ်တဲ့အခါမှာလည်း လက်ကနေ နှာခေါင်းစည်းကို ပိုးမကူးစက်ဖို့ သတိထားဖြုတ်ရမယ်လို့ဆိုပါတယ်။

ဒါ့အပြင်နှာခေါင်းစည်းတပ်ရင် တဆက်တည်းတပ်ဖို့လည်း သူကအကြံပေးပါတယ်။ ဆေးလိပ်သောက်ချင်ရင် ချွတ်လိုက်ပြန်တပ်လိုက်၊ အစာစားချင်ရင် ချွတ်လိုက်ပြန်တပ်လိုက်မလုပ်ဘဲ တဆက်တည်းတပ်ဆင်ရမယ်လို့ဆိုပါတယ်။

နောက်ရက်အနည်းငယ်အတွင်းမှာ ပညာရှင်အဖွဲ့အစည်းအဝေးထိုင်ဖို့ရှိပါတယ်။

အင်္ဂလန်လူထုကျန်းမာရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဆေးရုံဆေးခန်းအပြင်ကလူတွေ မျက်နှာဖုံးတပ်ဆင်မှုတွေဟာ သိပ်အများကြီး မထိရောက်နိုင်ဘူးလို့ဆိုပါတယ်။

“မျက်နှာဖုံးဟာ မှန်မှန်ကန်ကန်တပ်ဆင်ဖို့လိုတယ်။ မကြာခဏလဲဖို့လိုတယ်။ စနစ်တကျဖြုတ်ဖို့လိုတယ်။ အန္တရာယ်ကင်းအောင် စွန့်ပစ်တတ်ဖို့လိုတယ်။ ထိရောက်ဖို့ဆိုရင် ကျန်းမာသန့်ရှင်းရေးနည်းလမ်းတွေနဲ့ တွဲဖက်အသုံးပြုတတ်ဖို့လိုပါတယ်။” လို့သူကဆိုပါတယ်။

နိုင်ငံအများအပြားဟာ သူတို့အကြံပေးချက်ကိုပြင်လာမလား

အာရှနိုင်ငံတွေမှာ စောစောကတည်းက နှာခေါင်းစည်းမျက်နှာဖုံးကို လူအများတပ်ဆင်နေကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း ပြန်လည် သုံးသပ်မယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးဌာန CDC ကဆိုပါတယ်။

သြစတြီးယားနိုင်ငံမှာ ရဲတွေနှာခေါင်းစည်းမျက်နှာဖုံးတပ်ဆင်ကြပြီး ရဲနဲ့ဆက်ဆံရသူတွေလည်း နှာခေါင်းစည်းမျက်နှာဖုံးတပ်ကြရပါတယ်။ ဆူပါမတ်ကက်ကြီးတချို့ကလည်း ဈေးဝယ်လာသူတွေကို နှာခေါင်းစည်းမျက်နှာဖုံး တပ်ခိုင်းနေပါတယ်။

အရင်က အတပ်နည်းတဲ့ ဥရောပမှာတောင် အခုတော်တော်များများတပ်နေကြပါပြီ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ကတရားဝင်ကြေညာရင် ပိုပြီးတပ်လာကြပါလိမ့်ဦးမယ်။

BBC Burmese
https://www.bbc.com/burmese/world-52138523
ႏွာေခါင္းစည္းတပ္သင့္မတပ္သင့္ပညာရွင္ေတြျပန္သုံးသပ္ ႏွာေခါင္းစည္းတပ္သင့္မတပ္သင့္ပညာရွင္ေတြျပန္သုံးသပ္ Reviewed by THITHTOOLWIN on 08:31 Rating: 5
Powered by Blogger.