ရန္ကုန္တုိင္း ၃ ၿမိဳ႕နယ္မွာ Stay at Home အမိန္႔ စတင္အသက္၀င္


(Zawgyi / Unicode)

ရန္ကုန္တုိင္းထဲက ၿမိဳ႕နယ္တခ်ဳိ႕မွာ ကပ္ေရာဂါျဖစ္ေနခ်ိန္ အိမ္ေတြထဲမွာပဲ ေနၾကဖုိ႔ က်န္းမာေရး၀န္ႀကီးဌာနက အမိန္႔ထုတ္ျပန္လုိက္ပါတယ္။ အျပည့္အစုံကို မဆုမြန္က ဆက္သြယ္ေမးျမန္းၿပီး တင္ျပေပးထားပါတယ္။

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါ ကူးစက္သူေတြ တုိးလာေနခ်ိန္မွာပဲ ကူးစက္မႈေတြကုိ ထိန္းခ်ဳပ္ႏုိင္ဖုိ႔ ရန္ကုန္တုိင္းအတြင္းက ၿမိဳ႕နယ္တခ်ဳိ႕မွာ ေနအိမ္မွာပဲေနၾကဖုိ႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက အမိန္႔ထုတ္လုိက္တာပါ။ ၁၉၉၅ ခုႏွစ္ ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရး ဥပေဒပုဒ္မ ၂၁ ပုဒ္မခြဲ (ခ) ပါ လုပ္ပိုင္ခြင့္အရ ထုတ္ျပန္လုိက္တာျဖစ္ၿပီး စေနေန႔မွာ စတင္အသက္၀င္ခဲ့တဲ့ အမိန္႔အရ တာေမြၿမိဳ႕နယ္၊ ဗုိလ္တေထာင္ၿမိဳ႕နယ္နဲ႔ မဂၤလာဒံုၿမိဳ႕နယ္ ၃ ၿမိဳ႕နယ္မွာ ေနထုိင္သူေတြ မလုိအပ္ဘဲ အျပင္မသြားဖုိ႔ တားျမစ္ထားပါတယ္။ မျဖစ္မေန ေစ်းဝယ္ထြက္ရင္ တဦးပဲထြက္ဖို႔ ေဆး႐ုံေဆးခန္းသြားရင္ ၂ ဦးထက္ မပုိၾကဖုိ႔၊ အျပင္ထြက္ရင္လည္း ပါးစပ္/ႏွာေခါင္းစည္း ၀တ္ၾကဖုိ႔လည္း သတ္မွတ္ထားပါတယ္။

အမိန္႔အရေတာ့ သက္ဆုိင္ရာ ရပ္ကြက္ၿမိဳ႕နယ္ေတြထဲ ခြင့္ျပဳခ်က္ရထားတဲ့ ယာဥ္ေတြသာ သြားလာခြင့္ရွိမွာျဖစ္ၿပီး အမိန္႔ကို မလုိက္နာရင္ေတာ့ အေရးယူမွာပါ။ ရန္ကုန္ၿမိဳ႕က တရားလႊတ္ေတာ္ေရွ႕ေန ဦးေရာဘတ္စန္းေအာင္ကေတာ့ ေထာင္ဒဏ္၊ ေငြဒဏ္ အပါအ၀င္ အေရးယူ အျပစ္ေပးခံရႏုိင္တဲ့အမိန္႔ ျဖစ္တဲ့အတြက္ အမ်ားျပည္သူသိေအာင္ ရွင္းျပဖုိ႔လုိတယ္လုိ႔ ေျပာပါတယ္။

“ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္ႏွင္းေရး ဥပေဒဆိုတာ နဝတလက္ထက္မွာ ျပ႒ာန္းခဲ့တာပါ။ အဲ့ဒီ့ျပ႒ာန္းခ်က္ ပုဒ္မ ၂ (က) မွာဆိုရင္ ကူးစက္ေရာဂါေတြကို အဓိပၸာယ္ဖြင့္ထားပါတယ္။ က်န္းမာေရးဝန္ႀကီးဌာနက ကူးစက္ျမန္ေရာဂါလို႔ သတ္မွတ္ထားတဲ့ ေရာဂါေတြ ပါပါတယ္။ ဒီျပ႒ာန္းခ်က္ရဲ႕ သေဘာကေတာ့ ကူးစက္ျမန္ေရာဂါေတြကေန လူ႔အဖြဲ႔အစည္းတခုလံုးကို ေရာဂါဘယေတြ ကူးစက္ၿပီး ဒုကၡေရာက္မႈကေန ကာကြယ္ႏုိင္ေအာင္ အသြားအလာ ကန္႔သတ္မႈေတြ လုပ္ႏိုင္ေအာင္ပါ။

“အဲ့ဒီ့လို ဥပေဒျပ႒ာန္းမႈေတြကို မလိုက္နာဘူးဆုိရင္ ဥပေဒအရ အေရးယူလို႔ ရပါတယ္။ အဲ့ဒီ့မွာ အဓိက ကူးစက္ျမန္ေရာဂါေတြ ျဖစ္လာရင္ ေရာဂါထိန္းခ်ဳပ္ႏုိင္ဖို႔ အသြားအလာ ကန္႔သတ္တာ တားျမစ္ပိတ္ပင္တာလို တင္းက်ပ္တဲ့ ဥပေဒေတြ ထုတ္တာျဖစ္လို႔ လူထုလိုက္နာဖို႔ အေရးႀကီးပါတယ္။ အခုက တာေမြရယ္၊ ဗိုလ္တေထာင္ရယ္၊ မဂၤလာဒံုရယ္ သံုးၿမိဳ႕နယ္ကို ထုတ္ျပန္ထားတယ္။ အဲ့ဒီ့ၿမိဳ႕နယ္ေတြမွာ ျပ႒ာန္းခ်က္ေတြကို မလိုက္နာဘူး ပ်က္ကြယ္မယ္ဆိုရင္ အခု အဲ့ဒီ့ဥပေဒကို ျပ႒ာန္းခ်က္ ျပင္ဆင္ခ်က္ေတြအရဆိုရင္ ျပစ္ဒဏ္ေတြကို ထပ္တိုးထားတယ္။ ေငြဒဏ္ကိုလည္း တိုးထားသလို ေထာင္ဒဏ္ကိုလည္း တိုးထားတယ္။ အခုအခ်ိန္က COVID-19 ခ်ိန္ကလည္း အင္မတန္ကို အႏၱရာယ္ႀကီးေနတဲ့ အခ်ိန္မို႔ပါ။”

က်န္းမာေရးပညာေပး လုပ္ငန္းေတြမွာ ကူညီေဆာင္ရြက္ေပးေနတဲ့ ရန္ကုန္ၿမိဳ႕က ေဒါက္တာကိုကိုေထြးကေတာ့ ကိုယ္တုိင္လည္း ကူးစက္မခံရေအာင္ တျခားသူေတြကိုလည္း ထပ္ဆင့္မကူးေအာင္ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထပ္ဆင့္ထုတ္ျပန္ခ်က္ကုိ လုိက္နာၾကဖုိ႔ တိုက္တြန္းထားပါတယ္။

“အစိုးရကေတာ့ ျပည္သူလူထုကို အိမ္မွာပဲေနေပးၾကပါလို႔ ေျပာတာပါ။ ဒါေၾကာင့္ ျပည္သူလူထု အိမ္ေတြထဲမွာပဲေနၾကဖို႔ အင္မတန္ အေရးႀကီးတယ္။ တကယ္လို႔ ေနာက္ထပ္ တလေလာက္ Stay At Home ေနေပးၾကမယ္ဆိုရင္ ၿမိဳ႕တိုင္းၿမိဳ႕တိုင္းသာ အိမ္ေတြထဲ ေနေပးမယ္ဆိုရင္ ဗိုင္းရပ္စ္ျပန္႔ပြားမႈကေန ေတာ္ေတာ္ေလးကို ကင္းသြားႏုိင္တယ္။ တကယ္လို႔ အိမ္ေတြထဲကေန မျဖစ္မေန သြားရမယ့္လူမ်ိဳး ဥပမာ အလုပ္သြားရမယ့္ အစိုးရဝန္ထမ္းဆိုရင္ တေယာက္ထြက္ေပါ့ေလ။ တကယ္လို႔ ေဆးခန္းသြားရမယ္ဆိုလည္း ၂ ေယာက္ထြက္ေပါ့ေလ။ အေကာင္းဆံုးကေတာ့ေလ အိမ္ေတြထဲမွာပဲ ေနေပးၾကပါ။

“အခုဆိုရင္ ေဆး႐ုံေတြ စင္တာေတြမွာ ေဆးပညာရွင္ေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြဟာ ကပ္ေရာဂါျဖစ္ပြားခ်ိန္ ေဆးကုသမႈ ေပးေနၾကရခ်ိန္ အိမ္ထဲမွာပဲ ေနေပးျခင္းနဲ႔ ကူညီေပးၾကပါလို႔ ေမတၱာရပ္ခံတယ္။ အျပင္ထြက္လို႔ ေရာဂါေတြျဖစ္ၾကရင္ က်ေနာ္တို႔ေတြအတြက္လည္း ဒုကၡေတြမ်ားပါတယ္။ ဒီဘက္မွာ ေဆး႐ုံေတြမွာလည္း လူနာေတြလည္း အရမ္းမ်ားေနတယ္။ ေစာင့္ၾကည့္ေနရတဲ့ သူေတြလည္း ရွိေနတာမို႔။ ဒါေၾကာင့္ အတတ္ႏုိင္ဆံုး အိမ္ေတြထဲမွာေနပါလို႔။”

က်န္းမာေရး၀န္ႀကီးဌာနက တတ္ႏုိင္သမွ် အျပင္မထြက္ဘဲ အိမ္မွာေနၾကဖုိ႔ ေျပာထားေပမယ့္ က်န္းမာေရးကိစၥ အပါအ၀င္ အေရးေပၚ လုိအပ္ခ်က္အရ သြားလာမယ္ဆုိရင္ေတာ့ သက္ဆုိင္ရာ အာဏာပုိင္ေတြရဲ႕ ခြင့္ျပဳခ်က္နဲ႔ သြားလာခြင့္ ျပဳထားပါတယ္။ ကမာၻ႔ကပ္ေရာဂါနဲ႔ ႀကံဳေနရတဲ့ အေရးေပၚ အေျခအေနမ်ဳိးမွာ လုိအပ္ခ်က္အရ ထုတ္ျပန္တဲ့ အမိန္႔ကုိေတာ့ လုိက္နာဖုိ႔ လုိတယ္လုိ႔လည္း ေရွ႕ေန ဦးေရာဘတ္စန္းေအာင္က ေျပာပါတယ္။

“သက္ဆုိင္ရာ ဝန္ႀကီးဌာနမ်ားကလည္း အမိန္႔ ညႊန္ၾကားခ်က္မ်ားကို အခ်ိန္မီ တေျပးညီ ထုတ္ေပးဖို႔လိုပါတယ္။ အဲ့သလို ထုတ္ေပးတဲ့ ညႊန္ၾကားခ်က္ေတြကိုလည္း ျပည္သူလူထုက မိမိအပါအဝင္ အမ်ားျပည္သူရဲ႕ အက်ိဳးအတြက္ လိုက္နာေပးၾကပါ။ အတြန္႔တက္တာမ်ိဳးေတြ မလုပ္ပါနဲ႔။ တခ်ိဳ႕ က်ေနာ္တို႔ ေတြ႔ေနရတာ အတြန္႔ေတြတက္ၿပီး ျပႆနာရွာတယ္။ ဒါေတြ မေကာင္းပါဘူး။ ဒါေတြ မလုပ္ပါနဲ႔။ အမ်ားအတြက္ ညႊန္ၾကားခ်က္ေတြကို ေလးစားလိုက္နာေပးၾကပါလို႔လည္း က်ေနာ္ကေတာ့ ေလးေလးစားစား ေမတၱာရပ္ခံ ေတာင္းပန္ခ်င္ပါတယ္။”

က်န္းမာေရး၀န္ႀကီးဌာနရဲ႕ တနဂၤေႏြေန႔မနက္ ၇ နာရီအထိ ထုတ္ျပန္ခ်က္မွာေတာ့ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္သူ အမ်ဳိးသား ၂ ဦးကုိ ထပ္မံအတည္ျပဳထားပါတယ္။ အခုေနာက္ဆုံး အတည္ျပဳလုိက္တဲ့သူ ၂ ဦးနဲ႔ပါဆုိရင္ေတာ့ ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါပုိး ကူးစက္ခံခဲ့ရသူ စုစုေပါင္း ၁၄၆ ဦးအထိ ရွိေနပါၿပီ။

မဆုမြန္  / ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------

(Unicode)

ရန်ကုန်တိုင်း ၃ မြို့နယ်မှာ Stay at Home အမိန့် စတင်အသက်ဝင်

ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ ကပ်ရောဂါဖြစ်နေချိန် အိမ်တွေထဲမှာပဲ နေကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်သူတွေ တိုးလာနေချိန်မှာပဲ ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့မှာ နေအိမ်မှာပဲနေကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အမိန့်ထုတ်လိုက်တာပါ။ ၁၉၉၅ ခုနှစ် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်အရ ထုတ်ပြန်လိုက်တာဖြစ်ပြီး စနေနေ့မှာ စတင်အသက်ဝင်ခဲ့တဲ့ အမိန့်အရ တာမွေမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ် ၃ မြို့နယ်မှာ နေထိုင်သူတွေ မလိုအပ်ဘဲ အပြင်မသွားဖို့ တားမြစ်ထားပါတယ်။ မဖြစ်မနေ ဈေးဝယ်ထွက်ရင် တဦးပဲထွက်ဖို့ ဆေးရုံဆေးခန်းသွားရင် ၂ ဦးထက် မပိုကြဖို့၊ အပြင်ထွက်ရင်လည်း ပါးစပ်/နှာခေါင်းစည်း ဝတ်ကြဖို့လည်း သတ်မှတ်ထားပါတယ်။

အမိန့်အရတော့ သက်ဆိုင်ရာ ရပ်ကွက်မြို့နယ်တွေထဲ ခွင့်ပြုချက်ရထားတဲ့ ယာဉ်တွေသာ သွားလာခွင့်ရှိမှာဖြစ်ပြီး အမိန့်ကို မလိုက်နာရင်တော့ အရေးယူမှာပါ။ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ ထောင်ဒဏ်၊ ငွေဒဏ် အပါအဝင် အရေးယူ အပြစ်ပေးခံရနိုင်တဲ့အမိန့် ဖြစ်တဲ့အတွက် အများပြည်သူသိအောင် ရှင်းပြဖို့လိုတယ်လို့ ပြောပါတယ်။

“ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေဆိုတာ နဝတလက်ထက်မှာ ပြဋ္ဌာန်းခဲ့တာပါ။ အဲ့ဒီ့ပြဋ္ဌာန်းချက် ပုဒ်မ ၂ (က) မှာဆိုရင် ကူးစက်ရောဂါတွေကို အဓိပ္ပာယ်ဖွင့်ထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ကူးစက်မြန်ရောဂါလို့ သတ်မှတ်ထားတဲ့ ရောဂါတွေ ပါပါတယ်။ ဒီပြဋ္ဌာန်းချက်ရဲ့ သဘောကတော့ ကူးစက်မြန်ရောဂါတွေကနေ လူ့အဖွဲ့အစည်းတခုလုံးကို ရောဂါဘယတွေ ကူးစက်ပြီး ဒုက္ခရောက်မှုကနေ ကာကွယ်နိုင်အောင် အသွားအလာ ကန့်သတ်မှုတွေ လုပ်နိုင်အောင်ပါ။

“အဲ့ဒီ့လို ဥပဒေပြဋ္ဌာန်းမှုတွေကို မလိုက်နာဘူးဆိုရင် ဥပဒေအရ အရေးယူလို့ ရပါတယ်။ အဲ့ဒီ့မှာ အဓိက ကူးစက်မြန်ရောဂါတွေ ဖြစ်လာရင် ရောဂါထိန်းချုပ်နိုင်ဖို့ အသွားအလာ ကန့်သတ်တာ တားမြစ်ပိတ်ပင်တာလို တင်းကျပ်တဲ့ ဥပဒေတွေ ထုတ်တာဖြစ်လို့ လူထုလိုက်နာဖို့ အရေးကြီးပါတယ်။ အခုက တာမွေရယ်၊ ဗိုလ်တထောင်ရယ်၊ မင်္ဂလာဒုံရယ် သုံးမြို့နယ်ကို ထုတ်ပြန်ထားတယ်။ အဲ့ဒီ့မြို့နယ်တွေမှာ ပြဋ္ဌာန်းချက်တွေကို မလိုက်နာဘူး ပျက်ကွယ်မယ်ဆိုရင် အခု အဲ့ဒီ့ဥပဒေကို ပြဋ္ဌာန်းချက် ပြင်ဆင်ချက်တွေအရဆိုရင် ပြစ်ဒဏ်တွေကို ထပ်တိုးထားတယ်။ ငွေဒဏ်ကိုလည်း တိုးထားသလို ထောင်ဒဏ်ကိုလည်း တိုးထားတယ်။ အခုအချိန်က COVID-19 ချိန်ကလည်း အင်မတန်ကို အန္တရာယ်ကြီးနေတဲ့ အချိန်မို့ပါ။”

ကျန်းမာရေးပညာပေး လုပ်ငန်းတွေမှာ ကူညီဆောင်ရွက်ပေးနေတဲ့ ရန်ကုန်မြို့က ဒေါက်တာကိုကိုထွေးကတော့ ကိုယ်တိုင်လည်း ကူးစက်မခံရအောင် တခြားသူတွေကိုလည်း ထပ်ဆင့်မကူးအောင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထပ်ဆင့်ထုတ်ပြန်ချက်ကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။

“အစိုးရကတော့ ပြည်သူလူထုကို အိမ်မှာပဲနေပေးကြပါလို့ ပြောတာပါ။ ဒါကြောင့် ပြည်သူလူထု အိမ်တွေထဲမှာပဲနေကြဖို့ အင်မတန် အရေးကြီးတယ်။ တကယ်လို့ နောက်ထပ် တလလောက် Stay At Home နေပေးကြမယ်ဆိုရင် မြို့တိုင်းမြို့တိုင်းသာ အိမ်တွေထဲ နေပေးမယ်ဆိုရင် ဗိုင်းရပ်စ်ပြန့်ပွားမှုကနေ တော်တော်လေးကို ကင်းသွားနိုင်တယ်။ တကယ်လို့ အိမ်တွေထဲကနေ မဖြစ်မနေ သွားရမယ့်လူမျိုး ဥပမာ အလုပ်သွားရမယ့် အစိုးရဝန်ထမ်းဆိုရင် တယောက်ထွက်ပေါ့လေ။ တကယ်လို့ ဆေးခန်းသွားရမယ်ဆိုလည်း ၂ ယောက်ထွက်ပေါ့လေ။ အကောင်းဆုံးကတော့လေ အိမ်တွေထဲမှာပဲ နေပေးကြပါ။

“အခုဆိုရင် ဆေးရုံတွေ စင်တာတွေမှာ ဆေးပညာရှင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ကပ်ရောဂါဖြစ်ပွားချိန် ဆေးကုသမှု ပေးနေကြရချိန် အိမ်ထဲမှာပဲ နေပေးခြင်းနဲ့ ကူညီပေးကြပါလို့ မေတ္တာရပ်ခံတယ်။ အပြင်ထွက်လို့ ရောဂါတွေဖြစ်ကြရင် ကျနော်တို့တွေအတွက်လည်း ဒုက္ခတွေများပါတယ်။ ဒီဘက်မှာ ဆေးရုံတွေမှာလည်း လူနာတွေလည်း အရမ်းများနေတယ်။ စောင့်ကြည့်နေရတဲ့ သူတွေလည်း ရှိနေတာမို့။ ဒါကြောင့် အတတ်နိုင်ဆုံး အိမ်တွေထဲမှာနေပါလို့။”

ကျန်းမာရေးဝန်ကြီးဌာနက တတ်နိုင်သမျှ အပြင်မထွက်ဘဲ အိမ်မှာနေကြဖို့ ပြောထားပေမယ့် ကျန်းမာရေးကိစ္စ အပါအဝင် အရေးပေါ် လိုအပ်ချက်အရ သွားလာမယ်ဆိုရင်တော့ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ သွားလာခွင့် ပြုထားပါတယ်။ ကမ္ဘာ့ကပ်ရောဂါနဲ့ ကြုံနေရတဲ့ အရေးပေါ် အခြေအနေမျိုးမှာ လိုအပ်ချက်အရ ထုတ်ပြန်တဲ့ အမိန့်ကိုတော့ လိုက်နာဖို့ လိုတယ်လို့လည်း ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“သက်ဆိုင်ရာ ဝန်ကြီးဌာနများကလည်း အမိန့် ညွှန်ကြားချက်များကို အချိန်မီ တပြေးညီ ထုတ်ပေးဖို့လိုပါတယ်။ အဲ့သလို ထုတ်ပေးတဲ့ ညွှန်ကြားချက်တွေကိုလည်း ပြည်သူလူထုက မိမိအပါအဝင် အများပြည်သူရဲ့ အကျိုးအတွက် လိုက်နာပေးကြပါ။ အတွန့်တက်တာမျိုးတွေ မလုပ်ပါနဲ့။ တချို့ ကျနော်တို့ တွေ့နေရတာ အတွန့်တွေတက်ပြီး ပြဿနာရှာတယ်။ ဒါတွေ မကောင်းပါဘူး။ ဒါတွေ မလုပ်ပါနဲ့။ အများအတွက် ညွှန်ကြားချက်တွေကို လေးစားလိုက်နာပေးကြပါလို့လည်း ကျနော်ကတော့ လေးလေးစားစား မေတ္တာရပ်ခံ တောင်းပန်ချင်ပါတယ်။”

ကျန်းမာရေးဝန်ကြီးဌာနရဲ့ တနင်္ဂနွေနေ့မနက် ၇ နာရီအထိ ထုတ်ပြန်ချက်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အမျိုးသား ၂ ဦးကို ထပ်မံအတည်ပြုထားပါတယ်။ အခုနောက်ဆုံး အတည်ပြုလိုက်တဲ့သူ ၂ ဦးနဲ့ပါဆိုရင်တော့ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်ခံခဲ့ရသူ စုစုပေါင်း ၁၄၆ ဦးအထိ ရှိနေပါပြီ။

မဆုမွန်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/yangon-stay-at-h…/5392583.html
ရန္ကုန္တုိင္း ၃ ၿမိဳ႕နယ္မွာ Stay at Home အမိန္႔ စတင္အသက္၀င္ ရန္ကုန္တုိင္း ၃ ၿမိဳ႕နယ္မွာ Stay at Home အမိန္႔ စတင္အသက္၀င္ Reviewed by THITHTOOLWIN on 20:22 Rating: 5
Powered by Blogger.