အိႏၵိယက က်ဴးေက်ာ္ရပ္ကြက္ေတြ COVID-19 ကူးစက္မႈ ဆုိးရြားႏုိင္

အိႏၵိယက က်ဴးေက်ာ္ရပ္ကြက္မ်ား
(Zawgyi/Unicode)

Social Distancing လို႔ေခၚတဲ့ လူခ်င္း ခပ္ခြာခြာေနဖို႔ ခဲယဥ္းတာေၾကာင့္ အိႏၵိယနိုင္ငံက ဆင္းရဲသား က်ဴးေက်ာ္ ရပ္ကြက္ေတြဟာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ဖို႔အတြက္ အလြယ္ကူဆုံးေနရာေတြျဖစ္လာနိုင္တယ္ လို႔ လူထု က်န္းမာေရး ပညာရွင္ေတြကေျပာပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ေနတာကို တားဆီးတဲ့အေနနဲ႔ နိုင္ငံတစ္ဝွမ္း အိမ္ျပင္ မထြက္ရအမိန္႔ထုတ္ျပန္ၿပီးကတည္းက လူ ၆၅သန္း ေလာက္ဟာ တစ္ခန္းစာအိမ္ငယ္ေလးေတြမွာ စုျပဳံ ေနေနၾကရတာပါ။ က်ဴးေက်ာ္ ရပ္ကြက္ေန လူ ၅ သန္းရွိတဲ့ မြန္ဘိုင္းလို ၿမိဳ႕ႀကီး မွာေတာ့ လူ ၁၉၀ မွာ အိမ္သာ ၁ လုံးသာ ရွိပါတယ္။၁ စတုရန္း ကီလိုမီတာမွာလူ ၂ သိန္း ၈ ေသာင္းရွိတာမို႔ လူသြားလမ္းငယ္ ေတြမွာ တစ္ဦးနဲ႔တစ္ဦး မထိပဲ ေရွာင္ရွားသြားဖို႔က ခက္ခဲလွပါတယ္။

အဲဒီလို လူဦးေရ ထူထပ္လွတဲ့ လူေနရပ္ကြက္ေတြဟာ အခု က်ေရာက္ေနတဲ့ ကပ္ေရာဂါကို ရင္ဆိုင္ရာမွာ အိႏၵိယလို ဖြံ႔ၿဖိဳးဆဲႏိုင္ငံေတြ အတြက္ စိန္ေခၚမႈတစ္ခုပဲဆိုတာကို ထင္ထင္ရွားရွား ျပသေနပါတယ္။

က်ဴးေက်ာ္ရပ္ကြက္ေတြနဲ႔ ဝင္ေငြနည္း ေနရာတစ္ခ်ိဳ႕မွာ မၾကာေသးခင္က လူ ၁၀ ေယာက္ ဗိုင္းရပ္စ္ ကူးစက္ခံရတာေၾကာင့္ ဒီ ရပ္ကြက္ေတြအေပၚ ပိုၿပီး အာ႐ုံစိုက္စရာ ျဖစ္လာခဲ့ပါတယ္။ လူဦးေရထူထပ္တဲ့ ေဒလီနဲ႔ မြန္ဘိုင္းၿမိဳ႕ေတြမွာ လူခ်မ္းသာေတြနဲ႔ လူလတ္တန္းစားေတြကသာ လူခ်င္းခ်ဲၿပီးေနရမယ့္ ညႊန္ၾကားခ်က္ကို လိုက္နာနိုင္တာပါ။ တစ္ခ်ိန္တည္းမွာပဲ က်ဴးေက်ာ္ေန ဆင္းရဲသားေတြဟာ သန္႔ရွင္းေရး၊ အလုပ္သမ၊ အိမ္အကူ၊ ထမင္းခ်က္၊ ယာဥ္ေမာင္းလို အလုပ္ေတြ လုပ္ကိုင္ၾကတာျဖစ္လို႔ လူလတ္တန္းစားေတြရဲ့ ဘဝနဲ႔ နီးနီးကပ္ကပ္ ထိေတြ႕ ဆက္စပ္မႈလည္း ရွိေန ပါတယ္။ အိႏၵိယနိုင္ငံမွာ အခုအခ်ိန္အထိ ကိုရိုနာ ဗိုင္းရပ္စ္ပိုး ကူးစက္ခံရသူ ၁၂၅၀ ေက်ာ္ရွိၿပီး ေသဆုံးသူ ၃၂ ဦး ရွိပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
...............

အိန္ဒိယက ကျူးကျော်ရပ်ကွက်တွေ COVID-19 ကူးစက်မှု ဆိုးရွားနိုင်

(Unicode)

Social Distancing လို့ခေါ်တဲ့ လူချင်း ခပ်ခွာခွာနေဖို့ ခဲယဉ်းတာကြောင့် အိန္ဒိယနိုင်ငံက ဆင်းရဲသား ကျူးကျော် ရပ်ကွက်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖို့အတွက် အလွယ်ကူဆုံးနေရာတွေဖြစ်လာနိုင်တယ် လို့ လူထု ကျန်းမာရေး ပညာရှင်တွေကပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတာကို တားဆီးတဲ့အနေနဲ့ နိုင်ငံတစ်ဝှမ်း အိမ်ပြင် မထွက်ရအမိန့်ထုတ်ပြန်ပြီးကတည်းက လူ ၆၅သန်း လောက်ဟာ တစ်ခန်းစာအိမ်ငယ်လေးတွေမှာ စုပြုံ နေနေကြရတာပါ။ ကျူးကျော် ရပ်ကွက်နေ လူ ၅ သန်းရှိတဲ့ မွန်ဘိုင်းလို မြို့ကြီး မှာတော့ လူ ၁၉၀ မှာ အိမ်သာ ၁ လုံးသာ ရှိပါတယ်။၁ စတုရန်း ကီလိုမီတာမှာလူ ၂ သိန်း ၈ သောင်းရှိတာမို့ လူသွားလမ်းငယ် တွေမှာ တစ်ဦးနဲ့တစ်ဦး မထိပဲ ရှောင်ရှားသွားဖို့က ခက်ခဲလှပါတယ်။

အဲဒီလို လူဦးရေ ထူထပ်လှတဲ့ လူနေရပ်ကွက်တွေဟာ အခု ကျရောက်နေတဲ့ ကပ်ရောဂါကို ရင်ဆိုင်ရာမှာ အိန္ဒိယလို ဖွံ့ဖြိုးဆဲနိုင်ငံတွေ အတွက် စိန်ခေါ်မှုတစ်ခုပဲဆိုတာကို ထင်ထင်ရှားရှား ပြသနေပါတယ်။

ကျူးကျော်ရပ်ကွက်တွေနဲ့ ဝင်ငွေနည်း နေရာတစ်ချို့မှာ မကြာသေးခင်က လူ ၁၀ ယောက် ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဒီ ရပ်ကွက်တွေအပေါ် ပိုပြီး အာရုံစိုက်စရာ ဖြစ်လာခဲ့ပါတယ်။ လူဦးရေထူထပ်တဲ့ ဒေလီနဲ့ မွန်ဘိုင်းမြို့တွေမှာ လူချမ်းသာတွေနဲ့ လူလတ်တန်းစားတွေကသာ လူချင်းချဲပြီးနေရမယ့် ညွှန်ကြားချက်ကို လိုက်နာနိုင်တာပါ။ တစ်ချိန်တည်းမှာပဲ ကျူးကျော်နေ ဆင်းရဲသားတွေဟာ သန့်ရှင်းရေး၊ အလုပ်သမ၊ အိမ်အကူ၊ ထမင်းချက်၊ ယာဉ်မောင်းလို အလုပ်တွေ လုပ်ကိုင်ကြတာဖြစ်လို့ လူလတ်တန်းစားတွေရဲ့ ဘဝနဲ့ နီးနီးကပ်ကပ် ထိတွေ့ ဆက်စပ်မှုလည်း ရှိနေ ပါတယ်။ အိန္ဒိယနိုင်ငံမှာ အခုအချိန်အထိ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၂၅၀ ကျော်ရှိပြီး သေဆုံးသူ ၃၂ ဦး ရှိပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/india-slum-covid-19-/5354061.html
အိႏၵိယက က်ဴးေက်ာ္ရပ္ကြက္ေတြ COVID-19 ကူးစက္မႈ ဆုိးရြားႏုိင္ အိႏၵိယက က်ဴးေက်ာ္ရပ္ကြက္ေတြ COVID-19 ကူးစက္မႈ ဆုိးရြားႏုိင္ Reviewed by THITHTOOLWIN on 02:30 Rating: 5
Powered by Blogger.