ကို႐ိုနာဗိုင္းရပ္စ္ေတြ႕ရွိမႈ အမ်ားဆုံး ရန္ကုန္တိုင္းမွာ သၾကၤန္ကာလ ျပင္ပထြက္ခြင့္ ကန႔္သတ္


သၾကၤန္ကာလ ႐ုံးပိတ္ရက္ေတြမွာ က်န္းမာေရးကိစၥနဲ႔ အစားအေသာက္ဝယ္ယူေရး ကိစၥမွအပ ေနအိမ္ကေန အျပင္မထြက္ဖို႔ ရန္ကုန္တိုင္းအစိုးရအဖြဲ႕၊ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး ေကာ္မတီက ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

ေၾကညာခ်က္ကို ခ႐ိုင္၊ ၿမိဳ႕နယ္အဆင့္ လုပ္ငန္းေကာ္မတီေတြကေန ျပည္သူအားလုံး သိရွိႏိုင္ဖို႔ ၫြန္ၾကားထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေနသူေတြမွအပ တျခားသူေတြဟာ သၾကၤန္ကာလ ပိတ္ရက္ေတြျဖစ္တဲ့ ၁၀ ရက္ေန႔ကေန ၁၉ ရက္ေန႔အထိ ေနအိမ္ထဲမွာပဲေနဖို႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရက ၫြန္ၾကားလိုက္တာပါ။

သၾကၤန္ကာလအတြင္း က်န္းမာေရးအသိနဲ႔ ေနအိမ္ထဲမွာ ေနမယ္ဆိုရင္ ေရာဂါကူးစက္ျပန႔္ပြားႏႈန္းကို ထိန္းခ်ဳပ္ႏိုင္မွာမို႔ အခုလို ေဆာင္႐ြက္ရတာျဖစ္တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ လူ႔စြမ္းအား အရင္းအျမစ္ဝန္ႀကီးဌာန ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္က ေျပာပါတယ္။

“သၾကၤန္ကာလဟာ နဂိုကတည္းက ပိတ္ရက္ပါ။ ပိတ္ရက္အတြင္းမွာ မိမိ တစ္ဦး၊ တစ္ေယာက္ခ်င္း က်န္းမာေရးအသိ က်န္းမာေရးသတိနဲ႔ အိမ္မွာေနျခင္းျဖင့္ ေရာဂါကူးစက္ျပန႔္ပြားႏိုင္ႏႈန္းကို ရာခိုင္ႏႈန္း ေတာ္ေတာ္မ်ားမ်ား က်ဆင္းေစႏိုင္မယ္လို႔ ယုံၾကည္တယ္။ ဒီလိုအေျခအေနမ်ိဳးမွာ ကိုယ့္ရပ္႐ြာက အျပင္ထြက္တာမ်ိဳးေတြဆိုလို႔ရွိရင္ ရပ္ကြက္ေန ရပ္မိရပ္ဖေတြက ေမတၱာရပ္ခံၿပီးေတာ့ တက္ႏိုင္သမွ် ညႇိႏႈိင္းမယ္၊ ေဆြးေႏြးမယ္။ မျဖစ္မေနေဆာင္႐ြက္ရမယ့္ လုပ္ငန္း၊ က်န္းမာေရးအတြက္ ေဆာင္႐ြက္ရမယ့္ လုပ္ငန္း၊ ပရဟိတ လုပ္ငန္းမွအပ က်န္သူမ်ား အိမ္မွာေနေပးပါဆိုတဲ့ ၫြန္ၾကားခ်က္ပါ”

ႁခြင္းခ်က္အေနနဲ႔ကေတာ့ က်န္းမာေရးကိစၥနဲ႔ အစားအေသာက္ ဝယ္ယူဖို႔အတြက္ဆိုရင္ အျပင္ထြက္ခြင့္ရွိမွာ ျဖစ္ပါတယ္။

သၾကၤန္ကာလအတြင္း အိမ္ျပင္မထြက္ဖို႔၊ အုန္းလက္မ႑ပ္ေတြ မထိုးဖို႔၊ အသံခ်ဲ႕စက္ေတြနဲ႔ လွည့္လည္မသြားဖို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက မေန႔က ၫြန္ၾကားထားလို႔ ရာအိမ္မႉးေတြကို အသိေပးၿပီးျဖစ္တယ္လို႔ ရန္ကုန္ၿမိဳ႕၊ ေတာင္ဒဂုံၿမိဳ႕နယ္ အမွတ္ ၂၀ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းႏိုင္က ေျပာပါတယ္။

“အုန္းလတ္မ႑ပ္ေတြ မထိုးဖို႔၊ စတုဒီသာေတြ ေကြၽးမယ္ဆိုရင္လည္း အိမ္ကေန ထုတ္ၿပီးေတာ့ေကြၽးဖို႔၊ လူစုလူေဝးေတြမလုပ္ဖို႔၊ အသံခ်ဲ႕စက္ေတြကို ဆူဆူညံညံဖြင့္ၿပီး လွည့္လည္သြားလာတာ မလုပ္ဖို႔ မေန႔က ၫြန္ၾကားလိုက္ပါတယ္။ စာေတာ့ ကြၽန္ေတာ္တို႔လက္ထဲကို မေရာက္ေသးပါဘူး။ အခု ရာအိမ္မႉးေတြကိုေတာ့ အစည္းေဝးလုပ္ၿပီးေတာ့ ျဖန႔္ထားၿပီးပါၿပီ”

အစိုးရရဲ႕ ၫြန္ၾကားခ်က္အသီးသီးကို မလိုက္နာသူေတြကို သဘာဝ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒအရ အေရးယူႏိုင္ေရး ၫြန္ၾကားခ်က္ေတြရွိတယ္လို႔လည္း ဦးဝင္းႏိုင္က ေျပာပါတယ္။

ၫႊန္ၾကားခ်က္ေဖာက္ဖ်က္သူေတြကို သက္ဆိုင္ရာ ရပ္ေက်း၊ အုပ္ခ်ဳပ္ေရးမႉးေတြက အေရးမယူဘဲ မသိခ်င္ေယာင္ေဆာင္ေနေၾကာင္း ရပ္ကြက္ေနျပည္သူေတြက ဌာနဆိုင္ရာ အဆင့္ဆင့္ကို တိုင္ၾကားလာရင္ စုံစမ္းစစ္ေဆးၿပီး တိုင္ၾကားခ်က္မွန္ကန္ရင္ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးမႉးကို ထိထိေရာက္ေရာက္ အေရးယူသြားမယ္လို႔လည္း သတင္းေတြ ထြက္ေပၚေနပါတယ

အသြားအလာ ကန႔္သတ္လုပ္ေဆာင္ဖို႔ ျပင္ဆင္ေနတဲ့အေပၚ အစိုးရက ႀကိဳတင္ေၾကညာတာကို ေက်းဇူးတင္တယ္လို႔ ဒဂုံၿမိဳ႕နယ္၊ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်က ေျပာပါတယ္။

“သၾကၤန္တြင္းမွာ Lockdown ခ်မယ့္ အေနအထားရွိတယ္။ ဒါႀကိဳတင္ၿပီးေတာ့ ဝယ္ႏိုင္ေအာင္။ ဒီေန႔ ႀကိဳႀကိဳတင္တင္ေလးသိရတာကိုပဲ အစိုးရကို ေက်းဇူးတင္ပါတယ္။ လူေတြဘာေတြလိုအပ္လည္း လိုအပ္တာေတြ ျပင္ဆင္လို႔ရေအာင္ေပါ့”

ျပည္ေထာင္စုအစိုးရအဖြဲ႕ကလည္း သၾကၤန္ကာလ ႐ုံးပိတ္ရက္ေတြမွာ ျပည္ေထာင္စုအဆင့္ အဖြဲ႕အစည္းေတြ၊ ဝန္ႀကီးဌာနေတြ၊ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အဆင့္က ဝန္ထမ္းအားလုံး နာေရးကိစၥကအပ ခရီးသြားတာမလုပ္ဖို႔ ၫြန္ၾကားထားပါတယ္။

အစိုးရရဲ႕ လမ္းၫြန္ခ်က္ေတြကို ျပည္သူ႔တစ္ဦးတစ္ေယာက္ခ်င္းစီက လိုက္နာေဆာင္႐ြက္မွသာ ေရာဂါျပန႔္ပြားမႈကို ထိန္းခ်ဳပ္ႏိုင္မွာျဖစ္တယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က မေန႔က ေျပာပါတယ္။

“ကြၽန္မတို႔ ႏိုင္ငံထက္ အမ်ားႀကီး ခ်မ္းသာဖြံ႕ၿဖိဳးတိုးတက္တဲ့ ႏိုင္ငံႀကီးေတြေတာင္မွ ကိုဗစ္နဲ႔ ပတ္သက္လို႔ ေတာ္ေတာ္ကို ႐ုန္းကန္ေနရတယ္။ ကြၽန္မတို႔ႏိုင္ငံအေနနဲ႔ စည္းမ်ဥ္းစည္းကမ္းနဲ႔ ကိုယ့္ကိုယ္ကို ကာကြယ္ထိန္းခ်ဳပ္ျခင္းအားျဖင့္ ေက်ာ္လႊားႏိုင္မွာပဲ။အခုအခ်ိန္မွာ ပိုက္ဆံက အဓိက မဟုတ္ဘူးေနာ္။ စည္းကမ္းက အဓိကပဲ။ ျပည္သူ တစ္ေယာက္ခ်င္း၊ တစ္ေယာက္ခ်င္းက ကြၽန္မတို႔ ၾကပ္မတ္ထားတဲ့ စည္းကမ္းေတြကို တကယ့္ကို တိတိက်က်လိုက္နာမယ္ဆိုရင္ ဒီကိုဗစ္ ျပန႔္ပြားမႈက မထိန္းခ်ဳပ္ႏိုင္တဲ့ အေနအထားကို ေရာက္မွာမဟုတ္ဘူး။ အတိုင္းအတာတစ္ခုထိေတာ့ ျပန႔္ပြားမႈေတာ့ရွိမွာပဲ”

ကို႐ိုနာဗိုင္းရပ္ေရာဂါပိုး စစ္ေဆးေတြ႕ရွိမႈအေျခအေနေတြကို က်န္းမာေရးဝန္ႀကီးဌာနက ေန႔စဥ္ထုတ္ျပန္ေနရာမွာ မတ္လ ၂၃ ရက္ေန႔ကစၿပီး ဧၿပီ ၃ ရက္ေန႔ မေန႔ကအထိ ေရာဂါပိုးေတြ႕ရွိသူ ၂၀ ရွိၿပီး အဲဒီထဲက တစ္ဦး ေသဆုံးသြားခဲ့ပါတယ္။ ေရာဂါပိုးေတြ႕ရွိသူထဲက ၁၂ ဦးဟာ ရန္ကုန္ၿမိဳ႕က ျဖစ္ပါတယ္။

ေဝမာထြန္း/RFA Burmese
---------------------------------------------------
ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိမှု အများဆုံး ရန်ကုန်တိုင်းမှာ သင်္ကြန်ကာလ ပြင်ပထွက်ခွင့် ကန့်သတ်

သင်္ကြန်ကာလ ရုံးပိတ်ရက်တွေမှာ ကျန်းမာရေးကိစ္စနဲ့ အစားအသောက်ဝယ်ယူရေး ကိစ္စမှအပ နေအိမ်ကနေ အပြင်မထွက်ဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကြေညာချက်ကို ခရိုင်၊ မြို့နယ်အဆင့် လုပ်ငန်းကော်မတီတွေကနေ ပြည်သူအားလုံး သိရှိနိုင်ဖို့ ညွန်ကြားထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနေသူတွေမှအပ တခြားသူတွေဟာ သင်္ကြန်ကာလ ပိတ်ရက်တွေဖြစ်တဲ့ ၁၀ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ နေအိမ်ထဲမှာပဲနေဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ညွန်ကြားလိုက်တာပါ။

သင်္ကြန်ကာလအတွင်း ကျန်းမာရေးအသိနဲ့ နေအိမ်ထဲမှာ နေမယ်ဆိုရင် ရောဂါကူးစက်ပြန့်ပွားနှုန်းကို ထိန်းချုပ်နိုင်မှာမို့ အခုလို ဆောင်ရွက်ရတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။

“သင်္ကြန်ကာလဟာ နဂိုကတည်းက ပိတ်ရက်ပါ။ ပိတ်ရက်အတွင်းမှာ မိမိ တစ်ဦး၊ တစ်ယောက်ချင်း ကျန်းမာရေးအသိ ကျန်းမာရေးသတိနဲ့ အိမ်မှာနေခြင်းဖြင့် ရောဂါကူးစက်ပြန့်ပွားနိုင်နှုန်းကို ရာခိုင်နှုန်း တော်တော်များများ ကျဆင်းစေနိုင်မယ်လို့ ယုံကြည်တယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ရပ်ရွာက အပြင်ထွက်တာမျိုးတွေဆိုလို့ရှိရင် ရပ်ကွက်နေ ရပ်မိရပ်ဖတွေက မေတ္တာရပ်ခံပြီးတော့ တက်နိုင်သမျှ ညှိနှိုင်းမယ်၊ ဆွေးနွေးမယ်။ မဖြစ်မနေဆောင်ရွက်ရမယ့် လုပ်ငန်း၊ ကျန်းမာရေးအတွက် ဆောင်ရွက်ရမယ့် လုပ်ငန်း၊ ပရဟိတ လုပ်ငန်းမှအပ ကျန်သူများ အိမ်မှာနေပေးပါဆိုတဲ့ ညွန်ကြားချက်ပါ”

ခြွင်းချက်အနေနဲ့ကတော့ ကျန်းမာရေးကိစ္စနဲ့ အစားအသောက် ဝယ်ယူဖို့အတွက်ဆိုရင် အပြင်ထွက်ခွင့်ရှိမှာ ဖြစ်ပါတယ်။

သင်္ကြန်ကာလအတွင်း အိမ်ပြင်မထွက်ဖို့၊ အုန်းလက်မဏ္ဍပ်တွေ မထိုးဖို့၊ အသံချဲ့စက်တွေနဲ့ လှည့်လည်မသွားဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးက မနေ့က ညွန်ကြားထားလို့ ရာအိမ်မှူးတွေကို အသိပေးပြီးဖြစ်တယ်လို့ ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ် အမှတ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ပြောပါတယ်။

“အုန်းလတ်မဏ္ဍပ်တွေ မထိုးဖို့၊ စတုဒီသာတွေ ကျွေးမယ်ဆိုရင်လည်း အိမ်ကနေ ထုတ်ပြီးတော့ကျွေးဖို့၊ လူစုလူဝေးတွေမလုပ်ဖို့၊ အသံချဲ့စက်တွေကို ဆူဆူညံညံဖွင့်ပြီး လှည့်လည်သွားလာတာ မလုပ်ဖို့ မနေ့က ညွန်ကြားလိုက်ပါတယ်။ စာတော့ ကျွန်တော်တို့လက်ထဲကို မရောက်သေးပါဘူး။ အခု ရာအိမ်မှူးတွေကိုတော့ အစည်းဝေးလုပ်ပြီးတော့ ဖြန့်ထားပြီးပါပြီ”

အစိုးရရဲ့ ညွန်ကြားချက်အသီးသီးကို မလိုက်နာသူတွေကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူနိုင်ရေး ညွန်ကြားချက်တွေရှိတယ်လို့လည်း ဦးဝင်းနိုင်က ပြောပါတယ်။

ညွှန်ကြားချက်ဖောက်ဖျက်သူတွေကို သက်ဆိုင်ရာ ရပ်ကျေး၊ အုပ်ချုပ်ရေးမှူးတွေက အရေးမယူဘဲ မသိချင်ယောင်ဆောင်နေကြောင်း ရပ်ကွက်နေပြည်သူတွေက ဌာနဆိုင်ရာ အဆင့်ဆင့်ကို တိုင်ကြားလာရင် စုံစမ်းစစ်ဆေးပြီး တိုင်ကြားချက်မှန်ကန်ရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ

အသွားအလာ ကန့်သတ်လုပ်ဆောင်ဖို့ ပြင်ဆင်နေတဲ့အပေါ် အစိုးရက ကြိုတင်ကြေညာတာကို ကျေးဇူးတင်တယ်လို့ ဒဂုံမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။

“သင်္ကြန်တွင်းမှာ Lockdown ချမယ့် အနေအထားရှိတယ်။ ဒါကြိုတင်ပြီးတော့ ဝယ်နိုင်အောင်။ ဒီနေ့ ကြိုကြိုတင်တင်လေးသိရတာကိုပဲ အစိုးရကို ကျေးဇူးတင်ပါတယ်။ လူတွေဘာတွေလိုအပ်လည်း လိုအပ်တာတွေ ပြင်ဆင်လို့ရအောင်ပေါ့”

ပြည်ထောင်စုအစိုးရအဖွဲ့ကလည်း သင်္ကြန်ကာလ ရုံးပိတ်ရက်တွေမှာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ၊ ဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်က ဝန်ထမ်းအားလုံး နာရေးကိစ္စကအပ ခရီးသွားတာမလုပ်ဖို့ ညွန်ကြားထားပါတယ်။

အစိုးရရဲ့ လမ်းညွန်ချက်တွေကို ပြည်သူ့တစ်ဦးတစ်ယောက်ချင်းစီက လိုက်နာဆောင်ရွက်မှသာ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောပါတယ်။

“ကျွန်မတို့ နိုင်ငံထက် အများကြီး ချမ်းသာဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေတောင်မှ ကိုဗစ်နဲ့ ပတ်သက်လို့ တော်တော်ကို ရုန်းကန်နေရတယ်။ ကျွန်မတို့နိုင်ငံအနေနဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ထိန်းချုပ်ခြင်းအားဖြင့် ကျော်လွှားနိုင်မှာပဲ။အခုအချိန်မှာ ပိုက်ဆံက အဓိက မဟုတ်ဘူးနော်။ စည်းကမ်းက အဓိကပဲ။ ပြည်သူ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းက ကျွန်မတို့ ကြပ်မတ်ထားတဲ့ စည်းကမ်းတွေကို တကယ့်ကို တိတိကျကျလိုက်နာမယ်ဆိုရင် ဒီကိုဗစ် ပြန့်ပွားမှုက မထိန်းချုပ်နိုင်တဲ့ အနေအထားကို ရောက်မှာမဟုတ်ဘူး။ အတိုင်းအတာတစ်ခုထိတော့ ပြန့်ပွားမှုတော့ရှိမှာပဲ”

ကိုရိုနာဗိုင်းရပ်ရောဂါပိုး စစ်ဆေးတွေ့ရှိမှုအခြေအနေတွေကို ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်နေရာမှာ မတ်လ ၂၃ ရက်နေ့ကစပြီး ဧပြီ ၃ ရက်နေ့ မနေ့ကအထိ ရောဂါပိုးတွေ့ရှိသူ ၂၀ ရှိပြီး အဲဒီထဲက တစ်ဦး သေဆုံးသွားခဲ့ပါတယ်။ ရောဂါပိုးတွေ့ရှိသူထဲက ၁၂ ဦးဟာ ရန်ကုန်မြို့က ဖြစ်ပါတယ်။

ဝေမာထွန်း/RFA Burmese
https://www.rfa.org/burmese/news/novel-coronavirus-in-ygn-04042020042825.html
ကို႐ိုနာဗိုင္းရပ္စ္ေတြ႕ရွိမႈ အမ်ားဆုံး ရန္ကုန္တိုင္းမွာ သၾကၤန္ကာလ ျပင္ပထြက္ခြင့္ ကန႔္သတ္ ကို႐ိုနာဗိုင္းရပ္စ္ေတြ႕ရွိမႈ အမ်ားဆုံး ရန္ကုန္တိုင္းမွာ သၾကၤန္ကာလ ျပင္ပထြက္ခြင့္ ကန႔္သတ္ Reviewed by THITHTOOLWIN on 19:34 Rating: 5
Powered by Blogger.