က်န္းမာေရး၀န္ထမ္းေတြ COVID-19 ကူးစက္ခံရမႈ WHO စိုးရိမ္

စပိန္ႏုိင္ငံတြင္ ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသြားသည့္ လုပ္ေဖာ္ကုိင္ဘက္ က်န္းမာေရးဝန္ထမ္းအတြက္ ဝမ္းနည္းေနၾကသူမ်ား။ (ဧၿပီ ၁၀၊ ၂၀၂၀)
(Zawgyi / Unicode)

က်န္းမာေရး၀န္ထမ္းေတြ အေတာ္မ်ားမ်ား ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံေနရတဲ့အေပၚမွာ စိုးရိမ္မိၿပီး ႏုိင္ငံတကာ အသိုင္းအ၀ိုင္းအေနနဲ႔ က်န္းမာေရး၀န္ထမ္းေတြ ေရာဂါမကူးစက္ရေအာင္ လိုအပ္တဲ့ အကူအညီေတြ ေပးၾကဖို႔ကိုလည္း WHO က ေတာင္းဆုိလိုက္ပါတယ္။ ဒီအေၾကာင္းနဲ႔ပတ္သက္လို႔ ဗြီအုိေအသတင္းေထာက္ Lisa Schlein ဂ်နီဗာၿမိဳ႕ကေန သတင္းေပးပို႔ထားတာကို ကိုရန္ႏုိင္ တင္ျပေပးထားပါတယ္။

ကမာၻတ၀ွမ္းမွာ ရင္ဆုိင္ေနရတဲ့ COVID-19 ကပ္ေရာဂါကို အဆုံးသတ္ေစဖို႔အတြက္ လူတုိင္း တာ၀န္ရွိၿပီး သူ႔အခန္းက႑နဲ႔သူ ပါ၀င္ေဆာင္ရြက္ႏုိင္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖဲြ႔ခ်ဳပ္ (WHO) အႀကီးအကဲ Tedros Ghebreyesus က ေျပာလိုက္ပါတယ္။ ဒီထဲမွာ အဓိကက်တဲ့သူေတြကေတာ့ ဗုိင္းရပ္စ္ကူးစက္မႈကို ေရွ႕ဆုံးကေန ရင္ဆုိင္ၿပီး ကာကြယ္ကုသေပးေနရတဲ့ က်န္းမာေရး၀န္ထမ္းေတြပါ။

က်န္းမာေရး၀န္ထမ္းေတြဟာ အသက္အႏၱရာယ္ေတြ ၾကားကေန လူေတြကို ကယ္တင္ေနတဲ့ တခ်ိန္တည္းမွာပဲ သူတုိ႔ကို အကာအကြယ္ေပးႏုိင္မယ့္ အေထာက္အကူ ပစၥည္းေတြကို မရၾကဘူးလို႔ WHO အႀကီးအကဲ Ghebreyesus က ေျပာလိုက္ပါတယ္။

“တခ်ိဳ႕ႏုိင္ငံေတြမွာဆုိရင္ က်န္းမာေရး၀န္ထမ္း ၁၀ ရာခုိင္ႏႈန္းေလာက္အထိကို ေရာဂါကူးစက္ခံရပါတယ္။ ဒါဟာ စိုးရိမ္စရာေကာင္းတဲ့ အေျခအေနပါ။ က်န္းမာေရး၀န္ထမ္းေတြ အႏၱရာယ္ရွိေနၿပီဆုိရင္ က်ေနာ္တုိ႔အားလုံးဟာလည္း အႏၱရာယ္ရွိေနတာပါ။”

တခ်ိဳ႕ က်န္းမာေရး၀န္ထမ္းေတြကေတာ့ ေဆး႐ုံေတြမွာ ေရာဂါကူးစက္ခံရတာ မဟုတ္ဘဲ သူတုိ႔ရဲ႕ အိမ္ေတြနဲ႔ လူမႈအသိုင္းအ၀ိုင္းေတြကေန တဆင့္ ေရာဂါကူးစက္ခံရတာ ျဖစ္တယ္လို႔ Dr. Ghebreyesus က ေျပာပါတယ္။ ဒါေပမယ့္လည္း အမ်ားစုကေတာ့ ကို႐ုိနာဗုိင္းရပ္စ္ ကာကြယ္ကုသမႈေတြကို ေဆး႐ုံ၊ ေဆးခန္းေတြကေန ကူးစက္ခံရတာျဖစ္တယ္လို႔ ေျပာပါတယ္။

အေတာ္မ်ားမ်ားဟာ COVID-19 ေရာဂါနဲ႔ အသက္႐ွဴလမ္းေၾကာင္းဆုိင္ရာ ေရာဂါကူးစက္မႈေတြနဲ႔ ပတ္သက္ၿပီး ဘယ္လိုကိုင္တြယ္ ေဆာင္ရြက္ရမလဲ ဆုိတာကို ေလ့က်င့္သင္ၾကားမႈေတြ လုံလုံေလာက္ေလာက္ မရွိတာရယ္ အေတြ႔အႀကဳံ မရွိတာေတြရယ္ေၾကာင့္ ျဖစ္တယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ ေနမေကာင္းျဖစ္တဲ့ လူနာေတြကို နာရီေပါင္းမ်ားစြာ ကုသေပးေနရၿပီး အနားမရတာေတြေၾကာင့္လည္း ဗုိင္းရပ္စ္ကို ရင္ဆုိင္ဖို႔အတြက္ ကိုယ္ခံအား က်ဆင္းေစတယ္လို႔ ေျပာပါတယ္။

“ဒါေပမယ့္လည္း က်န္းမာေရး၀န္ထမ္းေတြအေနနဲ႔ ေရာဂါမကူးစက္ေအာင္ ကာကြယ္တဲ့ PPE လို႔ေခၚတဲ့ ေရာဂါကာကြယ္ေရး ၀တ္စုံေတြကို ေသခ်ာ စနစ္တက် ၀တ္တဲ့အခါမွာ ေရာဂါကူးစက္မႈေတြကို ကာကြယ္ႏုိင္ပါတယ္။ ဒါေၾကာင့္ က်န္းမာေရး၀န္ထမ္းေတြ အေနနဲ႔ သူတုိ႔ရဲ႕အလုပ္ကို ေဘးအႏၱရာယ္ကင္းကင္းနဲ႔ ထိထိေရာက္ေရာက္ လုပ္ေဆာင္ႏုိင္ဖို႔အတြက္ ႏွာေခါင္းစည္းေတြ၊ လက္အိတ္ေတြ၊ ေရာဂါကာကြယ္ေရး ၀တ္စုံေတြနဲ႔ တျခား လိုအပ္တဲ့ ေရာဂါကာကြယ္ေရး ပစၥည္းေတြကို ရဖို႔က ပိုၿပီးအေရးႀကီးပါတယ္။”

ေရာဂါကာကြယ္ေရးအတြက္ လုိအပ္ေနတဲ့ ပစၥည္းကိရိယာေတြကို အဆင္ေျပလာေစဖို႔အတြက္ ကုလသမဂၢက ပစၥည္းကိရိယာ ေထာက္ပံ့ေရးဆုိင္ရာ အလုပ္အဖဲြ႔အသစ္တခုကို ဖဲြ႔စည္းလိုက္ၿပီး WHO နဲ႔ ကမာၻ႔စားနပ္ရိကၡာ အစီအစဥ္က ဒါကို ပူးေပါင္းလုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႔ WHO အႀကီးအကဲက ေျပာပါတယ္။

အခုလို ကပ္ေရာဂါႀကီးကို စိုးရိမ္စရာေကာင္းေလာက္ေအာင္ ရင္ဆုိင္ေနရခ်ိန္မွာ ကုလသမဂၢရဲ႕ ပစၥည္းကိရိယာ ေထာက္ပံ့ေရးဆုိင္ရာ အလုပ္အဖဲြ႔အေနနဲ႔ တကမာၻလုံးမွာ လိုအပ္ေနတဲ့ ပစၥည္းအေရအတြက္ရဲ႕ ၃၀ ရာခုိင္ႏႈန္းေက်ာ္ေလာက္ ေပးႏုိင္ဖို႔ လုိအပ္တယ္လို႔ သူကေျပာပါတယ္။

ဒီလိုအပ္ခ်က္ကို ျပည့္မီႏုိင္ဖို႔အတြက္ ေရာဂါအဆုိးရြားဆုံး ျဖစ္ေနတဲ့ ေနရာေတြကို ေရာဂါမကူးစက္ရေအာင္ ကာကြယ္ေပးတဲ့ ၀တ္စုံေတြ၊ ႏွာေခါင္းစည္းေတြ၊ ေရာဂါပိုးရွိမရွိ စစ္ေဆးတဲ့ ကိရိယာေတြနဲ႔ ေရာဂါကာကြယ္ေရးအတြက္ မရွိမျဖစ္လိုအပ္တဲ့ ပစၥည္း သန္း ၁၀၀ ေက်ာ္ လတုိင္း ပို႔သြားႏုိင္ဖို႔ လိုအပ္တယ္လို႔ ေျပာပါတယ္။

ဒီပစၥည္းေတြကို သိုေလွာင္ၿပီး တင္ပို႔ဖို႔က ေဒၚလာ သန္း ၂၈၀ ေလာက္ ကုန္က်မွာျဖစ္ၿပီး ဒါေတြကို သိုေလွာင္ တင္ပို႔တဲ့စရိတ္က ပိုမ်ားတယ္လို႔ WHO အႀကီးအကဲက ေျပာပါတယ္။

ရန္ႏိုင္ / ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------

(Unicode)

ကျန်းမာရေးဝန်ထမ်းတွေ COVID-19 ကူးစက်ခံရမှု WHO စိုးရိမ်

ကျန်းမာရေးဝန်ထမ်းတွေ အတော်များများ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့အပေါ်မှာ စိုးရိမ်မိပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရောဂါမကူးစက်ရအောင် လိုအပ်တဲ့ အကူအညီတွေ ပေးကြဖို့ကိုလည်း WHO က တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဗွီအိုအေသတင်းထောက် Lisa Schlein ဂျနီဗာမြို့ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင် တင်ပြပေးထားပါတယ်။

ကမ္ဘာတဝှမ်းမှာ ရင်ဆိုင်နေရတဲ့ COVID-19 ကပ်ရောဂါကို အဆုံးသတ်စေဖို့အတွက် လူတိုင်း တာဝန်ရှိပြီး သူ့အခန်းကဏ္ဍနဲ့သူ ပါဝင်ဆောင်ရွက်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) အကြီးအကဲ Tedros Ghebreyesus က ပြောလိုက်ပါတယ်။ ဒီထဲမှာ အဓိကကျတဲ့သူတွေကတော့ ဗိုင်းရပ်စ်ကူးစက်မှုကို ရှေ့ဆုံးကနေ ရင်ဆိုင်ပြီး ကာကွယ်ကုသပေးနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေပါ။

ကျန်းမာရေးဝန်ထမ်းတွေဟာ အသက်အန္တရာယ်တွေ ကြားကနေ လူတွေကို ကယ်တင်နေတဲ့ တချိန်တည်းမှာပဲ သူတို့ကို အကာအကွယ်ပေးနိုင်မယ့် အထောက်အကူ ပစ္စည်းတွေကို မရကြဘူးလို့ WHO အကြီးအကဲ Ghebreyesus က ပြောလိုက်ပါတယ်။

“တချို့နိုင်ငံတွေမှာဆိုရင် ကျန်းမာရေးဝန်ထမ်း ၁၀ ရာခိုင်နှုန်းလောက်အထိကို ရောဂါကူးစက်ခံရပါတယ်။ ဒါဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေပါ။ ကျန်းမာရေးဝန်ထမ်းတွေ အန္တရာယ်ရှိနေပြီဆိုရင် ကျနော်တို့အားလုံးဟာလည်း အန္တရာယ်ရှိနေတာပါ။”

တချို့ ကျန်းမာရေးဝန်ထမ်းတွေကတော့ ဆေးရုံတွေမှာ ရောဂါကူးစက်ခံရတာ မဟုတ်ဘဲ သူတို့ရဲ့ အိမ်တွေနဲ့ လူမှုအသိုင်းအဝိုင်းတွေကနေ တဆင့် ရောဂါကူးစက်ခံရတာ ဖြစ်တယ်လို့ Dr. Ghebreyesus က ပြောပါတယ်။ ဒါပေမယ့်လည်း အများစုကတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသမှုတွေကို ဆေးရုံ၊ ဆေးခန်းတွေကနေ ကူးစက်ခံရတာဖြစ်တယ်လို့ ပြောပါတယ်။

အတော်များများဟာ COVID-19 ရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ် ဆောင်ရွက်ရမလဲ ဆိုတာကို လေ့ကျင့်သင်ကြားမှုတွေ လုံလုံလောက်လောက် မရှိတာရယ် အတွေ့အကြုံ မရှိတာတွေရယ်ကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် နေမကောင်းဖြစ်တဲ့ လူနာတွေကို နာရီပေါင်းများစွာ ကုသပေးနေရပြီး အနားမရတာတွေကြောင့်လည်း ဗိုင်းရပ်စ်ကို ရင်ဆိုင်ဖို့အတွက် ကိုယ်ခံအား ကျဆင်းစေတယ်လို့ ပြောပါတယ်။

“ဒါပေမယ့်လည်း ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ရောဂါမကူးစက်အောင် ကာကွယ်တဲ့ PPE လို့ခေါ်တဲ့ ရောဂါကာကွယ်ရေး ဝတ်စုံတွေကို သေချာ စနစ်တကျ ဝတ်တဲ့အခါမှာ ရောဂါကူးစက်မှုတွေကို ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ သူတို့ရဲ့အလုပ်ကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့အတွက် နှာခေါင်းစည်းတွေ၊ လက်အိတ်တွေ၊ ရောဂါကာကွယ်ရေး ဝတ်စုံတွေနဲ့ တခြား လိုအပ်တဲ့ ရောဂါကာကွယ်ရေး ပစ္စည်းတွေကို ရဖို့က ပိုပြီးအရေးကြီးပါတယ်။”

ရောဂါကာကွယ်ရေးအတွက် လိုအပ်နေတဲ့ ပစ္စည်းကိရိယာတွေကို အဆင်ပြေလာစေဖို့အတွက် ကုလသမဂ္ဂက ပစ္စည်းကိရိယာ ထောက်ပံ့ရေးဆိုင်ရာ အလုပ်အဖွဲ့အသစ်တခုကို ဖွဲ့စည်းလိုက်ပြီး WHO နဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ဒါကို ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ WHO အကြီးအကဲက ပြောပါတယ်။

အခုလို ကပ်ရောဂါကြီးကို စိုးရိမ်စရာကောင်းလောက်အောင် ရင်ဆိုင်နေရချိန်မှာ ကုလသမဂ္ဂရဲ့ ပစ္စည်းကိရိယာ ထောက်ပံ့ရေးဆိုင်ရာ အလုပ်အဖွဲ့အနေနဲ့ တကမ္ဘာလုံးမှာ လိုအပ်နေတဲ့ ပစ္စည်းအရေအတွက်ရဲ့ ၃၀ ရာခိုင်နှုန်းကျော်လောက် ပေးနိုင်ဖို့ လိုအပ်တယ်လို့ သူကပြောပါတယ်။

ဒီလိုအပ်ချက်ကို ပြည့်မီနိုင်ဖို့အတွက် ရောဂါအဆိုးရွားဆုံး ဖြစ်နေတဲ့ နေရာတွေကို ရောဂါမကူးစက်ရအောင် ကာကွယ်ပေးတဲ့ ဝတ်စုံတွေ၊ နှာခေါင်းစည်းတွေ၊ ရောဂါပိုးရှိမရှိ စစ်ဆေးတဲ့ ကိရိယာတွေနဲ့ ရောဂါကာကွယ်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်း သန်း ၁၀၀ ကျော် လတိုင်း ပို့သွားနိုင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ဒီပစ္စည်းတွေကို သိုလှောင်ပြီး တင်ပို့ဖို့က ဒေါ်လာ သန်း ၂၈၀ လောက် ကုန်ကျမှာဖြစ်ပြီး ဒါတွေကို သိုလှောင် တင်ပို့တဲ့စရိတ်က ပိုများတယ်လို့ WHO အကြီးအကဲက ပြောပါတယ်။

ရန်နိုင် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/who-concerns-cov…/5368811.html
က်န္းမာေရး၀န္ထမ္းေတြ COVID-19 ကူးစက္ခံရမႈ WHO စိုးရိမ္ က်န္းမာေရး၀န္ထမ္းေတြ COVID-19 ကူးစက္ခံရမႈ WHO စိုးရိမ္ Reviewed by THITHTOOLWIN on 09:12 Rating: 5
Powered by Blogger.