COVID -19 ေပ်ာက္ကင္းလူနာေတြမွာ ပိုးျပန္ေတြ႔မႈ WHO စံုစမ္း


(Zawgyi / Unicode)

Covid-19 ေရာဂါရွင္ေတြကို ေဆးစစ္လို႔ ပိုးမေတြ႔ရတဲ့အတြက္ ေဆး႐ုံက ဆင္းခြင့္ေပးဖို႔ စဥ္းစားၿပီး ဆင္းခြင့္မေပးခင္ ျပန္စစ္ေဆးရာမွာေတာ့ ပိုးျပန္ေတြ႔ေနရတာမ်ိဳးေတြ ရွိလာတဲ့အတြက္ ျဖစ္ႏုိင္ေျခေတြကို ဆက္လက္ စံုစမ္းေနတယ္လို႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီးက စေနေန႔မွာ ေျပာပါတယ္။

ေတာင္ကိုရီးယားႏုိင္ငံမွာ အခုလုိ ပိုးျပန္ေတြ႔ရတဲ့လူနာ ၉၁ ေယာက္ ရွိေနတယ္လို႔ ေသာၾကာေန႔မွာ အာဏာပိုင္ေတြက ေျပာပါတယ္။ ေတာင္ကိုရီးယား ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဌာန အႀကီးအကဲ Jeong Eun-kyeong ကေတာ့ ဒီလူနာေတြဟာ ျပန္အကူးစက္ခံရတာထက္ ဒီဗိုင္းရပ္စ္ပိုးက ျပန္ရွင္သန္လာတာ ျဖစ္ႏုိင္တယ္လို႔ ေျပာပါတယ္။

ေရာဂါပိုး မရွိေတာ့လို႔ ေဆး႐ုံက မဆင္းခိုင္းခင္ လူနာကို ျပန္စမ္းသပ္ဖုိ႔နဲ႔ အနည္းဆံုး ၂၄ နာရီျခားၿပီး ေနာက္ထပ္တခါ စမ္းသပ္မႈလုပ္ဖို႔႔ WHO က ညႊန္ၾကားခ်က္ ေပးထားတာပါ။

ေတာင္ကိုရီးယား က်န္းမာေရးအရာရွိေတြကေတာ့ အခုလို ဘာေၾကာင့္ ျပန္ေတြ႔ေနရတယ္ ဆိုတာကို နားလည္ဖို႔ စံုစမ္းစစ္ေဆးမႈေတြ လုပ္ေနၿပီလို႔ ေျပာပါတယ္။

COVID-19 ေရာဂါဟာ အသစ္ျဖစ္ေနတဲ့အတြက္ ဒီဗိုင္းရပ္စ္ပိုးနဲ႔ ပတ္သက္ၿပီး သိႏိုင္ေအာင္ အခ်က္အလက္ေတြ ပိုရဖို႔လုိတယ္လို႔လည္း WHO က ေျပာပါတယ္။

---------------------------------

(Unicode)

COVID -19 ပျောက်ကင်းလူနာတွေမှာ ပိုးပြန်တွေ့မှု WHO စုံစမ်း

Covid-19 ရောဂါရှင်တွေကို ဆေးစစ်လို့ ပိုးမတွေ့ရတဲ့အတွက် ဆေးရုံက ဆင်းခွင့်ပေးဖို့ စဉ်းစားပြီး ဆင်းခွင့်မပေးခင် ပြန်စစ်ဆေးရာမှာတော့ ပိုးပြန်တွေ့နေရတာမျိုးတွေ ရှိလာတဲ့အတွက် ဖြစ်နိုင်ခြေတွေကို ဆက်လက် စုံစမ်းနေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက စနေနေ့မှာ ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ အခုလို ပိုးပြန်တွေ့ရတဲ့လူနာ ၉၁ ယောက် ရှိနေတယ်လို့ သောကြာနေ့မှာ အာဏာပိုင်တွေက ပြောပါတယ်။ တောင်ကိုရီးယား ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန အကြီးအကဲ Jeong Eun-kyeongကတော့ ဒီလူနာတွေဟာ ပြန်အကူးစက်ခံရတာထက် ဒီဗိုင်းရပ်စ်ပိုးက ပြန်ရှင်သန်လာတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ရောဂါပိုး မရှိတော့လို့ ဆေးရုံက မဆင်းခိုင်းခင် လူနာကို ပြန်စမ်းသပ်ဖို့နဲ့ အနည်းဆုံး ၂၄ နာရီခြားပြီး နောက်ထပ်တခါ စမ်းသပ်မှုလုပ်ဖို့ WHO က ညွှန်ကြားချက် ပေးထားတာပါ။

တောင်ကိုရီးယား ကျန်းမာရေးအရာရှိတွေကတော့ အခုလို ဘာကြောင့် ပြန်တွေ့နေရတယ် ဆိုတာကို နားလည်ဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီလို့ ပြောပါတယ်။

COVID-19 ရောဂါဟာ အသစ်ဖြစ်နေတဲ့အတွက် ဒီဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး သိနိုင်အောင် အချက်အလက်တွေ ပိုရဖို့လိုတယ်လို့လည်း WHO က ပြောပါတယ်။

VOA Burmese News
https://burmese.voanews.com/a/covid19-positive…/5368790.html
COVID -19 ေပ်ာက္ကင္းလူနာေတြမွာ ပိုးျပန္ေတြ႔မႈ WHO စံုစမ္း COVID -19 ေပ်ာက္ကင္းလူနာေတြမွာ ပိုးျပန္ေတြ႔မႈ WHO စံုစမ္း Reviewed by THITHTOOLWIN on 09:09 Rating: 5
Powered by Blogger.