ျမန္မာႏိုင္ငံတြင္ COVID-19 ကူးစက္သူ ေနာက္ (၄)ဦး ေတြ ့ရိွ၊ ဓာတ္ခြဲအတည္ျပဳလူနာ (၂၇)ဦး ရိွျပီ

(Zawgyi)⤵⤵⤵
COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း
(၁၀-၄-၂၀၂၀) ရက္ေန႔၊ နံနက္ (၃:၀၀) နာရီ

၁။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) မွ (၉-၄-၂၀၂၀)ရက္ေန႔၊ ညပိုင္းတြင္ ေစာင့္ၾကည့္လူနာမ်ားႏွင့္ ေဆး႐ုံမ်ားႏွင့္ သက္ဆိုင္ရာ ေနရာမ်ားတြင္ အသြားအလာကန႔္သတ္ေစာင့္ၾကပ္ၾကည့္ရႈမႈခံေနသူ စုစုေပါင္း (၄၆) ဦး၏ ဓာတ္ခြဲနမူနာမ်ားအား (ဒုတိယအသုတ္အေနျဖင့္) စစ္ေဆးခဲ့ရာ (ဇယား-၁) ၌ ေဖာ္ျပထားရွိေသာ လူနာ(၄)ဦး၏ ဓာတ္ခြဲအေျဖမ်ားတြင္ COVID-19 ေရာဂါပိုး ေတြ႕ရွိ (ေတြ႕ရွိ)ရၿပီး က်န္လူနာမ်ားႏွင့္ အသြားအလာကန႔္သတ္ေစာင့္ၾကပ္ၾကည့္ရႈမႈခံေနသူ (၃၉)ဦး၏ ဓာတ္ခြဲအေျဖမ်ားတြင္ COVID-19 ေရာဂါပိုး မရွိေၾကာင္း ေတြ႕ရွိရပါသည္။ က်န္ရွိသည့္ ဓာတ္ခြဲနမူနာ (၃)ခုအား ဆက္လက္စမ္းသပ္စစ္ေဆးသြားမည္ ျဖစ္ပါ သည္။

၂။ ဓာတ္ခြဲအတည္ျပဳလူနာ (Case-024) သည္ ရန္ကုန္တိုင္း‌ေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အသက္ (၃၂)ႏွစ္အ႐ြယ္ အမ်ိဳးသား (၁)ဦးျဖစ္ၿပီး ၎သည္ စကၤာပူႏိုင္ငံတြင္ သြား‌ေရာက္အလုပ္လုပ္ကိုင္ေနသူ ျဖစ္ပါသည္။ (၁၉-၃-၂၀၂၀)ရက္ေန႔တြင္ စကၤာပူႏိုင္ငံမွ ျမန္မာ ႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိလာခဲ့ၿပီး (၁-၄-၂၀၂၀)ရက္ေန႔မွစ၍ ဖ်ားျခင္း၊ ေမာပန္းျခင္း၊ ခံစားခဲ့ရကာ (၆-၄-၂၀၂၀)ရက္ေန႔တြင္ လည္ေခ်ာင္းနာျခင္းႏွင့္ ေခ်ာင္းဆိုးျခင္းမ်ား ဆက္လက္ျဖစ္ပြားခဲ့သျဖင့္ (၈-၄-၂၀၂၀)ရက္ေန႔၊ ေန႔လယ္ပိုင္းတြင္ မရမ္းကုန္းၿမိဳ႕နယ္၊ ေဒသႏၲရက်န္းမာေရးဌာနသို႔ သြားေရာက္ျပသခဲ့ၿပီး ထိုမွတစ္ဆင့္ ေျမာက္ဥကၠလာပျပည္သူ႔ေဆး႐ုံႀကီးသို႔ ၫႊန္းပို႔၍ ေစာင့္ၾကည့္ လူနာအျဖစ္သတ္မွတ္ကာ သီးျခားထားရွိကုသမႈ‌ ေဆာင္႐ြက္ခဲ့ၿပီး လူနာထံမွ ဓာတ္ခြဲနမူနာရယူ၍ ေပးပို႔စစ္ေဆးခဲ့ျခင္း ျဖစ္ပါသည္။
၃။ ဓာတ္ခြဲအတည္ျပဳလူနာ (Case-025) သည္ ရန္ကုန္တိုင္း‌ေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အသက္ (၅၅)ႏွစ္အ႐ြယ္ အမ်ိဳးသား (၁)ဦးျဖစ္ၿပီး ၎မွာ ျပည္ပႏိုင္ငံမ်ားသို႔ လြန္ခဲ့ေသာ (၁၄)ရက္အတြင္း ခရီးသြားရာဇဝင္ မရွိေသာ္လည္း (၂-၄-၂၀၂၀)ရက္ေန႔မွစ၍ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း ခံစားခဲ့ရသျဖင့္ (၉-၄-၂၀၂၀)ရက္ေန႔တြင္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ သြားေရာက္ ျပသခဲ့ရာ ေစာင့္ၾကည့္လူနာအျဖစ္သတ္မွတ္၍ သီးျခားထားရွိၿပီး ကုသမႈ‌ေပးခဲ့ကာ လူနာထံမွ ဓာတ္ခြဲနမူနာရယူ၍ ေပးပို႔စစ္ေဆးခဲ့ျခင္း ျဖစ္ပါသည္။ အဆိုပါလူနာတြင္ ေသြးတိုးေရာဂါႏွင့္ ဆီးခ်ိဳေရာဂါအခံရွိေၾကာင္း သိရွိရပါသည္။

၄။ ဓာတ္ခြဲအတည္ျပဳလူနာ (Case-026) သည္ ရန္ကုန္တိုင္း‌ေဒသႀကီး၊ လႈိင္သာယာၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အသက္ (၅၆)ႏွစ္အ႐ြယ္ အမ်ိဳးသမီး (၁)ဦးျဖစ္ၿပီး ျပည္ပႏိုင္ငံမ်ားသို႔ လြန္ခဲ့ေသာ (၁၄)ရက္အတြင္း ခရီးသြားရာဇဝင္ မရွိေသာ္လည္း (၁-၄-၂၀၂၀)ရက္ေန႔မွစ၍ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္းႏွင့္ လည္ေခ်ာင္းနာျခင္း ေရာဂါလကၡဏာမ်ား ခံစားခဲ့ရသျဖင့္ (၈-၄-၂၀၂၀)ရက္ေန႔တြင္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ သြားေရာက္ျပသခဲ့ရာ ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္၍ သီးျခား ထားရွိၿပီး ကုသမႈ‌ေပးခဲ့ၿပီး ဓာတ္ခြဲနမူနာရယူ၍ ေပးပို႔စစ္ေဆးခဲ့ျခင္း ျဖစ္ပါသည္။ အဆိုပါလူနာတြင္ ေသြးတိုးေရာဂါႏွင့္ ဆီးခ်ိဳေရာဂါအခံရွိေၾကာင္း သိရွိရပါသည္။

၅။ ဓာတ္ခြဲအတည္ျပဳလူနာ (Case-027) သည္ မြန္ျပည္နယ္၊ က်ိဳက္မေရာၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အသက္ (၂၄)ႏွစ္အ႐ြယ္ အမ်ိဳးသမီး (၁)ဦးျဖစ္ၿပီး ထိုင္းႏိုင္ငံတြင္ အလုပ္အကိုင္ ရွာေဖြရန္ တစ္လခန႔္ သြားေရာက္ေနထိုင္ခဲ့စဥ္ ဗိုက္ေအာင့္ေဝဒနာခံစားခဲ့ရသျဖင့္ ထိုင္းႏိုင္ငံ၌ (၁) လခန႔္ၾကာ ေဆး႐ုံတက္ေရာက္ကုသခဲ့ပါသည္။ (၂၀-၃-၂၀၂၀)ရက္ေန႔တြင္ ျမဝတီၿမိဳ႕မွတစ္ဆင့္ ၎ေနထိုင္ရာ က်ိဳက္မေရာၿမိဳ႕နယ္ရွိ ေက်း႐ြာသို႔ျပန္လည္ေရာက္ရွိခဲ့ကာ ေနအိမ္တြင္ အသြားအလာ ကန႔္သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈမႈခံေနရာမွ (၂၉-၃-၂၀၂၀)ရက္ေန႔တြင္ သတ္မွတ္ေနရာသို႔ ပို႔ေဆာင္၍ အသြားအလာကန႔္သတ္ျခင္း/ တားျမစ္ျခင္း (Facility Quarantine) အျဖစ္ ေျပာင္းလဲ ေဆာင္႐ြက္ခဲ့ပါသည္‌။ ထိုသို႔ေဆာင္႐ြက္ထားရွိစဥ္ ဗိုက္ေအာင့္ေဝဒနာ ထပ္မံခံစားခဲ့ရသျဖင့္ (၃၀-၃-၂၀၂၀)ရက္ေန႔တြင္ ျပည္သူ႔ေဆး႐ုံ၊ က်ိဳက္မေရာၿမိဳ႕သို႔ ပို႔ေဆာင္ကာ အသြားအလာကန႔္သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈကုသမႈ (Hospital Quarantine) ေဆာင္႐ြက္ခဲ့ၿပီး (၈-၄-၂၀၂၀) ရက္ေန႔တြင္ အဆိုပါ လူနာထံမွ ဓာတ္ခြဲနမူနာရယူ၍ ေပးပို႔စစ္ေဆးခဲ့ျခင္းျဖစ္ပါသည္။

၆။ ယခုအခါ (၂၃-၃-၂၀၂၀)ရက္ေန႔မွ (၁၀-၄-၂၀၂၀)ရက္ေန႔၊ နံနက္ (၃:၀၀)နာရီအခ်ိန္အထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (၂၇)ဦး ေတြ႕ရွိခဲ့ၿပီး ျဖစ္ပါသည္။

၇။ သို႔ျဖစ္ပါ၍ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာမ်ားမွာ ခ်င္းျပည္နယ္၊ တီးတိန္ ျပည္သူ႔ ေဆး႐ုံတြင္ (၂)ဦး၊ ရန္ကုန္ၿမိဳ႕၊ ေဝဘာဂီအထူးကုေဆး႐ုံႀကီးတြင္ လူနာ (၁၅)ဦး၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ လားရႈိးျပည္သူ႔ေဆး႐ုံႀကီးတြင္ (၁)ဦး၊ ေျမာက္ဥကၠလာပ ျပည္သူ႔ေဆး႐ုံႀကီးတြင္ (၁)ဦး၊ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးတြင္ (၂)ဦးႏွင့္ ျပည္သူ႔ေဆး႐ုံ၊ က်ိဳက္မေရာၿမိဳ႕တြင္ (၁)ဦး၊ စုစုေပါင္း (၂၂)ဦးတို႔ ျဖစ္ၿပီး ေျမာက္ဥကၠလာပျပည္သူ႔ေဆး႐ုံႀကီးမွ လူနာ (၁) ဦးႏွင့္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး လူနာ (၂)ဦးတို႔အား ေဝဘာဂီအထူးကုေဆး႐ုံႀကီးသို႔ လႊဲေျပာင္းကုသမႈေပးရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိပါသည္။

၈။ အဆိုပါ ဓာတ္ခြဲအတည္ျပဳလူနာမ်ားႏွင့္ ထိေတြ႕ခဲ့သူမ်ားအားလုံးကို စုံစမ္းေဖာ္ထုတ္၍ အသြားအလာကန႔္သတ္ကာ ေစာင့္ၾကပ္ၾကည့္ရႈမႈမ်ားလုပ္ေဆာင္သြားမည္ျဖစ္ပါသည္။ သို႔ျဖစ္ပါ၍ အဆိုပါ ဓာတ္ခြဲ အတည္ျပဳလူနာမ်ားႏွင့္ အနီးကပ္ထိေတြ႕ခဲ့သူမ်ားအေနျဖင့္ နီးစပ္ရာက်န္းမာေရး ဌာနသို႔ အျမန္ဆုံးဆက္သြယ္အေၾကာင္းၾကားေစလိုပါေၾကာင္း တိုက္တြန္းအပ္ပါသည္။

Ministry of Health and Sports, Myanmar
-----------------------------------------------
(Unicode)⤵⤵⤵
မြန်မာနိုင်ငံတွင် COVID-19 ကူးစက်သူ နောက် (၄)ဦး တွေ့ရှိ၊  ဓာတ်ခွဲအတည်ပြုလူနာ (၂၇)ဦး ရှိပြီ

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၀-၄-၂၀၂၀) ရက်နေ့၊ နံနက် (၃:၀၀) နာရီ

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၉-၄-၂၀၂၀)ရက်နေ့၊ ညပိုင်းတွင် စောင့်ကြည့်လူနာများနှင့် ဆေးရုံများနှင့် သက်ဆိုင်ရာ နေရာများတွင် အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုမှုခံနေသူ စုစုပေါင်း (၄၆) ဦး၏ ဓာတ်ခွဲနမူနာများအား (ဒုတိယအသုတ်အနေဖြင့်) စစ်ဆေးခဲ့ရာ (ဇယား-၁) ၌ ဖော်ပြထားရှိသော လူနာ(၄)ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ)ရပြီး ကျန်လူနာများနှင့် အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုမှုခံနေသူ (၃၉)ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိရပါသည်။ ကျန်ရှိသည့် ဓာတ်ခွဲနမူနာ (၃)ခုအား ဆက်လက်စမ်းသပ်စစ်ဆေးသွားမည် ဖြစ်ပါ သည်။

၂။ ဓာတ်ခွဲအတည်ပြုလူနာ (Case-024) သည် ရန်ကုန်တိုင်း‌ဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် နေထိုင်သော အသက် (၃၂)နှစ်အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး ၎င်းသည် စင်္ကာပူနိုင်ငံတွင် သွား‌ရောက်အလုပ်လုပ်ကိုင်နေသူ ဖြစ်ပါသည်။ (၁၉-၃-၂၀၂၀)ရက်နေ့တွင် စင်္ကာပူနိုင်ငံမှ မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး (၁-၄-၂၀၂၀)ရက်နေ့မှစ၍ ဖျားခြင်း၊ မောပန်းခြင်း၊ ခံစားခဲ့ရကာ (၆-၄-၂၀၂၀)ရက်နေ့တွင် လည်ချောင်းနာခြင်းနှင့် ချောင်းဆိုးခြင်းများ ဆက်လက်ဖြစ်ပွားခဲ့သဖြင့် (၈-၄-၂၀၂၀)ရက်နေ့၊ နေ့လယ်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ ဒေသန္တရကျန်းမာရေးဌာနသို့ သွားရောက်ပြသခဲ့ပြီး ထိုမှတစ်ဆင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့၍ စောင့်ကြည့် လူနာအဖြစ်သတ်မှတ်ကာ သီးခြားထားရှိကုသမှု‌ ဆောင်ရွက်ခဲ့ပြီး လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။
၃။ ဓာတ်ခွဲအတည်ပြုလူနာ (Case-025) သည် ရန်ကုန်တိုင်း‌ဒေသကြီး၊ ဗဟန်းမြို့နယ်တွင် နေထိုင်သော အသက် (၅၅)နှစ်အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး ၎င်းမှာ ပြည်ပနိုင်ငံများသို့ လွန်ခဲ့သော (၁၄)ရက်အတွင်း ခရီးသွားရာဇဝင် မရှိသော်လည်း (၂-၄-၂၀၂၀)ရက်နေ့မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း ခံစားခဲ့ရသဖြင့် (၉-၄-၂၀၂၀)ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက် ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြားထားရှိပြီး ကုသမှု‌ပေးခဲ့ကာ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါလူနာတွင် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါအခံရှိကြောင်း သိရှိရပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာ (Case-026) သည် ရန်ကုန်တိုင်း‌ဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် နေထိုင်သော အသက် (၅၆)နှစ်အရွယ် အမျိုးသမီး (၁)ဦးဖြစ်ပြီး ပြည်ပနိုင်ငံများသို့ လွန်ခဲ့သော (၁၄)ရက်အတွင်း ခရီးသွားရာဇဝင် မရှိသော်လည်း (၁-၄-၂၀၂၀)ရက်နေ့မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် (၈-၄-၂၀၂၀)ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြား ထားရှိပြီး ကုသမှု‌ပေးခဲ့ပြီး ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါလူနာတွင် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါအခံရှိကြောင်း သိရှိရပါသည်။

၅။ ဓာတ်ခွဲအတည်ပြုလူနာ (Case-027) သည် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် နေထိုင်သော အသက် (၂၄)နှစ်အရွယ် အမျိုးသမီး (၁)ဦးဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်အကိုင် ရှာဖွေရန် တစ်လခန့် သွားရောက်နေထိုင်ခဲ့စဉ် ဗိုက်အောင့်ဝေဒနာခံစားခဲ့ရသဖြင့် ထိုင်းနိုင်ငံ၌ (၁) လခန့်ကြာ ဆေးရုံတက်ရောက်ကုသခဲ့ပါသည်။ (၂၀-၃-၂၀၂၀)ရက်နေ့တွင် မြဝတီမြို့မှတစ်ဆင့် ၎င်းနေထိုင်ရာ ကျိုက်မရောမြို့နယ်ရှိ ကျေးရွာသို့ပြန်လည်ရောက်ရှိခဲ့ကာ နေအိမ်တွင် အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှုခံနေရာမှ (၂၉-၃-၂၀၂၀)ရက်နေ့တွင် သတ်မှတ်နေရာသို့ ပို့ဆောင်၍ အသွားအလာကန့်သတ်ခြင်း/ တားမြစ်ခြင်း (Facility Quarantine) အဖြစ် ပြောင်းလဲ ဆောင်ရွက်ခဲ့ပါသည်‌။ ထိုသို့ဆောင်ရွက်ထားရှိစဉ် ဗိုက်အောင့်ဝေဒနာ ထပ်မံခံစားခဲ့ရသဖြင့် (၃၀-၃-၂၀၂၀)ရက်နေ့တွင် ပြည်သူ့ဆေးရုံ၊ ကျိုက်မရောမြို့သို့ ပို့ဆောင်ကာ အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုကုသမှု (Hospital Quarantine) ဆောင်ရွက်ခဲ့ပြီး (၈-၄-၂၀၂၀) ရက်နေ့တွင် အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

၆။ ယခုအခါ (၂၃-၃-၂၀၂၀)ရက်နေ့မှ (၁၀-၄-၂၀၂၀)ရက်နေ့၊ နံနက် (၃:၀၀)နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၇)ဦး တွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။

၇။ သို့ဖြစ်ပါ၍ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ ဆေးရုံတွင် (၂)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၁၅)ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် (၂)ဦးနှင့် ပြည်သူ့ဆေးရုံ၊ ကျိုက်မရောမြို့တွင် (၁)ဦး၊ စုစုပေါင်း (၂၂)ဦးတို့ ဖြစ်ပြီး မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှ လူနာ (၁) ဦးနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး လူနာ (၂)ဦးတို့အား ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းကုသမှုပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၈။ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုမှုများလုပ်ဆောင်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ဓာတ်ခွဲ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအနေဖြင့် နီးစပ်ရာကျန်းမာရေး ဌာနသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားစေလိုပါကြောင်း တိုက်တွန်းအပ်ပါသည်။

Ministry of Health and Sports, Myanmar
https://www.facebook.com/MinistryOfHealthAndSportsMyanmar/
ျမန္မာႏိုင္ငံတြင္ COVID-19 ကူးစက္သူ ေနာက္ (၄)ဦး ေတြ ့ရိွ၊ ဓာတ္ခြဲအတည္ျပဳလူနာ (၂၇)ဦး ရိွျပီ ျမန္မာႏိုင္ငံတြင္ COVID-19 ကူးစက္သူ ေနာက္ (၄)ဦး ေတြ ့ရိွ၊  ဓာတ္ခြဲအတည္ျပဳလူနာ (၂၇)ဦး ရိွျပီ Reviewed by THITHTOOLWIN on 05:03 Rating: 5
Powered by Blogger.