အေမရိကန္မွာ တစ္ရက္အတြင္းေသဆုံးသူ ၂၀၀၀ ေက်ာ္သြာ

 နယူးေယာက္မွာ လူေသအေလာင္းေတြထည့္ဖို႔ ထရပ္ကားေတြမွာ ယာယီအေအးခန္းေတြ လုပ္ထား
(Zawgyi)⤵⤵⤵
ဂြၽန္ေဟာ့ပ္ကင္းတကၠသိုလ္ရဲ႕ ေစာင့္ၾကည့္ထုတ္ျပန္ခ်က္အရ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း လူေပါင္း ၂၁၀၈ ေယာက္အသက္ဆုံးခဲ့တဲ့အတြက္ ကမာၻမွာ တစ္ေန႔ထဲ ေသဆုံးသူ အမ်ားဆုံး စံခ်ိန္ျဖစ္သြားပါတယ္။

အေမရိကန္ ျပည္ေထာင္စုမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ ငါးသိန္းေက်ာ္ သြားၿပီျဖစ္ၿပီး ေသဆုံးသူလည္း တစ္ေသာင္းရွစ္ေထာင္ေျခာက္ရာေက်ာ္ သြားပါၿပီ။

ေသဆုံးမႈ အမ်ားဆုံးျဖစ္တဲ့ နယူးေယာက္မွာ သုံးရက္ဆက္တိုက္ ေသဆုံးသူ အေရအတြက္ စံခ်ိန္တင္ ျမင့္တက္ေနခဲ့ရာက အခု နည္းနည္း ျပန္က်ဆင္း လာပါတယ္။

နယူးေယာက္နဲ႔ နယူးဂ်ာစီမွာ အဆိုး႐ြားဆုံး အေျခအေနကို ေက်ာ္သြားတာ ျဖစ္ႏိုင္တယ္လို႔ သုေတသီေတြက ယုံၾကည္ေၾကာင္း ေျပာပါတယ္။

ဒါေပမဲ့ ဖေလာ္ရီဒါနဲ႔ တကၠဆပ္ လို တျခားေဒသေတြမွာေတာ့ ဧၿပီလကုန္ေလာက္ အထိ အဆိုး႐ြားဆုံး ေသဆုံးမႈ ဦးေရထြက္လာဦးမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

လူေတြမစု႐ုံးဘဲ ခပ္ခြာခြာ ေနၾကဖို႔ ကန္႔သတ္ခ်က္ကို ေစာေစာေလွ်ာ့ေပါ့မေပးဖို႔ ေဆးဝန္ထမ္းေတြက အႀကံျပဳပါတယ္။

ဒါေပမဲ့ သမၼတ ထရမ့္ကေတာ့ အေမရိကန္ စီးပြားေရးေတြ အျမန္ဆုံး ျပန္ဖြင့္ဖို႔ မျဖစ္မေန အေရးႀကီးတယ္လို႔ ေျပာပါတယ္။

BBC Burmese
--------------------------------------------------
(Unicode)⤵⤵⤵
အမေရိကန်မှာ တစ်ရက်အတွင်းသေဆုံးသူ ၂၀၀၀ ကျော်သွား

ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်ရဲ့ စောင့်ကြည့်ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူပေါင်း ၂၁၀၈ ယောက်အသက်ဆုံးခဲ့တဲ့အတွက် ကမ္ဘာမှာ တစ်နေ့ထဲ သေဆုံးသူ အများဆုံး စံချိန်ဖြစ်သွားပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ငါးသိန်းကျော် သွားပြီဖြစ်ပြီး သေဆုံးသူလည်း တစ်သောင်းရှစ်ထောင်ခြောက်ရာကျော် သွားပါပြီ။

သေဆုံးမှု အများဆုံးဖြစ်တဲ့ နယူးယောက်မှာ သုံးရက်ဆက်တိုက် သေဆုံးသူ အရေအတွက် စံချိန်တင် မြင့်တက်နေခဲ့ရာက အခု နည်းနည်း ပြန်ကျဆင်း လာပါတယ်။

နယူးယောက်နဲ့ နယူးဂျာစီမှာ အဆိုးရွားဆုံး အခြေအနေကို ကျော်သွားတာ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယုံကြည်ကြောင်း ပြောပါတယ်။

ဒါပေမဲ့ ဖလော်ရီဒါနဲ့ တက္ကဆပ် လို တခြားဒေသတွေမှာတော့ ဧပြီလကုန်လောက် အထိ အဆိုးရွားဆုံး သေဆုံးမှု ဦးရေထွက်လာဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

လူတွေမစုရုံးဘဲ ခပ်ခွာခွာ နေကြဖို့ ကန့်သတ်ချက်ကို စောစောလျှော့ပေါ့မပေးဖို့ ဆေးဝန်ထမ်းတွေက အကြံပြုပါတယ်။

ဒါပေမဲ့ သမ္မတ ထရမ့်ကတော့ အမေရိကန် စီးပွားရေးတွေ အမြန်ဆုံး ပြန်ဖွင့်ဖို့ မဖြစ်မနေ အရေးကြီးတယ်လို့ ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52256637
အေမရိကန္မွာ တစ္ရက္အတြင္းေသဆုံးသူ ၂၀၀၀ ေက်ာ္သြာ အေမရိကန္မွာ တစ္ရက္အတြင္းေသဆုံးသူ ၂၀၀၀ ေက်ာ္သြာ Reviewed by THITHTOOLWIN on 09:09 Rating: 5
Powered by Blogger.