ရန္ကုန္ က ၃ဦး၊ မြန္က တစ္ဦး ေပါင္း ၄ဦးမွာ ပိုးထပ္ ေတြ႕


ျမန္မာႏိုင္ငံ မွာကို႐ိုနာဗိုင္းရပ္စ္ပိုးရွိသူ ေလးဦးထပ္မံေတြ႕ရွိေၾကာင္းက်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန က ဧၿပီလ၁၀ ရက္မနက္အေစာကထုတ္ျပန္ပါတယ္။

ယခုအခါျမန္မာႏိုင္ငံမွာေရာဂါ ပိုးေတြ႕သူ ၂၇ ဦးထိ ရွိလာၿပီ ျဖစ္ပါတယ္။

ေရာဂါပိုးေတြ႕သူေတြထဲမွာ ရန္ကုန္ျပည္သူ႔ ေဆး႐ုံႀကီး ကႏွစ္ဦး၊ေျမာက္ဥကၠလာပတစ္ဦးျဖစ္ၿပီးေတာ့ ေနာက္တစ္ဦးက မြန္ျပည္နယ္ က်ိဳက္မေရာ ကျဖစ္ပါတယ္။

ေရာဂါပိုးေတြ႕သူ ေတြထဲမွာႏွစ္ဦးကေတာ့ ထိုင္း နဲ႔ စင္ကာပူ တို႔ကျပန္လာသူေတြျဖစ္ပါတယ္။

က်န္တဲ့သူႏွစ္ဦးကေတာ့ ဗဟန္းနဲ႔လႈိင္သာယာတို႔ကျဖစ္ၿပီး ခရီးသြား ရာဇဝင္မရွိဘူးလို႔ထုတ္ျပန္ခ်က္မွာေဖာ္ျပပါရွိပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ဧၿပီလ ၉ ရက္ ထုတ္ျပန္ခ်က္ အရ ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိသူ လူနာအမွတ္ ၂၃ ဟာ ခ်င္းျပည္နယ္က တီးတိန္က ျဖစ္ပါတယ္။

ဓာတ္ခြဲအတည္ျပဳလူနာ အမွတ္ ၂၃ ဟာ ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္၊ ကပ္တဲလ္ ေက်း႐ြာမွာ ေနထိုင္ တဲ့ အသက္ ၅၈ ႏွစ္အ႐ြယ္ ျမန္မာႏိုင္ငံသား၊ အေမရိကန္ႏိုင္ငံက Green Card ရရွိထားသူျဖစ္ၿပီး ဓာတ္ခြဲအတည္ျပဳလူနာ လူနာအမွတ္ ၁ ရဲ႕ မိခင္ျဖစ္ပါတယ္။

အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန က မတ္လ ၉ ရက္ေန႔၊ ညပိုင္း ေစာင့္ၾကည့္လူနာ စုစုေပါင္း (၄၆) ဦးရဲ႕ ဓာတ္ခြဲနမူနာတြကို (ဒုတိယအသုတ္အေနနဲ႔) စစ္ေဆးခဲ့ရာအခုလိုေတြ႕ရွိတာျဖစ္ၿပီးေတာ့က်န္ ၃၉ဦး ဓာတ္ခြဲအေျဖမွာ COVID-19 ေရာဂါပိုး မရွိေၾကာင္း ၊ က်န္ရွိတဲ့ ဓာတ္ခြဲနမူနာ (၃)ခုကို ဆက္လက္စမ္းသပ္စစ္ေဆးသြားမယ္လို႔လည္းထုတ္ျပန္ပါတယ္။

BBC Burmese
------------------------------------------------
ရန်ကုန် က ၃ဦး၊ မွန်က တစ်ဦး ပေါင်း ၄ဦးမှာ ပိုးထပ် တွေ့

မြန်မာနိုင်ငံ မှာကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ လေးဦးထပ်မံတွေ့ရှိကြောင်းကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန က ဧပြီလ၁၀ ရက်မနက်အစောကထုတ်ပြန်ပါတယ်။

ယခုအခါမြန်မာနိုင်ငံမှာရောဂါ ပိုးတွေ့သူ ၂၇ ဦးထိ ရှိလာပြီ ဖြစ်ပါတယ်။

ရောဂါပိုးတွေ့သူတွေထဲမှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ကနှစ်ဦး၊မြောက်ဥက္ကလာပတစ်ဦးဖြစ်ပြီးတော့ နောက်တစ်ဦးက မွန်ပြည်နယ် ကျိုက်မရော ကဖြစ်ပါတယ်။

ရောဂါပိုးတွေ့သူ တွေထဲမှာနှစ်ဦးကတော့ ထိုင်း နဲ့ စင်ကာပူ တို့ကပြန်လာသူတွေဖြစ်ပါတယ်။

ကျန်တဲ့သူနှစ်ဦးကတော့ ဗဟန်းနဲ့လှိုင်သာယာတို့ကဖြစ်ပြီး ခရီးသွား ရာဇဝင်မရှိဘူးလို့ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဧပြီလ ၉ ရက် ထုတ်ပြန်ချက် အရ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ လူနာအမှတ် ၂၃ ဟာ ချင်းပြည်နယ်က တီးတိန်က ဖြစ်ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာ အမှတ် ၂၃ ဟာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ် ကျေးရွာမှာ နေထိုင် တဲ့ အသက် ၅၈ နှစ်အရွယ် မြန်မာနိုင်ငံသား၊ အမေရိကန်နိုင်ငံက Green Card ရရှိထားသူဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ လူနာအမှတ် ၁ ရဲ့ မိခင်ဖြစ်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန က မတ်လ ၉ ရက်နေ့၊ ညပိုင်း စောင့်ကြည့်လူနာ စုစုပေါင်း (၄၆) ဦးရဲ့ ဓာတ်ခွဲနမူနာတွကို (ဒုတိယအသုတ်အနေနဲ့) စစ်ဆေးခဲ့ရာအခုလိုတွေ့ရှိတာဖြစ်ပြီးတော့ကျန် ၃၉ဦး ဓာတ်ခွဲအဖြေမှာ COVID-19 ရောဂါပိုး မရှိကြောင်း ၊ ကျန်ရှိတဲ့ ဓာတ်ခွဲနမူနာ (၃)ခုကို ဆက်လက်စမ်းသပ်စစ်ဆေးသွားမယ်လို့လည်းထုတ်ပြန်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52239575
ရန္ကုန္ က ၃ဦး၊ မြန္က တစ္ဦး ေပါင္း ၄ဦးမွာ ပိုးထပ္ ေတြ႕ ရန္ကုန္ က ၃ဦး၊ မြန္က တစ္ဦး ေပါင္း ၄ဦးမွာ ပိုးထပ္ ေတြ႕ Reviewed by THITHTOOLWIN on 06:07 Rating: 5
Powered by Blogger.