အေမရိကန္မွာ အလုပ္လက္မဲ့ျဖစ္သူေတြ ခံစားခြင့္ ဘယ္လိုေလွ်ာက္ရသလဲ

ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔ေနေသာ္လည္း လုပ္ငန္းခြင္ ဝင္ေနရဆဲ မီခ်ီဂန္ျပည္နယ္မွ စာတုိက္ဝန္ထမ္းတဦး။ (ဧၿပီ ၂၊ ၂၀၂၀)
(Zawgyi / Unicode)

ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ ျမန္ဆန္လာတာနဲ႔အမွ် အေမရိကန္ျပည္ေထာင္စုတဝန္း လုပ္ငန္းခြင္ေတြရပ္နား၊ စီးပြားေရးလုပ္ငန္းေတြ ထိခုိက္ၿပီး လူေတာ္ေတာ္မ်ားမ်ား အလုပ္လက္မဲ့ ျဖစ္ေနၾကပါတယ္။ ဒါေၾကာင့္လည္း အစိုးရဆီမွာ အလုပ္လက္မဲ့ခံစားခြင့္ ေလွ်ာက္ထားသူ သန္းနဲ႔ခ်ီတိုးလာၿပီး ဒီထဲမွာ ျမန္မာ-အေမရိကန္ေတြလည္း အပါအဝင္ ျဖစ္ပါတယ္။ အလုပ္လက္မဲ့ျဖစ္၊ ဝင္ေငြေလ်ာ့နည္းသြားခ်ိန္အတြင္း ခံစားခြင့္ ေလွ်ာက္ထားႏုိင္တာနဲ႔ ပတ္သက္ၿပီး အျပည့္အစုံကို မဆုမြန္က ဆက္သြယ္ေမးျမန္း တင္ျပေပးထားပါတယ္။

COVID-19 ကူးစက္ပ်ံ႕ႏွံ႔ ေသဆံုးမႈ ျမင့္တက္လာေနတဲ့ အေမရိကန္ျပည္ေထာင္စုမွာ လူေတြကို အိမ္ထဲမွာေနဖို႔၊ အလုပ္ေတြကိုလည္း ေနအိမ္ကေန လုပ္ၾကဖို႔ ညႊန္ၾကားလိုက္ခ်ိန္မွာပဲ အေမရိကန္ စီးပြားေရးလုပ္ငန္းအမ်ားစု ထိခိုက္ကုန္ၿပီး ရပ္ဆိုင္းလိုက္ရတဲ့ လုပ္ငန္းေတြလည္း ရွိလာပါတယ္။ ဒီလိုအေျခအေနမွာ အေမရိကန္အစိုးရဆီကေန အလုပ္လက္မဲ့ခံစားခြင့္ Unemployment Benefits ေတာင္းခံသူ ၁၀ သန္း ရွိသြားၿပီလို႔ အလုပ္သမားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

COVID-19 ကာလအတြင္း လုပ္ငန္းေတြ ရပ္လိုက္လို႔ အလုပ္နားလိုက္ရသူေတြ၊ အလုပ္ခ်ိန္ ေလ်ာ့နည္းသြားသူေတြနဲ႔ ပံုမွန္ဝင္ေငြ မရွိေတာ့တဲ့ သူေတြအေနနဲ႔ အေမရိကန္အစိုးရဆီမွာ အလုပ္လက္မဲ့ခံစားခြင့္ ေတာင္းခံႏုိင္ဖို႔ အဆင့္ဆင့္ ေဆာင္ရြက္ရပါတယ္။

အလုပ္လက္မဲ့ခံစားခြင့္အတြက္ စနစ္တက် ဘယ္လိုေလွ်ာက္သင့္သလဲဆိုတာ ကယ္လီဖိုးနီးယားျပည္နယ္ အေျခစိုက္ H & J Tax and Accounting Services စာရင္းအင္းနဲ႔ အခြန္ဆိုင္ရာ ဝန္ေဆာင္မႈလုပ္ငန္း ဦးေဆာင္သူ မႏွင္းႏွင္းလြင္က အခုလိုရွင္းျပပါတယ္။

“ျမန္မာျပည္သားေတြတင္မကဘူး အေမရိကန္တဝန္းလံုး အားလုံးအ‌ေပၚ သက္ေရာက္မႈ ျဖစ္ၾကတဲ့အေပၚမွာ ဒုကၡေရာက္တာေတာ့ ဒီ Impact အကုန္လံုးကို ရွိတာေလ။ ဒီအလုပ္လက္မဲ့ခံစားခြင့္ကို ဘယ္လိုေလွ်ာက္ထားၾကမလဲ၊ ဘယ္ေတာ့တင္ရမလဲ၊ ဘယ္လိုတင္ရမလဲ၊ ဘာေတြလိုအပ္မလဲ ဆိုတာကိုေတာ့ က်မက ကယ္လီဖိုးနီးယားမွာေနေတာ့ ကယ္လီဖိုးနီးယားကို အေျခခံၿပီး ေျပာျပပါမယ္။ ဒါေပမယ့္ ျပည္နယ္တခုနဲ႔တခုက သိပ္ၿပီးေတာ့ ကြာဟမႈမရွိပါဘူး။ Unemployment Claims ကို ဘယ္ေတာ့တင္ရမလဲဆိုရင္ အလုပ္ျပဳတ္သြားတာ၊ အလုပ္မရွိေတာ့တာ၊ အလုပ္နာရီေတြ အေလွ်ာ့ခံရတာ၊ ေနာက္ လူမႈဝန္းက်င္ေတြမွာ ခပ္ခြာခြာေနဖို႔ ေနအိမ္ေတြမွာေနဖို႔ ေျပာတဲ့အခ်ိန္ အလုပ္နာရီ ေလွ်ာ့ခံရတာမ်ိဳးဆိုရင္ အခုသီတင္းပတ္ တနဂၤေႏြကစၿပီး ေလွ်ာက္ထားလို႔ရပါၿပီ။”

မဆုမြန္ - ဘယ္လိုလုပ္ငန္းခြင္ေတြက ေလွ်ာက္ထားႏုိင္ပါသလဲ။

မႏွင္းႏွင္းလြင္ - “Self employed နဲ႔ Employee နဲ႔ရွိတယ္။ ဥပမာ ကုမၸဏီေတြ လုပ္ငန္းခြင္ေတြမွာ အလုပ္လုပ္တာဆိုရင္ သီတင္းပတ္ ၂ ပတ္တိုင္း ပံုမွန္ ဝင္ေငြလစာရတယ္။ အဲ့လိုမဟုတ္ဘဲ ကိုယ္ပိုင္စီးပြားေရးလုပ္တယ္၊ ကိုယ္ပိုင္ အဝတ္ေလွ်ာ္ဆိုင္ဖြင့္တယ္၊ ကိုယ္ပိုင္ဆူရွီဆိုင္ဖြင့္တယ္၊ ကိုယ္ပိုင္စားေသာက္ဆိုင္ဖြင့္တယ္၊ ေနာက္ တကၠစီေမာင္းတယ္၊ Uber ေမာင္းတယ္၊ Lyft ေမာင္းတယ္၊ ေနာက္ ေနအိမ္အေရာက္ပို႔တဲ့ ဝန္ေဆာင္မႈေတြ လုပ္တယ္၊ အဲဒီလို Self employed ေတြဆိုရင္ အရင္တုန္းက Unemployment Claims လုပ္လို႔ရတဲ့ အုပ္စုထဲ မပါပါဘူး။ ဒီ COVID-19 ေၾကာင့္မို႔လို႔ သမၼတက လက္မွတ္ထိုးၿပီးတဲ့ အခ်ိန္ကစၿပီး အဲဒီလူေတြပါ အက်ံဳးဝင္တယ္။ အဲဒီေတာ့ က်မ ျမန္မာျပည္သားေတြကို အႀကံေပးခ်င္တာက အခုလို ဒုကၡေရာက္ေနၾကတဲ့အခ်ိန္ ေလွ်ာက္ၾကပါ၊ ခံစားခြင့္ေတြရမွာပါ။ ဘယ္လိုေလွ်ာက္ရမွာလဲဆိုရင္ သံုးမ်ိဳး ေလွ်ာက္လို႔ရပါတယ္။ နံပါတ္တစ္က အြန္လိုင္းကပါ၊ နံပါတ္ႏွစ္က တယ္လီဖုန္းနဲ႔ေလွ်ာက္ပါ၊ နံပါတ္ ၃ က စာတုိက္ကေန ေဖာင္ျဖည့္ၿပီး ေလွ်ာက္လို႔ရပါတယ္။ အဲဒီသံုးမ်ိဳးထဲမွာ ကိုယ့္အတြက္ အဆင္ေျပမယ့္နည္းနဲ႔ ေလွ်ာက္ၾကပါလို႔ေျပာခ်င္ပါတယ္။”

ဒီကိုဗစ္ကာလ ႏိုင္ငံတဝန္း စီးပြားေရးလုပ္ငန္းခြင္ ထိခုိက္ေနၾကခ်ိန္ မိမိရဲ႕ခံစားခြင့္ကို မဆံုး႐ႈံးေစဖို႔ အလုပ္လက္မဲ့ခံစားခြင့္ ေလွ်ာက္ထားသူေတြအေနနဲ႔ သီတင္းပတ္တိုင္း စနစ္တက် ျပန္ၿပီး ေလွ်ာက္ထားၾကဖို႔ကိုလည္း မႏွင္းႏွင္းလြင္က တိုက္တြန္းပါတယ္။

“အခုဆိုရင္ ေန႔စဥ္နဲ႔အမွ် ဒီ Unemployment Claims အေရအတြက္က မ်ားမ်ားလာတာေပါ့ေနာ္။ ဆိုေတာ့ ကိုယ္ေနတဲ့ျပည္နယ္အေပၚ မူတည္ၿပီး ရမယ့္ခံစားခြင့္က ျမန္တာေႏွးတာ ျဖစ္ႏုိင္တယ္။ ကယ္လီဖိုးနီးယားမွာေတာ့ အြန္လိုင္းမွာ အေကာင့္ဖြင့္ထားတယ္။ အဲဒီကေန အခ်ိန္နဲ႔တေျပးညီ သတင္းေတြေပးတယ္။ ဝက္ဘ္ဆိုက္မွာေရးထားတာ သီတင္းပတ္ ၇ ပတ္ကေန ၁၀ ပတ္အတြင္းမွာ ရႏိုင္ပါတယ္။ ကိုယ့္ဆီကို ခ်က္လက္မွတ္ ပုိ႔လိုက္ၿပီေပါ့ေနာ္။ ကိုယ့္ဘက္ကေန Unemployment Claims လို႔ရမယ့္ အစိုးရဝက္ဘ္ဆိုက္ကိုဝင္၊ ကိုယ့္နာမည္ ကိုယ့္ေမြးသကၠရာဇ္ ကိုယ့္လိပ္စာ ကိုယ့္ Social နံပါတ္ ေနာက္ ကိုယ္အလုပ္လုပ္ခဲ့တဲ့ ရာဇဝင္ လုပ္အားခ ဘယ္ေလာက္ရခဲ့တယ္၊ ကိုယ့္အခ်က္အလက္ေတြ ျဖည့္ရမယ္။ ေနာက္ ဒီ Unemployment ကို အရင္တုန္းက Claim ဖူးလား ေမးပါတယ္၊ လုပ္ဖူးတယ္ မလုပ္ဖူးဘူး ေျပာပါ။ ေနာက္ ၁၈ လအတြင္း ကိုယ္အလုပ္လုပ္ခဲ့တဲ့ ရာဇဝင္ေတြ ေမးပါမယ္။ အဲ့ေတာ့ ေျပာခ်င္တာက ကိုယ့္ရဲ႕ ကိုယ္ေရးမွတ္တမ္း ရာဇဝင္ေတြကို အရင္ဆံုးျပဳစုထားပါ။ ေနာက္ ႏုိင္ငံသားလား၊ အၿမဲတမ္းေနထိုင္ခြင့္ ဂရင္းကတ္လား ေမးပါတယ္။

“အဲ့ေတာ့ အြန္လိုင္းကျဖစ္ေစ တယ္လီဖုန္းကျဖစ္ေစ ေလွ်ာက္လို႔ရပါတယ္။ က်မကေတာ့ ေလွ်ာက္ၾကဖို႔ တုိက္တြန္းပါတယ္။ ေနာက္ ရဖို႔အတြက္လည္း အခြင့္အေရး အမ်ားႀကီးရွိပါတယ္။ ေနာက္ ခုနက ညီမေမးတာေပါ့ ဘယ္ေလာက္အခ်ိန္ကာလအထိ ရမွာလဲဆိုေတာ့ တခ်ိဳ႕ကလည္း သီတင္းပတ္ ၁၂ ပတ္၊ တခ်ိဳ႕ကလည္း ေလးလအထိ ေျပာထားတာ ေတြ႔ပါတယ္။ ဒါေပမယ့္ အခု ဒီဗိုင္းရပ္စ္အေျခအေနက တေန႔တျခား မေလ်ာ့သြားတဲ့အျပင္ ပိုတိုးတိုးလာေနေတာ့ က်မတို႔ဘက္က အခ်ိန္နဲ႔တေျပးညီ ေနာက္ဆံုးအေျခအေန သတင္းထုတ္ျပန္ခ်က္ေတြကို ေစာင့္ၾကည့္ၾကဖို႔ အေရးႀကီးပါတယ္။ ဘယ္ႏွစ္လအထိေပးမလဲဆိုတာကို။ ရမယ့္အတိုင္းအတာကေတာ့ Maximum ေဒၚလာ ၆၀၀ အထိ ေပးမွာပါ။ ဒါေပမယ့္ ကိုယ့္ရဲ႕ ေနာက္ဆံုးလုပ္အားခ လစာခ်က္လက္မွတ္ရဲ႕ ရာခိုင္နႈန္းအေပၚမူတည္ၿပီးလည္း ဆံုးျဖတ္ခ်က္ခ်မွာေပါ့။”

လုပ္ငန္းခြင္ ရပ္နားသြားတဲ့အတြက္ အစိုးရဆီကေန အလုပ္လက္မဲ့ခံစားခြင့္ ေလွ်ာက္ထားေနတဲ့ ေမရီလန္းျပည္နယ္က ကိုေအာင္ေက်ာ္ညြန္႔က သိထားတဲ့ အေတြ႔အႀကံဳနဲ႔ယွဥ္ၿပီး ဒီလို အေရးတႀကီးကာလ ဝင္ေငြမရွိေတာ့ခ်ိန္ ရနိုင္မယ့္ အခြင့္အေရးတခုကို လက္လြတ္မခံၾကဖို႔နဲ႔ ေသခ်ာေလွ်ာက္ထားၾကဖို႔ အႀကံဉာဏ္ေပးပါတယ္။

“ေလာေလာဆယ္က အလုပ္ေတြကလည္း ပိတ္ထားေတာ့ သူတို႔ဆီက ညႊန္ၾကားခ်က္ေတြကို ေစာင့္ေနရတယ္။ အခုကေတာ့ ေလွ်ာက္ထားတာကို ေစာင့္ေနရတဲ့ အေျခအေနပါ။ ေလာေလာဆယ္က DC DMV ဧရိယာကလည္း မလိုအပ္ရင္ မထြက္နဲ႔ အမိန္႔ထုတ္ထားေတာ့ အခု မထြက္ရဲၾကဘူး။ အခုက ဗာဂ်ီးနီးယားမွာ လုပ္တဲ့သူဆို ဗာဂ်ီးနီးယားျပည္နယ္ကို ေလွ်ာက္ရတယ္။ ဒီစီမွာလုပ္ရင္ ဒီစီ၊ ေမရီလန္းမွာလုပ္ရင္ ေမရီလန္းမွာ ေလွ်ာက္ရတယ္။ အခု အစ္ကိုတို႔ ေလွ်ာက္ထားတာကေတာ့ ေပးၿပီဆိုတဲ့စာ မလာေသးဘူး။ လက္ခံရရွိတယ္ဆိုတဲ့စာေတာ့ လာတယ္။ တနဂၤေႏြေန႔တိုင္းမွာ ျပန္ၿပီးေတာ့ Unemployment Claims လုပ္ရမယ္။ ဒါက ကပ္ေရာဂါႀကီး ဆိုတဲ့အခါက်ေတာ့ အားလံုးက အနည္းအမ်ား ဒုကၡ သူ႔အခက္အခဲနဲ႔သူ ရွိၾကတာေပါ့။ ေလာေလာဆယ္ ေပးစရာေတြ၊ ေဘလ္ေတြက အားလံုးက ရပ္ေနတာမွမဟုတ္တာ။ ေနာက္ ဆိုရွယ္နံပါတ္ေတြနဲ႔ အလုပ္လုပ္ေနၾကတာဆိုေတာ့ သူတို႔ၾကည့္လိုက္တာနဲ႔ ဒီလူမွာ ဝင္ေငြမရွိဘူးဆိုတာ သေဘာေပါက္မွာပါ။ ေပးတာ မေပးတာကေတာ့ သေဘာေပါ့ေနာ္။ ကိုယ့္ဘက္ကေတာ့ ေလွ်ာက္ထားမွပဲ ရမွာေပါ့ေနာ္။ အေရးႀကီးတာကေတာ့ လုပ္ခဲ့တဲ့ ကိုယ့္လုပ္ငန္းခြင္က သူေတြနဲ႔ အဆက္မျပတ္ဖို႔ပဲ။ သူတို႔ဆီက အႀကံဉာဏ္ေတြ ေတာင္းလို႔ရတယ္။ ကိုယ့္ဘာသာလည္း ကြန္ပ်ဴတာနဲ႔ ဝက္ဘ္ဆိုက္ေတြကေနတဆင့္ Unemployment Claims ကို ေလွ်ာက္ထားလို႔ရပါတယ္။”

အေမရိကန္ႏုိင္ငံတဝန္း ၿပီးခဲ့တဲ့ ၂ ပတ္အတြင္း ခံစားခြင့္ ေလၽွာက္ထားသူဦးေရဟာ ၂၀၀၈ ခုႏွစ္ စီးပြားေရး အက်ပ္အတည္းတုန္းက ၆ လအတြင္း ေလၽွာက္ထားသူ ဦးေရထက္ ပိုမ်ားပါတယ္။ ဧၿပီလနဲ႔ ဇြန္လအၾကား အေမရိကန္စီးပြားေရး ေဇာက္ထိုးက်ဆင္းမွာ ျဖစ္သလို လုပ္သားအင္အား စုစုေပါင္း ၁၆၅ သန္းထဲက လုပ္သားေပါင္း ၂၅ သန္းကေန သန္း ၄၀ အထိ ဇူလိုင္လအကုန္မွာ အလုပ္ဆုံး႐ႈံးၾကလိမ့္မယ္လို႔ စီးပြားေရးပညာရွင္တခ်ိဳ႕က ခန္႔မွန္းထားပါတယ္။

မဆုမြန္  / ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------------------------------

အမေရိကန်မှာ အလုပ်လက်မဲ့ဖြစ်သူတွေ ခံစားခွင့် ဘယ်လိုလျှောက်ရသလဲ

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု မြန်ဆန်လာတာနဲ့အမျှ အမေရိကန်ပြည်ထောင်စုတဝန်း လုပ်ငန်းခွင်တွေရပ်နား၊ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ပြီး လူတော်တော်များများ အလုပ်လက်မဲ့ ဖြစ်နေကြပါတယ်။ ဒါကြောင့်လည်း အစိုးရဆီမှာ အလုပ်လက်မဲ့ခံစားခွင့် လျှောက်ထားသူ သန်းနဲ့ချီတိုးလာပြီး ဒီထဲမှာ မြန်မာ-အမေရိကန်တွေလည်း အပါအဝင် ဖြစ်ပါတယ်။ အလုပ်လက်မဲ့ဖြစ်၊ ဝင်ငွေလျော့နည်းသွားချိန်အတွင်း ခံစားခွင့် လျှောက်ထားနိုင်တာနဲ့ ပတ်သက်ပြီး အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။

COVID-19 ကူးစက်ပျံ့နှံ့ သေဆုံးမှု မြင့်တက်လာနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ လူတွေကို အိမ်ထဲမှာနေဖို့၊ အလုပ်တွေကိုလည်း နေအိမ်ကနေ လုပ်ကြဖို့ ညွှန်ကြားလိုက်ချိန်မှာပဲ အမေရိကန် စီးပွားရေးလုပ်ငန်းအများစု ထိခိုက်ကုန်ပြီး ရပ်ဆိုင်းလိုက်ရတဲ့ လုပ်ငန်းတွေလည်း ရှိလာပါတယ်။ ဒီလိုအခြေအနေမှာ အမေရိကန်အစိုးရဆီကနေ အလုပ်လက်မဲ့ခံစားခွင့် Unemployment Benefits တောင်းခံသူ ၁၀ သန်း ရှိသွားပြီလို့ အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

COVID-19 ကာလအတွင်း လုပ်ငန်းတွေ ရပ်လိုက်လို့ အလုပ်နားလိုက်ရသူတွေ၊ အလုပ်ချိန် လျော့နည်းသွားသူတွေနဲ့ ပုံမှန်ဝင်ငွေ မရှိတော့တဲ့ သူတွေအနေနဲ့ အမေရိကန်အစိုးရဆီမှာ အလုပ်လက်မဲ့ခံစားခွင့် တောင်းခံနိုင်ဖို့ အဆင့်ဆင့် ဆောင်ရွက်ရပါတယ်။

အလုပ်လက်မဲ့ခံစားခွင့်အတွက် စနစ်တကျ ဘယ်လိုလျှောက်သင့်သလဲဆိုတာ ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် H & J Tax and Accounting Services စာရင်းအင်းနဲ့ အခွန်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ဦးဆောင်သူ မနှင်းနှင်းလွင်က အခုလိုရှင်းပြပါတယ်။

“မြန်မာပြည်သားတွေတင်မကဘူး အမေရိကန်တဝန်းလုံး အားလုံးအ‌ပေါ် သက်ရောက်မှု ဖြစ်ကြတဲ့အပေါ်မှာ ဒုက္ခရောက်တာတော့ ဒီ Impact အကုန်လုံးကို ရှိတာလေ။ ဒီအလုပ်လက်မဲ့ခံစားခွင့်ကို ဘယ်လိုလျှောက်ထားကြမလဲ၊ ဘယ်တော့တင်ရမလဲ၊ ဘယ်လိုတင်ရမလဲ၊ ဘာတွေလိုအပ်မလဲ ဆိုတာကိုတော့ ကျမက ကယ်လီဖိုးနီးယားမှာနေတော့ ကယ်လီဖိုးနီးယားကို အခြေခံပြီး ပြောပြပါမယ်။ ဒါပေမယ့် ပြည်နယ်တခုနဲ့တခုက သိပ်ပြီးတော့ ကွာဟမှုမရှိပါဘူး။ Unemployment Claims ကို ဘယ်တော့တင်ရမလဲဆိုရင် အလုပ်ပြုတ်သွားတာ၊ အလုပ်မရှိတော့တာ၊ အလုပ်နာရီတွေ အလျှော့ခံရတာ၊ နောက် လူမှုဝန်းကျင်တွေမှာ ခပ်ခွာခွာနေဖို့ နေအိမ်တွေမှာနေဖို့ ပြောတဲ့အချိန် အလုပ်နာရီ လျှော့ခံရတာမျိုးဆိုရင် အခုသီတင်းပတ် တနင်္ဂနွေကစပြီး လျှောက်ထားလို့ရပါပြီ။”

မဆုမွန် - ဘယ်လိုလုပ်ငန်းခွင်တွေက လျှောက်ထားနိုင်ပါသလဲ။

မနှင်းနှင်းလွင် - “Self employed နဲ့ Employee နဲ့ရှိတယ်။ ဥပမာ ကုမ္ပဏီတွေ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်တာဆိုရင် သီတင်းပတ် ၂ ပတ်တိုင်း ပုံမှန် ဝင်ငွေလစာရတယ်။ အဲ့လိုမဟုတ်ဘဲ ကိုယ်ပိုင်စီးပွားရေးလုပ်တယ်၊ ကိုယ်ပိုင် အဝတ်လျှော်ဆိုင်ဖွင့်တယ်၊ ကိုယ်ပိုင်ဆူရှီဆိုင်ဖွင့်တယ်၊ ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်တယ်၊ နောက် တက္ကစီမောင်းတယ်၊ Uber မောင်းတယ်၊ Lyft မောင်းတယ်၊ နောက် နေအိမ်အရောက်ပို့တဲ့ ဝန်ဆောင်မှုတွေ လုပ်တယ်၊ အဲဒီလို Self employed တွေဆိုရင် အရင်တုန်းက Unemployment Claims လုပ်လို့ရတဲ့ အုပ်စုထဲ မပါပါဘူး။ ဒီ COVID-19 ကြောင့်မို့လို့ သမ္မတက လက်မှတ်ထိုးပြီးတဲ့ အချိန်ကစပြီး အဲဒီလူတွေပါ အကျုံးဝင်တယ်။ အဲဒီတော့ ကျမ မြန်မာပြည်သားတွေကို အကြံပေးချင်တာက အခုလို ဒုက္ခရောက်နေကြတဲ့အချိန် လျှောက်ကြပါ၊ ခံစားခွင့်တွေရမှာပါ။ ဘယ်လိုလျှောက်ရမှာလဲဆိုရင် သုံးမျိုး လျှောက်လို့ရပါတယ်။ နံပါတ်တစ်က အွန်လိုင်းကပါ၊ နံပါတ်နှစ်က တယ်လီဖုန်းနဲ့လျှောက်ပါ၊ နံပါတ် ၃ က စာတိုက်ကနေ ဖောင်ဖြည့်ပြီး လျှောက်လို့ရပါတယ်။ အဲဒီသုံးမျိုးထဲမှာ ကိုယ့်အတွက် အဆင်ပြေမယ့်နည်းနဲ့ လျှောက်ကြပါလို့ပြောချင်ပါတယ်။”

ဒီကိုဗစ်ကာလ နိုင်ငံတဝန်း စီးပွားရေးလုပ်ငန်းခွင် ထိခိုက်နေကြချိန် မိမိရဲ့ခံစားခွင့်ကို မဆုံးရှုံးစေဖို့ အလုပ်လက်မဲ့ခံစားခွင့် လျှောက်ထားသူတွေအနေနဲ့ သီတင်းပတ်တိုင်း စနစ်တကျ ပြန်ပြီး လျှောက်ထားကြဖို့ကိုလည်း မနှင်းနှင်းလွင်က တိုက်တွန်းပါတယ်။

“အခုဆိုရင် နေ့စဉ်နဲ့အမျှ ဒီ Unemployment Claims အရေအတွက်က များများလာတာပေါ့နော်။ ဆိုတော့ ကိုယ်နေတဲ့ပြည်နယ်အပေါ် မူတည်ပြီး ရမယ့်ခံစားခွင့်က မြန်တာနှေးတာ ဖြစ်နိုင်တယ်။ ကယ်လီဖိုးနီးယားမှာတော့ အွန်လိုင်းမှာ အကောင့်ဖွင့်ထားတယ်။ အဲဒီကနေ အချိန်နဲ့တပြေးညီ သတင်းတွေပေးတယ်။ ဝက်ဘ်ဆိုက်မှာရေးထားတာ သီတင်းပတ် ၇ ပတ်ကနေ ၁၀ ပတ်အတွင်းမှာ ရနိုင်ပါတယ်။ ကိုယ့်ဆီကို ချက်လက်မှတ် ပို့လိုက်ပြီပေါ့နော်။ ကိုယ့်ဘက်ကနေ Unemployment Claims လို့ရမယ့် အစိုးရဝက်ဘ်ဆိုက်ကိုဝင်၊ ကိုယ့်နာမည် ကိုယ့်မွေးသက္ကရာဇ် ကိုယ့်လိပ်စာ ကိုယ့် Social နံပါတ် နောက် ကိုယ်အလုပ်လုပ်ခဲ့တဲ့ ရာဇဝင် လုပ်အားခ ဘယ်လောက်ရခဲ့တယ်၊ ကိုယ့်အချက်အလက်တွေ ဖြည့်ရမယ်။ နောက် ဒီ Unemployment ကို အရင်တုန်းက Claim ဖူးလား မေးပါတယ်၊ လုပ်ဖူးတယ် မလုပ်ဖူးဘူး ပြောပါ။ နောက် ၁၈ လအတွင်း ကိုယ်အလုပ်လုပ်ခဲ့တဲ့ ရာဇဝင်တွေ မေးပါမယ်။ အဲ့တော့ ပြောချင်တာက ကိုယ့်ရဲ့ ကိုယ်ရေးမှတ်တမ်း ရာဇဝင်တွေကို အရင်ဆုံးပြုစုထားပါ။ နောက် နိုင်ငံသားလား၊ အမြဲတမ်းနေထိုင်ခွင့် ဂရင်းကတ်လား မေးပါတယ်။

“အဲ့တော့ အွန်လိုင်းကဖြစ်စေ တယ်လီဖုန်းကဖြစ်စေ လျှောက်လို့ရပါတယ်။ ကျမကတော့ လျှောက်ကြဖို့ တိုက်တွန်းပါတယ်။ နောက် ရဖို့အတွက်လည်း အခွင့်အရေး အများကြီးရှိပါတယ်။ နောက် ခုနက ညီမမေးတာပေါ့ ဘယ်လောက်အချိန်ကာလအထိ ရမှာလဲဆိုတော့ တချို့ကလည်း သီတင်းပတ် ၁၂ ပတ်၊ တချို့ကလည်း လေးလအထိ ပြောထားတာ တွေ့ပါတယ်။ ဒါပေမယ့် အခု ဒီဗိုင်းရပ်စ်အခြေအနေက တနေ့တခြား မလျော့သွားတဲ့အပြင် ပိုတိုးတိုးလာနေတော့ ကျမတို့ဘက်က အချိန်နဲ့တပြေးညီ နောက်ဆုံးအခြေအနေ သတင်းထုတ်ပြန်ချက်တွေကို စောင့်ကြည့်ကြဖို့ အရေးကြီးပါတယ်။ ဘယ်နှစ်လအထိပေးမလဲဆိုတာကို။ ရမယ့်အတိုင်းအတာကတော့ Maximum ဒေါ်လာ ၆၀၀ အထိ ပေးမှာပါ။ ဒါပေမယ့် ကိုယ့်ရဲ့ နောက်ဆုံးလုပ်အားခ လစာချက်လက်မှတ်ရဲ့ ရာခိုင်နှုန်းအပေါ်မူတည်ပြီးလည်း ဆုံးဖြတ်ချက်ချမှာပေါ့။”

လုပ်ငန်းခွင် ရပ်နားသွားတဲ့အတွက် အစိုးရဆီကနေ အလုပ်လက်မဲ့ခံစားခွင့် လျှောက်ထားနေတဲ့ မေရီလန်းပြည်နယ်က ကိုအောင်ကျော်ညွန့်က သိထားတဲ့ အတွေ့အကြုံနဲ့ယှဉ်ပြီး ဒီလို အရေးတကြီးကာလ ဝင်ငွေမရှိတော့ချိန် ရနိုင်မယ့် အခွင့်အရေးတခုကို လက်လွတ်မခံကြဖို့နဲ့ သေချာလျှောက်ထားကြဖို့ အကြံဉာဏ်ပေးပါတယ်။

“လောလောဆယ်က အလုပ်တွေကလည်း ပိတ်ထားတော့ သူတို့ဆီက ညွှန်ကြားချက်တွေကို စောင့်နေရတယ်။ အခုကတော့ လျှောက်ထားတာကို စောင့်နေရတဲ့ အခြေအနေပါ။ လောလောဆယ်က DC DMV ဧရိယာကလည်း မလိုအပ်ရင် မထွက်နဲ့ အမိန့်ထုတ်ထားတော့ အခု မထွက်ရဲကြဘူး။ အခုက ဗာဂျီးနီးယားမှာ လုပ်တဲ့သူဆို ဗာဂျီးနီးယားပြည်နယ်ကို လျှောက်ရတယ်။ ဒီစီမှာလုပ်ရင် ဒီစီ၊ မေရီလန်းမှာလုပ်ရင် မေရီလန်းမှာ လျှောက်ရတယ်။ အခု အစ်ကိုတို့ လျှောက်ထားတာကတော့ ပေးပြီဆိုတဲ့စာ မလာသေးဘူး။ လက်ခံရရှိတယ်ဆိုတဲ့စာတော့ လာတယ်။ တနင်္ဂနွေနေ့တိုင်းမှာ ပြန်ပြီးတော့ Unemployment Claims လုပ်ရမယ်။ ဒါက ကပ်ရောဂါကြီး ဆိုတဲ့အခါကျတော့ အားလုံးက အနည်းအများ ဒုက္ခ သူ့အခက်အခဲနဲ့သူ ရှိကြတာပေါ့။ လောလောဆယ် ပေးစရာတွေ၊ ဘေလ်တွေက အားလုံးက ရပ်နေတာမှမဟုတ်တာ။ နောက် ဆိုရှယ်နံပါတ်တွေနဲ့ အလုပ်လုပ်နေကြတာဆိုတော့ သူတို့ကြည့်လိုက်တာနဲ့ ဒီလူမှာ ဝင်ငွေမရှိဘူးဆိုတာ သဘောပေါက်မှာပါ။ ပေးတာ မပေးတာကတော့ သဘောပေါ့နော်။ ကိုယ့်ဘက်ကတော့ လျှောက်ထားမှပဲ ရမှာပေါ့နော်။ အရေးကြီးတာကတော့ လုပ်ခဲ့တဲ့ ကိုယ့်လုပ်ငန်းခွင်က သူတွေနဲ့ အဆက်မပြတ်ဖို့ပဲ။ သူတို့ဆီက အကြံဉာဏ်တွေ တောင်းလို့ရတယ်။ ကိုယ့်ဘာသာလည်း ကွန်ပျူတာနဲ့ ဝက်ဘ်ဆိုက်တွေကနေတဆင့် Unemployment Claims ကို လျှောက်ထားလို့ရပါတယ်။”

အမေရိကန်နိုင်ငံတဝန်း ပြီးခဲ့တဲ့ ၂ ပတ်အတွင်း ခံစားခွင့် လျှောက်ထားသူဦးရေဟာ ၂၀၀၈ ခုနှစ် စီးပွားရေး အကျပ်အတည်းတုန်းက ၆ လအတွင်း လျှောက်ထားသူ ဦးရေထက် ပိုများပါတယ်။ ဧပြီလနဲ့ ဇွန်လအကြား အမေရိကန်စီးပွားရေး ဇောက်ထိုးကျဆင်းမှာ ဖြစ်သလို လုပ်သားအင်အား စုစုပေါင်း ၁၆၅ သန်းထဲက လုပ်သားပေါင်း ၂၅ သန်းကနေ သန်း ၄၀ အထိ ဇူလိုင်လအကုန်မှာ အလုပ်ဆုံးရှုံးကြလိမ့်မယ်လို့ စီးပွားရေးပညာရှင်တချို့က ခန့်မှန်းထားပါတယ်။

မဆုမွန်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid19-us-unemployment-claims/5360084.html

အေမရိကန္မွာ အလုပ္လက္မဲ့ျဖစ္သူေတြ ခံစားခြင့္ ဘယ္လိုေလွ်ာက္ရသလဲ အေမရိကန္မွာ အလုပ္လက္မဲ့ျဖစ္သူေတြ ခံစားခြင့္ ဘယ္လိုေလွ်ာက္ရသလဲ Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.