လႈိင္သာယာစက္႐ုံ အတည္ျပဳလူနာနဲ႔ ထိေတြ႕ခဲ့သူေတြမွာ ေရာဂါပိုးမေတြ႕ရ

လႈိင္သာယာၿမိဳ႕နယ္ တိုင္းအစိုးရအဖြဲ႕ဝန္ႀကီးမ်ား ႏွင့္ အျခားတာဝန္ရွိသူမ်ားကို အေနာ္ရထာစက္မႈဇုံမွာ ၂၀၂၀ ဧၿပီ ၂၅ရက္ေန႔က ေတြ႕ရစဥ္ / Photo: Myatmin Thu's Facebook

(Zawgyi)⤵⤵⤵

ရန္ကုန္တိုင္း လႈိင္သာယာၿမိဳ႕နယ္က ခ်န္းရိ ဘိနပ္စက္႐ုံမွာ ဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရသူတစ္ဦး ေတြ႕ရတဲ့အတြက္ မေန႔က စက္႐ုံ ပိတ္လိုက္ၿပီးတဲ့ေနာက္၊ အနီးကပ္ထိေတြခဲ့တဲ့ အလုပ္သမားေတြကိုလည္း စစ္ေဆးေနပါတယ္။ ကြာရန္တင္းအျဖစ္ သီးျခား ေစာင့္ၾကည့္ခံရတဲ့ အလုပ္သမားေတြအတြက္ စားေသာက္စရိတ္ကို သက္ဆိုင္ရာက  စီစဥ္မေပးဘဲ တစ္ရက္ကို က်ပ္ ငါးေထာင္ ေပးေနရတယ္လို႔ အလုပ္သမားေတြက ေျပာပါတယ္။

ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္၊ အေနာ္ရထာစက္မႈဇုန္မွာရွိတဲ့ ခ်န္းရိဖိနပ္စက္႐ုံက ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕ရွိတဲ့ တ႐ုတ္စကားျပန္နဲ႔ အနီးကပ္ ထိေတြခဲ့သူ ရွစ္ဦးကို စစ္ေဆးရာမွာ ေရာဂါပိုးမေတြ႕ဘူးလို႔ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ က ေျပာပါတယ္။

က်န္ရွိတဲ့အလုပ္သမားေတြနဲ႔ ပတ္သက္ၿပီး က်န္းမာေရးဝန္ႀကီးဌာန ၫႊန္ၾကားခ်က္ကိုေစာင့္ေနတယ္လို႔ ရန္ကုန္တိုင္းအစိုးရအဖြဲ႕  အလုပ္သမားဝန္ႀကီး ေဒၚမိုးမိုးစုၾကည္က RFA ကို ေျပာပါတယ္။

“ က်န္းမာေရး အေျဖေပၚမွာမူတည္ၿပီးေတာ့ ျပည္ေထာင္စုရဲ႕ ၫႊန္ၾကားခ်က္ေတြအညီ အမတို႔ သြားမွာျဖစ္ပါတယ္၊ အားလုံးကို Lock down လုပ္ဖို႔၊ အားလုံးကို quarantineလုပ္ဖို႔ အေျခအေနအားလုံးသည္ က်န္းမာေရးက ထြက္ေပၚလာတဲ့ အေျဖေပၚကေန သြားမွာျဖစ္ပါတယ္၊ ခုေလာေလာဆယ္ဆိုရင္လည္း case ၁၄၄နဲ႔ ထိစပ္တဲ့သူ ရွစ္ေယာက္စလုံးဟာ က်န္းမာေရးစစ္ေဆးခ်က္ေတြအရ ပိုးမေတြရပါဘူး၊ ”

အဲဒီ ပိုးေတြ႕လူနာနဲ႔ တစ္ေဆာင္ထဲေနတဲ့ စက္ျပင္ဆရာေတြ အပါအဝင္ လူ ၃၇ ေယာက္ကိုေတာ့ အစိုးရကစီစဥ္တဲ့ Quarantine ေနရာေတြမွာ ထားၿပီး စစ္ေဆးေနတယ္လို႔လည္း ေဒၚမိုးမိုးစုၾကည္က ေျပာပါတယ္။

Quarantine ဝင္တဲ့ အလုပ္သမားေတြကို စားေသာက္ဖို႔အတြက္ အစိုးရက မစီစဥ္ေပးဘဲ တစ္ရက္ကို အစားအေသာက္စရိတ္ က်ပ္ငါးေထာင္ ေပးရတယ္လို႔လည္း အလုပ္သမားေတြက ေျပာပါတယ္။ အဲဒီထဲက ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ CTUM အဖြဲ႕ဝင္အလုပ္သမားေတြကိုေတာ့ အဖြဲ႕က ကူညီပံ့ပိုးေပးတယ္လို႔ သိရပါတယ္။

က်န္တဲ့ အလုပ္သမားေတြလည္း Quarantine ဝင္မယ္ဆိုရင္ အလုပ္သမားေတြဟာ တရက္လုပ္ခလစာ က်ပ္ ၄၈၀၀ ဘဲရရွိတဲ့ အလုပ္သမားေတြက တစ္ရက္ ငါးေထာင္ ေပးရမွာေတြ ျဖစ္လာႏိုင္တာေၾကာင့္ အခက္အခဲျဖစ္ႏိုင္တယ္လို႔ အလုပ္သမားေတြက ေျပာပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ၿပီးခဲ့တဲ့ ဧၿပီ ၂၄ ရက္ေန႔ညမွာ ထုတ္ျပန္တဲ့ လူနာအမွတ္ ၁၄၄ ဟာ လႈိင္သာယာၿမိဳ႕နယ္ အေနာ္ရထာ စက္မႈဇုန္မွာရွိတဲ့ ခ်န္းရိဖိနပ္စက္႐ုံက ျမန္မာႏိုင္ငံသား တ႐ုတ္စကားျပန္ အမ်ိဳးသားလို႔ ထုတ္ျပန္ၿပီးေနာက္ မေန႔က ေနလည္ပိုင္းမွာ စက္႐ုံကို ပိတ္လိုက္တာပါ။

မေန႔တုန္းက အလုပ္ဆင္းခဲ့တဲ့လူေတြ အေတာ္ေတာ္မ်ားကေတာ့ အေဆာင္ေတြျပန္ရာမွာ အျပင္ထြက္သြားလာခြင့္ ကန႔္သတ္ခံရတာေတြရွိသလို တစ္ခ်ိဳ႕ေက်း႐ြာေတြမွာ ႐ြာထဲအဝင္မခံဘဲ စာသင္ေက်ာင္းေတြမွာ Quarantine ဝင္ရတာေတြရွိပါတယ္။

တြံေတးၿမိဳ႕နယ္ တမံႀကီးေက်း႐ြာကေန ခ်န္းရိဖိနပ္စက္႐ုံမွာ အလုပ္ဆင္းေနတဲ့ အလုပ္သမား ၃၀၀ နီးပါးရွိၿပီး အဲဒီထဲက မေန႔က အလုပ္ဆင္းတဲ့ အလုပ္သမား ၅၀ ေက်ာ္ဟာ ေက်း႐ြာစာသင္ေက်ာင္းမွာဘဲ ေနရတယ္လို႔ ကိုလွ်မ္းထက္က ေျပာပါတယ္။

“ အခုက်ေနာ္တို႔ ေနတဲ့႐ြာမွာေပါ့ေနာ္ လူႀကီးေတြက ႐ြာထဲဝင္ရင္ေတာင္မွ အဲလိုမ်ိဳး ကိုယ္အိမ္မွာကို ေနလို႔အဆင္မေျပဘူးေပါ့ေနာ္၊ ေနမယ္ဆိုရင္လည္း ေနလို႔ရတယ္တဲ့ ဒါေပမဲ့ မိသားစုေတြ အကုန္အျပင္မထြက္ရဘူးဆိုလို႔ က်ေနာ္တို႔က မိသားစုငဲ့ၿပီး စာသင္ေက်ာင္းမွာဘဲ လာေနၾကတာ၊ ေလာေလာဆယ္ အလုပ္ျပန္ဖြင့္လည္း ဆင္းဖို႔ကအဆင္မေျပေသးဘူး”

လႈိင္သာယာၿမိဳ႕နယ္က ခ်န္းရိအလုပ္သမားေတြရွိတဲ့ အေဆာင္ေတြကိုလည္း ကန႔္သတ္ေစာင့္ၾကည့္တာေတြ ျပဳလုပ္ေနပါတယ္။

ခ်ိန္းရိစက္႐ုံက အလုပ္သမားေတြနဲ႔ အလုပ္သမားအေရး ေဆာင္႐ြက္သူေတြကေတာ့ ၂၁ ရက္ေလာက္ပိတ္ေပးဖို႔ ေတာင္းဆိုေနၾကပါတယ

ပိတ္ထားတဲ့ကာလမွာ လူမႈဖူလုံေရး ဥပေဒမွာပါတဲ့အတိုင္း အစိုးရနဲ႔ အလုပ္ရွင္က လစာေပးေစလိုတယ္လို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ CTUM အဖြဲ႕ဝင္ ကိုမ်ိဳးေဇာ္က ေျပာပါတယ္။

“ ခ်န္းရီဆိုလို႔ရွိရင္ ဘာျဖစ္ျဖစ္ ေစာင့္ၾကည္ကာလကို ၂၁ရက္ပိတ္ထားသင့္တယ္၊ ပိတ္ထားတဲ့အခါမွာလည္း က်ေနာ္တို႔က အလုပ္ရွင္က ၄၀ရာခိုင္ႏႈန္း က်ခံတယ္၊အစိုးရက ၆၀ရာခိုင္ႏႈန္း က်ခံတဲ့ လူမႈဖူလုံေရးကေန ေဆးခြင့္အေနအထားမ်ိဳး ေပးၿပီးေတာ့ ေစာင့္ၾကည္တာမ်ိဳး လုပ္မယ္ဆိုရင္ အလုပ္သမားေတြအတြက္ အဆင္ေျပႏိုင္တယ္၊ ဘာမွမျဖစ္ပါဘူးဆိုၿပီး စက္႐ုံကို ဖြင့္လိုက္မယ္ဆိုရင္ေတာ့ ဘယ္အခ်ိန္မွ ေပၚလာမွန္းမသိတဲ့ ေရာဂါေၾကာင့္ က်ေနာ္တို႔ ျပည္သူေတြ ဒုကၡေရာက္ႏိုင္တယ္ ဒါေၾကာင့္မို႔က်ေနာ္တို႔က ေလာေလာဆယ္ေတာ့ ခ်န္းရီစက္႐ုံကို ပိတ္ထားေစခ်င္တယ္”

ရန္ကုန္တိုင္း အလုပ္သမားဝန္ႀကီး ေဒၚမိုးမိုးစုၾကည္ကေတာ့ အလုပ္သမားေတြ အလုပ္ပိတ္ရက္ လုပ္ခလစာကို ဥပေဒအညီေဆာင္႐ြက္ေပးသြားမယ္လို႔ ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံသားပိုင္ ခ်န္းရိဖိနပ္စက္႐ုံဟာ Adidas တံဆိပ္ဖိနပ္ေတြကို ခ်ဳပ္လုပ္ေနတာျဖစ္ၿပီး စက္႐ုံ ဖြင့္လွစ္ခဲ့တာ ေျခာက္ႏွစ္ေလာက္ရွိၿပီလို႔ ဆိုပါတယ္။


က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက စက္႐ုံအလုပ္႐ုံေတြကို ယာယီ ပိတ္ထားဖို႔နဲ႔ သက္ဆိုင္ရာက စစ္ေဆးတာေတြ လုပ္ေဆာင္ၿပီးမွ ဖြင့္လွစ္ခြင့္ျပဳမယ္လို႔ ထုတ္ျပန္ထားပါတယ္။

သၾကၤန္ကာလ ႐ုံးပိတ္ရက္အလြန္မွာ ခ်န္းရိဖိနပ္စက္႐ုံကို သက္ဆိုင္ရာက စစ္ေဆးၿပီး ျပန္လည္ဖြင့္ခြင့္ ေပးထားတဲ့အတြက္ စက္႐ုံ ျပန္ဖြင့္တဲ့ေန႔မွာပဲ အလုပ္သမားတစ္ဦး ဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း သိရတာျဖစ္ပါတယ္။ အဲဒီစက္႐ုံကို မေန႔ေန႔လည္ကစၿပီး ျပန္လည္ပိတ္ထားပါတယ္။

ေက်ာ္လြင္ဦး / RFA Burmese
----------------------------------------
(Unicode)⤵⤵⤵
လှိုင်သာယာစက်ရုံ အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူတွေမှာ ရောဂါပိုးမတွေ့ရ

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က ချန်းရိ ဘိနပ်စက်ရုံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူတစ်ဦး တွေ့ရတဲ့အတွက် မနေ့က စက်ရုံ ပိတ်လိုက်ပြီးတဲ့နောက်၊ အနီးကပ်ထိတွေခဲ့တဲ့ အလုပ်သမားတွေကိုလည်း စစ်ဆေးနေပါတယ်။ ကွာရန်တင်းအဖြစ် သီးခြား စောင့်ကြည့်ခံရတဲ့ အလုပ်သမားတွေအတွက် စားသောက်စရိတ်ကို သက်ဆိုင်ရာက  စီစဉ်မပေးဘဲ တစ်ရက်ကို ကျပ် ငါးထောင် ပေးနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်မှာရှိတဲ့ ချန်းရိဖိနပ်စက်ရုံက ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့ တရုတ်စကားပြန်နဲ့ အနီးကပ် ထိတွေခဲ့သူ ရှစ်ဦးကို စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ဘူးလို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ က ပြောပါတယ်။

ကျန်ရှိတဲ့အလုပ်သမားတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်ကိုစောင့်နေတယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့  အလုပ်သမားဝန်ကြီး ဒေါ်မိုးမိုးစုကြည်က RFA ကို ပြောပါတယ်။

“ ကျန်းမာရေး အဖြေပေါ်မှာမူတည်ပြီးတော့ ပြည်ထောင်စုရဲ့ ညွှန်ကြားချက်တွေအညီ အမတို့ သွားမှာဖြစ်ပါတယ်၊ အားလုံးကို Lock down လုပ်ဖို့၊ အားလုံးကို quarantineလုပ်ဖို့ အခြေအနေအားလုံးသည် ကျန်းမာရေးက ထွက်ပေါ်လာတဲ့ အဖြေပေါ်ကနေ သွားမှာဖြစ်ပါတယ်၊ ခုလောလောဆယ်ဆိုရင်လည်း case ၁၄၄နဲ့ ထိစပ်တဲ့သူ ရှစ်ယောက်စလုံးဟာ ကျန်းမာရေးစစ်ဆေးချက်တွေအရ ပိုးမတွေရပါဘူး၊ ”

အဲဒီ ပိုးတွေ့လူနာနဲ့ တစ်ဆောင်ထဲနေတဲ့ စက်ပြင်ဆရာတွေ အပါအဝင် လူ ၃၇ ယောက်ကိုတော့ အစိုးရကစီစဉ်တဲ့ Quarantine နေရာတွေမှာ ထားပြီး စစ်ဆေးနေတယ်လို့လည်း ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။

Quarantine ဝင်တဲ့ အလုပ်သမားတွေကို စားသောက်ဖို့အတွက် အစိုးရက မစီစဉ်ပေးဘဲ တစ်ရက်ကို အစားအသောက်စရိတ် ကျပ်ငါးထောင် ပေးရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ အဲဒီထဲက မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM အဖွဲ့ဝင်အလုပ်သမားတွေကိုတော့ အဖွဲ့က ကူညီပံ့ပိုးပေးတယ်လို့ သိရပါတယ်။

ကျန်တဲ့ အလုပ်သမားတွေလည်း Quarantine ဝင်မယ်ဆိုရင် အလုပ်သမားတွေဟာ တရက်လုပ်ခလစာ ကျပ် ၄၈၀၀ ဘဲရရှိတဲ့ အလုပ်သမားတွေက တစ်ရက် ငါးထောင် ပေးရမှာတွေ ဖြစ်လာနိုင်တာကြောင့် အခက်အခဲဖြစ်နိုင်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့ညမှာ ထုတ်ပြန်တဲ့ လူနာအမှတ် ၁၄၄ ဟာ လှိုင်သာယာမြို့နယ် အနော်ရထာ စက်မှုဇုန်မှာရှိတဲ့ ချန်းရိဖိနပ်စက်ရုံက မြန်မာနိုင်ငံသား တရုတ်စကားပြန် အမျိုးသားလို့ ထုတ်ပြန်ပြီးနောက် မနေ့က နေလည်ပိုင်းမှာ စက်ရုံကို ပိတ်လိုက်တာပါ။

မနေ့တုန်းက အလုပ်ဆင်းခဲ့တဲ့လူတွေ အတော်တော်များကတော့ အဆောင်တွေပြန်ရာမှာ အပြင်ထွက်သွားလာခွင့် ကန့်သတ်ခံရတာတွေရှိသလို တစ်ချို့ကျေးရွာတွေမှာ ရွာထဲအဝင်မခံဘဲ စာသင်ကျောင်းတွေမှာ Quarantine ဝင်ရတာတွေရှိပါတယ်။

တွံတေးမြို့နယ် တမံကြီးကျေးရွာကနေ ချန်းရိဖိနပ်စက်ရုံမှာ အလုပ်ဆင်းနေတဲ့ အလုပ်သမား ၃၀၀ နီးပါးရှိပြီး အဲဒီထဲက မနေ့က အလုပ်ဆင်းတဲ့ အလုပ်သမား ၅၀ ကျော်ဟာ ကျေးရွာစာသင်ကျောင်းမှာဘဲ နေရတယ်လို့ ကိုလျှမ်းထက်က ပြောပါတယ်။

“ အခုကျနော်တို့ နေတဲ့ရွာမှာပေါ့နော် လူကြီးတွေက ရွာထဲဝင်ရင်တောင်မှ အဲလိုမျိုး ကိုယ်အိမ်မှာကို နေလို့အဆင်မပြေဘူးပေါ့နော်၊ နေမယ်ဆိုရင်လည်း နေလို့ရတယ်တဲ့ ဒါပေမဲ့ မိသားစုတွေ အကုန်အပြင်မထွက်ရဘူးဆိုလို့ ကျနော်တို့က မိသားစုငဲ့ပြီး စာသင်ကျောင်းမှာဘဲ လာနေကြတာ၊ လောလောဆယ် အလုပ်ပြန်ဖွင့်လည်း ဆင်းဖို့ကအဆင်မပြေသေးဘူး”

လှိုင်သာယာမြို့နယ်က ချန်းရိအလုပ်သမားတွေရှိတဲ့ အဆောင်တွေကိုလည်း ကန့်သတ်စောင့်ကြည့်တာတွေ ပြုလုပ်နေပါတယ်။

ချိန်းရိစက်ရုံက အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေကတော့ ၂၁ ရက်လောက်ပိတ်ပေးဖို့ တောင်းဆိုနေကြပါတယ

ပိတ်ထားတဲ့ကာလမှာ လူမှုဖူလုံရေး ဥပဒေမှာပါတဲ့အတိုင်း အစိုးရနဲ့ အလုပ်ရှင်က လစာပေးစေလိုတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM အဖွဲ့ဝင် ကိုမျိုးဇော်က ပြောပါတယ်။

“ ချန်းရီဆိုလို့ရှိရင် ဘာဖြစ်ဖြစ် စောင့်ကြည်ကာလကို ၂၁ရက်ပိတ်ထားသင့်တယ်၊ ပိတ်ထားတဲ့အခါမှာလည်း ကျနော်တို့က အလုပ်ရှင်က ၄၀ရာခိုင်နှုန်း ကျခံတယ်၊အစိုးရက ၆၀ရာခိုင်နှုန်း ကျခံတဲ့ လူမှုဖူလုံရေးကနေ ဆေးခွင့်အနေအထားမျိုး ပေးပြီးတော့ စောင့်ကြည်တာမျိုး လုပ်မယ်ဆိုရင် အလုပ်သမားတွေအတွက် အဆင်ပြေနိုင်တယ်၊ ဘာမှမဖြစ်ပါဘူးဆိုပြီး စက်ရုံကို ဖွင့်လိုက်မယ်ဆိုရင်တော့ ဘယ်အချိန်မှ ပေါ်လာမှန်းမသိတဲ့ ရောဂါကြောင့် ကျနော်တို့ ပြည်သူတွေ ဒုက္ခရောက်နိုင်တယ် ဒါကြောင့်မို့ကျနော်တို့က လောလောဆယ်တော့ ချန်းရီစက်ရုံကို ပိတ်ထားစေချင်တယ်”

ရန်ကုန်တိုင်း အလုပ်သမားဝန်ကြီး ဒေါ်မိုးမိုးစုကြည်ကတော့ အလုပ်သမားတွေ အလုပ်ပိတ်ရက် လုပ်ခလစာကို ဥပဒေအညီဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံသားပိုင် ချန်းရိဖိနပ်စက်ရုံဟာ Adidas တံဆိပ်ဖိနပ်တွေကို ချုပ်လုပ်နေတာဖြစ်ပြီး စက်ရုံ ဖွင့်လှစ်ခဲ့တာ ခြောက်နှစ်လောက်ရှိပြီလို့ ဆိုပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်ရုံအလုပ်ရုံတွေကို ယာယီ ပိတ်ထားဖို့နဲ့ သက်ဆိုင်ရာက စစ်ဆေးတာတွေ လုပ်ဆောင်ပြီးမှ ဖွင့်လှစ်ခွင့်ပြုမယ်လို့ ထုတ်ပြန်ထားပါတယ်။

သင်္ကြန်ကာလ ရုံးပိတ်ရက်အလွန်မှာ ချန်းရိဖိနပ်စက်ရုံကို သက်ဆိုင်ရာက စစ်ဆေးပြီး ပြန်လည်ဖွင့်ခွင့် ပေးထားတဲ့အတွက် စက်ရုံ ပြန်ဖွင့်တဲ့နေ့မှာပဲ အလုပ်သမားတစ်ဦး ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရတာဖြစ်ပါတယ်။ အဲဒီစက်ရုံကို မနေ့နေ့လည်ကစပြီး ပြန်လည်ပိတ်ထားပါတယ်။

ကျော်လွင်ဦး / RFA Burmese
https://www.rfa.org/burmese/news/hlaingthatyar-corona-suspects-negative-result-04262020054051.html
လႈိင္သာယာစက္႐ုံ အတည္ျပဳလူနာနဲ႔ ထိေတြ႕ခဲ့သူေတြမွာ ေရာဂါပိုးမေတြ႕ရ လႈိင္သာယာစက္႐ုံ အတည္ျပဳလူနာနဲ႔ ထိေတြ႕ခဲ့သူေတြမွာ ေရာဂါပိုးမေတြ႕ရ Reviewed by THITHTOOLWIN on 18:10 Rating: 5
Powered by Blogger.