အိႏၵိယမွာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္တိုက္ဖ်က္မႈေၾကာင့္ ေလထု ပိုမိုသန႔္ရွင္းလာ

အိႏၵိယမွာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္တိုက္ဖ်က္မႈေၾကာင့္ ေလထု ပိုမိုသန႔္ရွင္းလာ
(Zawgyi)⤵⤵⤵

 ျမန္မာစံေတာ္ခ်ိန္ စေနေန႔ မနက္ ၃ နာရီ ရရွိတဲ့သတင္းေတြအရ ကမာၻတဝန္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၁၆၈ဝဝဝဝ ေက်ာ္ နဲ႔ ေသဆုံးသူ ၁ဝ၂ဝဝဝ က်ာ္သြားၿပီျဖစ္ၿပီး ျပန္လည္က်န္းမာလာသူကေတာ့ ၃ သိန္းခြဲနီးပါး ရွိပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာေတာ့ ကူးစက္ခံရသူ ၄၇၅ဝဝဝ ေက်ာ္နဲ႔ ေသဆုံးသူ ၁၈ဝဝဝ နီးပါးရွိပါၿပီ။

အိႏၵိယႏိုင္ငံမွာ အိမ္ျပင္မထြက္ရ အမိန႔္ထုတ္ျပန္ထားခဲ့ၿပီးေနာက္ ေလထုညစ္ညမ္းမႈ သိသိသာသာ ေလ်ာ့နည္းလာခဲ့တယ္လို႔ သိရပါတယ္။ကားအသြားအလာ မရွိသေလာက္ျဖစ္ၿပီး စက္႐ုံေတြလည္း ပိတ္ထားတဲ့အျပင္ ေဆာက္လုပ္ေရးလုပ္ငန္းေတြက အရင္ကထြက္ေနက် ဖုန္မႈန႔္ေတြလည္း မရွိေတာ့တဲ့အတြက္ ေလထုညစ္ညမ္းမႈအၫြန္းကိန္းဟာ ၿပီးခဲ့တဲ့ႏွစ္က အခုလိုကာလမွာ ၁၆ဝ ရွိခဲ့ရာကေန ၄၅ ကို က်ဆင္းသြားခဲ့ပါတယ္။ အိႏၵိယမွာ အခုအခ်ိန္ထိ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၇၃၄၇ ဦး နဲ႔ ေသဆုံးသူ ၂၃ဝ ဦးရွိပါၿပီ။

စကၤာပူဝန္ႀကီးခ်ဳပ္ လီရွန္လြန္းက စကၤာပူမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ တိုးလာေပမဲ့လဲ သူတို႔ႏိုင္ငံမွာ ေရာက္ရွိေနတဲ့ ႏိုင္ငံျခားသားအလုပ္သမားေတြကို တတ္ႏိုင္သမွ် ကူညီေစာင့္ေရွာက္မယ္လို႔ မေန႔က ကတိေပးလိုက္ပါတယ္။ စကၤာပူမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၁၉၈ ဦး ထပ္မံေတြ႕ရွိရၿပီး အမ်ားစုက ႏိုင္ငံျခားသားေတြျဖစ္ပါတယ္။ စကၤာပူမွာ ကူးစက္ခံရသူ ေပါင္း ၂၁၀၀ ေက်ာ္ရွိၿပီး ေသဆုံးသူ ၇ ဦးရွိပါတယ္။

ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕ရွိ Uber အစားအေသာက္ပို႔ေဆာင္ေရး အလုပ္သမားသမဂၢက အစားအေသာက္လိုက္လံ ပို႔ေဆာင္တဲ့သူေတြကို ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရးအတြက္ လိုအပ္တဲ့ပစၥည္းေတြ ေထာက္ပံ့ေပးဖို႔ Uber ကုမၸဏီကို ေတာင္းဆိုလိုက္ပါတယ္။ အဲဒီအလုပ္သမားေတြ ဗိုင္းရပ္စ္ပိုးကူးစက္ခံရမဲ့ အႏၲရာယ္ ရွိတဲ့အတြက္ သူတို႔ကို အပိုေၾကး တေခါက္ကို ယန္း ၃၀၀ ေပးဖို႔လဲ အလုပ္သမားသမဂၢက ေတာင္းဆိုလိုက္ပါတယ္။ ဂ်ပန္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၅၅၀၀ ေက်ာ္ နဲ႔ ေသဆုံးသူ ၉၉ ဦး ရွိေနပါတယ္။

စပိန္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ မေန႔က တေန႔ထဲမွာ ေသဆုံးသူ ၆၀၅ ဦးရွိတဲ့အတြက္ ဒါဟာ မတ္လ ၂၄ ရက္ေနာက္ပိုင္းမွာ ေသဆုံးသူအနည္းဆုံး ျဖစ္ပါတယ္။ စပိန္မွာ မေန႔ကတရက္ထဲမွာဘဲ ကူးစက္ခံရသူ ၄၅၀၀ ေက်ာ္ရွိခဲ့ၿပီး စုစုေပါင္းကူးစက္ခံရ ၁၅၇၀၀၀ ေက်ာ္ရွိေနပါၿပီ။

အီတလီမွာ အစိုးရက အျပင္မထြက္ရအမိန႔္ကို သက္တမ္းဆက္တိုးဖို႔ ျပင္ဆင္ေနေပမဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေသဆုံးမႈကေတာ့ အရင္ကထက္ ေလ်ာ့နည္းသြားၿပီျဖစ္ပါတယ္။ အရင္ရက္က ေရာဂါကူးစက္ခံရသူ ၄၂၀၀ ရွိခဲ့ရာက မေန႔ကေတာ့ ၃၉၅၀ ကို က်သြားၿပီး ေသဆုံးသူကလဲ ၆၁၀ ကေန ၅၇၀ ကို က်ဆင္းသြားပါတယ္။ စုစုေပါင္း ကူးစက္ခံရသူ အေရအတြက္က ၁၄၇၅၀၀ ေက်ာ္ ရွိပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ အျပင္းထန္ဆုံးျဖစ္ခဲ့တဲ့ ႏိုင္ငံေတြမွာ အခု ေရာဂါျဖစ္ပြားမႈႏႈန္း ေႏွးေကြးလာေနတဲ့အတြက္ WHO ကမာၻ႔က်န္းမာေရးအဖြဲ႕က ႀကိဳဆိုလိုက္ပါတယ္။ ဒါေပမဲ့လဲ အခုလို ကူးစက္မႈ ေလ်ာ့နည္းသြားတဲ့အတြက္ လက္ရွိခ်မွတ္ထားတဲ့ အိမ္ျပင္မထြက္ရအမိန႔္ နဲ႔ တဦးတဦးနီးကပ္စြာမေနၾကဖို႔ စတဲ့ ကန႔္သတ္ခ်က္ေတြကို အလ်င္စလို ႐ုတ္သိမ္းမယ္ဆိုရင္ ျဖစ္ပြားမႈႏႈန္း ျပန္လည္ျမင့္မားလာႏိုင္တယ္လို႔ သတိေပးလိုက္ပါတယ္။

ၾသစေတးလ်ႏိုင္ငံမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၁၁ ဦး ထပ္မံေတြ႕ရၿပီးတဲ့ေနာက္ အစိုးရက အခုက်ေရာက္တဲ့ အီစတာပြဲေတာ္အားလပ္ရက္ကာလအတြင္း ပင္လယ္ကမ္းေျခေတြကို ပိတ္လိုက္ပါတယ္။ ၾသစေတးလ်မွာ ေရာဂါကူးစက္ခံရသူ စုစုေပါင္း ၆၂၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၅၄ ဦး ရွိပါတယ္။

အီရန္ႏိုင္ငံမွာ အစိုးရက ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားမႈ နဲ႔ ပတ္သက္ၿပီး သတင္းေတြ ထိန္ခ်န္ထားခဲ့တဲ့အတြက္ ျပင္ပက မသိရသလို ကာကြယ္တိုက္ဖ်က္ေရးလုပ္ငန္းေတြ ေႏွးေကြးတဲ့အတြက္ လူေျမာက္ျမားစြာကို ကူးစက္ခ့ခဲ့ရတယ္လို႔ အီရန္ေဆး႐ုံေတြက ရရွိတဲ့သတင္းေတြကို ကိုးကားၿပီး ဝါရွင္တန္ပို႔စ္ သတင္းက ေဖာ္ျပပါတယ္။ အစိုးရထုတ္ျပန္ခ်က္အရ အီရန္မွာ လက္ရွိကူးစက္ခံရသူ ၆၈၀၀၀ ေက်ာ္ နဲ႔ ေသဆုံးသူက ၄၂၀၀ ေက်ာ္ရွိပါတယ္။

ၿဗိတိႏ္ုႏိုင္ငံမွာ မေန႔က ေရာဂါကူးစက္ခံရသူ ၅၇၀၀ ေက်ာ္ထပ္မံေတြ႕ရွိရတဲ့ေနာက္ ျပည္သူလူထုအေနနဲ႔ အခု က်ေရာက္မဲ့ အီစတာပြဲေတာ္ရက္ေတြအတြင္း အိမ္ျပင္မထြက္ၾကဖို႔ အစိုးရက တိုက္တြန္းလိုက္ပါတယ္။ ၿဗိတိန္မွာ လက္ရွိကူးစက္ခံရသူ ၇၃၀၀၀ ေက်ာ္ နဲ႔ ေသဆုံးသူ ၉၀၀၀ နီးပါးရွိပါၿပီ။

ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ အန္တိုနီယိုဂူတားရက္စ္က ကို႐ိုနာဗိုင္းရပ္စ္ ကပ္ဆိုက္မႈဟာ ႏိုင္ငံတကာၿငိမ္းခ်မ္းေရး နဲ႔ လုံၿခံဳေရးကို ၿခိမ္းေျခာက္ေနၿပီလို႔ လုံၿခံဳေရးေကာင္စီမွာ မေန႔က ေျပာၾကားလိုက္ပါတယ္။ ဒီကိစၥေၾကာင့္ ႏိုင္ငံတကာပဋိပကၡေတြ ေျဖရွင္းေရးကို ေႏွာင့္ေႏွးၾကန႔္ၾကာေစသလို အၾကမ္းဖက္သမားေတြအေနနဲ႔လဲ ဇီဝလက္နက္ကို အသုံးျပဳတိုက္ခိုက္ေရးအတြက္ ေတြးေတာႀကံဆမႈေတြ ေပၚေပါက္လာႏိုင္တယ္လို႔ သူကေျပာပါတယ္။
ဒီအေတာအတြင္း ကေနဒါဝန္ႀကီးခ်ဳပ္ ဂ်ပ္စတင္ ထ႐ူးဒို က လက္ရွိျဖစ္ပြါးေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈဟာ ဒီႏွစ္ေႏြရာသီကုန္ဆုံးတဲ့အထိ ရပ္တန႔္သြားမွာ မဟုတ္တဲ့အတြက္ ကန႔္သတ္သြားလာမႈေတြကို ဆက္လက္ က်င့္သုံးၾကဖို႔လိုေၾကာင္း သတိေပးလိုက္ပါတယ္။ ကေနဒါႏိုင္ငံမွာ လက္ရွိ ကူးစက္ခံရသူ ၂ဝဝဝ ေက်ာ္ နဲ႔ ေသဆုံးသူ ၅၅ဝ ေက်ာ္ ရွိပါၿပီ။

အင္ဒိုနီးရွားႏိုင္ငံ ဂ်ကာတာၿမိဳ႕မွာ စစ္သားေတြနဲ႔ ရဲေတြက သြားလာမႈပိတ္ပင္ကန႔္သတ္ထားတာေတြကို မလိုက္နာတဲ့သူေတြကို ျပင္းျပင္ထန္ထန္ လိုက္လံတားဆီးေနပါတယ္။ အမိန႔္ခ်ိဳးေဖာက္သူေတြဟာ ဒဏ္ေငြနဲ႔ ေထာင္ဒဏ္ ၁ ႏွစ္အထိ အျပစ္ေပးခံရႏိုင္ပါတယ္။ အင္ဒိုနီးရွားမွာ လက္ရွိဗိုင္းရပ္စ္ပိုး ကူးစက္ခံရသူ ၃၅ဝဝ ေက်ာ္နဲ႔ ေသဆုံးသူ ၃ဝ၆ ဦးရွိပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese/?epa=SEARCH_BOX
-------------
(Unicode)⤵⤵⤵
အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တိုက်ဖျက်မှုကြောင့် လေထု ပိုမိုသန့်ရှင်းလာ

မြန်မာစံတော်ချိန် စနေနေ့ မနက် ၃ နာရီ ရရှိတဲ့သတင်းတွေအရ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၆၈ဝဝဝဝ ကျော် နဲ့ သေဆုံးသူ ၁ဝ၂ဝဝဝ ကျာ်သွားပြီဖြစ်ပြီး ပြန်လည်ကျန်းမာလာသူကတော့ ၃ သိန်းခွဲနီးပါး ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ ကူးစက်ခံရသူ ၄၇၅ဝဝဝ ကျော်နဲ့ သေဆုံးသူ ၁၈ဝဝဝ နီးပါးရှိပါပြီ။

အိန္ဒိယနိုင်ငံမှာ အိမ်ပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားခဲ့ပြီးနောက် လေထုညစ်ညမ်းမှု သိသိသာသာ လျော့နည်းလာခဲ့တယ်လို့ သိရပါတယ်။ကားအသွားအလာ မရှိသလောက်ဖြစ်ပြီး စက်ရုံတွေလည်း ပိတ်ထားတဲ့အပြင် ဆောက်လုပ်ရေးလုပ်ငန်းတွေက အရင်ကထွက်နေကျ ဖုန်မှုန့်တွေလည်း မရှိတော့တဲ့အတွက် လေထုညစ်ညမ်းမှုအညွန်းကိန်းဟာ ပြီးခဲ့တဲ့နှစ်က အခုလိုကာလမှာ ၁၆ဝ ရှိခဲ့ရာကနေ ၄၅ ကို ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယမှာ အခုအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇၃၄၇ ဦး နဲ့ သေဆုံးသူ ၂၃ဝ ဦးရှိပါပြီ။

စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက စင်္ကာပူမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တိုးလာပေမဲ့လဲ သူတို့နိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မယ်လို့ မနေ့က ကတိပေးလိုက်ပါတယ်။ စင်္ကာပူမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၉၈ ဦး ထပ်မံတွေ့ရှိရပြီး အများစုက နိုင်ငံခြားသားတွေဖြစ်ပါတယ်။ စင်္ကာပူမှာ ကူးစက်ခံရသူ ပေါင်း ၂၁၀၀ ကျော်ရှိပြီး သေဆုံးသူ ၇ ဦးရှိပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Uber အစားအသောက်ပို့ဆောင်ရေး အလုပ်သမားသမဂ္ဂက အစားအသောက်လိုက်လံ ပို့ဆောင်တဲ့သူတွေကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် လိုအပ်တဲ့ပစ္စည်းတွေ ထောက်ပံ့ပေးဖို့ Uber ကုမ္ပဏီကို တောင်းဆိုလိုက်ပါတယ်။ အဲဒီအလုပ်သမားတွေ ဗိုင်းရပ်စ်ပိုးကူးစက်ခံရမဲ့ အန္တရာယ် ရှိတဲ့အတွက် သူတို့ကို အပိုကြေး တခေါက်ကို ယန်း ၃၀၀ ပေးဖို့လဲ အလုပ်သမားသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၅၀၀ ကျော် နဲ့ သေဆုံးသူ ၉၉ ဦး ရှိနေပါတယ်။

စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မနေ့က တနေ့ထဲမှာ သေဆုံးသူ ၆၀၅ ဦးရှိတဲ့အတွက် ဒါဟာ မတ်လ ၂၄ ရက်နောက်ပိုင်းမှာ သေဆုံးသူအနည်းဆုံး ဖြစ်ပါတယ်။ စပိန်မှာ မနေ့ကတရက်ထဲမှာဘဲ ကူးစက်ခံရသူ ၄၅၀၀ ကျော်ရှိခဲ့ပြီး စုစုပေါင်းကူးစက်ခံရ ၁၅၇၀၀၀ ကျော်ရှိနေပါပြီ။

အီတလီမှာ အစိုးရက အပြင်မထွက်ရအမိန့်ကို သက်တမ်းဆက်တိုးဖို့ ပြင်ဆင်နေပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးမှုကတော့ အရင်ကထက် လျော့နည်းသွားပြီဖြစ်ပါတယ်။ အရင်ရက်က ရောဂါကူးစက်ခံရသူ ၄၂၀၀ ရှိခဲ့ရာက မနေ့ကတော့ ၃၉၅၀ ကို ကျသွားပြီး သေဆုံးသူကလဲ ၆၁၀ ကနေ ၅၇၀ ကို ကျဆင်းသွားပါတယ်။ စုစုပေါင်း ကူးစက်ခံရသူ အရေအတွက်က ၁၄၇၅၀၀ ကျော် ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ နိုင်ငံတွေမှာ အခု ရောဂါဖြစ်ပွားမှုနှုန်း နှေးကွေးလာနေတဲ့အတွက် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့လဲ အခုလို ကူးစက်မှု လျော့နည်းသွားတဲ့အတွက် လက်ရှိချမှတ်ထားတဲ့ အိမ်ပြင်မထွက်ရအမိန့် နဲ့ တဦးတဦးနီးကပ်စွာမနေကြဖို့ စတဲ့ ကန့်သတ်ချက်တွေကို အလျင်စလို ရုတ်သိမ်းမယ်ဆိုရင် ဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်မားလာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

သြစတေးလျနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၁ ဦး ထပ်မံတွေ့ရပြီးတဲ့နောက် အစိုးရက အခုကျရောက်တဲ့ အီစတာပွဲတော်အားလပ်ရက်ကာလအတွင်း ပင်လယ်ကမ်းခြေတွေကို ပိတ်လိုက်ပါတယ်။ သြစတေးလျမှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၆၂၀၀ ကျော်နဲ့ သေဆုံးသူ ၅၄ ဦး ရှိပါတယ်။

အီရန်နိုင်ငံမှာ အစိုးရက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု နဲ့ ပတ်သက်ပြီး သတင်းတွေ ထိန်ချန်ထားခဲ့တဲ့အတွက် ပြင်ပက မသိရသလို ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းတွေ နှေးကွေးတဲ့အတွက် လူမြောက်မြားစွာကို ကူးစက်ခ့ခဲ့ရတယ်လို့ အီရန်ဆေးရုံတွေက ရရှိတဲ့သတင်းတွေကို ကိုးကားပြီး ဝါရှင်တန်ပို့စ် သတင်းက ဖော်ပြပါတယ်။ အစိုးရထုတ်ပြန်ချက်အရ အီရန်မှာ လက်ရှိကူးစက်ခံရသူ ၆၈၀၀၀ ကျော် နဲ့ သေဆုံးသူက ၄၂၀၀ ကျော်ရှိပါတယ်။

ဗြိတိန်ုနိုင်ငံမှာ မနေ့က ရောဂါကူးစက်ခံရသူ ၅၇၀၀ ကျော်ထပ်မံတွေ့ရှိရတဲ့နောက် ပြည်သူလူထုအနေနဲ့ အခု ကျရောက်မဲ့ အီစတာပွဲတော်ရက်တွေအတွင်း အိမ်ပြင်မထွက်ကြဖို့ အစိုးရက တိုက်တွန်းလိုက်ပါတယ်။ ဗြိတိန်မှာ လက်ရှိကူးစက်ခံရသူ ၇၃၀၀၀ ကျော် နဲ့ သေဆုံးသူ ၉၀၀၀ နီးပါးရှိပါပြီ။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အန်တိုနီယိုဂူတားရက်စ်က ကိုရိုနာဗိုင်းရပ်စ် ကပ်ဆိုက်မှုဟာ နိုင်ငံတကာငြိမ်းချမ်းရေး နဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပြီလို့ လုံခြုံရေးကောင်စီမှာ မနေ့က ပြောကြားလိုက်ပါတယ်။ ဒီကိစ္စကြောင့် နိုင်ငံတကာပဋိပက္ခတွေ ဖြေရှင်းရေးကို နှောင့်နှေးကြန့်ကြာစေသလို အကြမ်းဖက်သမားတွေအနေနဲ့လဲ ဇီဝလက်နက်ကို အသုံးပြုတိုက်ခိုက်ရေးအတွက် တွေးတောကြံဆမှုတွေ ပေါ်ပေါက်လာနိုင်တယ်လို့ သူကပြောပါတယ်။
ဒီအတောအတွင်း ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒို က လက်ရှိဖြစ်ပွါးနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ ဒီနှစ်နွေရာသီကုန်ဆုံးတဲ့အထိ ရပ်တန့်သွားမှာ မဟုတ်တဲ့အတွက် ကန့်သတ်သွားလာမှုတွေကို ဆက်လက် ကျင့်သုံးကြဖို့လိုကြောင်း သတိပေးလိုက်ပါတယ်။ ကနေဒါနိုင်ငံမှာ လက်ရှိ ကူးစက်ခံရသူ ၂ဝဝဝ ကျော် နဲ့ သေဆုံးသူ ၅၅ဝ ကျော် ရှိပါပြီ။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ စစ်သားတွေနဲ့ ရဲတွေက သွားလာမှုပိတ်ပင်ကန့်သတ်ထားတာတွေကို မလိုက်နာတဲ့သူတွေကို ပြင်းပြင်ထန်ထန် လိုက်လံတားဆီးနေပါတယ်။ အမိန့်ချိုးဖောက်သူတွေဟာ ဒဏ်ငွေနဲ့ ထောင်ဒဏ် ၁ နှစ်အထိ အပြစ်ပေးခံရနိုင်ပါတယ်။ အင်ဒိုနီးရှားမှာ လက်ရှိဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၃၅ဝဝ ကျော်နဲ့ သေဆုံးသူ ၃ဝ၆ ဦးရှိပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/?epa=SEARCH_BOX
အိႏၵိယမွာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္တိုက္ဖ်က္မႈေၾကာင့္ ေလထု ပိုမိုသန႔္ရွင္းလာ အိႏၵိယမွာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္တိုက္ဖ်က္မႈေၾကာင့္ ေလထု ပိုမိုသန႔္ရွင္းလာ Reviewed by THITHTOOLWIN on 09:50 Rating: 5
Powered by Blogger.