ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္၊ ရဲမႉးခ်ဳပ္နဲ႔ ဝန္ႀကီးေတြ အပါအဝင္ လူ ၃၀ ေလာက္ ကိုဗစ္-၁၉ ရွိမရွိ ေစာင့္ၾကည့္ခံေနရ

ပုံစာ - မိုင္း်ဖတ္၊ မိုင္းေယာင္း၊ တာေလႏြင့္ တာခ္ီလိတ္ေဆး႐ုံမ္ားသို႔ က္ႏ္းမာေရးေထာကၸံ့ပစၥၫ္းေပးအပၥၪ္။ ဓာတၸဳံ - ႐ြမ္း်ပၫၷယ္ အစိုးရအၿဖဲ႕႐ုံး
(Zawgyi)⤵⤵⤵
ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ရဲမႉးခ်ဳပ္ တင္ကိုကိုနဲ႔ ျပည္နယ္ လႊတ္ေတာ္ဥကၠ႒ တို႔အပါအဝင္ ျပည္နယ္အစိုးရ စည္ပင္သာယာဝန္ႀကီး၊ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး၊ ဗမာတိုင္းရင္းသားေရးရာဝန္ႀကီးေတြအျပင္ အစိုးရအဖြဲ႕ဝင္ေတြ၊ လုံၿခဳံေရးဝန္ထမ္းေတြနဲ႔ ကားယာဥ္ေမာင္ စတဲ့ လူအေယာက္ ၃၀ ေလာက္ကို ကိုဗစ္-၁၉ ကူးစက္ခံရမႈ ရွိမရွိ က်န္းမာေရး ေစာင့္ၾကပ္ၾကည့္ရႈေနရတယ္လို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ေျပာခြင့္ရသူ စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီး ဦးစိုးၫြန႔္လြင္က ေျပာပါတယ္။

ရွမ္းျပည္နယ္အစိုးရ ထိပ္ပိုင္းေခါင္းေဆာင္ေတြပါတဲ့ အဖြဲ႕ဟာ ကိုဗစ္-၁၉ နဲ႔ ပတ္သက္ၿပီး လိုအပ္တဲ့ပစၥည္းေတြကို ေဆး႐ုံေတြမွာ လိုက္လံေထာက္ပံ့ေပးေနတာ၊ က်န္းမာေရးဝန္ထမ္းေတြကို အားေပးတာေတြ ျပဳလုပ္တဲ့ ရွမ္းအေရွ႕ဘက္ကို ခရီးစဥ္ အျပန္မွာ က်န္းမာေရးစစ္ေဆးၾကရာမွာ အဖြဲ႕မွာ ပါလာသူ ၂ ဦးမွာ အပူခ်ိန္မ်ားၿပီး ကိုဗစ္ သံသယျဖစ္ဖြယ္ေတြ႕ရလို႔ အဖြဲ႕မွာပါသူေတြကို အခုလို ေစာင့္ၾကည့္ရတဲ့အထိ ျပဳလုပ္ရတာ ျဖစ္ပါတယ္။

“အျပန္ခရီးမွာ က်ိဳင္းတုံဝင္ၿပီး ဒုတိယ က်န္းမာေရးမႉးနဲ႔ ခရီးစဥ္ပါတဲ့သူေတြကို ေဆးစစ္ၾကည့္တဲ့အခါက်ေတာ့ ရဲမႉးခ်ဳပ္ရဲ႕ ကိုယ္ေရးအရာရွိနဲ႔ လႊတ္ေတာ္ဥကၠ႒ရဲ႕ ကားဆရာမွာ ကိုဗစ္ သံသယျဖစ္ဖြယ္ စေတြ႕ခဲ့ရတယ္” လို႔ ဝန္ႀကီး ဦးစိုးၫြန႔္လြင္က ေျပာပါတယ္။

“အခုေတာ့ အဲ့ဒီ ၂ ေယာက္လုံးကို က်ိဳင္းတုံမွာ ထားခဲ့ၿပီး သူတို႔ရဲ႕ ႏွာေခါင္းတို႔ဖတ္ေတြကို ရန္ကုန္ကို ပို႔ထားၿပီး စစ္ေဆးေနတယ္” လို႔လည္း ဦးစိုးၫြန႔္လြင္က ဆက္ေျပာပါတယ္။

အခုလို အစိုးရအဖြဲ႕ထဲက ဝန္ႀကီးခ်ဳပ္၊ ရဲမႉးခ်ဳပ္နဲ႔ ဝန္ႀကီးေတြအထိ ေစာင့္ၾကည့္ခံေနရတဲ့ ျဖစ္စဥ္ဟာ ၁၂၁ ေယာက္ေျမာက္ ကိုဗစ္လူနာနဲ႔ ဆက္စပ္မႈ ရွိႏိုင္တယ္ဆိုၿပီးေတာ့ ေျပာဆိုမႈေတြလည္း ရွိေနပါတယ္။

အဲ့ဒီ လူနာ ၁၂၁ ဟာ မတ္လ ၂၂ ရက္ေန႔က အဂၤလန္က ျပန္ေရာက္လာသူျဖစ္ၿပီး ရန္ကုန္မွာ ကြာရင္တိုင္း ၁၄ ရက္ဝင္ခဲ့ၿပီးေနာက္ ေတာင္ႀကီးကို ျပန္ေရာက္ခ်ိန္က်မွ သူ႔မွာ ကိုဗစ္-၁၉ ကူးစက္ခံထားရတာကို စစ္ေဆးေတြ႕ခဲ့ရတယ္လို႔ ဧၿပီ ၂၁ ရက္ေန႔မွာ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။

ေဆး႐ုံေတြမွာ ကိုဗစ္ေထာက္ပံ့ေရးပစၥည္းေတြ သြားေပးခဲ့တဲ့ ျပည္နယ္အစိုးရအဖြ႕ဲဝင္ေတြ ကိုဗစ္ရွိမရွိ ေစာင့္ၾကည့္ခံေနရတာက လူနာ နံပါတ္ ၁၂၁ နဲ႔ ဆက္စပ္ေနလားဆိုၿပီး ဘီဘီစီက ေမးရာမွာေတာ့ “အဲ့လို အတိအက်ေတာ့ ေျပာလို႔မရပါဘူး၊ ဝန္ႀကီးအဖြ႕ဲက အဲ့ဒီလူနာနဲ႔ ေတြ႕တယ္ဆိုတာ မဟုတ္ပါဘူး၊ ေတြ႕လည္း မေတြ႕ခဲ့ပါဘူး” လို႔ ျပည္နယ္အစိုးရ ေျပာခြင့္ရသူ ဝန္ႀကီး ဦးစိုးၫြန႔္လြင္က ေျပာပါတယ္။

ေလာေလာဆယ္မွာေတာ့ ျပည္နယ္ဝန္ႀကီးခ်ဳပ္နဲ႔ ေဒါက္တာလင္းထြဋ္နဲ႔ ဝန္ႀကီးေတြဟာ အစိုးရအဖြဲ႕ရိပ္သာမွာ ကြာရင္တိုင္းဝင္ေနၿပီး ရဲမႉးခ်ဳပ္ကေတာ့ ရဲရိပ္သာမွာ ကြာရင္တိုင္းဝင္ေနသလို လႊတ္ေတာ္ဥကၠ႒ကေတာ့ သူ႔ေနအိမ္မွာ သီးျခားေစာင့္ၾကည့္ခံယူမႈ ကြာရင္တိုင္းဝင္ေနၾကပါတယ္။

ခုလို အစိုးရအဖြဲ႕ထဲက အမ်ားအျပား ကိုဗစ္ ရွိမရွိ ေစာင့္ၾကည့္ခံေနရေပမယ့္ ျပည္နယ္အစိုးရ လုပ္ငန္းေတြကိုေတာ့ ဆက္လက္ေဆာင္႐ြက္ေနတယ္လို႔ ဝန္ႀကီး ဦးစိုးၫြန႔္လြင္က ေျပာပါတယ္။

BBC Burmese
----------------------------------------------------
(Unicode)⤵⤵⤵
 ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ရဲမှူးချုပ်နဲ့ ဝန်ကြီးတွေ အပါအဝင် လူ ၃၀ လောက် ကိုဗစ်-၁၉ ရှိမရှိ စောင့်ကြည့်ခံနေရ

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရဲမှူးချုပ် တင်ကိုကိုနဲ့ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ တို့အပါအဝင် ပြည်နယ်အစိုးရ စည်ပင်သာယာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးတွေအပြင် အစိုးရအဖွဲ့ဝင်တွေ၊ လုံခြုံရေးဝန်ထမ်းတွေနဲ့ ကားယာဉ်မောင် စတဲ့ လူအယောက် ၃၀ လောက်ကို ကိုဗစ်-၁၉ ကူးစက်ခံရမှု ရှိမရှိ ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုနေရတယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။

ရှမ်းပြည်နယ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေပါတဲ့ အဖွဲ့ဟာ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး လိုအပ်တဲ့ပစ္စည်းတွေကို ဆေးရုံတွေမှာ လိုက်လံထောက်ပံ့ပေးနေတာ၊ ကျန်းမာရေးဝန်ထမ်းတွေကို အားပေးတာတွေ ပြုလုပ်တဲ့ ရှမ်းအရှေ့ဘက်ကို ခရီးစဉ် အပြန်မှာ ကျန်းမာရေးစစ်ဆေးကြရာမှာ အဖွဲ့မှာ ပါလာသူ ၂ ဦးမှာ အပူချိန်များပြီး ကိုဗစ် သံသယဖြစ်ဖွယ်တွေ့ရလို့ အဖွဲ့မှာပါသူတွေကို အခုလို စောင့်ကြည့်ရတဲ့အထိ ပြုလုပ်ရတာ ဖြစ်ပါတယ်။

“အပြန်ခရီးမှာ ကျိုင်းတုံဝင်ပြီး ဒုတိယ ကျန်းမာရေးမှူးနဲ့ ခရီးစဉ်ပါတဲ့သူတွေကို ဆေးစစ်ကြည့်တဲ့အခါကျတော့ ရဲမှူးချုပ်ရဲ့ ကိုယ်ရေးအရာရှိနဲ့ လွှတ်တော်ဥက္ကဋ္ဌရဲ့ ကားဆရာမှာ ကိုဗစ် သံသယဖြစ်ဖွယ် စတွေ့ခဲ့ရတယ်” လို့ ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။

“အခုတော့ အဲ့ဒီ ၂ ယောက်လုံးကို ကျိုင်းတုံမှာ ထားခဲ့ပြီး သူတို့ရဲ့ နှာခေါင်းတို့ဖတ်တွေကို ရန်ကုန်ကို ပို့ထားပြီး စစ်ဆေးနေတယ်” လို့လည်း ဦးစိုးညွန့်လွင်က ဆက်ပြောပါတယ်။

အခုလို အစိုးရအဖွဲ့ထဲက ဝန်ကြီးချုပ်၊ ရဲမှူးချုပ်နဲ့ ဝန်ကြီးတွေအထိ စောင့်ကြည့်ခံနေရတဲ့ ဖြစ်စဉ်ဟာ ၁၂၁ ယောက်မြောက် ကိုဗစ်လူနာနဲ့ ဆက်စပ်မှု ရှိနိုင်တယ်ဆိုပြီးတော့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

အဲ့ဒီ လူနာ ၁၂၁ ဟာ မတ်လ ၂၂ ရက်နေ့က အင်္ဂလန်က ပြန်ရောက်လာသူဖြစ်ပြီး ရန်ကုန်မှာ ကွာရင်တိုင်း ၁၄ ရက်ဝင်ခဲ့ပြီးနောက် တောင်ကြီးကို ပြန်ရောက်ချိန်ကျမှ သူ့မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ခဲ့ရတယ်လို့ ဧပြီ ၂၁ ရက်နေ့မှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆေးရုံတွေမှာ ကိုဗစ်ထောက်ပံ့ရေးပစ္စည်းတွေ သွားပေးခဲ့တဲ့ ပြည်နယ်အစိုးရအဖွ့ဲဝင်တွေ ကိုဗစ်ရှိမရှိ စောင့်ကြည့်ခံနေရတာက လူနာ နံပါတ် ၁၂၁ နဲ့ ဆက်စပ်နေလားဆိုပြီး ဘီဘီစီက မေးရာမှာတော့ “အဲ့လို အတိအကျတော့ ပြောလို့မရပါဘူး၊ ဝန်ကြီးအဖွ့ဲက အဲ့ဒီလူနာနဲ့ တွေ့တယ်ဆိုတာ မဟုတ်ပါဘူး၊ တွေ့လည်း မတွေ့ခဲ့ပါဘူး” လို့ ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။

လောလောဆယ်မှာတော့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဒေါက်တာလင်းထွဋ်နဲ့ ဝန်ကြီးတွေဟာ အစိုးရအဖွဲ့ရိပ်သာမှာ ကွာရင်တိုင်းဝင်နေပြီး ရဲမှူးချုပ်ကတော့ ရဲရိပ်သာမှာ ကွာရင်တိုင်းဝင်နေသလို လွှတ်တော်ဥက္ကဋ္ဌကတော့ သူ့နေအိမ်မှာ သီးခြားစောင့်ကြည့်ခံယူမှု ကွာရင်တိုင်းဝင်နေကြပါတယ်။

ခုလို အစိုးရအဖွဲ့ထဲက အများအပြား ကိုဗစ် ရှိမရှိ စောင့်ကြည့်ခံနေရပေမယ့် ပြည်နယ်အစိုးရ လုပ်ငန်းတွေကိုတော့ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။

BBC Burmese
https://www.facebook.com/BBCnewsBurmese
ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္၊ ရဲမႉးခ်ဳပ္နဲ႔ ဝန္ႀကီးေတြ အပါအဝင္ လူ ၃၀ ေလာက္ ကိုဗစ္-၁၉ ရွိမရွိ ေစာင့္ၾကည့္ခံေနရ  ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္၊ ရဲမႉးခ်ဳပ္နဲ႔ ဝန္ႀကီးေတြ အပါအဝင္ လူ ၃၀ ေလာက္ ကိုဗစ္-၁၉ ရွိမရွိ ေစာင့္ၾကည့္ခံေနရ Reviewed by THITHTOOLWIN on 09:39 Rating: 5
Powered by Blogger.