ဆင္းရဲမြဲေတမႈနဲ႔ကို႐ိုနာဗိုင္းရပ္စ္

ဆလက္စတင္းအာဒီယမ္ဘိုမိသားစုဟာ ေရဝယ္သုံးဖို႔ အစားအေသာက္ကိုေခြၽတာၾကရ။
ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈျဖစ္ပြားခ်ိန္မွာ ဥေရာပအပါအဝင္ ဖြံ႕ၿဖိဳးတဲ့တိုင္းျပည္ေတြက ပိတ္ဆို႔မႈေတြလုပ္ေနၾကေပမယ့္ သန္းေပါင္းမ်ားစြာေသာ တျခားလူေတြအတြက္ေတာ့ ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္ WHO ရဲ႕ ၫႊန္ၾကားခ်က္ျဖစ္တဲ့ လက္ေဆးပါ၊ လူခ်င္းခြာေနပါဆိုတာကိုေတာင္ လိုက္နာဖို႔ အခက္အခဲရွိပါတယ္။

ကမာၻ႔ၿမိဳ႕ျပလူဦးေရရဲ႕ ၃၀ ရာႏႈန္းျဖစ္တဲ့ လူေပါင္း သန္းတေထာင္ေလာက္ဟာ ႁပြတ္သိပ္က်ပ္ညပ္ေနတဲ့ က်ဴးေက်ာ္အိမ္ေတြလို ေနရာေတြမွာေနၾကရပါတယ္။ အဲဒီအိမ္ေတြအမ်ားစုဟာ ေလဝင္ေလထြက္လည္း မေကာင္း၊ ေရေပးေဝေရးစနစ္လည္းမရွိ၊ ေရဆိုးေျမာင္း၊ မိလႅာပိုက္လည္း မရွိၾကပါဘူး။ အဲသလိုေနရာမ်ိဳးဟာ ဗိုင္းရပ္စ္ေတြ ျပန႔္ပြားခ်င္သေလာက္ျပန႔္ပြားဖို႔ရာ စားက်က္ေကာင္းျဖစ္ေနမွာပါ။

အသက္ ၄၃ ႏွစ္႐ြယ္ရွိတဲ့ ဆလက္စတင္း အာဒီယမ္ဘိုဟာ ကင္ညာႏိုင္ငံ ႏိုင္႐ိုဘီၿမိဳ႕ မူကူး႐ူး ဆင္းရဲသားရပ္ကြက္မွာ ေနပါတယ္။ သူ႔ခင္ပြန္းရယ္၊ ကေလး ၆ ေယာက္ရယ္ဟာ သူနဲ႔ အတူေနၾကပါတယ္။ သူတို႔အိမ္မွာ အခန္းမရွိပါဘူး။ ေရေပးေဝေရးစနစ္ မရွိပါဘူး။ လွ်ပ္စစ္မီးလည္း မရွိပါဘူး။ ကေလးေတြဟာ အိမ္ထဲမွာ တေယာက္နဲ႔ တေယာက္မတိုးမိေအာင္ သြားလာဖို႔ေတာင္ မလြယ္ဘူးလို႔ သူကဆိုပါတယ္။

"တကယ္လို႔ကူးစက္ေရာဂါျဖစ္လာရင္ ေရာဂါျဖစ္တဲ့ကေလးကို တျခားကေလးနဲ႔ ခြဲထားဖို႔ဆိုတာ ကြၽန္မတို႔အတြက္ မျဖစ္ႏိုင္ပါဘူး။ ကြၽန္မတို႔မွာ ေနရာ မရွိပါဘူး။ အခန္းမရွိပါဘူး။ ေရာဂါကူးစက္ခံရသူေတြကို အစိုးရက ေဆး႐ုံမွာ ေခၚထားသင့္ပါတယ္" လို႔သူက ဘီဘီစီကို ေျပာပါတယ္။

သူ႔ခင္ပြန္းကလက္သမားပါ။ တေန႔ကို လုပ္ခက ကင္ညာရွီလင္ ၄၀၀ ရပါတယ္။ အေမရိကန္ေဒၚလာ ၄ ေဒၚလာနဲ႔ညီမွ်ပါတယ္။ ၄၀၀ ရတဲ့အထဲက ၅၀ ကို ေရပုံး ၁၀ ပုံးဝယ္ဖို႔အတြက္ သုံးရပါတယ္။

အဲဒီေရကလည္း ပုံမွန္ဝယ္လို႔မရေတာ့ ေရမရွိတဲ့အခါမွာ သူတို႔လုပ္ေနက်အတိုင္း ေခြၽတာေရးနည္းနဲ႔ ခ်ိဳးရပါတယ္။
မူကူး႐ူးဆင္းရဲသားရပ္ကြက္မွာ အိမ္ခ်င္းထိထပ္က်ပ္ညပ္ေန။
မူကူး႐ူးမွာ လူေပါင္း ၅ သိန္းေက်ာ္ေနပါတယ္။ ရပ္ကြက္ထဲက အိမ္အမ်ားစုဟာ ကတ္ထူျပားေတြ ဒါမွမဟုတ္ ပလပ္စတစ္ျပားေတြနဲ႔ ေဆာက္လုပ္ထားၾကပါတယ္။ သူတို႔ရပ္ကြက္ထဲမွာ ေခ်ာင္လည္တဲ့သူမွ သြပ္ျပားအသုံးျပဳႏိုင္ၾကတာပါ။ သူတို႔ရပ္ကြက္ထဲကို အမႈိက္သိမ္းတဲ့လူ၊ အမႈိက္သိမ္းတဲ့ကား မလာပါဘူး။ အမႈိက္ေတာ္ေတာ္မ်ားမ်ားဟာ ျမစ္ထဲပစ္ခ်လိုက္တာပါပဲ။

ျပည္တြင္းပရဟိတအဖြဲ႕အစည္းျဖစ္တဲ့ မာဆီမူကူး႐ူးက အဲဒီရပ္ကြက္ထဲမွာ မူလတန္းေက်ာင္း ၄ ေက်ာင္း ဖြင့္ထားေတာ့ ေက်ာင္းသား ၇၀၀၀ ေလာက္တက္ေနၾကပါတယ္။ အဲဒီေက်ာင္းသားေတြရဲ႕ တဝက္ေလာက္ဟာ ဆပ္ျပာဖိုးမတတ္ႏိုင္ၾကဘူးလို႔ ေက်ာင္းအုပ္ႀကီး ေမရီကလင္းက ဆိုပါတယ္။

"ကြၽန္မသိပ္စိတ္ပူတာပဲ။ ဒီရပ္ကြက္ထဲမွာသာ ဗိုင္းရပ္စ္ေရာက္လာရင္ သိပ္ေၾကာက္စရာေကာင္းမယ္" လို႔ မစၥအာဒီယမ္ဘိုက ဆိုပါတယ္။

အာဖရိကမွာ ဒီ့ထက္ဆိုးတဲ့ မိသားစုေတြအမ်ားႀကီးရွိေသးတယ္လို႔ ေဒါက္တာပီယဲအမ္ပီလီကဆိုပါတယ္။ သူကေတာ့ ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္ WHO ရဲ႕ကိုယ္စားလွယ္အျဖစ္နဲ႔ အလယ္ပိုင္းအာဖရိကနဲ႔ အေနာက္အာဖရိက ႏိုင္ငံအမ်ားအျပားမွာ အလုပ္လုပ္ခဲ့ဖူးသူပါ။ တခ်ိဳ႕ဆိုရင္ အခန္းမရွိတဲ့ အိမ္ေသးေသးေလးထဲမွာ မိသားစု ၁၂ ေယာက္ေလာက္ေတာင္ ႁပြတ္သိပ္ေနထိုင္ရတာမ်ိဳးရွိတယ္လို႔ သူကဆိုပါတယ္။ ကိုယ့္ဖာသာသီးျခားခြဲေနထိုင္မႈ Self-quarantine လုပ္လို႔မရတဲ့ေနရာေတြ အမ်ားႀကီးရွိပါတယ္လို႔လည္းေျပာပါတယ္။

ေရလုံလုံေလာက္ေလာက္ရဖို႔ ခက္ခဲတာကလည္း ဆင္းရဲသားရပ္ကြက္ထဲမွာတြင္ မဟုတ္ပါဘူး။ ဂ်ိဳဟန္းနစၥဘတ္လို ခ်န္ႏိုင္းလို ကမာၻ႔တျခားၿမိဳ႕ႀကီးေတြမွာလည္း ၿပီးခဲ့တဲ့ႏွစ္တုန္းက ေရျပတ္လပ္ရွားပါးမႈႀကဳံေတြ႕ခဲ့ရပါေသးတယ္။
 ေတာင္အာရွႏိုင္ငံအမ်ားအျပားမိုးေခါင္ေရရွားအခက္ႀကဳံရာမွာခ်န္ႏိုင္းအပါအဝင္ျဖစ္။
ရွန္ထိဆာဆင္ျဒာနတ္ဟာ အိႏၵိယအေရွ႕ပိုင္း ခ်န္ႏိုင္းၿမိဳ႕ဆင္ေျခဖုံးမွာ ေနထိုင္တဲ့ ကေလး ၂ ေယာက္မိခင္ပါ။ "ၿပီးခဲ့တဲ့ႏွစ္လိုသာ ေရျပတ္လပ္ရင္ေတာ့ ကြၽန္မတို႔လက္ေတြကို ေရသန႔္သန႔္နဲ႔ ခဏခဏ ေဆးဖို႔ရာ ခက္ပါလိမ့္မယ္" လို႔သူက ဘီဘီစီကိုေျပာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေရျပတ္လပ္ခ်ိန္မွာ သူ႔မိသားစုဟာ သူတို႔နဲ႔ မိုင္ ၃၀ ေက်ာ္ေဝးတဲ့ေနရာမွာရွိတဲ့ စိုက္ပ်ိဳးေရးလုပ္ငန္းသုံးေရတြင္းေတြကထြက္တဲ့ မသန႔္တဲ့ေရကို သုံးၿပီး အသက္ဆက္ခဲ့ရပါတယ္။

အနည္းအက်ဥ္းသာရွိတဲ့ အမ်ားသုံးအိမ္သာကိုပဲ သူတို႔သုံးၾကရၿပီး ေရဘုံဘိုင္ကလည္း နည္းနည္းပဲ ရွိေတာ့ လူအမ်ားဟာ က်န္းမာေရး အႀကံေပးခ်က္ေတြကို မလိုက္နာႏိုင္ပါဘူးလို႔ သူကဆိုပါတယ္။
မႏွစ္ကလိုသာေရရွားပါျပတ္လပ္ရင္ လက္ကိုခဏခဏေဆးဖို႔အခက္ေတြ႕ႏိုင္တယ္လို႔ရွန္ထိကဆို။
“ေလာ္ကယ္ရထားေပၚမွာဆိုရင္ လူေတြဟာကိုယ့္မ်က္ႏွာနဲ႔ လက္မနည္းနည္းပဲကြာတဲ့ေနရာကေန ပါးစပ္ေတာင္ မအုပ္ဘဲ ေခ်ာင္းဆိုးေနၾကတယ္ေလ။ အဲသလို မလုပ္ပါနဲ႔လို႔ ကြၽန္မက သြားေျပာရင္ တခ်ိဳ႕က ေဆာရီးေျပာေပမယ့္ တခ်ိဳ႕နဲ႔က ရန္ျဖစ္ရမွာပါ။” လို႔လည္း သူကဆိုပါတယ္။

မိတ္ေဆြေတြ ေဆြမ်ိဳးေတြကလည္း သူ႔တိုက္ခန္းကို ေန႔တိုင္း အလည္လာေနၾကေတာ့ လူအမ်ားနဲ႔ အျပန္အလွန္ထိေတြ႕ဆက္ဆံေနရာတာေတြကို ဘယ္လိုေလွ်ာ့ခ်ရမွန္းေတာင္ ဆာဆင္ျဒာနတ္ စဥ္းစားလို႔ မရေသးပါဘူး။

“ကြၽန္မကေလးေတြကိုလည္း အျပင္ကျပန္လာတိုင္း လက္ကိုျဖည္းျဖည္းနဲ႔ က်က်နနေဆးဖို႔ ကြၽန္မေျပာပါတယ္။ ငါးမိနစ္ေလာက္ပဲ အျပင္ထြက္ရင္ေတာင္ ျပန္လာတဲ့အခါ လက္ေဆးဖို႔ ကြၽန္မေျပာပါတယ္။ကြၽန္မတို႔မိသားစုကခရီးသိပ္ထြက္ေလ့မရွိပါဘူး။” လို႔သူကေျပာပါတယ္။

ၿဗိတိန္ႏိုင္ငံ ဂလပ္စဂိုတကၠသိုလ္က က်န္းမာေရးဝန္ေဆာင္မႈဘာသာရပ္ကထိက ေဒါက္တာေပၚပီလန္ဘာတန္ကေတာ့ အစိုးရဘက္ကတိုးျမႇင့္ေဆာင္႐ြက္ဖို႔လိုတယ္လို႔ဆိုပါတယ္။

“တခ်ိဳ႕အစိုးရေတြက ဆင္းရဲၾကပါတယ္။ ဒါေပမယ့္ သူတို႔ျပည္သူျပည္သားေတြေလာက္ေတာ့ မဆင္းရဲၾကပါဘူး။ အခုလို ကမာၻလုံးဆိုင္ရာကပ္ေဘးႀကီးျဖစ္ေနခ်ိန္မွာလူတိုင္းဟာသီးျခားခြဲေနႏိုင္ေလာက္တဲ့အေနအထားရွိေအာင္ဖန္တီးေပးဖို႔လိုပါတယ္။”လို႔သူကဆိုပါတယ္။
ဆင္းရဲတဲ့ႏိုင္ငံေတြကို ဘယ္လိုကူညီမယ္ဆိုတာ လုပ္ငန္းလမ္းၫႊန္ခ်က္နဲ႔ခ်ျပဖို႔ေဒါက္တာအမ္ပီလီလိုလား
ကမာၻလုံးဆိုင္ရာကပ္ေဘးႀကီးကို ရင္ဆိုင္ေျဖရွင္းႏိုင္ေအာင္ အစိုးရေတြကို ကူညီသြားမယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္ ကေျပာေပမယ့္ ေဒါက္တာအမ္ပီလီကေတာ့ ဖြံ႕ၿဖိဳးမႈနိမ့္ႏိုင္ငံေတြမွာ ဘယ္လိုကူညီမယ္ဆိုတဲ့ လုပ္ငန္းလမ္းၫႊန္နဲ႔တကြလာတာမ်ိဳးျဖစ္ေစခ်င္တယ္လို႔ဆိုပါတယ္။

ကပ္ေဘးႀကီးက အာဖရိကကိုဝါးၿမိဳမသြားခင္မွာ သက္ဆိုင္ရာလူ႔အဖြဲ႕အစည္းေတြရဲ႕အႀကီးအကဲေတြနဲ႔ မ်ားမ်ားေတြ႕ဆုံေဆြးေႏြးဖို႔ကိုလည္း သူကတိုက္တြန္းေနပါတယ္။

“တိမ္မည္းႀကီးဖုံးေနေပမယ့္ ေငြေရာင္အနားကြပ္ေလးရွိေနေသးတယ္လို႔ ေျပာႏိုင္တာက အာဖရိကမွာခုထိ ဗိုင္းရပ္စ္ျမန္ျမန္မျပန႔္ပြားေသးတဲ့အခ်က္ပါ။အာဖရိကမွာ ေတြ႕ရတဲ့ကူးစက္မႈေတာ္ေတာ္မ်ားမ်ားက တ႐ုတ္နဲ႔ ဥေရာပကျပန္လာတဲ့လူေတြဆီက လာတာပါ။ အာဖရိကမွာ ဘာလို႔ျမန္ျမန္ဆန္ဆန္ မျပန႔္ပြားသလဲဆိုတာေတာ့ကြၽန္ေတာ္တို႔လည္း မသိပါဘူး။” လို႔သူကဆိုပါတယ္။

အာဖရိကမွာျပည္တြင္းကူးစက္မႈကနည္းေနဆဲျဖစ္တဲ့အတြက္ထိန္းခ်ဳပ္ေရးဟာ အေကာင္းဆုံးနည္းဗ်ဴဟာပါပဲလို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္ WHO ကေျပာပါတယ္။

မူကူး႐ူးမွာေတာ့ေလာေလာလတ္လတ္သီတင္းပတ္ကာလအတြင္းမွာ ဘာမွမျဖစ္ေသးပါဘူး။

မစၥအာဒီယမ္ဘိုကေတာ့သူ႔မွာအကာအကြယ္ကင္းမဲ့ေနသလိုခံစားရေတာ့ သူတတ္ႏိုင္တာကိုပဲသူလုပ္ေတာ့တယ္လို႔ဆိုပါတယ္။

“ကြၽန္မနဲ႔ကြၽန္မတို႔အိမ္နီးခ်င္းေတြကို ဗိုင္းရပ္စ္အႏၲရာယ္ကေန ဘုရားသခင္ကကယ္တင္ေပးဖို႔ပဲ ဆုေတာင္းေနပါတယ္ရွင္။”

----------------------------------------------------
ဆင်းရဲမွဲတေမှုနဲ့ကိုရိုနာဗိုင်းရပ်စ်

Image caption ဆလက်စတင်းအာဒီယမ်ဘိုမိသားစုဟာ ရေဝယ်သုံးဖို့ အစားအသောက်ကိုချွေတာကြရ။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားချိန်မှာ ဥရောပအပါအဝင် ဖွံ့ဖြိုးတဲ့တိုင်းပြည်တွေက ပိတ်ဆို့မှုတွေလုပ်နေကြပေမယ့် သန်းပေါင်းများစွာသော တခြားလူတွေအတွက်တော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ရဲ့ ညွှန်ကြားချက်ဖြစ်တဲ့ လက်ဆေးပါ၊ လူချင်းခွာနေပါဆိုတာကိုတောင် လိုက်နာဖို့ အခက်အခဲရှိပါတယ်။

ကမ္ဘာ့မြို့ပြလူဦးရေရဲ့ ၃၀ ရာနှုန်းဖြစ်တဲ့ လူပေါင်း သန်းတထောင်လောက်ဟာ ပြွတ်သိပ်ကျပ်ညပ်နေတဲ့ ကျူးကျော်အိမ်တွေလို နေရာတွေမှာနေကြရပါတယ်။ အဲဒီအိမ်တွေအများစုဟာ လေဝင်လေထွက်လည်း မကောင်း၊ ရေပေးဝေရေးစနစ်လည်းမရှိ၊ ရေဆိုးမြောင်း၊ မိလ္လာပိုက်လည်း မရှိကြပါဘူး။ အဲသလိုနေရာမျိုးဟာ ဗိုင်းရပ်စ်တွေ ပြန့်ပွားချင်သလောက်ပြန့်ပွားဖို့ရာ စားကျက်ကောင်းဖြစ်နေမှာပါ။

အသက် ၄၃ နှစ်ရွယ်ရှိတဲ့ ဆလက်စတင်း အာဒီယမ်ဘိုဟာ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ မူကူးရူး ဆင်းရဲသားရပ်ကွက်မှာ နေပါတယ်။ သူ့ခင်ပွန်းရယ်၊ ကလေး ၆ ယောက်ရယ်ဟာ သူနဲ့ အတူနေကြပါတယ်။ သူတို့အိမ်မှာ အခန်းမရှိပါဘူး။ ရေပေးဝေရေးစနစ် မရှိပါဘူး။ လျှပ်စစ်မီးလည်း မရှိပါဘူး။ ကလေးတွေဟာ အိမ်ထဲမှာ တယောက်နဲ့ တယောက်မတိုးမိအောင် သွားလာဖို့တောင် မလွယ်ဘူးလို့ သူကဆိုပါတယ်။

"တကယ်လို့ကူးစက်ရောဂါဖြစ်လာရင် ရောဂါဖြစ်တဲ့ကလေးကို တခြားကလေးနဲ့ ခွဲထားဖို့ဆိုတာ ကျွန်မတို့အတွက် မဖြစ်နိုင်ပါဘူး။ ကျွန်မတို့မှာ နေရာ မရှိပါဘူး။ အခန်းမရှိပါဘူး။ ရောဂါကူးစက်ခံရသူတွေကို အစိုးရက ဆေးရုံမှာ ခေါ်ထားသင့်ပါတယ်" လို့သူက ဘီဘီစီကို ပြောပါတယ်။

သူ့ခင်ပွန်းကလက်သမားပါ။ တနေ့ကို လုပ်ခက ကင်ညာရှီလင် ၄၀၀ ရပါတယ်။ အမေရိကန်ဒေါ်လာ ၄ ဒေါ်လာနဲ့ညီမျှပါတယ်။ ၄၀၀ ရတဲ့အထဲက ၅၀ ကို ရေပုံး ၁၀ ပုံးဝယ်ဖို့အတွက် သုံးရပါတယ်။

အဲဒီရေကလည်း ပုံမှန်ဝယ်လို့မရတော့ ရေမရှိတဲ့အခါမှာ သူတို့လုပ်နေကျအတိုင်း ချွေတာရေးနည်းနဲ့ ချိုးရပါတယ်။
ဓာတ်ပုံ မူပိုင် Mukuru promotion centre, Winnie Ogutu
Image caption မူကူးရူးဆင်းရဲသားရပ်ကွက်မှာ အိမ်ချင်းထိထပ်ကျပ်ညပ်နေ။

မူကူးရူးမှာ လူပေါင်း ၅ သိန်းကျော်နေပါတယ်။ ရပ်ကွက်ထဲက အိမ်အများစုဟာ ကတ်ထူပြားတွေ ဒါမှမဟုတ် ပလပ်စတစ်ပြားတွေနဲ့ ဆောက်လုပ်ထားကြပါတယ်။ သူတို့ရပ်ကွက်ထဲမှာ ချောင်လည်တဲ့သူမှ သွပ်ပြားအသုံးပြုနိုင်ကြတာပါ။ သူတို့ရပ်ကွက်ထဲကို အမှိုက်သိမ်းတဲ့လူ၊ အမှိုက်သိမ်းတဲ့ကား မလာပါဘူး။ အမှိုက်တော်တော်များများဟာ မြစ်ထဲပစ်ချလိုက်တာပါပဲ။

ပြည်တွင်းပရဟိတအဖွဲ့အစည်းဖြစ်တဲ့ မာဆီမူကူးရူးက အဲဒီရပ်ကွက်ထဲမှာ မူလတန်းကျောင်း ၄ ကျောင်း ဖွင့်ထားတော့ ကျောင်းသား ၇၀၀၀ လောက်တက်နေကြပါတယ်။ အဲဒီကျောင်းသားတွေရဲ့ တဝက်လောက်ဟာ ဆပ်ပြာဖိုးမတတ်နိုင်ကြဘူးလို့ ကျောင်းအုပ်ကြီး မေရီကလင်းက ဆိုပါတယ်။

"ကျွန်မသိပ်စိတ်ပူတာပဲ။ ဒီရပ်ကွက်ထဲမှာသာ ဗိုင်းရပ်စ်ရောက်လာရင် သိပ်ကြောက်စရာကောင်းမယ်" လို့ မစ္စအာဒီယမ်ဘိုက ဆိုပါတယ်။

အာဖရိကမှာ ဒီ့ထက်ဆိုးတဲ့ မိသားစုတွေအများကြီးရှိသေးတယ်လို့ ဒေါက်တာပီယဲအမ်ပီလီကဆိုပါတယ်။ သူကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ရဲ့ကိုယ်စားလှယ်အဖြစ်နဲ့ အလယ်ပိုင်းအာဖရိကနဲ့ အနောက်အာဖရိက နိုင်ငံအများအပြားမှာ အလုပ်လုပ်ခဲ့ဖူးသူပါ။ တချို့ဆိုရင် အခန်းမရှိတဲ့ အိမ်သေးသေးလေးထဲမှာ မိသားစု ၁၂ ယောက်လောက်တောင် ပြွတ်သိပ်နေထိုင်ရတာမျိုးရှိတယ်လို့ သူကဆိုပါတယ်။ ကိုယ့်ဖာသာသီးခြားခွဲနေထိုင်မှု Self-quarantine လုပ်လို့မရတဲ့နေရာတွေ အများကြီးရှိပါတယ်လို့လည်းပြောပါတယ်။

ရေလုံလုံလောက်လောက်ရဖို့ ခက်ခဲတာကလည်း ဆင်းရဲသားရပ်ကွက်ထဲမှာတွင် မဟုတ်ပါဘူး။ ဂျိုဟန်းနစ္စဘတ်လို ချန်နိုင်းလို ကမ္ဘာ့တခြားမြို့ကြီးတွေမှာလည်း ပြီးခဲ့တဲ့နှစ်တုန်းက ရေပြတ်လပ်ရှားပါးမှုကြုံတွေ့ခဲ့ရပါသေးတယ်။
ဓာတ်ပုံ မူပိုင် Getty images
Image caption တောင်အာရှနိုင်ငံအများအပြားမိုးခေါင်ရေရှားအခက်ကြုံရာမှာချန်နိုင်းအပါအဝင်ဖြစ်။

ရှန်ထိဆာဆင်ဒြာနတ်ဟာ အိန္ဒိယအရှေ့ပိုင်း ချန်နိုင်းမြို့ဆင်ခြေဖုံးမှာ နေထိုင်တဲ့ ကလေး ၂ ယောက်မိခင်ပါ။ "ပြီးခဲ့တဲ့နှစ်လိုသာ ရေပြတ်လပ်ရင်တော့ ကျွန်မတို့လက်တွေကို ရေသန့်သန့်နဲ့ ခဏခဏ ဆေးဖို့ရာ ခက်ပါလိမ့်မယ်" လို့သူက ဘီဘီစီကိုပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ရေပြတ်လပ်ချိန်မှာ သူ့မိသားစုဟာ သူတို့နဲ့ မိုင် ၃၀ ကျော်ဝေးတဲ့နေရာမှာရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံးရေတွင်းတွေကထွက်တဲ့ မသန့်တဲ့ရေကို သုံးပြီး အသက်ဆက်ခဲ့ရပါတယ်။

အနည်းအကျဉ်းသာရှိတဲ့ အများသုံးအိမ်သာကိုပဲ သူတို့သုံးကြရပြီး ရေဘုံဘိုင်ကလည်း နည်းနည်းပဲ ရှိတော့ လူအများဟာ ကျန်းမာရေး အကြံပေးချက်တွေကို မလိုက်နာနိုင်ပါဘူးလို့ သူကဆိုပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption မနှစ်ကလိုသာရေရှားပါပြတ်လပ်ရင် လက်ကိုခဏခဏဆေးဖို့အခက်တွေ့နိုင်တယ်လို့ရှန်ထိကဆို။

“လော်ကယ်ရထားပေါ်မှာဆိုရင် လူတွေဟာကိုယ့်မျက်နှာနဲ့ လက်မနည်းနည်းပဲကွာတဲ့နေရာကနေ ပါးစပ်တောင် မအုပ်ဘဲ ချောင်းဆိုးနေကြတယ်လေ။ အဲသလို မလုပ်ပါနဲ့လို့ ကျွန်မက သွားပြောရင် တချို့က ဆောရီးပြောပေမယ့် တချို့နဲ့က ရန်ဖြစ်ရမှာပါ။” လို့လည်း သူကဆိုပါတယ်။

မိတ်ဆွေတွေ ဆွေမျိုးတွေကလည်း သူ့တိုက်ခန်းကို နေ့တိုင်း အလည်လာနေကြတော့ လူအများနဲ့ အပြန်အလှန်ထိတွေ့ဆက်ဆံနေရာတာတွေကို ဘယ်လိုလျှော့ချရမှန်းတောင် ဆာဆင်ဒြာနတ် စဉ်းစားလို့ မရသေးပါဘူး။

“ကျွန်မကလေးတွေကိုလည်း အပြင်ကပြန်လာတိုင်း လက်ကိုဖြည်းဖြည်းနဲ့ ကျကျနနဆေးဖို့ ကျွန်မပြောပါတယ်။ ငါးမိနစ်လောက်ပဲ အပြင်ထွက်ရင်တောင် ပြန်လာတဲ့အခါ လက်ဆေးဖို့ ကျွန်မပြောပါတယ်။ကျွန်မတို့မိသားစုကခရီးသိပ်ထွက်လေ့မရှိပါဘူး။” လို့သူကပြောပါတယ်။

ဗြိတိန်နိုင်ငံ ဂလပ်စဂိုတက္ကသိုလ်က ကျန်းမာရေးဝန်ဆောင်မှုဘာသာရပ်ကထိက ဒေါက်တာပေါ်ပီလန်ဘာတန်ကတော့ အစိုးရဘက်ကတိုးမြှင့်ဆောင်ရွက်ဖို့လိုတယ်လို့ဆိုပါတယ်။

“တချို့အစိုးရတွေက ဆင်းရဲကြပါတယ်။ ဒါပေမယ့် သူတို့ပြည်သူပြည်သားတွေလောက်တော့ မဆင်းရဲကြပါဘူး။ အခုလို ကမ္ဘာလုံးဆိုင်ရာကပ်ဘေးကြီးဖြစ်နေချိန်မှာလူတိုင်းဟာသီးခြားခွဲနေနိုင်လောက်တဲ့အနေအထားရှိအောင်ဖန်တီးပေးဖို့လိုပါတယ်။”လို့သူကဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဆင်းရဲတဲ့နိုင်ငံတွေကို ဘယ်လိုကူညီမယ်ဆိုတာ လုပ်ငန်းလမ်းညွှန်ချက်နဲ့ချပြဖို့ဒေါက်တာအမ်ပီလီလိုလား

ကမ္ဘာလုံးဆိုင်ရာကပ်ဘေးကြီးကို ရင်ဆိုင်ဖြေရှင်းနိုင်အောင် အစိုးရတွေကို ကူညီသွားမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် ကပြောပေမယ့် ဒေါက်တာအမ်ပီလီကတော့ ဖွံ့ဖြိုးမှုနိမ့်နိုင်ငံတွေမှာ ဘယ်လိုကူညီမယ်ဆိုတဲ့ လုပ်ငန်းလမ်းညွှန်နဲ့တကွလာတာမျိုးဖြစ်စေချင်တယ်လို့ဆိုပါတယ်။

ကပ်ဘေးကြီးက အာဖရိကကိုဝါးမြိုမသွားခင်မှာ သက်ဆိုင်ရာလူ့အဖွဲ့အစည်းတွေရဲ့အကြီးအကဲတွေနဲ့ များများတွေ့ဆုံဆွေးနွေးဖို့ကိုလည်း သူကတိုက်တွန်းနေပါတယ်။

“တိမ်မည်းကြီးဖုံးနေပေမယ့် ငွေရောင်အနားကွပ်လေးရှိနေသေးတယ်လို့ ပြောနိုင်တာက အာဖရိကမှာခုထိ ဗိုင်းရပ်စ်မြန်မြန်မပြန့်ပွားသေးတဲ့အချက်ပါ။အာဖရိကမှာ တွေ့ရတဲ့ကူးစက်မှုတော်တော်များများက တရုတ်နဲ့ ဥရောပကပြန်လာတဲ့လူတွေဆီက လာတာပါ။ အာဖရိကမှာ ဘာလို့မြန်မြန်ဆန်ဆန် မပြန့်ပွားသလဲဆိုတာတော့ကျွန်တော်တို့လည်း မသိပါဘူး။” လို့သူကဆိုပါတယ်။

အာဖရိကမှာပြည်တွင်းကူးစက်မှုကနည်းနေဆဲဖြစ်တဲ့အတွက်ထိန်းချုပ်ရေးဟာ အကောင်းဆုံးနည်းဗျူဟာပါပဲလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ကပြောပါတယ်။

မူကူးရူးမှာတော့လောလောလတ်လတ်သီတင်းပတ်ကာလအတွင်းမှာ ဘာမှမဖြစ်သေးပါဘူး။

မစ္စအာဒီယမ်ဘိုကတော့သူ့မှာအကာအကွယ်ကင်းမဲ့နေသလိုခံစားရတော့ သူတတ်နိုင်တာကိုပဲသူလုပ်တော့တယ်လို့ဆိုပါတယ်။

“ကျွန်မနဲ့ကျွန်မတို့အိမ်နီးချင်းတွေကို ဗိုင်းရပ်စ်အန္တရာယ်ကနေ ဘုရားသခင်ကကယ်တင်ပေးဖို့ပဲ ဆုတောင်းနေပါတယ်ရှင်။”

BBC Burmese
https://www.bbc.com/burmese/world-52109921
ဆင္းရဲမြဲေတမႈနဲ႔ကို႐ိုနာဗိုင္းရပ္စ္ ဆင္းရဲမြဲေတမႈနဲ႔ကို႐ိုနာဗိုင္းရပ္စ္ Reviewed by THITHTOOLWIN on 02:46 Rating: 5
Powered by Blogger.