ျပည္ပေလယာဥ္ဆိုက္ေရာက္ခြင့္ လကုန္အထိ ျမန္မာ ဆက္တားထားမယ္

ဧၿပီလကုန္အထိ ဆက္ၿပီး ကန္႔သတ္ထားမွ ျဖစ္။
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္ ကူးစက္မႈေတြထိန္းခ်ဳပ္ႏိုင္ဖို႔ ေဆာင္႐ြက္ခ်က္အရ ျပည္ပက ေလယာဥ္ဆိပ္ေရာက္ခြင့္ တားျမစ္ခ်က္ကို ဧၿပီလကုန္ထိ တိုးလိုက္ပါတယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည့္က သူရဲ႕ေဖစ္ဘြတ္စာမ်က္ႏွာမွာ ဒီညေန ေရးထားတာ ျဖစ္ၿပီး ကို႐ိုနာ ဗိုင္းရပ္စ္နဲ႔ ပတ္သက္လို႔ ေစာင့္ၾကပ္ၾကည့္ရႈေနသူေတြမွာ Quarantine ၁၄ ရက္ ေက်ာ္လြန္မွ ေရာဂါ လကၡဏာျပသူေတြ ေတြ႕လာတဲ့အတြက္ စိတ္ခ်ရေအာင္ Quarantine ကာလ ကို ၂၁ ရက္ေန႔ထိ ထပ္တိုး ရမယ္လို႔လည္း ဆိုပါတယ္။

ဒါအျပင္ ကိုဗစ္ႏိုင္တင္း ကာကြယ္ေရးအတြက္ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြအတိုင္း မလိုက္နာတဲ့ ျဖစ္ရပ္ေတြေၾကာင့္ ေဝဖန္စရာ ျဖစ္ရေၾကာင္းနဲ႔ ဒီလိုထပ္မျဖစ္ေအာင္ စီမံခန႔္ခြဲသူမ်ား၊ဝန္ႀကီးခ်ဳပ္မ်ားအပါအဝင္အားလုံးစည္းကမ္းလိုက္နာဖို႔ကိုလည္း ေဒၚေအာင္ဆန္းစုၾကည္က ေရးသားထားပါတယ္။

ဧၿပီလ ၁၁ ရက္ေန႔ ညေနပိုင္း က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရေၾကာင္း ဓာတ္ခြဲအတည္ျပဳႏိုင္တဲ့ လူနာ ေနာက္ထပ္ ၃ ဦးေတြ႕ခဲ့ရတဲ့အတြက္ ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ကူးစက္ခံရသူ စုစုေပါင္း ၃၁ ဦး ေတြ႕ရွိခဲ့ၿပီး ျဖစ္ပါတယ္။

ယူေကမွာ ကိုဗစ္နဲ႔ ေသဆုံးသူ ျမန္မာရွိလာ

လန္ဒန္ၿမိဳ႕မွာ ေနထိုင္တဲ့ အသက္ ၆၁ ႏွစ္ အ႐ြယ္ ဦးစိုးဝင္းတင္ ဆိုသူဟာ ဧၿပီလ ၁၀ရက္ေန႔ ၿဗိတိန္စံေတာ္ခ်ိန္ ညေနပိုင္းက ကြယ္လြန္သြားတာ ျဖစ္ပါတယ္။ သူ႔မွာ ႏွလုံးနဲ႔ ေက်ာက္ကပ္လို ေရာဂါအခံေတြ ရွိတယ္လို႔ မိသားစုက ေျပာပါတယ္။

ၿဗိတိန္မွာ ကို႐ိုနာ ဗိုင္းရပ္စ္ ျပန္႔ပြားမႈကို ထိန္းခ်ဳပ္တဲ့ အေနနဲ႔ အသြားအလာ ကန္႔သတ္ထားတဲ့ ကာလ ျဖစ္လို႔ မိသားစုက သြားလာႏိုင္ျခင္း မရွိတဲ့ အတြက္ ဗုဒၶဘာသာ ထုံးတမ္း အရ ကြယ္လြန္သူ အတြက္ ဆြမ္းကပ္တာကို လန္ဒန္က ျမန္မာ အသိုင္းအဝိုင္းက မိသားစုကိုယ္စား သာသနာ့ရမ္သီေက်ာင္းတိုက္မွာ ေဆာင္႐ြက္ ေပးခဲ့ၾကရပါတယ္။

BBC Burmese
------------------------------------------
(Unicode)⤵⤵⤵
ပြည်ပလေယာဉ်ဆိုက်ရောက်ခွင့် လကုန်အထိ မြန်မာ ဆက်တားထားမယ်

ဓာတ်ပုံ မူပိုင် NurPhoto
Image caption ဧပြီလကုန်အထိ ဆက်ပြီး ကန့်သတ်ထားမှ ဖြစ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ် ကူးစက်မှုတွေထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်ချက်အရ ပြည်ပက လေယာဉ်ဆိပ်ရောက်ခွင့် တားမြစ်ချက်ကို ဧပြီလကုန်ထိ တိုးလိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်က သူရဲ့ဖေစ်ဘွတ်စာမျက်နှာမှာ ဒီညနေ ရေးထားတာ ဖြစ်ပြီး ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ စောင့်ကြပ်ကြည့်ရှုနေသူတွေမှာ Quarantine ၁၄ ရက် ကျော်လွန်မှ ရောဂါ လက္ခဏာပြသူတွေ တွေ့လာတဲ့အတွက် စိတ်ချရအောင် Quarantine ကာလ ကို ၂၁ ရက်နေ့ထိ ထပ်တိုး ရမယ်လို့လည်း ဆိုပါတယ်။

ဒါအပြင် ကိုဗစ်နိုင်တင်း ကာကွယ်ရေးအတွက်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း မလိုက်နာတဲ့ ဖြစ်ရပ်တွေကြောင့် ဝေဖန်စရာ ဖြစ်ရကြောင်းနဲ့ ဒီလိုထပ်မဖြစ်အောင် စီမံခန့်ခွဲသူများ၊ဝန်ကြီးချုပ်များအပါအဝင်အားလုံးစည်းကမ်းလိုက်နာဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားပါတယ်။

ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း ဓာတ်ခွဲအတည်ပြုနိုင်တဲ့ လူနာ နောက်ထပ် ၃ ဦးတွေ့ခဲ့ရတဲ့အတွက် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၃၁ ဦး တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။

ယူကေမှာ ကိုဗစ်နဲ့ သေဆုံးသူ မြန်မာရှိလာ

လန်ဒန်မြို့မှာ နေထိုင်တဲ့ အသက် ၆၁ နှစ် အရွယ် ဦးစိုးဝင်းတင် ဆိုသူဟာ ဧပြီလ ၁၀ရက်နေ့ ဗြိတိန်စံတော်ချိန် ညနေပိုင်းက ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ သူ့မှာ နှလုံးနဲ့ ကျောက်ကပ်လို ရောဂါအခံတွေ ရှိတယ်လို့ မိသားစုက ပြောပါတယ်။

ဗြိတိန်မှာ ကိုရိုနာ ဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်တဲ့ အနေနဲ့ အသွားအလာ ကန့်သတ်ထားတဲ့ ကာလ ဖြစ်လို့ မိသားစုက သွားလာနိုင်ခြင်း မရှိတဲ့ အတွက် ဗုဒ္ဓဘာသာ ထုံးတမ်း အရ ကွယ်လွန်သူ အတွက် ဆွမ်းကပ်တာကို လန်ဒန်က မြန်မာ အသိုင်းအဝိုင်းက မိသားစုကိုယ်စား သာသနာ့ရမ်သီကျောင်းတိုက်မှာ ဆောင်ရွက် ပေးခဲ့ကြရပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52256637
ျပည္ပေလယာဥ္ဆိုက္ေရာက္ခြင့္ လကုန္အထိ ျမန္မာ ဆက္တားထားမယ္ ျပည္ပေလယာဥ္ဆိုက္ေရာက္ခြင့္ လကုန္အထိ ျမန္မာ ဆက္တားထားမယ္ Reviewed by THITHTOOLWIN on 09:09 Rating: 5
Powered by Blogger.