ထုိင္းမွာ သႀကၤန္ပြဲကာလ အရက္ေသစာေရာင္းခ်ခြင့္ ၁၀ ရက္ပိတ္


(Zawgyi/Unicode)

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ေနာက္သီတင္းပတ္အတြင္း က်ေရာက္မယ့္ songkran ႏွစ္သစ္ကူးပြဲမတိုင္မီ အရက္ေသစာ ေရာင္းခ်ခြင့္ ၁၀ ရက္ပိတ္ ပင္လိုက္ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ျပန္႕ပြားတာကို ဟန္႔တားနိုင္ဖို႔ လူစု လူေဝး မလုပ္ရေအာင္ အခုလို ကန္႔သတ္ လိုက္တာပါ။ ဧၿပီ ၁၀ ရက္ကေန ၂၀ ရက္ေန႔အထိ အရက္ေရာင္းခ်တဲ့ ဆိုင္ေတြကို ပိတ္ထားရမွာ ျဖစ္တယ္လို႔ ဘန္ေကာက္ ၿမိဳ႕ေတာ္ အစိုးရအဖြဲ႕ ေျပာခြင့္ရ Pongsakorn Kwanmuang က သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ေၾကညာခ်က္ စတင္အသက္ မဝင္ခင္ အခ်ိန္ထိ ၿမိဳ႕ေတာ္ေန ျပည္သူေတြ ေစ်းဆိုင္ႀကီးေတြမွာ တန္းစီၿပီး အရက္ဝယ္ယူ စုေဆာင္းေနၾကတာကိုလည္း ေတြ႕ရပါ တယ္။ ထိုင္းရိုးရာ Songkran ႏွစ္သစ္ကူးသၾကၤန္ပြဲေတာ္ကို ၃ ရက္က်င္းပေလ့ရွိၿပီး မိဘရပ္ထံ ျပန္ၾကသလို အရက္ေသစာ သုံးစြဲၿပီး ဆင္ႏႊဲၾကတာေတြလည္း ရွိပါတယ္။

ထိုင္းနိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါပိုး ကူးစက္ခံထားရသူ ၂၄၀၀ ေက်ာ္ နဲ႔ေသဆုံးသူ ၃၂ ဦးရွိၿပီး ကူးစက္မႈ အမ်ားစုက ၿမိဳ႕ေတာ္ ဘန္ေကာက္မွာ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------------

ထိုင်းမှာ သင်္ကြန်ပွဲကာလ အရက်သေစာရောင်းချခွင့် ၁၀ ရက်ပိတ်

(Unicode)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နောက်သီတင်းပတ်အတွင်း ကျရောက်မယ့် songkran နှစ်သစ်ကူးပွဲမတိုင်မီ အရက်သေစာ ရောင်းချခွင့် ၁၀ ရက်ပိတ် ပင်လိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားတာကို ဟန့်တားနိုင်ဖို့ လူစု လူဝေး မလုပ်ရအောင် အခုလို ကန့်သတ် လိုက်တာပါ။ ဧပြီ ၁၀ ရက်ကနေ ၂၀ ရက်နေ့အထိ အရက်ရောင်းချတဲ့ ဆိုင်တွေကို ပိတ်ထားရမှာ ဖြစ်တယ်လို့ ဘန်ကောက် မြို့တော် အစိုးရအဖွဲ့ ပြောခွင့်ရ Pongsakorn Kwanmuang က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကြေညာချက် စတင်အသက် မဝင်ခင် အချိန်ထိ မြို့တော်နေ ပြည်သူတွေ ဈေးဆိုင်ကြီးတွေမှာ တန်းစီပြီး အရက်ဝယ်ယူ စုဆောင်းနေကြတာကိုလည်း တွေ့ရပါ တယ်။ ထိုင်းရိုးရာ Songkran နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို ၃ ရက်ကျင်းပလေ့ရှိပြီး မိဘရပ်ထံ ပြန်ကြသလို အရက်သေစာ သုံးစွဲပြီး ဆင်နွှဲကြတာတွေလည်း ရှိပါတယ်။

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံထားရသူ ၂၄၀၀ ကျော် နဲ့သေဆုံးသူ ၃၂ ဉီးရှိပြီး ကူးစက်မှု အများစုက မြို့တော် ဘန်ကောက်မှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/thai-songkran-no-alcohol-/5366724.html

ထုိင္းမွာ သႀကၤန္ပြဲကာလ အရက္ေသစာေရာင္းခ်ခြင့္ ၁၀ ရက္ပိတ္ ထုိင္းမွာ သႀကၤန္ပြဲကာလ အရက္ေသစာေရာင္းခ်ခြင့္ ၁၀ ရက္ပိတ္ Reviewed by THITHTOOLWIN on 05:02 Rating: 5
Powered by Blogger.