တီးတိန္က ပထမဆုံးကိုဗစ္ႏိုင္တင္းလူနာနဲ႔ မိခင္တို႔ရဲ႕ က်န္းမာေရးအေျခအေန

 လူနာနံပါတ္ ၂၃ ရဲ႕ ေဆးစစ္ခ်က္အေျဖေၾကာင့္ ဗိုင္းရပ္စ္ဟာ ၁၄ ေစာင့္ၾကည့္ကာလထက္ေက်ာ္လြန္ၿပီး ခိုေအာင္းေနထိုင္ႏိုင္လားဆိုတဲ့ စိုးရိမ္မႈေတြရွိလာ
(Zawgyi)⤵⤵⤵

ျမန္မာႏိုင္ငံမွာ ပထမဆုံးကိုဗစ္ႏိုင္းတင္း ပိုး ေတြ႕ရွိခဲ့တဲ့ လူနာနံပါတ္ ၁ နဲ႔ သူ႔မိခင္တို႔ကို တီးတိန္ျပည္သူ႔ေဆး႐ုံမွာ ထားရွိ ကုသေပးေနပါတယ္။

လက္ရွိမွာ ႏွစ္ဦးလုံးရဲ႕ က်န္းမာေရးအေျခအေနက ထူးျခားမႈမရွိဘဲ ပုံမွန္ ျဖစ္ တယ္လို႔ အဲဒီေဆး႐ုံက ေဆး႐ုံအုပ္ႀကီး ေဒါက္တာေဇာ္မင္းႏိုင္က ဘီဘီစီကိုေျပာပါတယ္။

လူနာနံပါတ္ တစ္ ျဖစ္တဲ့ အမ်ိဳးသားကိုေဆးထပ္မံစစ္ဖို႔ နမူနာ ယူထားတာနဲ႔ပတ္သက္ၿပီးေမးျမန္းတဲ့အခါ ဝန္ႀကီးဌာန ထုတ္ျပန္ခ်က္အတိုင္း ျဖစ္ေၾကာင္း သူက ဆက္ေျပာပါတယ္။

လူနာရဲ႕မိခင္ျဖစ္သူ လူနာနံပါတ္ ၂၃ ဟာ သက္ႀကီးပိုင္းျဖစ္တဲ့အတြက္ သူ႔ရဲ႕ က်န္းမာေရးအေျခအေနကို ေမးျမန္းတဲ့အခါ

"လိုအပ္တဲ့ စမ္းသပ္စစ္ေဆးမႈေတြလုပ္ထားပါတယ္။ အေျဖရရင္ေတာ့ ကြၽန္ေတာ္တို႔ တိုင္ပင္မွာပါ" လို႔ ေဒါက္တာေဇာ္မင္းႏိုင္ကေျပာပါတယ္။

လူနာမိခင္ကို အထူးၾကပ္မတ္ကုသခန္းထဲ ထားရွိကုသေပးေနရသလားလို႔ ေမးျမန္းတဲ့အခါ ေဒါက္တာေဇာ္မင္းႏိုင္က အိုင္စီယူထားတဲ့အဆင့္ဆို တီးတိန္ေဆး႐ုံမွာ ထားလို႔မရႏိုင္ဘူးလို႔ ေျပာပါတယ္။

လူနာနံပါတ္တစ္မွာ ပိုးရွိေၾကာင္း မတ္ ၂၃ ရက္က စစ္ေဆးေတြ႕ရွိၿပီးတဲ့ေနာက္ ၂၄ ရက္ကစလို႔ သူ႔မိခင္ကို ေနအိမ္မွာ တစ္ဦးတည္းသီးသန႔္ထား ေစာင့္ၾကပ္ၾကည့္ရႈခဲ့ပါတယ္။

လူနာနံပါတ္ တစ္ကို ပထမဆုံး ေဆးကုေပးခဲ့တဲ့ ထိေတြ႕ခဲ့သူ ဆရာဝန္က လူမႈကြန္ရက္မွာ ေရးသားခ်က္တခ်ိဳ႕ေၾကာင့္ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး ဌာန၊ ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ဧၿပီ ၆ ရက္က သူ႔ရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ ဒီကိစၥနဲ႔ပတ္သက္ၿပီး ျပန္လည္တုံ႔ျပန္ေရးသားခဲ့ပါတယ္။

သူက လူနာနံပါတ္ တစ္ရဲ႕ မိခင္အပါအဝင္လူနာနဲ႔ထိေတြ႕ခဲ့သူအားလုံးကို ဓာတ္ခြဲနမူနာယူခဲ့ျခင္းမရွိခဲ့ေပမယ့္ အခုေတာ့ အဲဒီဆရာဝန္အပါအဝင္ ထိေတြ႕ခဲ့သူအားလုံးရဲ႕ ဓာတ္ခြဲနမူနာယူၿပီး စစ္ေဆးဖို႔ ေဆာင္႐ြက္ေနတယ္လို႔ ေဒါက္တာခင္ခင္ႀကီးက သူ႔ေဖ့စ္ဘြတ္မွာေရးခဲ့တာပါ။

လူနာနံပါတ္တစ္ကို မတ္လ ၃၁ ရက္မွာ ေဆးစစ္မႈတစ္ႀကိမ္ထပ္လုပ္ခဲ့ရာမွာ ပိုးရွိေနဆဲျဖစ္ၿပီး ဧၿပီ ၉ ရက္မွာ တတိယအႀကိမ္ေဆးထပ္စစ္ဖို႔ နမူနာ ယူဖို႔လ်ာထားေပမယ့္ ေလယာဥ္အေျခအေနေၾကာင့္ေစာယူဖို႔ေဆာင္႐ြက္ေနတယ္လို႔ ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ဧၿပီ ရက္က ေရးသားထားပါတယ္။

လူနာနံပါတ္ ၂၃ မွာ ပိုးရွိေၾကာင္း ဧၿပီ ၉ ရက္မွာ အစိုးရက ထုတ္ျပန္ခဲ့တာေၾကာင့္ သားျဖစ္သူ ရဲ႕ ေဆးစစ္ခ်က္အေျဖ ထြက္ခဲ့တဲ့မတ္လ ၂၃ ရက္ကေနစေရတြက္ရင္ ၁၄ ေက်ာ္ခဲ့ၿပီးျဖစ္ၿပီး လူနာမွာလည္း ေရာဂါလကၡဏာမျပတဲ့အတြက္ လူထုၾကား စိုးရိမ္မႈေတြရွိလာပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52171093
--------------
(Unicode)⤵⤵⤵

တီးတိန်က ပထမဆုံးကိုဗစ်နိုင်တင်းလူနာနဲ့ မိခင်တို့ရဲ့ ကျန်းမာရေးအခြေအနေ
ဓာတ်ပုံ မူပိုင် Anadolu Agency
Image caption လူနာနံပါတ် ၂၃ ရဲ့ ဆေးစစ်ချက်အဖြေကြောင့် ဗိုင်းရပ်စ်ဟာ ၁၄ စောင့်ကြည့်ကာလထက်ကျော်လွန်ပြီး ခိုအောင်းနေထိုင်နိုင်လားဆိုတဲ့ စိုးရိမ်မှုတွေရှိလာ

မြန်မာနိုင်ငံမှာ ပထမဆုံးကိုဗစ်နိုင်းတင်း ပိုး တွေ့ရှိခဲ့တဲ့ လူနာနံပါတ် ၁ နဲ့ သူ့မိခင်တို့ကို တီးတိန်ပြည်သူ့ဆေးရုံမှာ ထားရှိ ကုသပေးနေပါတယ်။

လက်ရှိမှာ နှစ်ဦးလုံးရဲ့ ကျန်းမာရေးအခြေအနေက ထူးခြားမှုမရှိဘဲ ပုံမှန် ဖြစ် တယ်လို့ အဲဒီဆေးရုံက ဆေးရုံအုပ်ကြီး ဒေါက်တာဇော်မင်းနိုင်က ဘီဘီစီကိုပြောပါတယ်။

လူနာနံပါတ် တစ် ဖြစ်တဲ့ အမျိုးသားကိုဆေးထပ်မံစစ်ဖို့ နမူနာ ယူထားတာနဲ့ပတ်သက်ပြီးမေးမြန်းတဲ့အခါ ဝန်ကြီးဌာန ထုတ်ပြန်ချက်အတိုင်း ဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

လူနာရဲ့မိခင်ဖြစ်သူ လူနာနံပါတ် ၂၃ ဟာ သက်ကြီးပိုင်းဖြစ်တဲ့အတွက် သူ့ရဲ့ ကျန်းမာရေးအခြေအနေကို မေးမြန်းတဲ့အခါ

"လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေလုပ်ထားပါတယ်။ အဖြေရရင်တော့ ကျွန်တော်တို့ တိုင်ပင်မှာပါ" လို့ ဒေါက်တာဇော်မင်းနိုင်ကပြောပါတယ်။

လူနာမိခင်ကို အထူးကြပ်မတ်ကုသခန်းထဲ ထားရှိကုသပေးနေရသလားလို့ မေးမြန်းတဲ့အခါ ဒေါက်တာဇော်မင်းနိုင်က အိုင်စီယူထားတဲ့အဆင့်ဆို တီးတိန်ဆေးရုံမှာ ထားလို့မရနိုင်ဘူးလို့ ပြောပါတယ်။

လူနာနံပါတ်တစ်မှာ ပိုးရှိကြောင်း မတ် ၂၃ ရက်က စစ်ဆေးတွေ့ရှိပြီးတဲ့နောက် ၂၄ ရက်ကစလို့ သူ့မိခင်ကို နေအိမ်မှာ တစ်ဦးတည်းသီးသန့်ထား စောင့်ကြပ်ကြည့်ရှုခဲ့ပါတယ်။

လူနာနံပါတ် တစ်ကို ပထမဆုံး ဆေးကုပေးခဲ့တဲ့ ထိတွေ့ခဲ့သူ ဆရာဝန်က လူမှုကွန်ရက်မှာ ရေးသားချက်တချို့ကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဧပြီ ၆ ရက်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြန်လည်တုံ့ပြန်ရေးသားခဲ့ပါတယ်။

သူက လူနာနံပါတ် တစ်ရဲ့ မိခင်အပါအဝင်လူနာနဲ့ထိတွေ့ခဲ့သူအားလုံးကို ဓာတ်ခွဲနမူနာယူခဲ့ခြင်းမရှိခဲ့ပေမယ့် အခုတော့ အဲဒီဆရာဝန်အပါအဝင် ထိတွေ့ခဲ့သူအားလုံးရဲ့ ဓာတ်ခွဲနမူနာယူပြီး စစ်ဆေးဖို့ ဆောင်ရွက်နေတယ်လို့ ဒေါက်တာခင်ခင်ကြီးက သူ့ဖေ့စ်ဘွတ်မှာရေးခဲ့တာပါ။

လူနာနံပါတ်တစ်ကို မတ်လ ၃၁ ရက်မှာ ဆေးစစ်မှုတစ်ကြိမ်ထပ်လုပ်ခဲ့ရာမှာ ပိုးရှိနေဆဲဖြစ်ပြီး ဧပြီ ၉ ရက်မှာ တတိယအကြိမ်ဆေးထပ်စစ်ဖို့ နမူနာ ယူဖို့လျာထားပေမယ့် လေယာဉ်အခြေအနေကြောင့်စောယူဖို့ဆောင်ရွက်နေတယ်လို့ ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဧပြီ ရက်က ရေးသားထားပါတယ်။

လူနာနံပါတ် ၂၃ မှာ ပိုးရှိကြောင်း ဧပြီ ၉ ရက်မှာ အစိုးရက ထုတ်ပြန်ခဲ့တာကြောင့် သားဖြစ်သူ ရဲ့ ဆေးစစ်ချက်အဖြေ ထွက်ခဲ့တဲ့မတ်လ ၂၃ ရက်ကနေစရေတွက်ရင် ၁၄ ကျော်ခဲ့ပြီးဖြစ်ပြီး လူနာမှာလည်း ရောဂါလက္ခဏာမပြတဲ့အတွက် လူထုကြား စိုးရိမ်မှုတွေရှိလာပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52171093
တီးတိန္က ပထမဆုံးကိုဗစ္ႏိုင္တင္းလူနာနဲ႔ မိခင္တို႔ရဲ႕ က်န္းမာေရးအေျခအေန တီးတိန္က ပထမဆုံးကိုဗစ္ႏိုင္တင္းလူနာနဲ႔ မိခင္တို႔ရဲ႕ က်န္းမာေရးအေျခအေန Reviewed by THITHTOOLWIN on 09:45 Rating: 5
Powered by Blogger.