ကိုဗစ္-၁၉ ကူးစက္ေရာဂါကာကြယ္ကုသေရး စြမ္းစြမ္းတမံေဆာင္႐ြက္ေနသူေတြ ျပည္သူ႔ဂုဏ္ရည္ဆု ရရွိ

ကပ္ေရာဂါေၾကာင့္ ဒီႏွစ္မွာ ျပည္သူ႔ဂုဏ္ရည္ဆု ခ်ီးျမႇင့္ပြဲကိုအခမ္းအနားနဲ႔ မလုပ္ျဖစ္ခဲ့ဘဲ အက်ဥ္းခ်ဳံး က်င္းပ
(Zawgyi)⤵⤵⤵
ကမာၻ႔ကပ္ေရာဂါ ကု႐ိုနာဗိုင္းရပ္စ္ ကိုဗစ္-၁၉ ကာကြယ္ထိန္းခ်ဳပ္ ကုသေရးကိစၥေတြမွာ စြမ္းစြမ္းတမံ အနစ္နာခံေဆာင္႐ြက္ေနတဲ့ သူရဲေကာင္းေတြကို ဒီႏွစ္ ၁၁ ႀကိမ္ေျမာက္ ျပည္သူ႔ဂုဏ္ရည္ဆု ခ်ီးျမႇင့္ဂုဏ္ျပဳေၾကာင္း အဲဒီအဖြဲ႕က သတင္းထုတ္ျပန္ပါတယ္။

ဒါေၾကာင့္ ကိုဗစ္၁၉ ကာကြယ္ထိန္းခ်ဳပ္ကုသေရးအမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီကို ဂုဏ္ျပဳေငြ က်ပ္ ၄၀၃ သိန္းကို ေပးအပ္လႉဒါန္းခဲ့တယ္လို႔ ျပည္သူ႔ဂုဏ္ရည္အဖြဲ႕ ထုတ္ျပန္ခ်က္က ဆိုပါတယ္။

ကိုဗစ္ အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီကို ေဒၚေအာင္ဆန္းစုၾကည္က ဥကၠ႒အျဖစ္ ဦးေဆာင္တာျဖစ္ပါတယ္။

ျပည္သူ႔ဂုဏ္ရည္ဆုခ်ီးျမႇင့္တဲ့အဖြဲ႕ကို ျပည္ပေရာက္ ျမန္မာႏိုင္ငံသားေတြနဲ႔ ၂၀၁၀ ျပည့္ႏွစ္၊ မတ္လ ၂၃ ရက္က တည္ေထာင္ခဲ့တာျဖစ္ၿပီး ဆုရရွိသူေတြကို အေမရိကန္ေဒၚလာတစ္ေသာင္း သတ္မွတ္ခ်ီးျမႇင့္ေလ့ရွိပါတယ္။

ဒါေပမဲ့ ဒီႏွစ္မွာေတာ့ ကိုဗစ္၁၉ အတြက္ရည္႐ြယ္ၿပီး အလႉေငြေတြထပ္တိုးေကာက္ခံခဲ့တာေၾကာင့္ ေဒၚလာ ႏွစ္ေသာင္းရွစ္ေထာင္ေက်ာ္ လႉဒါန္းႏိုင္ခဲ့တယ္လို႔ သိရပါတယ္။
 ေဖာင္ႀကီးဝန္ထမ္းေလ့က်င့္ေရးေက်ာင္းကို ယာယီေဆး႐ုံအျဖစ္ အသြင္ေျပာင္းထား
မေန႔က သမၼတအမိန႔္နဲ႔ ဖြဲ႕စည္းခဲ့တဲ့ အမ်ိဳးသားအဆင့္ ေစတနာ့ဝန္ထမ္း ဦးေဆာင္အဖြဲ႕ကို ေဒၚေအာင္ဆန္းစုၾကည္က ဥကၠ႒၊ လူကယ္ျပန္ ျပည္ေထင္စုဝန္ႀကီးက အတြင္းေရးမႉး၊ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီး၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ တိုင္းနဲ႔ျပည္နယ္ဝန္ႀကီးခ်ဳပ္အားလုံးနဲ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက အၿမဲတမ္းအတြင္းဝန္ ႏွစ္ဦးတို႔က အဖြဲ႕ဝင္အျဖစ္ ပါဝင္မွာျဖစ္ပါတယ္။

ကိုဗစ္၁၉ ေရာဂါအေရးေပၚတုံ႔ျပန္ေရးအတြက္ အစိုးရမူဝါဒနဲ႔အညီ ေဆာင္႐ြက္ႏိုင္ဖို႔ အခေၾကးေငြမယူဘဲ လိုအပ္တဲ့အေျခအေနမွာ ပါဝင္ကူညီေဆာင္႐ြက္ေပးတဲ့ ေစတနာ့ဝန္ထမ္းေတြ စနစ္တက် ပါဝင္လာေစဖို႔ ဒီအဖြဲ႕ကို ဖြဲ႕စည္းတာျဖစ္တယ္လို႔ သမၼတ႐ုံးေျပာခြင့္ရသူ ဦးေဇာ္ေဌးက ေျပာၾကားထားပါတယ္။

BBC Burmese
----------------------------------
(Unicode)⤵⤵⤵
ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ကုသရေး စွမ်းစွမ်းတမံဆောင်ရွက်နေသူတွေ ပြည်သူ့ဂုဏ်ရည်ဆု ရရှိ

ကမ္ဘာ့ကပ်ရောဂါ ကုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကိစ္စတွေမှာ စွမ်းစွမ်းတမံ အနစ်နာခံဆောင်ရွက်နေတဲ့ သူရဲကောင်းတွေကို ဒီနှစ် ၁၁ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ဂုဏ်ပြုကြောင်း အဲဒီအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒါကြောင့် ကိုဗစ်၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကို ဂုဏ်ပြုငွေ ကျပ် ၄၀၃ သိန်းကို ပေးအပ်လှူဒါန်းခဲ့တယ်လို့ ပြည်သူ့ဂုဏ်ရည်အဖွဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ကိုဗစ် အမျိုးသားအဆင့် ဗဟိုကော်မတီကို ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်တာဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်တဲ့အဖွဲ့ကို ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့ ၂၀၁၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်က တည်ထောင်ခဲ့တာဖြစ်ပြီး ဆုရရှိသူတွေကို အမေရိကန်ဒေါ်လာတစ်သောင်း သတ်မှတ်ချီးမြှင့်လေ့ရှိပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာတော့ ကိုဗစ်၁၉ အတွက်ရည်ရွယ်ပြီး အလှူငွေတွေထပ်တိုးကောက်ခံခဲ့တာကြောင့် ဒေါ်လာ နှစ်သောင်းရှစ်ထောင်ကျော် လှူဒါန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

မနေ့က သမ္မတအမိန့်နဲ့ ဖွဲ့စည်းခဲ့တဲ့ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ၊ လူကယ်ပြန် ပြည်ထေင်စုဝန်ကြီးက အတွင်းရေးမှူး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်အားလုံးနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် နှစ်ဦးတို့က အဖွဲ့ဝင်အဖြစ် ပါဝင်မှာဖြစ်ပါတယ်။

ကိုဗစ်၁၉ ရောဂါအရေးပေါ်တုံ့ပြန်ရေးအတွက် အစိုးရမူဝါဒနဲ့အညီ ဆောင်ရွက်နိုင်ဖို့ အခကြေးငွေမယူဘဲ လိုအပ်တဲ့အခြေအနေမှာ ပါဝင်ကူညီဆောင်ရွက်ပေးတဲ့ စေတနာ့ဝန်ထမ်းတွေ စနစ်တကျ ပါဝင်လာစေဖို့ ဒီအဖွဲ့ကို ဖွဲ့စည်းတာဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြောကြားထားပါတယ်။

BBC Burmese
https://www.bbc.com/burmese/52429652
ကိုဗစ္-၁၉ ကူးစက္ေရာဂါကာကြယ္ကုသေရး စြမ္းစြမ္းတမံေဆာင္႐ြက္ေနသူေတြ ျပည္သူ႔ဂုဏ္ရည္ဆု ရရွိ ကိုဗစ္-၁၉ ကူးစက္ေရာဂါကာကြယ္ကုသေရး စြမ္းစြမ္းတမံေဆာင္႐ြက္ေနသူေတြ ျပည္သူ႔ဂုဏ္ရည္ဆု ရရွိ Reviewed by THITHTOOLWIN on 16:55 Rating: 5
Powered by Blogger.