ေျမာက္ဦးမွာ အရပ္သားတစ္ဦး တပ္မေတာ္ဖမ္းဆီးခံရအၿပီး ေနာက္ရက္တြင္ေသဆုံး

(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္ လိပ္ဆင္းျပင္ေက်း႐ြာမွာ ေနထိုင္တဲ့ အသက္ ၂၇ ႏွစ္အ႐ြယ္ ကိုေဇာ္ႀကီးဟာ မေန႔က မြန္းလြဲပိုင္းမွာ ေျမာက္ဦးကို ဆိုင္ကယ္ဘီးျပင္ဖို႔အတြက္ သြားရာမွာ ၿမိဳ႕အဝင္ ေငြေတာင္ေပါက္ တံတားနားမွာ ရွိေနတဲ့ တပ္မေတာ္စစ္ေဆးေရးဂိတ္မွာ ဖမ္းဆီးခံခဲ့ရတာပါ။

ဒီေန႔မနက္မွာေတာ့ သူ႔ရဲ႕႐ုပ္အေလာင္းကို ေျမာက္ဦးၿမိဳ႕ အမွတ္-၃၇၇ တပ္ရင္းထဲကေနၿပီး ေဆး႐ုံကိုျပန္လည္ ပို႔ေဆာင္ေပးလိုက္တာလို႔ မိသားစုဝင္ေတြက RFA ကို ေျပာပါတယ္။

တပ္ကဖမ္းဆီးတာခံထားရေၾကာင္း မေန႔က ညေနပိုင္းမွာ မိသားစုက သတင္းရရခ်င္း လိုက္လံစုံစမ္းခဲ့ေပမယ့္ အတိအက်စုံစမ္းလို႔ မရခဲ့ဘူးလို႔ ေသဆုံးသူ ကိုေဇာ္ႀကီးရဲ႕ေယာက္ဖ ကိုသန္းျမင့္ေဌးက ေျပာပါတယ္။

“မေန႔က ဆိုင္ကယ္ဘီး ျပင္ဖို႔ဆိုၿပီး ၿမိဳ႕ကိုထြက္သြားတာပါ။ ဘီးစပုတ္တိုင္ ျပင္ဖို႔အတြက္ ပစၥည္းမရွိလို႔ ၿမိဳ႕ေပၚမွာရွိတဲ့ သူ႔ရဲ႕ဆရာဆီကိုထြက္သြားတာပါ။ ညေန ၄ နာရီေလာက္မွာ ဂိတ္မွာအဖမ္းခံရ တာပါ။ ဖမ္းတာကို သတင္းၾကားရလို႔ ေနာက္ကလိုက္သြားေတာ့ အဲဒီနားကရဲေတြကို ေမးၾကည့္ေတာ့ ဒီမွာမရွိေတာ့ဘူးလို႔ ျပန္ေျပာခဲ့ၾကပါတယ္”

မေန႔က တညေနလုံး  ေနာက္ထပ္ဘာသတင္းမွမရခဲ့ေပမယ့္ ဒီေန႔မနက္မွာေတာ့ ကိုေဇာ္ႀကီးရဲ႕ ႐ုပ္အေလာင္း ေျမာက္ဦးေဆး႐ုံကိုေရာက္ရွိေနတယ္ဆိုတဲ့အေၾကာင္း မိသားစုက သိခဲ့ၾကရတယ္လို႔ ေယာကၡမျဖစ္သူ ဦးစံထြန္းျဖဴကေျပာပါတယ္။

“မေန႔က စစ္တပ္ကဖမ္းသြားတယ္ဆိုတာကို အဲဒီေနရမွာျမင္လိုက္တဲ့သူေတြက ဖုန္းဆက္ေျပာလို႔ သိခဲ့ရတာပါ။ မိုးခ်ဳပ္လည္းျပန္မေရာက္၊ မနက္မိုးလင္းလည္းျပန္မေရာက္ဘူး။ ေနာက္ဆုံးသိရတာက အေလာင္းဟာ ေျမာက္ဦးေဆး႐ုံက ရင္ခြဲ႐ုံမွာေရာက္ေနတယ္ဆိုတာကိုပါပဲ။ သူက ေအေအနဲ႔လည္းဘာမွ ပတ္သက္မႈမရွိပါဘူး။ ကိုယ့္အိမ္မွာ ဆိုင္ကယ္ျပင္ဆိုင္ဖြင့္ၿပီး ႐ိုး႐ိုးသားသားလုပ္ကိုင္စားေနတာပါ။ လူတစ္ေယာက္ အေၾကာင္းေၾကာင္းေၾကာင့္ ဆုံးသြားရင္ ေအေအ လို႔ သူတို႔ကစြပ္စြဲမွာပဲ။ သူတို႔က မဟုတ္လည္းစြပ္စြဲ၊ ဟုတ္လည္းစြပ္စြဲေနၾကတာ။ အမွန္ကေတာ့ သူဟာ႐ိုး႐ိုးသားသားေနထိုင္သူပါ”

ေျမာက္ဦးရဲစခန္းကေနတဆင့္ အကူအညီေတာင္းလာတဲ့အတြက္ ကိုေဇာ္ႀကီးရဲ႕ ႐ုပ္အေလာင္းကို တပ္မေတာ္တပ္ရင္းထဲကေန အသင္းရဲ႕ နာေရးကားနဲ႔ အမွတ္-၃၇၇ တပ္ရင္းထဲကေန သြားေရာက္ယူေဆာင္ခဲ့ရတာလို႔  ေျမာက္ဦးနာေရးကူညီမႈအသင္း ဥကၠဌ ဦးေက်ာ္ေက်ာ္က RFA ကို  ေျပာပါတယ္။

“မနက္က ရဲစခန္းက ရဲမႉးကဖုန္းဆက္လာပါတယ္။ နာေရးအသင္းကို အကူအညီေတာင္းတာေပါ့ေလ။ အမွတ္-၃၇၇ မွာ လူတစ္ဦးဆုံးေနပါတယ္ အဲဒါကိုေဆး႐ုံကိုပို႔ေပးပါလို႔ အကူအညီေတာင္းတာပါ။ အဲဒါနဲ႔ကြၽန္ေတာ္တို႔က နာေရးကားနဲ႔သြားၿပီးေတာ့ အေလာင္းကို အမွတ္-၃၇၇ ကေန ေျမာက္ဦးၿမိဳ႕ေဆး႐ုံကိုသြားသယ္ေပးလိုက္ ပါတယ္။ တပ္က ကြၽန္ေတာ္တို႔ကိုေမးတာစမ္းတာလည္းဘာမွမရွိဘူး။ ကြၽန္ေတာ္တို႔ သြားတယ္။ တပ္ထဲကို ဝင္သြားတယ္။ တပ္ထဲကအေလာင္းရွိတဲ့ေနရာကေန အေလာင္းကို ကြၽန္ေတာ္တို႔သယ္လာခဲ့တယ္ ဒါပါပဲ”

အမွတ္-၃၇၇ တပ္ရင္းထဲက ႐ုပ္အေလာင္းကို ယူလာခ်ိန္မွာ ေစာင္ေတြနဲ႔ပတ္ထားၿပီး ရင္ခြဲ႐ုံကိုေရာက္လို႔ ဖြင့္ၾကည့္လိုက္ခ်ိန္မွာ ဘယ္သူဘယ္ဝါမွန္း႐ုတ္တရက္မမွတ္မိႏိုင္ေအာင္အထိ ဒဏ္ရာေတြနဲ႔႐ုပ္ပ်က္ဆင္းပ်က္ ျဖစ္ေနတာကိုေတြ႕ရတယ္လို႔ အေလာင္းကို မ်က္ျမင္ေတြ႕ခဲ့ရတဲ့  ေျမာက္ဦးၿမိဳ႕ခံအခ်ိဳ႕ က RFA ကို ေျပာပါတယ္။

ကိုေဇာ္ႀကီးရဲ႕႐ုပ္အေလာင္းကို ဒီေန႔ေန႔လယ္ပိုင္းမွာ ေျမာက္ဦးေဆး႐ုံကေနတဆင့္ သူ႔ရဲ႕ေက်း႐ြာကို ျပန္လည္ သယ္ယူ သျဂၤုဟ္ခြင့္ရခဲ့ၿပီး မနက္ျဖန္မွာ သၿဂိဳဟ္မယ္လို႔ မိသားစုကေျပာပါတယ္။

အမွတ္ ၃၇၇ တပ္ရင္းက ဖမ္းဆီးေခၚေဆာင္သြားခဲ့ၿပီး အေလာင္းကို တပ္ရင္းကေန ျပန္သယ္ယူခဲ့ရတဲ့အတြက္ ကိုေဇာ္ႀကီးေသဆုံးတဲ့ကိစၥနဲ႔ ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ကို ဒီေန႔ညေနမွာ RFA က ဆက္သြယ္ ေမးျမန္းခဲ့ပါတယ္။

ဒီလိုေမးျမန္းရာမွာ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက မေန႔ညေနကအထိ ရဲစခန္းမွာ ဖမ္းဆီးထိန္းသိမ္းၿပီး စစ္ေဆးေနတဲ့သူတဦးရွိေၾကာင္း၊ သူ႔ရဲ လက္ကိုင္ဖုန္းထဲမွာ AA နဲ႔ပတ္သက္တဲ့ ဗီဒီယိုေတြနဲ႔ အဆက္သြယ္ေတြကို ေတြ႕ရွိထားေၾကာင္း၊  ဖမ္းဆီးစစ္ေဆးခံရသူ ေသဆုံးသြားတယ္ဆိုတဲ့ သတင္းေတာ့ မရေသးေၾကာင္း၊ တကယ္လို႔ ေသဆုံးခဲ့ရရင္လည္း ေသမႈေသခင္းဖြင့္ၿပီး လုပ္ထုံးလုပ္နည္းနဲ႔အညီ ဥပေဒေၾကာင္းအရ ဆက္ၿပီး ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း၊ စုံစမ္းစစ္ေဆးတယ္ဆိုရင္လည္း အမႈထင္ရွားတယ္ဆိုရင္လည္း တရားစြဲတာေတြ လုပ္ေဆာင္မွာျဖစ္ေၾကာင္း RFA ကို ေျပာပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ကလည္း  တပ္မေတာ္က ဖမ္းဆီးစစ္ေဆးေနစဥ္ တပ္မေတာ္ရဲ႕ လက္ထဲမွာ ေသဆုံးသြားတယ္လို႔ မိသားစုဝင္ေတြက ေျပာဆိုစြပ္စြဲထားသူ ၁၅ ဦးခန႔္ရွိခဲ့ပါတယ္။

RFA Burmese
---------------------------

(Unicode)⤵⤵⤵
မြောက်ဦးမှာ အရပ်သားတစ်ဦး တပ်မတော်ဖမ်းဆီးခံရအပြီး နောက်ရက်တွင်သေဆုံး

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လိပ်ဆင်းပြင်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် ကိုဇော်ကြီးဟာ မနေ့က မွန်းလွဲပိုင်းမှာ မြောက်ဦးကို ဆိုင်ကယ်ဘီးပြင်ဖို့အတွက် သွားရာမှာ မြို့အဝင် ငွေတောင်ပေါက် တံတားနားမှာ ရှိနေတဲ့ တပ်မတော်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

ဒီနေ့မနက်မှာတော့ သူ့ရဲ့ရုပ်အလောင်းကို မြောက်ဦးမြို့ အမှတ်-၃၇၇ တပ်ရင်းထဲကနေပြီး ဆေးရုံကိုပြန်လည် ပို့ဆောင်ပေးလိုက်တာလို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

တပ်ကဖမ်းဆီးတာခံထားရကြောင်း မနေ့က ညနေပိုင်းမှာ မိသားစုက သတင်းရရချင်း လိုက်လံစုံစမ်းခဲ့ပေမယ့် အတိအကျစုံစမ်းလို့ မရခဲ့ဘူးလို့ သေဆုံးသူ ကိုဇော်ကြီးရဲ့ယောက်ဖ ကိုသန်းမြင့်ဌေးက ပြောပါတယ်။

“မနေ့က ဆိုင်ကယ်ဘီး ပြင်ဖို့ဆိုပြီး မြို့ကိုထွက်သွားတာပါ။ ဘီးစပုတ်တိုင် ပြင်ဖို့အတွက် ပစ္စည်းမရှိလို့ မြို့ပေါ်မှာရှိတဲ့ သူ့ရဲ့ဆရာဆီကိုထွက်သွားတာပါ။ ညနေ ၄ နာရီလောက်မှာ ဂိတ်မှာအဖမ်းခံရ တာပါ။ ဖမ်းတာကို သတင်းကြားရလို့ နောက်ကလိုက်သွားတော့ အဲဒီနားကရဲတွေကို မေးကြည့်တော့ ဒီမှာမရှိတော့ဘူးလို့ ပြန်ပြောခဲ့ကြပါတယ်”

မနေ့က တညနေလုံး  နောက်ထပ်ဘာသတင်းမှမရခဲ့ပေမယ့် ဒီနေ့မနက်မှာတော့ ကိုဇော်ကြီးရဲ့ ရုပ်အလောင်း မြောက်ဦးဆေးရုံကိုရောက်ရှိနေတယ်ဆိုတဲ့အကြောင်း မိသားစုက သိခဲ့ကြရတယ်လို့ ယောက္ခမဖြစ်သူ ဦးစံထွန်းဖြူကပြောပါတယ်။

“မနေ့က စစ်တပ်ကဖမ်းသွားတယ်ဆိုတာကို အဲဒီနေရမှာမြင်လိုက်တဲ့သူတွေက ဖုန်းဆက်ပြောလို့ သိခဲ့ရတာပါ။ မိုးချုပ်လည်းပြန်မရောက်၊ မနက်မိုးလင်းလည်းပြန်မရောက်ဘူး။ နောက်ဆုံးသိရတာက အလောင်းဟာ မြောက်ဦးဆေးရုံက ရင်ခွဲရုံမှာရောက်နေတယ်ဆိုတာကိုပါပဲ။ သူက အေအေနဲ့လည်းဘာမှ ပတ်သက်မှုမရှိပါဘူး။ ကိုယ့်အိမ်မှာ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ပြီး ရိုးရိုးသားသားလုပ်ကိုင်စားနေတာပါ။ လူတစ်ယောက် အကြောင်းကြောင်းကြောင့် ဆုံးသွားရင် အေအေ လို့ သူတို့ကစွပ်စွဲမှာပဲ။ သူတို့က မဟုတ်လည်းစွပ်စွဲ၊ ဟုတ်လည်းစွပ်စွဲနေကြတာ။ အမှန်ကတော့ သူဟာရိုးရိုးသားသားနေထိုင်သူပါ”

မြောက်ဦးရဲစခန်းကနေတဆင့် အကူအညီတောင်းလာတဲ့အတွက် ကိုဇော်ကြီးရဲ့ ရုပ်အလောင်းကို တပ်မတော်တပ်ရင်းထဲကနေ အသင်းရဲ့ နာရေးကားနဲ့ အမှတ်-၃၇၇ တပ်ရင်းထဲကနေ သွားရောက်ယူဆောင်ခဲ့ရတာလို့  မြောက်ဦးနာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်ကျော်က RFA ကို  ပြောပါတယ်။

“မနက်က ရဲစခန်းက ရဲမှူးကဖုန်းဆက်လာပါတယ်။ နာရေးအသင်းကို အကူအညီတောင်းတာပေါ့လေ။ အမှတ်-၃၇၇ မှာ လူတစ်ဦးဆုံးနေပါတယ် အဲဒါကိုဆေးရုံကိုပို့ပေးပါလို့ အကူအညီတောင်းတာပါ။ အဲဒါနဲ့ကျွန်တော်တို့က နာရေးကားနဲ့သွားပြီးတော့ အလောင်းကို အမှတ်-၃၇၇ ကနေ မြောက်ဦးမြို့ဆေးရုံကိုသွားသယ်ပေးလိုက် ပါတယ်။ တပ်က ကျွန်တော်တို့ကိုမေးတာစမ်းတာလည်းဘာမှမရှိဘူး။ ကျွန်တော်တို့ သွားတယ်။ တပ်ထဲကို ဝင်သွားတယ်။ တပ်ထဲကအလောင်းရှိတဲ့နေရာကနေ အလောင်းကို ကျွန်တော်တို့သယ်လာခဲ့တယ် ဒါပါပဲ”

အမှတ်-၃၇၇ တပ်ရင်းထဲက ရုပ်အလောင်းကို ယူလာချိန်မှာ စောင်တွေနဲ့ပတ်ထားပြီး ရင်ခွဲရုံကိုရောက်လို့ ဖွင့်ကြည့်လိုက်ချိန်မှာ ဘယ်သူဘယ်ဝါမှန်းရုတ်တရက်မမှတ်မိနိုင်အောင်အထိ ဒဏ်ရာတွေနဲ့ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာကိုတွေ့ရတယ်လို့ အလောင်းကို မျက်မြင်တွေ့ခဲ့ရတဲ့  မြောက်ဦးမြို့ခံအချို့ က RFA ကို ပြောပါတယ်။

ကိုဇော်ကြီးရဲ့ရုပ်အလောင်းကို ဒီနေ့နေ့လယ်ပိုင်းမှာ မြောက်ဦးဆေးရုံကနေတဆင့် သူ့ရဲ့ကျေးရွာကို ပြန်လည် သယ်ယူ သင်္ဂြုဟ်ခွင့်ရခဲ့ပြီး မနက်ဖြန်မှာ သဂြိုဟ်မယ်လို့ မိသားစုကပြောပါတယ်။

အမှတ် ၃၇၇ တပ်ရင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အလောင်းကို တပ်ရင်းကနေ ပြန်သယ်ယူခဲ့ရတဲ့အတွက် ကိုဇော်ကြီးသေဆုံးတဲ့ကိစ္စနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဒီနေ့ညနေမှာ RFA က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ဒီလိုမေးမြန်းရာမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မနေ့ညနေကအထိ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးနေတဲ့သူတဦးရှိကြောင်း၊ သူ့ရဲ လက်ကိုင်ဖုန်းထဲမှာ AA နဲ့ပတ်သက်တဲ့ ဗီဒီယိုတွေနဲ့ အဆက်သွယ်တွေကို တွေ့ရှိထားကြောင်း၊  ဖမ်းဆီးစစ်ဆေးခံရသူ သေဆုံးသွားတယ်ဆိုတဲ့ သတင်းတော့ မရသေးကြောင်း၊ တကယ်လို့ သေဆုံးခဲ့ရရင်လည်း သေမှုသေခင်းဖွင့်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ဥပဒေကြောင်းအရ ဆက်ပြီး ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးတယ်ဆိုရင်လည်း အမှုထင်ရှားတယ်ဆိုရင်လည်း တရားစွဲတာတွေ လုပ်ဆောင်မှာဖြစ်ကြောင်း RFA ကို ပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကလည်း  တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ် တပ်မတော်ရဲ့ လက်ထဲမှာ သေဆုံးသွားတယ်လို့ မိသားစုဝင်တွေက ပြောဆိုစွပ်စွဲထားသူ ၁၅ ဦးခန့်ရှိခဲ့ပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/mrauku-civilians-deaths-aa-army-04302020102628.html
ေျမာက္ဦးမွာ အရပ္သားတစ္ဦး တပ္မေတာ္ဖမ္းဆီးခံရအၿပီး ေနာက္ရက္တြင္ေသဆုံး ေျမာက္ဦးမွာ အရပ္သားတစ္ဦး တပ္မေတာ္ဖမ္းဆီးခံရအၿပီး ေနာက္ရက္တြင္ေသဆုံး Reviewed by THITHTOOLWIN on 22:30 Rating: 5
Powered by Blogger.