ကို႐ိုနာဗိုင္းရပ္စ္- ေဒါက္တာ ပီတာခင္ထြန္းကြယ္လြန္မႈ စုံစမ္းစစ္ေဆးေရးလုပ္

 ေဒါက္တာ ပီတာခင္ထြန္း
ျမန္မာဆရာဝန္ ေဒါက္တာပီတာခင္ထြန္း ကိုဗစ္-၁၉ ေရာဂါနဲ႔ ကြယ္လြန္မႈကို သူအလုပ္လုပ္ခဲ့တဲ့ ၿဗိတိန္ႏိုင္ငံ ရက္ဒင္းၿမိဳ႕ Royal Berkshire ေဆး႐ုံက စုံစမ္းစစ္ေဆးမႈ စတင္လိုက္ပါၿပီ။

ေဒါက္တာပီတာခင္ထြန္းဟာ သူ႔ရဲ႕စိုးရိမ္ပူပန္မႈကို ထုတ္ေဖာ္ေျပာဆိုေနတဲ့ၾကားက ကိုဗစ္-၁၉ ကူးစက္ခံရၿပီး ကြယ္လြန္ခဲ့တာပါ။ အသက္ ၆၂ ႏွစ္အ႐ြယ္ရွိ ေဒါက္တာပီတာခင္ထြန္းဟာ ရက္ဒင္းၿမိဳ႕မွာဧၿပီလ ၁၃ ရက္ေန႔က ကြယ္လြန္ခဲ့ပါတယ္။

ေဆး႐ုံရဲ႕ အႀကီးတန္းမန္ေနဂ်ာေတြနဲ႔ ေဆးပညာရွင္ေတြဟာ ေဒါက္တာပီတာခင္ထြန္းမိသားစုနဲ႔ နီးနီးကပ္ကပ္ ဆက္သြယ္ၿပီး စုံစမ္းစစ္ေဆးေနတယ္လို႔ ဆိုပါတယ္။

ေဒါက္တာပီတာခင္ထြန္းဟာ အာ႐ုံေၾကာျပန္လည္သန္စြမ္းမႈ အထူးကုဆရာဝန္တေယာက္ျဖစ္ပါတယ္။ ေလျဖတ္တာ၊ ထိခိုက္ဒဏ္ရာရတာ၊ အျပင္းအထန္နာမက်န္းျဖစ္တာတို႔ေၾကာင့္ ေျခ၊ လက္၊ ကိုယ္ခႏၶာ ပုံမွန္လႈပ္ရွားမႈ မလုပ္ႏိုင္ေတာ့တဲ့ လူနာေတြကို ျပန္လည္သန္စြမ္းလာေအာင္ ေလ့က်င့္ထူေထာင္ေပးပါတယ္။
အိမ္မွာ ခ်က္ျပဳတ္ေနသူ ေဒါက္တာပီတာခင္ထြန္း
ေဒါက္တာပီတာခင္ထြန္းရဲ႕ကုသေဆာင္ထဲက လူနာ ၅ ေယာက္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတယ္လို႔ သံသယရွိတဲ့အတြက္ ပိုးစစ္အေျဖေစာင့္ေနခ်ိန္မွာ ေဆး႐ုံမွာႏွာေခါင္းစည္းမလုံေလာက္တဲ့အတြက္ သူတို႔အေဆာင္ထဲက ႏွာေခါင္းစည္းေတြကို အထူးၾကပ္မတ္ကုသေဆာင္ဆီ ပို႔ေပးခဲ့ရတယ္လို႔ မိသားစုက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ႏွာေခါင္းစည္းမရွိဘဲ ကုသမႈေပးရတဲ့ အေျခအေနနဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕စိုးရိမ္ပူပန္မႈကို ေဒါက္တာပီတာခင္ထြန္းက ေဆး႐ုံမန္ေနဂ်ာဆီ အီးေမးလ္ပို႔ေျပာၾကားခဲ့ေသးေပမယ့္ ႏွာေခါင္းစည္းမပါဘဲ တပတ္ေလာက္ အလုပ္လုပ္ခဲ့ရတယ္လို႔ မိသားစုက ဆိုပါတယ္။ ေဆး႐ုံရဲ႕စုံစမ္းစစ္ေဆးမႈဟာ အဲဒီအခ်က္ကို ေလ့လာစုံစမ္းမယ္လို႔ ေဆး႐ုံတာဝန္ရွိသူေတြကဆိုပါတယ္။

မိသားစုဘက္ကေမးျမန္းစရာရွိတဲ့ ေမးခြန္းေတြကို ေဆး႐ုံရဲ႕အုပ္ခ်ဳပ္ေရးပိုင္း တာဝန္ရွိသူေတြက ေျဖၾကားေပးမယ္လို႔ ေၾကညာခ်က္တေစာင္မွာ ေဖာ္ျပထားေပမယ့္ အခုလက္ရွိအဆင့္မွာ ဘာမွတ္ခ်က္မွ ေပးမွာမဟုတ္ဘူးလို႔ ဆိုပါတယ္။

ေဆး႐ုံတက္ေနတဲ့လူနာေတြနဲ႔ သူတို႔ရဲ႕မိသားစုေတြ စိုးရိမ္စိတ္မ်ားမွာစိုးလို႔ ႏွာေခါင္းစည္းမတပ္ၾကဖို႔ လူငယ္ဆရာဝန္ေတြကို ေဆး႐ုံမန္ေနဂ်ာတခ်ိဳ႕က ေျပာခဲ့ေၾကာင္း ေဒါက္တာပီတာခင္ထြန္းရဲ႕ညီ ေဒါက္တာရဲျမင့္က ဘီဘီစီကို ေစာေစာပိုင္းက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

တစ္ကိုယ္ေရ အကာအကြယ္ဝတ္စုံ (PPE) ေတြကို သူ႔ကုသေဆာင္ကေန ယူေဆာင္သြားတဲ့အတြက္ ေဒါက္တာပီတာခင္ထြန္းက သူ႔မန္ေနဂ်ာကို ေစာဒကတက္ ေျပာၾကားခဲ့ေသးတယ္လို႔လည္း သားျဖစ္သူမိုက္ကယ္က ဆိုပါတယ္။

ေဆး႐ုံရဲ႕အုပ္ခ်ဳပ္ေရးအဖြဲ႕က ေဒါက္တာပီတာခင္ထြန္းကြယ္လြန္မႈအတြက္ အလြန္ဝမ္းနည္းေၾကာင္း ေစာေစာပိုင္းက ေျပာၾကားခဲ့ေပမယ့္ အကာအကြယ္ဝတ္စုံ (PPE) အလုံအေလာက္မရွိဘူးဆိုတဲ့အခ်က္ကိုေတာ့ မမွန္ကန္ေၾကာင္း ျငင္းဆိုပါတယ္။

ေဒါက္တာပီတာခင္ထြန္းဟာျမန္မာႏိုင္ငံကေန ၿဗိတိန္ကို ၁၉၉၄ ခုႏွစ္မွာေျပာင္းေ႐ႊ႕လာခဲ့ၿပီးၿဗိတိန္ေဆး႐ုံမွာ အလုပ္လုပ္ေနတာ ၂၁ ႏွစ္ေက်ာ္ပါၿပီ။

သူကြယ္လြန္ခ်ိန္မွာ ဇနီးေဒၚဝင္းမာနဲ႔သားႏွစ္ဦးက်န္ရွိပါတယ္။

BBC Burmese
--------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်- ဒေါက်တာ ပီတာခင်ထွန်းကွယ်လွန်မှု စုံစမ်းစစ်ဆေးရေးလုပ်

မြန်မာဆရာဝန် ဒေါက်တာပီတာခင်ထွန်း ကိုဗစ်-၁၉ ရောဂါနဲ့ ကွယ်လွန်မှုကို သူအလုပ်လုပ်ခဲ့တဲ့ ဗြိတိန်နိုင်ငံ ရက်ဒင်းမြို့ Royal Berkshire ဆေးရုံက စုံစမ်းစစ်ဆေးမှု စတင်လိုက်ပါပြီ။

ဒေါက်တာပီတာခင်ထွန်းဟာ သူ့ရဲ့စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောဆိုနေတဲ့ကြားက ကိုဗစ်-၁၉ ကူးစက်ခံရပြီး ကွယ်လွန်ခဲ့တာပါ။ အသက် ၆၂ နှစ်အရွယ်ရှိ ဒေါက်တာပီတာခင်ထွန်းဟာ ရက်ဒင်းမြို့မှာဧပြီလ ၁၃ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။

ဆေးရုံရဲ့ အကြီးတန်းမန်နေဂျာတွေနဲ့ ဆေးပညာရှင်တွေဟာ ဒေါက်တာပီတာခင်ထွန်းမိသားစုနဲ့ နီးနီးကပ်ကပ် ဆက်သွယ်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒေါက်တာပီတာခင်ထွန်းဟာ အာရုံကြောပြန်လည်သန်စွမ်းမှု အထူးကုဆရာဝန်တယောက်ဖြစ်ပါတယ်။ လေဖြတ်တာ၊ ထိခိုက်ဒဏ်ရာရတာ၊ အပြင်းအထန်နာမကျန်းဖြစ်တာတို့ကြောင့် ခြေ၊ လက်၊ ကိုယ်ခန္ဓာ ပုံမှန်လှုပ်ရှားမှု မလုပ်နိုင်တော့တဲ့ လူနာတွေကို ပြန်လည်သန်စွမ်းလာအောင် လေ့ကျင့်ထူထောင်ပေးပါတယ်။

ဒေါက်တာပီတာခင်ထွန်းရဲ့ကုသဆောင်ထဲက လူနာ ၅ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ သံသယရှိတဲ့အတွက် ပိုးစစ်အဖြေစောင့်နေချိန်မှာ ဆေးရုံမှာနှာခေါင်းစည်းမလုံလောက်တဲ့အတွက် သူတို့အဆောင်ထဲက နှာခေါင်းစည်းတွေကို အထူးကြပ်မတ်ကုသဆောင်ဆီ ပို့ပေးခဲ့ရတယ်လို့ မိသားစုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

နှာခေါင်းစည်းမရှိဘဲ ကုသမှုပေးရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သူ့ရဲ့စိုးရိမ်ပူပန်မှုကို ဒေါက်တာပီတာခင်ထွန်းက ဆေးရုံမန်နေဂျာဆီ အီးမေးလ်ပို့ပြောကြားခဲ့သေးပေမယ့် နှာခေါင်းစည်းမပါဘဲ တပတ်လောက် အလုပ်လုပ်ခဲ့ရတယ်လို့ မိသားစုက ဆိုပါတယ်။ ဆေးရုံရဲ့စုံစမ်းစစ်ဆေးမှုဟာ အဲဒီအချက်ကို လေ့လာစုံစမ်းမယ်လို့ ဆေးရုံတာဝန်ရှိသူတွေကဆိုပါတယ်။

မိသားစုဘက်ကမေးမြန်းစရာရှိတဲ့ မေးခွန်းတွေကို ဆေးရုံရဲ့အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက ဖြေကြားပေးမယ်လို့ ကြေညာချက်တစောင်မှာ ဖော်ပြထားပေမယ့် အခုလက်ရှိအဆင့်မှာ ဘာမှတ်ချက်မှ ပေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ဆေးရုံတက်နေတဲ့လူနာတွေနဲ့ သူတို့ရဲ့မိသားစုတွေ စိုးရိမ်စိတ်များမှာစိုးလို့ နှာခေါင်းစည်းမတပ်ကြဖို့ လူငယ်ဆရာဝန်တွေကို ဆေးရုံမန်နေဂျာတချို့က ပြောခဲ့ကြောင်း ဒေါက်တာပီတာခင်ထွန်းရဲ့ညီ ဒေါက်တာရဲမြင့်က ဘီဘီစီကို စောစောပိုင်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တစ်ကိုယ်ရေ အကာအကွယ်ဝတ်စုံ (PPE) တွေကို သူ့ကုသဆောင်ကနေ ယူဆောင်သွားတဲ့အတွက် ဒေါက်တာပီတာခင်ထွန်းက သူ့မန်နေဂျာကို စောဒကတက် ပြောကြားခဲ့သေးတယ်လို့လည်း သားဖြစ်သူမိုက်ကယ်က ဆိုပါတယ်။

ဆေးရုံရဲ့အုပ်ချုပ်ရေးအဖွဲ့က ဒေါက်တာပီတာခင်ထွန်းကွယ်လွန်မှုအတွက် အလွန်ဝမ်းနည်းကြောင်း စောစောပိုင်းက ပြောကြားခဲ့ပေမယ့် အကာအကွယ်ဝတ်စုံ (PPE) အလုံအလောက်မရှိဘူးဆိုတဲ့အချက်ကိုတော့ မမှန်ကန်ကြောင်း ငြင်းဆိုပါတယ်။

ဒေါက်တာပီတာခင်ထွန်းဟာမြန်မာနိုင်ငံကနေ ဗြိတိန်ကို ၁၉၉၄ ခုနှစ်မှာပြောင်းရွှေ့လာခဲ့ပြီးဗြိတိန်ဆေးရုံမှာ အလုပ်လုပ်နေတာ ၂၁ နှစ်ကျော်ပါပြီ။

သူကွယ်လွန်ချိန်မှာ ဇနီးဒေါ်ဝင်းမာနဲ့သားနှစ်ဦးကျန်ရှိပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52488093
ကို႐ိုနာဗိုင္းရပ္စ္- ေဒါက္တာ ပီတာခင္ထြန္းကြယ္လြန္မႈ စုံစမ္းစစ္ေဆးေရးလုပ္ ကို႐ိုနာဗိုင္းရပ္စ္- ေဒါက္တာ ပီတာခင္ထြန္းကြယ္လြန္မႈ စုံစမ္းစစ္ေဆးေရးလုပ္ Reviewed by THITHTOOLWIN on 22:34 Rating: 5
Powered by Blogger.