လူနာနံပါတ္ ၂၆ ကိုအထူးၾကပ္မတ္ခန္းထဲ ထားရွိ ကုသေပးေနရ

ပိုးရွိသူ ၂၈ ဦးအနက္ ၂ ဦးက ပိုးမရွိေတာ့လို႔ ေဆး႐ုံဆင္းခြင့္ရၿပီး ၃ ဦးေသဆုံးထားပါတယ္။
(Zawgyi)⤵⤵⤵

ကိုဗစ္ႏိုင္တင္း ကူးစက္ခံရသူေတြထဲက လူနာနံပါတ္ ၂၆ ကို ေဝဘာဂီအထူးကုေဆး႐ုံႀကီးရဲ႕ အထူးၾကပ္မတ္ကုသခန္းထဲမွာ ထားရွိကုေပးေနတယ္လို႔ အဲဒီေဆး႐ုံအုပ္ႀကီး ေဒါက္တာေအးေအးေအာင္က ဘီဘီစီကို ေျပာပါတယ္။

"လူနာနံပါတ္ ၂၆ က ေရာဂါအခံရွိတယ္။ ဆီးခ်ိဳရွိတယ္။ အခု ဒီဗိုင္းရပ္စ္ ပိုးရွိၿပီးေတာ့ အဆုတ္မေကာင္းဘူးေပါ့။ ေအာက္ဆီဂ်င္နည္းနည္းက်လို႔ သူ႔ကိုေအာက္ဆီဂ်င္ ရႉေနရတယ္။ စက္ေတာ့မတပ္ရေသးဘူး။ ႐ိုး႐ိုးေအာက္ဆီဂ်င္ပဲရႉေနရတာပါ။ သူက ေလျဖတ္ထားတဲ့အခံရွိေတာ့ မထႏိုင္ဘူး။ အဲဒါေၾကာင့္ အိုင္စီယူထဲထည့္ၿပီး ကုေပးေနရတာပါ။ မေန႔က စၿပီး ေ႐ႊ႕လိုက္တာပါ။ ventilator ေတာ့မတပ္ရေသးပါဘူး။ အခုေတာ့ေအာက္ဆီဂ်င္က ၉၈၊ ၉၉ ေလာက္ဆိုေတာ့ ေကာင္းေနပါတယ္" လို႔ သူက ေျပာပါတယ္။

လူနာနံပါတ္ ၂၆ ဟာ လႈိင္သာယာၿမိဳ႕နယ္က တ႐ုတ္ႏိုင္ငံသားပတ္ပို႔စ္ ကိုင္ေဆာင္ထားသူ အသက္ ၅၆ ႏွစ္အ႐ြယ္ အမ်ိဳးသမီးျဖစ္ပါတယ္။

သူဟာ ၿပီးခဲ့တဲ့ႏွစ္ပတ္အတြင္း ျပည္ပႏိုင္ငံကို ခရီးသြားရာဇဝင္မရွိဘဲ သူ႔မွာ ေသြးတိုးနဲ႔ ဆီးခ်ိဳေရာဂါအခံရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး ဌာနက ထုတ္ျပန္ထားပါတယ္။

ဒါေပမဲ့ လူနာနံပါတ္ ၂၆ ဟာ တ႐ုတ္ႏိုင္ငံကေန ႏိုဝင္ဘာလတုန္းက ျပန္လာခဲ့တာရွိတယ္လို႔ လႈိွု္င္သာယာျပည္သူ႔ေဆး႐ုံတာဝန္ရွိသူကေျပာၾကားထားပါတယ္။ သူ႔ခင္ပြန္းျဖစ္သူကလည္း စင္ကာပူက ျပန္လာသူတစ္ဦးနဲ႔ မတ္လ ၂၀ ရက္မွာေတြ႕ဆုံထားတာရွိတယ္လို႔လည္းဆိုပါတယ္။

ေဝဘာဂီမွာ လက္ခံကုသေပးေနတဲ့ လူနာ ၁၇ ဦးကို ေနာက္ထပ္ေဆးစစ္မႈေတြ ျပဳလုပ္ထားၿပီး အခုထိေတာ့ ပိုးမေတြ႕အေျဖထြက္သူမရွိေသးဘူးလို႔ ေဒါက္တာ ေအးေအးေအာင္က ေျပာပါတယ္။

ေဝဘာဂီမွာ ဗိုင္းရပ္စ္ကူးစက္ခံရသူေတြကိုတစ္ၿပိဳင္တည္း ၇၅ ေယာက္ကေန အေယာက္ ၉၀ ထိ လက္ခံကုသေပးႏိုင္ေအာင္စီစဥ္ထားတယ္လို႔ သူက ဆက္ေျပာပါတယ္။

ျမန္မာမွာ ဧၿပီလ ၁၁ ရက္ မနက္ပိုင္းအထိ ကိုဗစ္ႏိုင္တင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၂၈ ဦး၊ ေသဆုံးသူ ၃ ဦးနဲ႔ ေစာင့္ၾကည့္လူနာ အေယာက္ တစ္ေထာင္ခန႔္ ရွိပါတယ္။

ပိုးေတြ႕ရွိသူ ၂၈ ဦးထဲမွာ တီးတိန္မွာ ႏွစ္ဦး၊ ေဝဘာဂီအထူးကုေဆး႐ုံမွာ ၁၇ ဦး၊ လားရႈိးျပည္သူ႔ေဆး႐ုံႀကီးမွာ တစ္ဦး၊ ေမာ္လၿမိဳင္ျပည္သူ႔ေဆး႐ုံႀကီးမွာ တစ္ဦး၊ ေဝဘာဂီကို လႊဲေျပာင္းဖို႔ စီစဥ္ေနသူတစ္ဦး စုစုေပါင္း ၂၂ ဦးရဲ႕ က်န္းမာေရးအေျခအေနက တည္ၿငိမ္ေနတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး ဌာနက ထုတ္ျပန္ထားပါတယ္။

တစ္ႏိုင္လုံးပိုးေတြ႕လူနာအမ်ားစုကို ေျမာက္ဥကၠာက ေဝဘာဂီေဆး႐ုံမွာ ကုသေပးေနပါတယ္။
ေဝဘာဂီက အထူးၾကပ္မတ္ကုသခန္းထဲမွာေတာ့ လူနာတစ္ဦးကို သီးျခားထားရွိ ေဆးကုသေပးေနတယ္လို႔လည္း ပါရွိၿပီး အဲဒီလူနာကေတာ့ လူနာနံပါတ္ ၂၆ ျဖစ္တယ္လို႔ ေဒါက္တာေအးေအးေအာင္က အတည္ျပဳပါတယ္။

မႏၲေလး ကန္ေတာ္နဒီေဆး႐ုံက လူနာတစ္ဦးနဲ႔ ေနျပည္ေတာ္ခုတင္တစ္ေထာင္ေဆး႐ုံက ဆြစ္ဇာလန္သူတို႔မွာ ေရာဂါပိုး ဆက္တိုက္ႏွစ္ႀကိမ္မေတြ႕ေတာ့လို႔ ေဆး႐ုံကဆင္းခြင့္ျပဳလိုက္ၿပီး ႏွစ္ဦးလုံးကို ဟိုတယ္ေတြမွာ ေနာက္ထပ္ ၁၄ ရက္ သီးသန႔္ခြဲေနထိုင္ဖို႔ စီစဥ္ထားပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52171093
--------------
(Unicode)⤵⤵⤵

ပိုးရှိသူ ၂၈ ဦးအနက် ၂ ဦးက ပိုးမရှိတော့လို့ ဆေးရုံဆင်းခွင့်ရပြီး ၃ ဦးသေဆုံးထားပါတယ်။
(၁) လူနာနံပါတ် ၂၆ ကိုအထူးကြပ်မတ်ခန်းထဲ ထားရှိ ကုသပေးနေရ

ကိုဗစ်နိုင်တင်း ကူးစက်ခံရသူတွေထဲက လူနာနံပါတ် ၂၆ ကို ဝေဘာဂီအထူးကုဆေးရုံကြီးရဲ့ အထူးကြပ်မတ်ကုသခန်းထဲမှာ ထားရှိကုပေးနေတယ်လို့ အဲဒီဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးအောင်က ဘီဘီစီကို ပြောပါတယ်။

"လူနာနံပါတ် ၂၆ က ရောဂါအခံရှိတယ်။ ဆီးချိုရှိတယ်။ အခု ဒီဗိုင်းရပ်စ် ပိုးရှိပြီးတော့ အဆုတ်မကောင်းဘူးပေါ့။ အောက်ဆီဂျင်နည်းနည်းကျလို့ သူ့ကိုအောက်ဆီဂျင် ရှူနေရတယ်။ စက်တော့မတပ်ရသေးဘူး။ ရိုးရိုးအောက်ဆီဂျင်ပဲရှူနေရတာပါ။ သူက လေဖြတ်ထားတဲ့အခံရှိတော့ မထနိုင်ဘူး။ အဲဒါကြောင့် အိုင်စီယူထဲထည့်ပြီး ကုပေးနေရတာပါ။ မနေ့က စပြီး ရွှေ့လိုက်တာပါ။ ventilator တော့မတပ်ရသေးပါဘူး။ အခုတော့အောက်ဆီဂျင်က ၉၈၊ ၉၉ လောက်ဆိုတော့ ကောင်းနေပါတယ်" လို့ သူက ပြောပါတယ်။

လူနာနံပါတ် ၂၆ ဟာ လှိုင်သာယာမြို့နယ်က တရုတ်နိုင်ငံသားပတ်ပို့စ် ကိုင်ဆောင်ထားသူ အသက် ၅၆ နှစ်အရွယ် အမျိုးသမီးဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့နှစ်ပတ်အတွင်း ပြည်ပနိုင်ငံကို ခရီးသွားရာဇဝင်မရှိဘဲ သူ့မှာ သွေးတိုးနဲ့ ဆီးချိုရောဂါအခံရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ လူနာနံပါတ် ၂၆ ဟာ တရုတ်နိုင်ငံကနေ နိုဝင်ဘာလတုန်းက ပြန်လာခဲ့တာရှိတယ်လို့ လှိုှု်င်သာယာပြည်သူ့ဆေးရုံတာဝန်ရှိသူကပြောကြားထားပါတယ်။ သူ့ခင်ပွန်းဖြစ်သူကလည်း စင်ကာပူက ပြန်လာသူတစ်ဦးနဲ့ မတ်လ ၂၀ ရက်မှာတွေ့ဆုံထားတာရှိတယ်လို့လည်းဆိုပါတယ်။

ဝေဘာဂီမှာ လက်ခံကုသပေးနေတဲ့ လူနာ ၁၇ ဦးကို နောက်ထပ်ဆေးစစ်မှုတွေ ပြုလုပ်ထားပြီး အခုထိတော့ ပိုးမတွေ့အဖြေထွက်သူမရှိသေးဘူးလို့ ဒေါက်တာ အေးအေးအောင်က ပြောပါတယ်။

ဝေဘာဂီမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေကိုတစ်ပြိုင်တည်း ၇၅ ယောက်ကနေ အယောက် ၉၀ ထိ လက်ခံကုသပေးနိုင်အောင်စီစဉ်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာမှာ ဧပြီလ ၁၁ ရက် မနက်ပိုင်းအထိ ကိုဗစ်နိုင်တင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၈ ဦး၊ သေဆုံးသူ ၃ ဦးနဲ့ စောင့်ကြည့်လူနာ အယောက် တစ်ထောင်ခန့် ရှိပါတယ်။

ပိုးတွေ့ရှိသူ ၂၈ ဦးထဲမှာ တီးတိန်မှာ နှစ်ဦး၊ ဝေဘာဂီအထူးကုဆေးရုံမှာ ၁၇ ဦး၊ လားရှိုးပြည်သူ့ဆေးရုံကြီးမှာ တစ်ဦး၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ တစ်ဦး၊ ဝေဘာဂီကို လွှဲပြောင်းဖို့ စီစဉ်နေသူတစ်ဦး စုစုပေါင်း ၂၂ ဦးရဲ့ ကျန်းမာရေးအခြေအနေက တည်ငြိမ်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ မူပိုင် SAI AUNG MAIN
Image caption တစ်နိုင်လုံးပိုးတွေ့လူနာအများစုကို မြောက်ဥက္ကာက ဝေဘာဂီဆေးရုံမှာ ကုသပေးနေပါတယ်။

ဝေဘာဂီက အထူးကြပ်မတ်ကုသခန်းထဲမှာတော့ လူနာတစ်ဦးကို သီးခြားထားရှိ ဆေးကုသပေးနေတယ်လို့လည်း ပါရှိပြီး အဲဒီလူနာကတော့ လူနာနံပါတ် ၂၆ ဖြစ်တယ်လို့ ဒေါက်တာအေးအေးအောင်က အတည်ပြုပါတယ်။

မန္တလေး ကန်တော်နဒီဆေးရုံက လူနာတစ်ဦးနဲ့ နေပြည်တော်ခုတင်တစ်ထောင်ဆေးရုံက ဆွစ်ဇာလန်သူတို့မှာ ရောဂါပိုး ဆက်တိုက်နှစ်ကြိမ်မတွေ့တော့လို့ ဆေးရုံကဆင်းခွင့်ပြုလိုက်ပြီး နှစ်ဦးလုံးကို ဟိုတယ်တွေမှာ နောက်ထပ် ၁၄ ရက် သီးသန့်ခွဲနေထိုင်ဖို့ စီစဉ်ထားပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52171093
လူနာနံပါတ္ ၂၆ ကိုအထူးၾကပ္မတ္ခန္းထဲ ထားရွိ ကုသေပးေနရ လူနာနံပါတ္ ၂၆ ကိုအထူးၾကပ္မတ္ခန္းထဲ ထားရွိ ကုသေပးေနရ Reviewed by THITHTOOLWIN on 09:43 Rating: 5
Powered by Blogger.