COVID-19 တားဆီးေရး အက်ဥ္းသားဦးေရ ေလွ်ာ့ခ်ဖို႔ HRW တိုက္တြန္


(Zawgyi / Unicode)

ျမန္မာႏုိင္ငံ အက်ဥ္းေထာင္ေတြထဲမွာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ႏုိင္ငံေရးအက်ဥ္းသားေတြကို COVID-19 ေရာဂါ ျပန္႔ပြားမယ့္အေရး တားဆီးႏိုင္ဖို႔အတြက္ ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖဲြ႔ (HRW) က ဒီကေန႔မွာ ေတာင္းဆုိလိုက္ပါတယ္။

ျမန္မာအစိုးရအေနနဲ႔ အက်ဥ္းေထာင္ေတြအတြင္းမွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ မျဖစ္ေအာင္ ထိန္းခ်ဳပ္တဲ့အေနနဲ႔ ႏုိင္ငံေရးအက်ဥ္းသားေတြ၊ ျပစ္ဒဏ္မခ်မွတ္ခံရေသးဘဲ ထိန္းသိမ္းထားတဲ့သူေတြနဲ႔ က်န္းမာေရးအရ အႏၱရာယ္ရွိတဲ့သူေတြကို ခ်က္ခ်င္းလႊတ္ေပးၿပီး အက်ဥ္းသားအေရအတြက္ကို ေလွ်ာ့ခ်သင့္တယ္လို႔ HRW အဖဲြ႔ရဲ႕ ဒီကေန႔ ဧၿပီလ ၄ ရက္ေန႔ ေန႔စဲြနဲ႔ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေျပာထားပါတယ္။

ျမန္မာႏုိင္ငံရဲ႕ အက်ဥ္းေထာင္ေတြအတြင္းမွာ ဖမ္းဆီးထားတဲ့ အက်ဥ္းသား အေရအတြက္ဟာ သတ္မွတ္ထားတဲ့ အေရအတြက္ထက္ ေက်ာ္လြန္ေနၿပီး အက်ဥ္းေထာင္ေတြဟာလည္း က်န္းမာေရးနဲ႔ မညီညြတ္ဘူးလို႔ HRW အဖဲြ႔က ေျပာပါတယ္။

ျမန္မာႏုိင္ငံတ၀ွမ္း စုစုေပါင္း အက်ဥ္းေထာင္ ၄၆ ခုနဲ႔ ရဲဘက္စခန္း ၅၀ ရွိၿပီး အက်ဥ္းသားအေရအတြက္ ခန္႔မွန္းေခ်အားျဖင့္္ ၉၂၀၀၀ ေလာက္ ရွိတယ္လို႔ ဆုိပါတယ္။ ဒါေပမယ့္ အဲဒီအက်ဥ္းေထာင္ေတြအေနနဲ႔ တရား၀င္လက္ခံႏုိင္တဲ့ အေရအတြက္ကေတာ့ ၆၆၀၀၀ ေလာက္ပဲရွိတာ ျဖစ္တဲ့အတြက္ လက္ရွိအက်ဥ္းသားဦးေရက သတ္မွတ္ထားတာထက္ ေက်ာ္လြန္ေနတယ္လို႔ HRW အဖဲြ႔က ေျပာပါတယ္။

အက်ဥ္းေထာင္ေတြထဲမွာ ဖမ္းခံထားရတဲ့သူေတြထဲက ၁၅ ရာခုိင္ႏႈန္းက ျပစ္ဒဏ္မခ်မွတ္ခံရေသးတဲ့သူေတြျဖစ္ၿပီး အဲဒီထဲမွာ ႏုိင္ငံေရးအက်ဥ္းသားေတြ၊ သတင္းေထာက္ေတြနဲ႔ တက္ႂကြလႈပ္ရွားသူေတြ ပါ၀င္တယ္လို႔လည္း ေျပာပါတယ္။

ျမန္မာႏုိင္ငံမွာ ျပစ္ဒဏ္က်ခံေနရတဲ့ ႏုိင္ငံေရးအက်ဥ္းသား ၇၄ ေယာက္ရွိၿပီး ျပစ္ဒဏ္ခ်မွတ္ျခင္း မခံရေသးဘဲ ႏုိင္ငံေရးအမႈနဲ႔ ဆက္စပ္ၿပီး အက်ဥ္းေထာင္ေတြထဲမွာ ဖမ္းဆီးခံထားရတဲ့သူ ၁၃၉ ေယာက္ရွိတယ္လို႔ ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအဖဲြ႔ (AAPPB) က ေျပာထားပါတယ္။

ျမန္မာႏုိင္ငံမွာ အခုခ်ိန္ထိ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံထားရသူ ၂၀ ရွိတယ္လို႔ ျမန္မာအစိုးရက အတည္ျပဳထားပါတယ္။ အဲဒီထဲကမွ နဂိုေရာဂါအခံရွိသူ တဦးကေတာ့ ကြယ္လြန္သြားၿပီ ျဖစ္ပါတယ္။

 ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------------------------------

COVID-19 တားဆီးရေး အကျဉ်းသားဦးရေ လျှော့ချဖို့ HRW တိုက်တွန်း

(Unicode)

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို COVID-19 ရောဂါ ပြန့်ပွားမယ့်အရေး တားဆီးနိုင်ဖို့အတွက် ချက်ချင်းပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီကနေ့မှာ တောင်းဆိုလိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ အကျဉ်းထောင်တွေအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မဖြစ်အောင် ထိန်းချုပ်တဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ ပြစ်ဒဏ်မချမှတ်ခံရသေးဘဲ ထိန်းသိမ်းထားတဲ့သူတွေနဲ့ ကျန်းမာရေးအရ အန္တရာယ်ရှိတဲ့သူတွေကို ချက်ချင်းလွှတ်ပေးပြီး အကျဉ်းသားအရေအတွက်ကို လျှော့ချသင့်တယ်လို့ HRW အဖွဲ့ရဲ့ ဒီကနေ့ ဧပြီလ ၄ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေအတွင်းမှာ ဖမ်းဆီးထားတဲ့ အကျဉ်းသား အရေအတွက်ဟာ သတ်မှတ်ထားတဲ့ အရေအတွက်ထက် ကျော်လွန်နေပြီး အကျဉ်းထောင်တွေဟာလည်း ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ HRW အဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံတဝှမ်း စုစုပေါင်း အကျဉ်းထောင် ၄၆ ခုနဲ့ ရဲဘက်စခန်း ၅၀ ရှိပြီး အကျဉ်းသားအရေအတွက် ခန့်မှန်းချေအားဖြင့် ၉၂၀၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီအကျဉ်းထောင်တွေအနေနဲ့ တရားဝင်လက်ခံနိုင်တဲ့ အရေအတွက်ကတော့ ၆၆၀၀၀ လောက်ပဲရှိတာ ဖြစ်တဲ့အတွက် လက်ရှိအကျဉ်းသားဦးရေက သတ်မှတ်ထားတာထက် ကျော်လွန်နေတယ်လို့ HRW အဖွဲ့က ပြောပါတယ်။

အကျဉ်းထောင်တွေထဲမှာ ဖမ်းခံထားရတဲ့သူတွေထဲက ၁၅ ရာခိုင်နှုန်းက ပြစ်ဒဏ်မချမှတ်ခံရသေးတဲ့သူတွေဖြစ်ပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ၊ သတင်းထောက်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ပါဝင်တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၇၄ ယောက်ရှိပြီး ပြစ်ဒဏ်ချမှတ်ခြင်း မခံရသေးဘဲ နိုင်ငံရေးအမှုနဲ့ ဆက်စပ်ပြီး အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရတဲ့သူ ၁၃၉ ယောက်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPPB) က ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ အခုချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၂၀ ရှိတယ်လို့ မြန်မာအစိုးရက အတည်ပြုထားပါတယ်။ အဲဒီထဲကမှ နဂိုရောဂါအခံရှိသူ တဦးကတော့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid19-reduce-prisoners-hrw/5360118.html
COVID-19 တားဆီးေရး အက်ဥ္းသားဦးေရ ေလွ်ာ့ခ်ဖို႔ HRW တိုက္တြန္ COVID-19 တားဆီးေရး အက်ဥ္းသားဦးေရ ေလွ်ာ့ခ်ဖို႔ HRW တိုက္တြန္ Reviewed by THITHTOOLWIN on 19:46 Rating: 5
Powered by Blogger.