ေရွ႕တန္းက က်န္းမာေရးဝန္ထမ္းတခ်ိဳ႕ ခြဲျခားဆက္ဆံခံေနရ

(Zawgyi)⤵⤵⤵
 ကို႐ိုနာဗိုင္းရပ္စ္ တားဆီးကာကြယ္ကုသေရးကို ေရွ႕တန္းကေဆာင္႐ြက္ေနတဲ့ က်န္းမာေရး ဝန္ထမ္းေတြနဲ႔ ေစတနာ့ဝန္ထမ္းေတြ ခြဲျခားဆက္ဆံ ခံေနရပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ကုသေရး ေဆာင္႐ြက္ရာမွာ အတည္ျပဳလူနာနဲ႔  ထိေတြ႕မိတဲ့ က်န္းမာေရး ဝန္ထမ္းေတြနဲ႔ ေစတနာ့ဝန္ထမ္းေတြဟာ ၾကပ္မတ္ေစာင့္ၾကည့္ခံၾကရၿပီး အဲဒီလို ေစာင့္ၾကည့္ခံရတဲ့အခါ ပတ္ဝန္းက်င္က ခြဲျခားဆက္ဆံတာကို ခံေနၾကရပါတယ္။

လူနာအမွတ္ ၁၄၅ ကို ေဆး႐ုံအထိ သြားေရာက္ပို႔ေဆာင္ခဲ့တဲ့ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ထဲက စစ္ကိုင္းၿမိဳ႕၊ ပါရမီရပ္ကြက္ထဲက ေစတနာရွင္တစ္ေယာက္ကို သီးျခားေနထိုင္ႏိုင္မယ့္ ေနရာတစ္ခုကို စီစဥ္ေပးခဲ့ေပမယ့္လည္း  ရပ္ကြက္က လက္မခံတဲ့အတြက္ ေနရာေျပာင္းေ႐ႊ႕ခဲ့ရပါတယ္။

ကူညီေပးေနသူေတြကို ေဒသခံတခ်ိဳ႕က အခုလိုတုံ႔ျပန္တဲ့အတြက္ စိတ္မေကာင္းျဖစ္ရတယ္လို႔ စစ္ကိုင္းၿမိဳ႕ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ဝင္ ယာဥ္ေမာင္း ကိုဟိန္းေဇာ္ထက္က RFA ကို ေျပာပါတယ္။

“ေဘးပတ္ဝန္းက်င္မွာ က်န္းမာေရးအသိရွိတဲ့သူက တခ်ိဳ႕တဝက္ေလာက္ပဲရွိတယ္။ တကယ္ေတာ့ ေရာဂါကို ေၾကာက္တယ္သာေျပာေနတာ တကယ္တမ္း သူတို႔အျပင္သြားရင္ ႏွာေခါင္းစည္းပဲပါတယ္၊ တခ်ိဳ႕ဆို မပါ ေတာင္မပါဘူး။ PPE ဝတ္စုံအျပည့္အစုံနဲ႔ေတာင္ ကြၽန္ေတာ္တို႔ကို ေရာဂါသံသယဆိုၿပီး လက္သင့္မခံတာ သူတို႔က ႏွာေခါင္းစည္းတစ္ခုတည္းနဲ႔ မေၾကာက္တာ စဥ္းစားစရာပဲ။ ပထမေတာ့ ဝမ္းနည္းမိေတာ့ ကိုယ့္ၿမိဳ႕ အတြက္ ဒီေလာက္ထိ ေရွ႕ကေန လုပ္ေပးတာေတာင္မွ ရပ္ကြက္က အသိအမွတ္မျပဳဘူး၊ ေနဖို႔အတြက္ေတာင္ ကန႔္ကြက္တယ္ဆိုေတာ့ စိတ္ထဲမေကာင္းဘူး”

ဗိုင္းရပ္စ္ ကူးစက္ခံရသူကို ေဆးဝါးကုသႏိုင္ဖို႔ ကူညီခဲ့သူကို ရပ္ကြက္က လက္မခံတဲ့အတြက္ စစ္ကိုင္းၿမိဳ႕ ႏွစ္ခုႏွစ္ရာကြင္းထဲကို  ေျပာင္းေ႐ႊ႕ေနရတယ္လို႔ ကိုဟိန္းေဇာ္ထက္က ေျပာပါတယ္။

ဒါ့အျပင္ မႏၲေလးတိုင္း၊ မတၱရာၿမိဳ႕နယ္က လူနာအမွတ္ ၁၃၂ နဲ႔ ထိေတြ႕ခဲ့လို႔ ေနအိမ္ၾကပ္မတ္ ေစာင့္ၾကည့္ေနတဲ့ သူနာျပဳဆရာမတစ္ဦးကိုလည္း ရပ္႐ြာက ေရာဂါသည္အိမ္ဆိုၿပီး ခြဲျခားဆက္ဆံ ေျပာဆိုေနတယ္လို႔ ကာယကံရွင္ သူနာျပဳဆရာမက ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

ရန္ကုန္ၿမိဳ႕ လႈိင္သာယာေဆး႐ုံႀကီးက သူနာျပဳ ဆရာမ ေအးမိစံကေတာ့ က်န္းမာေရးဝန္ထမ္းေတြ ခြဲျခားဆက္ဆံ ခံရတယ္ဆိုတာ သိရလို႔ ဝမ္းနည္းမိတယ္လို႔ ဆိုပါတယ္။

“နည္းနည္းေတာ့ ခံစားရေတာ့ သူတို႔ရဲ႕ ခြဲျခားဆက္ဆံမႈေတြ မ်ားလာတယ္ဆိုရင္ က်န္းမာေရး ယႏၲရားမွာ အေႏွာင့္အယွက္ျဖစ္လာမွာ ဒါက ကပ္ေရာဂါအသြင္ျဖစ္ပါတယ္။ ျပည္သူလူထုက မပါဝင္ရင္ ေၾကာက္စရာ ေကာင္းပါတယ္။ ေၾကာက္႐ြံ႕တယ္ဆိုတာကလည္း နည္းမွန္လမ္းမွန္ ေၾကာက္႐ြံ႕ဖို႔လိုပါတယ္။ ေၾကာက္႐ြံ႕တာ နည္းလမ္းမွားသြားေတာ့ ခြဲျခားဆက္ဆံတာေတြျဖစ္လာတယ္၊ အဲဒါကို ဘယ္လိုျပန္ျပင္ၾကမလဲ၊ အမ်ားႀကီး ႀကိဳးစားၾကရဦးမယ္လို႔ ေတြးမိပါတယ္”

ရန္ကုန္ၿမိဳ႕မွာ အေဆာင္ငွား၊ အခန္းငွားေနရတဲ့ သူနာျပဳဆရာမ တခ်ိဳ႕ကလည္း  အေဆာင္ပိုင္ရွင္ေတြက လက္မခံေတာ့လို႔ ေနစရာ ေနရာမရွိတဲ့ ျပႆနာေတြ ႀကဳံေနရတယ္လို႔လည္း ေဖ့စ္ဘြတ္စာမ်က္ႏွာေတြမွာ ရင္ဖြင့္ေျပာဆိုေနပါတယ္။

စိတၱဇဆန္ဆန္ အလြန္အကြၽန္ေၾကာက္တာေတာ့ မျဖစ္သင့္ဘူးလို႔ စစ္ကိုင္းၿမိဳ႕က အေရးေပၚ ကြပ္ကဲေရး အဖြဲ႕ဝင္ ကိုဘတင့္က ေျပာပါတယ္။

“ေၾကာက္တာက ေၾကာက္လို႔ရတယ္ ဒါေပမယ့္ လြန္လြန္ကြၽံကြၽံႀကီး ဥပဒါန္ေၾကာင့္ ဥပါဒ္ျဖစ္သြားႏိုင္တယ္။ ဆရာဝန္ေတြလည္း PPE နဲ႔ ေသခ်ာကာကြယ္ထားတာ သူတို႔လည္း သိပါတယ္။ ရပ္ကြက္က အဲလိုေတာ့ မျဖစ္သင့္ဘူး။ အားလုံးေအးတူပူအမွ်ေပါ့ ပူးေပါင္းေျဖရွင္းရမွာ ခြဲျခားတာမေကာင္းဘူး၊ တစ္ကမာၻလုံး ျဖစ္တာမွာ ေအးတူပူအမွ် ေျဖရွင္းရမွာေပါ့”

ျမန္မာႏိုင္ငံ ဆရာဝန္မ်ားအသင္း အေထြေထြေရာဂါကုဆရာဝန္မ်ားအဖြဲ႕ ဒုတိယ ဥကၠ႒ ေဒါက္တာ ဝင္းလြင္သိန္းက က်န္းမာေရး ဝန္ထမ္းေတြနဲ႔ ေစတနာ့ဝန္ထမ္းေတြအေပၚ အခုလို ခြဲျခားဆက္ဆံမႈေတြ ပိုမ်ားလာရင္ သူတို႔လုပ္ေနတဲ့အလုပ္ကို စြန႔္ခြာသြားၾကလိမ့္မယ္လို႔ သတိေပးလိုက္ပါတယ္။

“ဘာေတြျဖစ္လာမလဲဆိုေတာ့ သူတို႔ေတြလုပ္ေနတာေတြကို စြန႔္ခြာသြားၾကလိမ့္မယ္၊ ပရဟိတလုပ္ေနတဲ့ သူေတြလည္း မလုပ္ေတာ့ဘူးေပါ့၊ သူတို႔ေတြအားလုံး ႏုတ္ထြက္သြားၾကလိမ့္မယ္”

ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ ကာကြယ္တားဆီးေရးလုပ္ငန္းေတြမွာ ပါဝင္ေဆာင္႐ြက္ေနသူေတြ ခြဲျခားဆက္ဆံ ခံေနရတာနဲ႔ ပတ္သက္ၿပီး က်န္းမာေရး ဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူကို ေမးျမန္းဖို႔ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ မြန္ျပည္နယ္က ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ ကာကြယ္ေရး လုပ္ငန္းေတြမွာ ပါဝင္ေနသူတခ်ိဳ႕နဲ႔ အင္တာနက္ကေန ေတြ႕ဆုံေဆြးေႏြးရာမွာ ကူးစက္ေရာဂါ ကာကြယ္တားဆီးေရး ေဆာင္႐ြက္ေနသူေတြကို ျပည္သူေတြအေနနဲ႔ ခြဲျခားဆက္ဆံမႈ မျပဳေၾကာင္းနဲ႔ စနစ္တက်ရွိေစေရး အစိုးရက ေဆာင္႐ြက္သြားမယ္လို႔ ေျပာဆိုခဲ့ပါတယ္။

မေန႔ကေတာ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ဦးေဆာင္တဲ့ အမ်ိဳးသားအဆင့္ ေစတနာ့ဝန္ထမ္း ဦးေဆာင္အဖြဲ႕ကို အစိုးရက ဖြဲ႕စည္းလိုက္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ကို တစ္ကမာၻလုံးက ေၾကာက္႐ြံ႕ေနၾကခ်ိန္မွာ ျမန္မာျပည္သူေတြလည္း ေၾကာက္႐ြံ႕တာ ကို အျပစ္မေျပာလိုေပမယ့္ နည္းမွန္းလမ္းမွန္ ေၾကာက္႐ြံ႕ၾကဖို႔ကိုလည္း က်န္းမာေရးဝန္ထမ္းေတြနဲ႔ ေစတနာ့ ဝန္ထမ္းေတြက တိုက္တြန္းထားပါတယ္။

ေရာဂါကာကြယ္ဖို႔အတြက္ အျပင္ထြက္ရင္ ႏွာေခါင္းစည္းတပ္ဖို႔၊ လူစုလူေဝးကို ေရွာင္ဖို႔၊ လက္ကို မၾကာခဏေဆး ဖို႔နဲ႔ မလိုအပ္ဘဲ အိမ္အျပင္မထြက္ၾကဖို႔ က်န္းမာေရးဝန္ႀကီးဌာနက အသိေပးႏႈိးေဆာ္ထားပါတယ္။

ေဝယံမိုးျမင့္၊ သန႔္ဇင္ဦး / RFA Burmese
-----------------------------------------------
(Unicode)⤵⤵⤵
ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတချို့ ခွဲခြားဆက်ဆံခံနေရ

 ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ကုသရေးကို ရှေ့တန်းကဆောင်ရွက်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေ ခွဲခြားဆက်ဆံ ခံနေရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသရေး ဆောင်ရွက်ရာမှာ အတည်ပြုလူနာနဲ့  ထိတွေ့မိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေဟာ ကြပ်မတ်စောင့်ကြည့်ခံကြရပြီး အဲဒီလို စောင့်ကြည့်ခံရတဲ့အခါ ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံတာကို ခံနေကြရပါတယ်။

လူနာအမှတ် ၁၄၅ ကို ဆေးရုံအထိ သွားရောက်ပို့ဆောင်ခဲ့တဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထဲက စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ထဲက စေတနာရှင်တစ်ယောက်ကို သီးခြားနေထိုင်နိုင်မယ့် နေရာတစ်ခုကို စီစဉ်ပေးခဲ့ပေမယ့်လည်း  ရပ်ကွက်က လက်မခံတဲ့အတွက် နေရာပြောင်းရွှေ့ခဲ့ရပါတယ်။

ကူညီပေးနေသူတွေကို ဒေသခံတချို့က အခုလိုတုံ့ပြန်တဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ စစ်ကိုင်းမြို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင် ယာဉ်မောင်း ကိုဟိန်းဇော်ထက်က RFA ကို ပြောပါတယ်။

“ဘေးပတ်ဝန်းကျင်မှာ ကျန်းမာရေးအသိရှိတဲ့သူက တချို့တဝက်လောက်ပဲရှိတယ်။ တကယ်တော့ ရောဂါကို ကြောက်တယ်သာပြောနေတာ တကယ်တမ်း သူတို့အပြင်သွားရင် နှာခေါင်းစည်းပဲပါတယ်၊ တချို့ဆို မပါ တောင်မပါဘူး။ PPE ဝတ်စုံအပြည့်အစုံနဲ့တောင် ကျွန်တော်တို့ကို ရောဂါသံသယဆိုပြီး လက်သင့်မခံတာ သူတို့က နှာခေါင်းစည်းတစ်ခုတည်းနဲ့ မကြောက်တာ စဉ်းစားစရာပဲ။ ပထမတော့ ဝမ်းနည်းမိတော့ ကိုယ့်မြို့ အတွက် ဒီလောက်ထိ ရှေ့ကနေ လုပ်ပေးတာတောင်မှ ရပ်ကွက်က အသိအမှတ်မပြုဘူး၊ နေဖို့အတွက်တောင် ကန့်ကွက်တယ်ဆိုတော့ စိတ်ထဲမကောင်းဘူး”

ဗိုင်းရပ်စ် ကူးစက်ခံရသူကို ဆေးဝါးကုသနိုင်ဖို့ ကူညီခဲ့သူကို ရပ်ကွက်က လက်မခံတဲ့အတွက် စစ်ကိုင်းမြို့ နှစ်ခုနှစ်ရာကွင်းထဲကို  ပြောင်းရွှေ့နေရတယ်လို့ ကိုဟိန်းဇော်ထက်က ပြောပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က လူနာအမှတ် ၁၃၂ နဲ့ ထိတွေ့ခဲ့လို့ နေအိမ်ကြပ်မတ် စောင့်ကြည့်နေတဲ့ သူနာပြုဆရာမတစ်ဦးကိုလည်း ရပ်ရွာက ရောဂါသည်အိမ်ဆိုပြီး ခွဲခြားဆက်ဆံ ပြောဆိုနေတယ်လို့ ကာယကံရှင် သူနာပြုဆရာမက ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ရန်ကုန်မြို့ လှိုင်သာယာဆေးရုံကြီးက သူနာပြု ဆရာမ အေးမိစံကတော့ ကျန်းမာရေးဝန်ထမ်းတွေ ခွဲခြားဆက်ဆံ ခံရတယ်ဆိုတာ သိရလို့ ဝမ်းနည်းမိတယ်လို့ ဆိုပါတယ်။

“နည်းနည်းတော့ ခံစားရတော့ သူတို့ရဲ့ ခွဲခြားဆက်ဆံမှုတွေ များလာတယ်ဆိုရင် ကျန်းမာရေး ယန္တရားမှာ အနှောင့်အယှက်ဖြစ်လာမှာ ဒါက ကပ်ရောဂါအသွင်ဖြစ်ပါတယ်။ ပြည်သူလူထုက မပါဝင်ရင် ကြောက်စရာ ကောင်းပါတယ်။ ကြောက်ရွံ့တယ်ဆိုတာကလည်း နည်းမှန်လမ်းမှန် ကြောက်ရွံ့ဖို့လိုပါတယ်။ ကြောက်ရွံ့တာ နည်းလမ်းမှားသွားတော့ ခွဲခြားဆက်ဆံတာတွေဖြစ်လာတယ်၊ အဲဒါကို ဘယ်လိုပြန်ပြင်ကြမလဲ၊ အများကြီး ကြိုးစားကြရဦးမယ်လို့ တွေးမိပါတယ်”

ရန်ကုန်မြို့မှာ အဆောင်ငှား၊ အခန်းငှားနေရတဲ့ သူနာပြုဆရာမ တချို့ကလည်း  အဆောင်ပိုင်ရှင်တွေက လက်မခံတော့လို့ နေစရာ နေရာမရှိတဲ့ ပြဿနာတွေ ကြုံနေရတယ်လို့လည်း ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ရင်ဖွင့်ပြောဆိုနေပါတယ်။

စိတ္တဇဆန်ဆန် အလွန်အကျွန်ကြောက်တာတော့ မဖြစ်သင့်ဘူးလို့ စစ်ကိုင်းမြို့က အရေးပေါ် ကွပ်ကဲရေး အဖွဲ့ဝင် ကိုဘတင့်က ပြောပါတယ်။

“ကြောက်တာက ကြောက်လို့ရတယ် ဒါပေမယ့် လွန်လွန်ကျွံကျွံကြီး ဥပဒါန်ကြောင့် ဥပါဒ်ဖြစ်သွားနိုင်တယ်။ ဆရာဝန်တွေလည်း PPE နဲ့ သေချာကာကွယ်ထားတာ သူတို့လည်း သိပါတယ်။ ရပ်ကွက်က အဲလိုတော့ မဖြစ်သင့်ဘူး။ အားလုံးအေးတူပူအမျှပေါ့ ပူးပေါင်းဖြေရှင်းရမှာ ခွဲခြားတာမကောင်းဘူး၊ တစ်ကမ္ဘာလုံး ဖြစ်တာမှာ အေးတူပူအမျှ ဖြေရှင်းရမှာပေါ့”

မြန်မာနိုင်ငံ ဆရာဝန်များအသင်း အထွေထွေရောဂါကုဆရာဝန်များအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းလွင်သိန်းက ကျန်းမာရေး ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေအပေါ် အခုလို ခွဲခြားဆက်ဆံမှုတွေ ပိုများလာရင် သူတို့လုပ်နေတဲ့အလုပ်ကို စွန့်ခွာသွားကြလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

“ဘာတွေဖြစ်လာမလဲဆိုတော့ သူတို့တွေလုပ်နေတာတွေကို စွန့်ခွာသွားကြလိမ့်မယ်၊ ပရဟိတလုပ်နေတဲ့ သူတွေလည်း မလုပ်တော့ဘူးပေါ့၊ သူတို့တွေအားလုံး နုတ်ထွက်သွားကြလိမ့်မယ်”

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကာကွယ်တားဆီးရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေသူတွေ ခွဲခြားဆက်ဆံ ခံနေရတာနဲ့ ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ မွန်ပြည်နယ်က ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကာကွယ်ရေး လုပ်ငန်းတွေမှာ ပါဝင်နေသူတချို့နဲ့ အင်တာနက်ကနေ တွေ့ဆုံဆွေးနွေးရာမှာ ကူးစက်ရောဂါ ကာကွယ်တားဆီးရေး ဆောင်ရွက်နေသူတွေကို ပြည်သူတွေအနေနဲ့ ခွဲခြားဆက်ဆံမှု မပြုကြောင်းနဲ့ စနစ်တကျရှိစေရေး အစိုးရက ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

မနေ့ကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ကို အစိုးရက ဖွဲ့စည်းလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို တစ်ကမ္ဘာလုံးက ကြောက်ရွံ့နေကြချိန်မှာ မြန်မာပြည်သူတွေလည်း ကြောက်ရွံ့တာ ကို အပြစ်မပြောလိုပေမယ့် နည်းမှန်းလမ်းမှန် ကြောက်ရွံ့ကြဖို့ကိုလည်း ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ ဝန်ထမ်းတွေက တိုက်တွန်းထားပါတယ်။

ရောဂါကာကွယ်ဖို့အတွက် အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ဖို့၊ လူစုလူဝေးကို ရှောင်ဖို့၊ လက်ကို မကြာခဏဆေး ဖို့နဲ့ မလိုအပ်ဘဲ အိမ်အပြင်မထွက်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားပါတယ်။

ဝေယံမိုးမြင့်၊ သန့်ဇင်ဦး / RFA Burmese
https://www.rfa.org/burmese/news/health-workers-discrimination-04282020010214.html
ေရွ႕တန္းက က်န္းမာေရးဝန္ထမ္းတခ်ိဳ႕ ခြဲျခားဆက္ဆံခံေနရ ေရွ႕တန္းက က်န္းမာေရးဝန္ထမ္းတခ်ိဳ႕ ခြဲျခားဆက္ဆံခံေနရ Reviewed by THITHTOOLWIN on 21:41 Rating: 5
Powered by Blogger.