ျမန္မာႏုိင္ငံမွာ COVID -19 အတည္ျပဳလူနာ ၇ ဦးထပ္တိုး


(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ စေနေန႔နဲ႔ တနဂၤေႏြေန႔ေတြမွာ COVID-19 ကူးစက္လူနာအသစ္ ၁၀ ဦး ထပ္မံေတြ႔ရွိခဲ့ၿပီး စုစုေပါင္း ကူးစက္ခံလူနာ ၃၈ ဦးထိ ရွိသြားၿပီ ျဖစ္ပါတယ္။ အျပည့္အစုံကို မသိဂႌထုိက္က တင္ျပေပးထားပါတယ္။

ကူးစက္ခံ အတည္ျပဳထားသူေတြထဲက COVID-19 ကူးစက္ခံရသူ ၃ ဦး ေသဆံုးခဲ့ရၿပီး တဦးကိုေတာ့ ရန္ကုန္ ေ၀ဘာဂီေဆး႐ုံ အထူးၾကပ္မတ္ ကုသေဆာင္မွာ ကုသေပးေနရေၾကာင္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ က်န္တဲ့သူေတြရဲ႕ က်န္းမာေရး အေျခအေနက တည္တည္ၿငိမ္ၿငိမ္ ရွိတယ္လို႔လည္း ထုတ္ျပန္ခ်က္က ေဖာ္ျပပါတယ္။

COVID-19 ကူးစက္ခံရသူေတြ ထပ္မံ ေပၚထြက္လာဦးမယ့္ အေျခအေနရွိၿပီး ျပည္သူေတြအေနနဲ႔ အေျခအေနကို တည္တည္ၿငိမ္ၿငိမ္ ရင္ဆိုင္ၾကဖို႔ ႏုိင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေသာၾကာေန႔တုန္းက တိုက္တြန္းထားပါတယ္။

“ေနာက္ ႏွစ္ပတ္ သုံးပတ္ဟာ သိပ္အေရးႀကီးပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ထုိင္းဘက္က နယ္စပ္ကို ေက်ာ္ျဖတ္ၿပီး ျပန္လာတဲ့ က်မတို႔ျပည္သူေတြ အမ်ားႀကီး ရွိပါတယ္။ ေသာင္းနဲ႔ သိန္းနဲ႔ခ်ီၿပီး ရွိတယ္။ တတုိင္းျပည္လုံးကို ျပန္႔သြားတယ္။ ကုိယ့္ရပ္ကိုယ့္ရြာ ျပန္ၾကတယ္။ တခ်ဳိ႕ကေတာ့ နယ္စပ္နားမွာပဲ ကုိယ့္ရပ္ကိုယ့္ရြာျပန္ၿပီး Quarantine ေနတဲ့လူေတြ ရွိတယ္။ အဲဒီမွာ ေရာဂါပုိးရွိေနတယ္ဆုိရင္ ေနာက္ တပတ္ ႏွစ္ပတ္အတြင္းမွာ ေပၚစရာရွိတယ္။”

လက္ရွိမွာေတာ့ ခ်င္းျပည္နယ္၊ ရန္ကုန္တိုင္း၊ ရွမ္းျပည္နယ္၊ မြန္ျပည္နယ္တို႔မွာ လက္ရွိ COVID-19 လူနာေတြကို ကုသေပးေနရပါတယ္။

မႏၱေလးနဲ႔ ေနျပည္ေတာ္တို႔မွာ COVID-19 အတည္ျပဳလူနာ တဦးစီ ရွိခဲ့ေပမယ့္လည္း အခုေတာ့ ျပန္လည္သက္သာသြားၿပီလို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ေၾကညာထားပါတယ္။

စေနေန႔က COVID-19 ကူးစက္ခံ ၃ ဦး ထပ္မံ အတည္ျပဳလိုက္တာျဖစ္ၿပီး စေနည သန္းေခါင္ေက်ာ္ တနဂၤေႏြ အေစာပိုင္းမွာေတာ့ ကူးစက္ခံလူနာ ၇ ဦး ထပ္မံအတည္ျပဳလိုက္တာ ျဖစ္ပါတယ္။

အခုေနာက္ဆံုး အတည္ျပဳလူနာေတြကေတာ့ ေတာင္ႀကီးက ၁ ဦး၊ ရန္ကုန္က ၈ ဦးနဲ႔ ခ်င္းျပည္နယ္ တီးတိန္က ၁ ဦးတို႔ ျဖစ္ပါတယ္။ ဒီပုဂၢိဳလ္ေတြ အားလံုးကေတာ့ လြန္ခဲ့တဲ့ သီတင္း ၂ ပတ္အတြင္း ျပည္ပခရီးသြားခဲ့တာ မရွိဘူးလို႔ အစိုးရထုတ္ျပန္ခ်က္က ေဖာ္ျပပါတယ္။ ဒါေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ဒီအခ်က္အေပၚမွာ သတိေပးထားပါတယ္။

အခု ထပ္မံအတည္ျပဳလိုက္တဲ့ လူနာေတြနဲ႔ အနီးကပ္ထိေတြ႔မႈ ရွိသူေတြ က်န္းမာေရးဌာနကို ဆက္သြယ္ၾကဖို႔လည္း တိုက္တြန္းထားပါတယ္။

ႏုိင္ငံတြင္း COVID-19 ကူးစက္ပ်ံ႕ႏွံ႔မႈ ထိန္းခ်ဳပ္ေဆာင္ရြက္တာမွာ ပိုၿပီး လံုၿခံဳေသခ်ာမႈ ရွိေစဖို႔ ရည္ရြယ္ၿပီး COVID-19 ေရာဂါလကၡဏာ ေစာင့္ၾကည့္ကာလကို အရင္က ၁၄ ရက္ သတ္မွတ္ထားတာကေန ၂၈ ရက္ထိ တိုးျမႇင့္ေဆာင္ရြက္ဖို႔လည္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

လိုအပ္ခ်က္ရွိသူေတြအတြက္ အစိုးရရဲ႕ ရိကၡာေထာက္ပံ့မႈမွာ ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္ အပါအ၀င္ အစိုးရ တာ၀န္ရွိသူေတြ၊ ေနာက္ ရိကၡာလာယူသူေတြ လူစုလူေ၀းႀကီး ျဖစ္ခဲ့တဲ့ ဓာတ္ပုံေတြ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္မွာေတာ့ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က COVID-19 ဟာ လူတိုင္းကို ကူးစက္ႏုိင္တာေၾကာင့္ အားလံုး စည္းကမ္းလိုက္နာၾကဖို႔ စေနေန႔က တိုက္တြန္းထားပါတယ္။

မသိဂႌထုိက္ / ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------

(Unicode)

မြန်မာနိုင်ငံမှာ COVID -19 အတည်ပြုလူနာ ၇ ဦးထပ်တိုး

မြန်မာနိုင်ငံမှာ စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ COVID-19 ကူးစက်လူနာအသစ် ၁၀ ဦး ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ကူးစက်ခံလူနာ ၃၈ ဦးထိ ရှိသွားပြီ ဖြစ်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ကူးစက်ခံ အတည်ပြုထားသူတွေထဲက COVID-19 ကူးစက်ခံရသူ ၃ ဦး သေဆုံးခဲ့ရပြီး တဦးကိုတော့ ရန်ကုန် ဝေဘာဂီဆေးရုံ အထူးကြပ်မတ် ကုသဆောင်မှာ ကုသပေးနေရကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကျန်တဲ့သူတွေရဲ့ ကျန်းမာရေး အခြေအနေက တည်တည်ငြိမ်ငြိမ် ရှိတယ်လို့လည်း ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

COVID-19 ကူးစက်ခံရသူတွေ ထပ်မံ ပေါ်ထွက်လာဦးမယ့် အခြေအနေရှိပြီး ပြည်သူတွေအနေနဲ့ အခြေအနေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သောကြာနေ့တုန်းက တိုက်တွန်းထားပါတယ်။

“နောက် နှစ်ပတ် သုံးပတ်ဟာ သိပ်အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းဘက်က နယ်စပ်ကို ကျော်ဖြတ်ပြီး ပြန်လာတဲ့ ကျမတို့ပြည်သူတွေ အများကြီး ရှိပါတယ်။ သောင်းနဲ့ သိန်းနဲ့ချီပြီး ရှိတယ်။ တတိုင်းပြည်လုံးကို ပြန့်သွားတယ်။ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ကြတယ်။ တချို့ကတော့ နယ်စပ်နားမှာပဲ ကိုယ့်ရပ်ကိုယ့်ရွာပြန်ပြီး Quarantine နေတဲ့လူတွေ ရှိတယ်။ အဲဒီမှာ ရောဂါပိုးရှိနေတယ်ဆိုရင် နောက် တပတ် နှစ်ပတ်အတွင်းမှာ ပေါ်စရာရှိတယ်။”

လက်ရှိမှာတော့ ချင်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်တို့မှာ လက်ရှိ COVID-19 လူနာတွေကို ကုသပေးနေရပါတယ်။

မန္တလေးနဲ့ နေပြည်တော်တို့မှာ COVID-19 အတည်ပြုလူနာ တဦးစီ ရှိခဲ့ပေမယ့်လည်း အခုတော့ ပြန်လည်သက်သာသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာထားပါတယ်။

စနေနေ့က COVID-19 ကူးစက်ခံ ၃ ဦး ထပ်မံ အတည်ပြုလိုက်တာဖြစ်ပြီး စနေည သန်းခေါင်ကျော် တနင်္ဂနွေ အစောပိုင်းမှာတော့ ကူးစက်ခံလူနာ ၇ ဦး ထပ်မံအတည်ပြုလိုက်တာ ဖြစ်ပါတယ်။

အခုနောက်ဆုံး အတည်ပြုလူနာတွေကတော့ တောင်ကြီးက ၁ ဦး၊ ရန်ကုန်က ၈ ဦးနဲ့ ချင်းပြည်နယ် တီးတိန်က ၁ ဦးတို့ ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေ အားလုံးကတော့ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း ပြည်ပခရီးသွားခဲ့တာ မရှိဘူးလို့ အစိုးရထုတ်ပြန်ချက်က ဖော်ပြပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီအချက်အပေါ်မှာ သတိပေးထားပါတယ်။

အခု ထပ်မံအတည်ပြုလိုက်တဲ့ လူနာတွေနဲ့ အနီးကပ်ထိတွေ့မှု ရှိသူတွေ ကျန်းမာရေးဌာနကို ဆက်သွယ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

နိုင်ငံတွင်း COVID-19 ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ဆောင်ရွက်တာမှာ ပိုပြီး လုံခြုံသေချာမှု ရှိစေဖို့ ရည်ရွယ်ပြီး COVID-19 ရောဂါလက္ခဏာ စောင့်ကြည့်ကာလကို အရင်က ၁၄ ရက် သတ်မှတ်ထားတာကနေ ၂၈ ရက်ထိ တိုးမြှင့်ဆောင်ရွက်ဖို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

လိုအပ်ချက်ရှိသူတွေအတွက် အစိုးရရဲ့ ရိက္ခာထောက်ပံ့မှုမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် အပါအဝင် အစိုးရ တာဝန်ရှိသူတွေ၊ နောက် ရိက္ခာလာယူသူတွေ လူစုလူဝေးကြီး ဖြစ်ခဲ့တဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ဟာ လူတိုင်းကို ကူးစက်နိုင်တာကြောင့် အားလုံး စည်းကမ်းလိုက်နာကြဖို့ စနေနေ့က တိုက်တွန်းထားပါတယ်။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid19-updated-…/5368802.html

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား