နိရဥၥရာသတင္းဌာနက သတင္းေထာက္ ၂ ဦး ဖမ္းဆီးခံရ


(Zawgyi/Unicode)

ရခုိင္ျပည္နယ္အေျခစိုက္ နိရဥၥရာသတင္းဌာနက အႀကီးတန္းသတင္းေထာက္တစ္ဦးနဲ႔ သတင္းေထာက္ ႏွစ္ဦး ကို မတ္လ ၃၁ရက္ အဂၤါေန႔ ညေနပိုင္းက ရဲတပ္ဖြဲ႔ကဖမ္းဆီးေခၚသြားခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ ဖမ္းဆီးခံရသူ ေတြကို ဘယ္မွာထားတယ္ဆိုတာကို မသိရေသးဘူးလို႔ နိရဥၥရာသတင္းဌာနက ရုပ္သံအယ္တီတာ ကိုေနာင္ခိုင္ ေအာင္ ကေျပာပါတယ္။ေနာက္ဆံုးအေျခအေနကို ကိုသက္ႏိုင္သတင္း ေပးပို႔ထား ပါတယ္။

ရခုိင္ျပည္နယ္အေျခစိုက္ နိရဥၥရာသတင္းဌာနက အႀကီးတန္းသတင္းေထာက္တစ္ဦးနဲ႔ သတင္းေထာက္ ႏွစ္ဦး ကို မတ္လ ၃၁ ရက္အဂၤါေန႔ ညေနပိုင္းက ရဲတပ္ဖြဲ႔ကဖမ္းဆီးေခၚသြားခဲ့တယ္လို႔ နိရဥၥရာသတင္းဌာနက ရုပ္သံအယ္တီတာ ကိုေနာင္ခိုင္ ေအာင္ ကေျပာပါတယ္။

"သတင္းေထာက္ေတြကို ဖမ္းဆီးသြားတယ္ဆိုတာထက္ သတင္းေထာက္ေတြကို စစ္ေဆးေမးျမန္းဖို႔ ေခၚယူ သြားတယ္ေပါ့။ သတင္းေထာက္ ၃ေယာက္ပါတယ္။ ကြန္ျပဴတာ ႏွစ္လံုးပါသြားတယ္။ ဝင္စစ္တဲ့ အခ်ိန္ကေတာ့ ၅နာရီခြဲေလာက္မွာ ဝင္စစ္တာ။ အဓိကေတာ့ အဲဒီကြန္ျပဴတာ ထဲမွာ ဘာေတြပါသလဲ တရားဥပေဒနဲ႔ မလြတ္ ကင္းတဲ့ ဟာေတြ ပါလို႔ရွိရင္ ဖမ္းမယ္ဆိုတဲ့သေဘာပဲ။ တရားဥပေဒနဲ႔ မလြတ္ ကင္းတဲဲ့ ဟာေတြမရွိဘူး ဆိုရင္ေတာ့ သူတို႔ကို ျပန္လႊတ္ေပးမယ္ ဆိုတဲ့သေဘာပဲ။"

လက္ရွိအခ်ိန္ထိ ဖမ္းဆီးခံထားရတဲ့ သူေတြနဲ႔ အဆက္အသြယ္မရရွိေသးသလို သူတို႔ကို ဘယ္မွာဖမ္းဆီး ထားတယ္ဆိုတာကိုလည္း မသိရေသးဘူးလို႔ သူကဆက္ေျပာပါတယ္။

"သူတို႔လာတာက ဌာနဆိုင္ရာအစံုေပါ့ ရပ္ကြက္လူႀကီးေရာ ရဲေရာ ၿပီးေတာ့SB ေရာ အဓိကေတာ့ က်ေနာ္တို႔က ခြဲျခားလို႔ေတာ့မရဘူးေပါ့။ သူတို႔က အရပ္ဝတ္ေတြနဲ႔ လာတယ္ဆိုေတာ့ေလ။ သူတို႔ကို ဘယ္မွာထားတယ္ဆို တာကိုေတာ့မသိရဘူး။ စခန္းကို ေခၚသြားတယ္ အဲဒီမွာပဲ စစ္ေဆးေနတယ္ထင္တယ္။ အယ္တီတာခ်ဳပ္ေတာ့ မပါဘူး အဲဒီမွာ အႀကီးတန္းသတင္းေထာက္တစ္ေယာက္နဲ႔ အလုပ္သင္သတင္းေထာက္ ႏွစ္ေယာက္ပါ သြား တယ္။ "

အခုလိုသတင္းေထာက္ေတြ ဖမ္းဆီးခံရတာနဲ႔ ပတ္သတ္ၿပီး ကိုေနာင္ခိုင္ေအာင္က အခုလိုဆက္ေျပာပါတယ္။

"က်ေနာ္တို႔က ဒီလိုမ်ိဳးမျဖစ္ေစခ်င္ဘူးေပါ့ေနာ္။ က်ေနာ္တို႔ မီဒီယာ သမားေတြဆိုတာလည္း အလုပ္သေဘာအရ လုပ္ရတယ္ဆက္သြယ္ရတယ္ ဆိုေတာ့ ေလ ဒါက က်ေနာ္တို႔ အလုပ္သေဘာအရလုပ္ရတာ။ သတင္းေရးရင္ က်ေနာ္တို႔ မီဒီယာက်င့္ဝတ္အရ ႏွစ္ဖက္မပါေတာ့ မေကာငး္ဘူးေလ အဲတာေၾကာင့္ ဒီကိစၥကို သက္သက္ညႇာညႇာနဲ႔ ကိုင္တြယ္သင့္တယ္လို႔ ေျပာခ်င္ပါတယ္ ခင္ဗ်ာ။"

ကပ္ေရာဂါျဖစ္ပြားေနခ်ိန္မွာ သတင္းတု၊ သတင္မွားေတြကို တရား၀င္သတင္းဌာေနေတြနဲ႔ ပူးေပါင္း တုိက္ဖ်က္ရမယ့္အစား အခုလို လုပ္ေဆာင္တာဟာ မသင့္ေလ်ာ္ေၾကာင္းနဲ႔ ဒီမုိကေရစီအသြင္ကူး ေျပာင္ေရးကာလနဲ႔ မကိုက္ညီတဲ့ တံု႔ျပန္မႈျဖစ္ေၾကာင္းလည္း သတင္းမီဒီယာေကာင္စီက ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

သက္ႏိုင္ / ဗြီအိုေအ (ျမန္မာပုိင္း)
................

နိရဉ္စရာသတင်းဌာနက သတင်းထောက် ၂ ဦး ဖမ်းဆီးခံရ

(Unicode)

ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာသတင်းဌာနက အကြီးတန်းသတင်းထောက်တစ်ဦးနဲ့ သတင်းထောက် နှစ်ဦး ကို မတ်လ ၃၁ရက် အင်္ဂါနေ့ ညနေပိုင်းက ရဲတပ်ဖွဲ့ကဖမ်းဆီးခေါ်သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဖမ်းဆီးခံရသူ တွေကို ဘယ်မှာထားတယ်ဆိုတာကို မသိရသေးဘူးလို့ နိရဉ္စရာသတင်းဌာနက ရုပ်သံအယ်တီတာ ကိုနောင်ခိုင် အောင် ကပြောပါတယ်။နောက်ဆုံးအခြေအနေကို ကိုသက်နိုင်သတင်း ပေးပို့ထား ပါတယ်။

ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာသတင်းဌာနက အကြီးတန်းသတင်းထောက်တစ်ဦးနဲ့ သတင်းထောက် နှစ်ဦး ကို မတ်လ ၃၁ ရက်အင်္ဂါနေ့ ညနေပိုင်းက ရဲတပ်ဖွဲ့ကဖမ်းဆီးခေါ်သွားခဲ့တယ်လို့ နိရဉ္စရာသတင်းဌာနက ရုပ်သံအယ်တီတာ ကိုနောင်ခိုင် အောင် ကပြောပါတယ်။

"သတင်းထောက်တွေကို ဖမ်းဆီးသွားတယ်ဆိုတာထက် သတင်းထောက်တွေကို စစ်ဆေးမေးမြန်းဖို့ ခေါ်ယူ သွားတယ်ပေါ့။ သတင်းထောက် ၃ယောက်ပါတယ်။ ကွန်ပြူတာ နှစ်လုံးပါသွားတယ်။ ဝင်စစ်တဲ့ အချိန်ကတော့ ၅နာရီခွဲလောက်မှာ ဝင်စစ်တာ။ အဓိကတော့ အဲဒီကွန်ပြူတာ ထဲမှာ ဘာတွေပါသလဲ တရားဥပဒေနဲ့ မလွတ် ကင်းတဲ့ ဟာတွေ ပါလို့ရှိရင် ဖမ်းမယ်ဆိုတဲ့သဘောပဲ။ တရားဥပဒေနဲ့ မလွတ် ကင်းတဲ့ ဟာတွေမရှိဘူး ဆိုရင်တော့ သူတို့ကို ပြန်လွှတ်ပေးမယ် ဆိုတဲ့သဘောပဲ။"

လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရတဲ့ သူတွေနဲ့ အဆက်အသွယ်မရရှိသေးသလို သူတို့ကို ဘယ်မှာဖမ်းဆီး ထားတယ်ဆိုတာကိုလည်း မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။

"သူတို့လာတာက ဌာနဆိုင်ရာအစုံပေါ့ ရပ်ကွက်လူကြီးရော ရဲရော ပြီးတော့SB ရော အဓိကတော့ ကျနော်တို့က ခွဲခြားလို့တော့မရဘူးပေါ့။ သူတို့က အရပ်ဝတ်တွေနဲ့ လာတယ်ဆိုတော့လေ။ သူတို့ကို ဘယ်မှာထားတယ်ဆို တာကိုတော့မသိရဘူး။ စခန်းကို ခေါ်သွားတယ် အဲဒီမှာပဲ စစ်ဆေးနေတယ်ထင်တယ်။ အယ်တီတာချုပ်တော့ မပါဘူး အဲဒီမှာ အကြီးတန်းသတင်းထောက်တစ်ယောက်နဲ့ အလုပ်သင်သတင်းထောက် နှစ်ယောက်ပါ သွား တယ်။ "

အခုလိုသတင်းထောက်တွေ ဖမ်းဆီးခံရတာနဲ့ ပတ်သတ်ပြီး ကိုနောင်ခိုင်အောင်က အခုလိုဆက်ပြောပါတယ်။

"ကျနော်တို့က ဒီလိုမျိုးမဖြစ်စေချင်ဘူးပေါ့နော်။ ကျနော်တို့ မီဒီယာ သမားတွေဆိုတာလည်း အလုပ်သဘောအရ လုပ်ရတယ်ဆက်သွယ်ရတယ် ဆိုတော့ လေ ဒါက ကျနော်တို့ အလုပ်သဘောအရလုပ်ရတာ။ သတင်းရေးရင် ကျနော်တို့ မီဒီယာကျင့်ဝတ်အရ နှစ်ဖက်မပါတော့ မကောင်းဘူးလေ အဲတာကြောင့် ဒီကိစ္စကို သက်သက်ညှာညှာနဲ့ ကိုင်တွယ်သင့်တယ်လို့ ပြောချင်ပါတယ် ခင်ဗျာ။"

ကပ်ရောဂါဖြစ်ပွားနေချိန်မှာ သတင်းတု၊ သတင်မှားတွေကို တရားဝင်သတင်းဌာနေတွေနဲ့ ပူးပေါင်း တိုက်ဖျက်ရမယ့်အစား အခုလို လုပ်ဆောင်တာဟာ မသင့်လျော်ကြောင်းနဲ့ ဒီမိုကရေစီအသွင်ကူး ပြောင်ရေးကာလနဲ့ မကိုက်ညီတဲ့ တုံ့ပြန်မှုဖြစ်ကြောင်းလည်း သတင်းမီဒီယာကောင်စီက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

သက်နိုင် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/rakhine-based-narinjara-news-reporter-arrested/5353976.html
နိရဥၥရာသတင္းဌာနက သတင္းေထာက္ ၂ ဦး ဖမ္းဆီးခံရ နိရဥၥရာသတင္းဌာနက သတင္းေထာက္ ၂ ဦး ဖမ္းဆီးခံရ Reviewed by THITHTOOLWIN on 02:27 Rating: 5
Powered by Blogger.