Fever Clinic ေတြ က်န္းမာေရးဌာန ၫႊန္ၾကားခ်က္အတိုင္းဖြင့္ႏုိင္ဖို႔ ႀကိဳးစားေနၾက

အခမဲ့ Fever Clinic ေဆးခန္း (သတင္းဓာတ္ပံု - Community Fever Clinic - Yangon Network Fb and Dr Kyaw Swar Oo)
(Zawgyi/Unicode)

Community Fever Clinic ေတြအတြက္ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ခ်မွတ္ထားတဲ့ ညႊန္ၾကားခ်က္ေတြကို လုိက္နာဖုိ႔ အခက္အခဲတခ်ိဳ႕ ရွိေနတဲ့သတင္းကို တင္ဆက္ေပးပါမယ္။

ကုိဗစ္ကာလအတြင္း သာမန္ဖ်ားနာမႈေတြကို ကုသေပးႏိုင္ဖို႔ ရန္ကုန္တုိင္း ၿမိဳ႕နယ္တခ်ိဳ႕မွာ အခမဲ့ေဆးခန္းေတြ ဖြင့္လာပါတယ္။ အဲဒီေဆးခန္းေတြမွာ ေစတနာ့ဝန္ထမ္း ဆရာဝန္ေတြက ကုသေပးေနၿပီး လိုအပ္တဲ့ ကာကြယ္ကုသေရးပစၥည္းနဲ႔ တျခားလိုအပ္ခ်က္ေတြကုိ အလွဴရွင္ေတြရဲ႕ေထာက္ပံ့မႈေတြနဲ႔ ရပ္တည္ေနၾကတာပါ။

ၿပီးခဲ့တဲ့ ၂၂ ရက္ေန႔တုန္းက ဒီ ဖ်ားနာကုေဆးခန္းေတြအတြက္ လုပ္ငန္းလမ္းညႊန္ခ်က္ကုိ MOHS ကထုတ္ျပန္ေပးခဲ့ပါတယ္။ အဲဒီညႊန္ၾကားခ်က္ေတြ မတုိင္ခင္ကတည္းက ဒီဖ်ားနာကုေဆးခန္းေတြကုိ ေသခ်ာျပင္ဆင္ၿပီး ဖြင့္လွစ္ခဲ့တယ္လို႔ ေရႊျပည္သာၿမိဳ႕နယ္ ဖ်ားနာကုေဆးခန္းက ေဒါက္တာသစ္လြင္က VOA ကိုေျပာပါတယ္။

“ဝတ္ရမယ့္ PPE Level ၊ ေဆးခန္းအက်ယ္အဝန္း၊ အဲဒီမွာ ဘယ္လို Facility ရွိရမယ္၊ ဘယ္လိုကာကြယ္ထားရမယ္။ အဲဒီအပိုင္းေလးေတြေတာ့ တိတိက်က်ျဖစ္လာၿပီေပါ့ေနာ္။ အဲဒီ Guideline မထြက္ခင္ေရွ႕မွာေတာ့ သဃၤန္းကၽြန္း Fever Clinic ကေတာ့ ေလာေလာဆယ္နားထားတယ္။ ဖြင့္ဖို႔ေတာ့ ျပန္ႀကိဳးစားေနၾကပါၿပီ။ အဲဒီတုန္းကဆုိရင္ေတာ့ လူနာကိုၾကည့္တဲ့အခ်ိန္မွာ ဘယ္လိုပံုစံဝတ္ထားရင္၊ ဘယ္ Level ဝတ္ထားရင္ Quarantine ဝင္စရာမလိုဘူးဆုိတာလည္း ျပတ္ျပတ္သားသား မရွိေသးဘူးေပါ့။ အဲဒီအခ်ိန္မွာ အဲဒီကဆရာေတြကေတာ့ Quarantine ဝင္လုိက္ရတာေပါ့ေနာ္။”

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက အဲဒီေဆးခန္းေတြအတြက္ လိုက္နာရမယ့္ညႊန္ၾကားခ်က္ေတြကုိ မထုတ္ျပန္ေသးခင္ကာလမွာ ကုသမႈေပးေနတဲ့ဆရာဝန္တခ်ိဳ႕ အသြားအလာကန္႔သတ္ခံရၿပီး ေဆးခန္းကို ယာယီပိတ္ထားရတဲ့ အေျခအေနကို ရင္ဆုိင္ခဲ့ရပါတယ္။

ကုိဗစ္လူနာနဲ႔ သဃၤန္းကၽြန္း Fever Clinic မွာ ထိေတြ႔မႈ ရွိခဲ့လို႔ အသြားအလာ ကန္႔သတ္ၿပီး ေနအိမ္မွာ သီးျခားေနထိုင္ခဲ့ရတဲ့ ေဒါက္တာေဇသူေအာင္ကေတာ့ သတ္မွတ္ရက္ျပည့္ၿပီးတာနဲ႔ ကိုယ္ပုိင္ေဆးခန္းျပန္ဖြင့္ၿပီး လိုအပ္တဲ့ အခမဲ့ေဆးခန္း ဘယ္ၿမိဳ႕နယ္အတြက္မဆို လုပ္အားေပးပါဝင္ဖုိ႔ အဆင္သင့္ရွိေနတယ္လို႔ ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕ရွိ ေစ်းတခုအနီးတြင္ အမ်ိဳးသမီးတဦးကို ကိုယ္အပူခ်ိန္တိုင္းတာေပးေနတဲ့ ၀န္ထမ္း
ဖ်ားနာကုေဆးခန္းေတြအတြက္ လိုက္နာေဆာင္ရြက္ရမယ့္အခ်က္ေတြကုိ တရားဝင္ထုတ္ျပန္ေပးလိုက္လို႔ လုပ္အားေပးဆရာဝန္ေတြအတြက္ အဆင္ေျပသြားတယ္လို႔ ေဒါက္တာေဇသူေအာင္က အခုလိုေျပာပါတယ္။

“ညႊန္ၾကားခ်က္ထြက္လာေတာ့ က်ေနာ္တို႔ Volunteer ေတြ သြားကူညီရတာ အရမ္းေကာင္းသြားတာေပါ့။ အဲဒီမွာက တကယ့္ကို risk ရွိတဲ့လူနာေတြလာေတာ့ က်ေနာ္တို႔က Positive လူနာနဲ႔ Contact ျဖစ္ဖို႔က အရမ္းမ်ားတယ္။ အဲေတာ့ Guideline အတိအက်မထြက္ဘူးဆိုရင္ က်ေနာ္အခုျဖစ္သလိုေပါ့ေနာ္ ... ထပ္ၿပီးေတာ့ Q ထိမွာရယ္၊ က်ေနာ္တို႔ဆရာဝန္ေတြက စုိးရိမ္ၾကတယ္။ အခုက တရားဝင္ ညႊန္ၾကားခ်က္ထြက္လာေတာ့ အရမ္းအဆင္ေျပၿပီး က်ေနာ္တို႔ Volunteer လုပ္ရတာ အားပိုရွိသြားတာေပါ့ဗ်။”

အရင္ကရွိထားတဲ့ စံခ်ိန္စံႏႈန္းနဲ႔ ညႊန္ၾကားလာတဲ့ လိုက္နာရမယ့္အခ်က္ေတြမွာ ကြာဟမႈသိပ္မရွိေပမဲ့ ေနရာအခက္အခဲေတာ့ ရွိေနပါတယ္။ ေဆးခန္းေတြ ထပ္တုိးဖြင့္လွစ္ဖုိ႔အတြက္ လံုေလာက္တဲ့ေနရာအက်ယ္အဝန္း ရွိဖုိ႔ကလည္း အေရးႀကီးေနၿပီလုိ႔ ေဒါက္တာသစ္လြင္ကေျပာပါတယ္။

“ေက်ာင္းေတြနဲ႔ တခ်ိဳ႕ရံုးေတြနားထားတဲ့အခ်ိန္မွာ ေနရာက်ယ္ဝန္းတဲ့အေဆာက္အအံုေတြရွိၾကမယ္။ ၿမိဳ႕နယ္ေတြမွာဆုိရင္ ဒီအေဆာက္အအံုေတြကုိ Fever Clinic အတြက္ အသံုးျပဳဖုိ႔ရႏုိင္ဖို႔ဆုိတာ အဲဒီၿမိဳ႕နယ္မွာရွိတဲ့ အာဏာပိုင္အဖြဲ႕အစည္းေတြ၊ အဲဒီၿမိဳ႕နယ္မွာရွိတဲ့ က်န္းမာေရးတာဝန္ခံ ဆရာ၊ ဆရာမႀကီးေတြ၊ ေဆးရံုအုပ္ သူတုိ႔နဲ႔အားလံုးပူးေပါင္းေဆြးေႏြးၿပီးမွသာလွ်င္ ခုနတုန္းကအခ်က္အလက္ေတြနဲ႔ ပါဝင္ဖို႔က အဆင္ေျပပါမယ္ခင္ဗ်။ အဲေတာ့ က်ေနာ္တို႔ Infrastructure အေရးႀကီးလာၿပီေပါ့ေနာ္။ ေနရာက်ယ္က်ယ္ဝန္းဝန္း လံုလံုေလာက္ေလာက္ရဖို႔ဆုိတာ။”

အခုလိုကိုဗစ္ကာလမွာ ဖ်ားနာလာရင္ ဒီေဆးခန္းေတြမွာ လာေရာက္ျပသဖုိ႔ကို ေၾကာက္မေနဖုိ႔နဲ႔ လိုအပ္မႈေတြကုိ စစ္ေဆးေဆြးေႏြးၿပီး ကုသေပးဖို႔အတြက္ ကူညီေပးသြားမယ့္ေနရာျဖစ္တယ္လို႔ ဆုိပါတယ္။

ျပည္တြင္းမွာ ကိုဗစ္အတည္ျပဳလူနာ ၁၅၀ ရွိခဲ့ၿပီး အဲဒီထဲက ေသဆံုးသူ ၆ ဦးနဲ႔ ေဆးရံုဆင္းခြင့္ရသူ ၁၇ ဦး ရွိထားပါၿပီ။ ဒီကေန႔ ညေနထုတ္ျပန္ၿပီးခ်ိန္အထိ လူနာ ၁၂၇ ဦးကုိ သက္ဆုိင္ရာေဆးရံုေတြမွာ ကုသမႈေပးေနတယ္လုိ႔ သိရပါတယ္။

စုစု  / ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------
[Unicode Version]

Fever Clinic တွေ ကျန်းမာရေးဌာန ညွှန်ကြားချက်အတိုင်းဖွင့်နိုင်ဖို့ ကြိုးစားနေကြ

Community Fever Clinic တွေအတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ အခက်အခဲတချို့ ရှိနေတဲ့သတင်းကို တင်ဆက်ပေးပါမယ်။

ကိုဗစ်ကာလအတွင်း သာမန်ဖျားနာမှုတွေကို ကုသပေးနိုင်ဖို့ ရန်ကုန်တိုင်း မြို့နယ်တချို့မှာ အခမဲ့ဆေးခန်းတွေ ဖွင့်လာပါတယ်။ အဲဒီဆေးခန်းတွေမှာ စေတနာ့ဝန်ထမ်း ဆရာဝန်တွေက ကုသပေးနေပြီး လိုအပ်တဲ့ ကာကွယ်ကုသရေးပစ္စည်းနဲ့ တခြားလိုအပ်ချက်တွေကို အလှူရှင်တွေရဲ့ထောက်ပံ့မှုတွေနဲ့ ရပ်တည်နေကြတာပါ။

ပြီးခဲ့တဲ့ ၂၂ ရက်နေ့တုန်းက ဒီ ဖျားနာကုဆေးခန်းတွေအတွက် လုပ်ငန်းလမ်းညွှန်ချက်ကို MOHS ကထုတ်ပြန်ပေးခဲ့ပါတယ်။ အဲဒီညွှန်ကြားချက်တွေ မတိုင်ခင်ကတည်းက ဒီဖျားနာကုဆေးခန်းတွေကို သေချာပြင်ဆင်ပြီး ဖွင့်လှစ်ခဲ့တယ်လို့ ရွှေပြည်သာမြို့နယ် ဖျားနာကုဆေးခန်းက ဒေါက်တာသစ်လွင်က VOA ကိုပြောပါတယ်။

“ဝတ်ရမယ့် PPE Level ၊ ဆေးခန်းအကျယ်အဝန်း၊ အဲဒီမှာ ဘယ်လို Facility ရှိရမယ်၊ ဘယ်လိုကာကွယ်ထားရမယ်။ အဲဒီအပိုင်းလေးတွေတော့ တိတိကျကျဖြစ်လာပြီပေါ့နော်။ အဲဒီ Guideline မထွက်ခင်ရှေ့မှာတော့ သင်္ဃန်းကျွန်း Fever Clinic ကတော့ လောလောဆယ်နားထားတယ်။ ဖွင့်ဖို့တော့ ပြန်ကြိုးစားနေကြပါပြီ။ အဲဒီတုန်းကဆိုရင်တော့ လူနာကိုကြည့်တဲ့အချိန်မှာ ဘယ်လိုပုံစံဝတ်ထားရင်၊ ဘယ် Level ဝတ်ထားရင် Quarantine ဝင်စရာမလိုဘူးဆိုတာလည်း ပြတ်ပြတ်သားသား မရှိသေးဘူးပေါ့။ အဲဒီအချိန်မှာ အဲဒီကဆရာတွေကတော့ Quarantine ဝင်လိုက်ရတာပေါ့နော်။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အဲဒီဆေးခန်းတွေအတွက် လိုက်နာရမယ့်ညွှန်ကြားချက်တွေကို မထုတ်ပြန်သေးခင်ကာလမှာ ကုသမှုပေးနေတဲ့ဆရာဝန်တချို့ အသွားအလာကန့်သတ်ခံရပြီး ဆေးခန်းကို ယာယီပိတ်ထားရတဲ့ အခြေအနေကို ရင်ဆိုင်ခဲ့ရပါတယ်။

ကိုဗစ်လူနာနဲ့ သင်္ဃန်းကျွန်း Fever Clinic မှာ ထိတွေ့မှု ရှိခဲ့လို့ အသွားအလာ ကန့်သတ်ပြီး နေအိမ်မှာ သီးခြားနေထိုင်ခဲ့ရတဲ့ ဒေါက်တာဇေသူအောင်ကတော့ သတ်မှတ်ရက်ပြည့်ပြီးတာနဲ့ ကိုယ်ပိုင်ဆေးခန်းပြန်ဖွင့်ပြီး လိုအပ်တဲ့ အခမဲ့ဆေးခန်း ဘယ်မြို့နယ်အတွက်မဆို လုပ်အားပေးပါဝင်ဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောပါတယ်။

ဖျားနာကုဆေးခန်းတွေအတွက် လိုက်နာဆောင်ရွက်ရမယ့်အချက်တွေကို တရားဝင်ထုတ်ပြန်ပေးလိုက်လို့ လုပ်အားပေးဆရာဝန်တွေအတွက် အဆင်ပြေသွားတယ်လို့ ဒေါက်တာဇေသူအောင်က အခုလိုပြောပါတယ်။

“ညွှန်ကြားချက်ထွက်လာတော့ ကျနော်တို့ Volunteer တွေ သွားကူညီရတာ အရမ်းကောင်းသွားတာပေါ့။ အဲဒီမှာက တကယ့်ကို risk ရှိတဲ့လူနာတွေလာတော့ ကျနော်တို့က Positive လူနာနဲ့ Contact ဖြစ်ဖို့က အရမ်းများတယ်။ အဲတော့ Guideline အတိအကျမထွက်ဘူးဆိုရင် ကျနော်အခုဖြစ်သလိုပေါ့နော် ... ထပ်ပြီးတော့ Q ထိမှာရယ်၊ ကျနော်တို့ဆရာဝန်တွေက စိုးရိမ်ကြတယ်။ အခုက တရားဝင် ညွှန်ကြားချက်ထွက်လာတော့ အရမ်းအဆင်ပြေပြီး ကျနော်တို့ Volunteer လုပ်ရတာ အားပိုရှိသွားတာပေါ့ဗျ။”

အရင်ကရှိထားတဲ့ စံချိန်စံနှုန်းနဲ့ ညွှန်ကြားလာတဲ့ လိုက်နာရမယ့်အချက်တွေမှာ ကွာဟမှုသိပ်မရှိပေမဲ့ နေရာအခက်အခဲတော့ ရှိနေပါတယ်။ ဆေးခန်းတွေ ထပ်တိုးဖွင့်လှစ်ဖို့အတွက် လုံလောက်တဲ့နေရာအကျယ်အဝန်း ရှိဖို့ကလည်း အရေးကြီးနေပြီလို့ ဒေါက်တာသစ်လွင်ကပြောပါတယ်။

“ကျောင်းတွေနဲ့ တချို့ရုံးတွေနားထားတဲ့အချိန်မှာ နေရာကျယ်ဝန်းတဲ့အဆောက်အအုံတွေရှိကြမယ်။ မြို့နယ်တွေမှာဆိုရင် ဒီအဆောက်အအုံတွေကို Fever Clinic အတွက် အသုံးပြုဖို့ရနိုင်ဖို့ဆိုတာ အဲဒီမြို့နယ်မှာရှိတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ၊ အဲဒီမြို့နယ်မှာရှိတဲ့ ကျန်းမာရေးတာဝန်ခံ ဆရာ၊ ဆရာမကြီးတွေ၊ ဆေးရုံအုပ် သူတို့နဲ့အားလုံးပူးပေါင်းဆွေးနွေးပြီးမှသာလျှင် ခုနတုန်းကအချက်အလက်တွေနဲ့ ပါဝင်ဖို့က အဆင်ပြေပါမယ်ခင်ဗျ။ အဲတော့ ကျနော်တို့ Infrastructure အရေးကြီးလာပြီပေါ့နော်။ နေရာကျယ်ကျယ်ဝန်းဝန်း လုံလုံလောက်လောက်ရဖို့ဆိုတာ။”

အခုလိုကိုဗစ်ကာလမှာ ဖျားနာလာရင် ဒီဆေးခန်းတွေမှာ လာရောက်ပြသဖို့ကို ကြောက်မနေဖို့နဲ့ လိုအပ်မှုတွေကို စစ်ဆေးဆွေးနွေးပြီး ကုသပေးဖို့အတွက် ကူညီပေးသွားမယ့်နေရာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာ ကိုဗစ်အတည်ပြုလူနာ ၁၅၀ ရှိခဲ့ပြီး အဲဒီထဲက သေဆုံးသူ ၆ ဦးနဲ့ ဆေးရုံဆင်းခွင့်ရသူ ၁၇ ဦး ရှိထားပါပြီ။ ဒီကနေ့ ညနေထုတ်ပြန်ပြီးချိန်အထိ လူနာ ၁၂၇ ဦးကို သက်ဆိုင်ရာဆေးရုံတွေမှာ ကုသမှုပေးနေတယ်လို့ သိရပါတယ်။

စုစု  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid/5398881.html
Fever Clinic ေတြ က်န္းမာေရးဌာန ၫႊန္ၾကားခ်က္အတိုင္းဖြင့္ႏုိင္ဖို႔ ႀကိဳးစားေနၾက Fever Clinic ေတြ က်န္းမာေရးဌာန ၫႊန္ၾကားခ်က္အတိုင္းဖြင့္ႏုိင္ဖို႔ ႀကိဳးစားေနၾက Reviewed by THITHTOOLWIN on 22:22 Rating: 5
Powered by Blogger.