ေသြးလႉရွင္မ်ား အႏၲရာယ္ကာလကို အံတုၿပီး ပုံမွန္လႉဒါန္းေန

ရန္ကုန္ၿမိဳ႕ အမ်ိဳးသားေသြးဌာနမွာ ေသြးလာေရာက္လႉဒါန္းသူေတြကို ၂ဝ၂ဝ ဧၿပီ ၁၉ ရက္ေန႔က ေတြ႕ရစဥ္ / Photo: National Blood Center
ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရးကာလအတြင္း အျပင္မထြက္ဘဲ အိမ္တြင္းေအာင္းေနၾကေပမယ့္ ေသြးလႉရွင္ေတြ ဟာ ရန္ကုန္ကေဆး႐ုံေတြမွာ လိုအပ္တဲ့ေသြး ျဖည့္ဆည္းႏိုင္ဖို႔အတြက္ ေသြးလႉဘဏ္ကို ဆက္သြယ္လႉဒါန္းေန ၾကပါတယ္။

ခုလို ကူးစက္ေရာဂါ အႏၲရာယ္ကာလအတြင္း အျပင္မထြက္ၾကဖို႔ အစိုးရက တိုက္တြန္းထားေပမယ့္ ေသြးလႉရွင္ ေတြကေတာ့ ရန္ကုန္ၿမိဳ႕ အမ်ိဳးသားေသြးလႉဌာနကို သြားေရာက္လႉဒါန္းေနၾကပါတယ္။

ဧၿပီ ၁ ကေန ၂၁ ရက္အထိ ေသြးလႉရွင္ ၂၈၀၀ ေက်ာ္က လာလႉခဲ့ၾကရာ  အေရးေပၚေသြးလိုအပ္တဲ့ လူနာေတြ၊ ေမြးရာပါေသြးအားနည္းလို႔ တျခားသူရဲ႕ေသြးနဲ႔ အသက္ဆက္ေနရသူေတြ၊ ေသြးနဲ႔ဆိုင္တဲ့ ေရာဂါခံစားေနရတဲ့ သူေတြ၊ ကင္ဆာေရာဂါအတြက္ ကုသမႈခံယူေနရတဲ့ လူနာေတြအတြက္ အဆင္ေျပခဲ့ပါတယ္။

ဗဟိုအမ်ိဳးသမီးေဆး႐ုံမွာဆိုရင္လည္း အမ်ိဳးသားေသြးဌာနက ေပးတဲ့ေသြးနဲ႔ လာလႉၾကတဲ့ ေသြးအလႉရွင္ တခ်ိဳ႕ေၾကာင့္ လတ္တေလာ လုံေလာက္ေနတယ္လို႔လည္း အဲဒီေဆး႐ုံရဲ႕ ဓာတ္ခြဲပညာရွင္ ေနာ္ထူးေဆးက ေျပာပါတယ္။

“ေလာေလာဆယ္ေတာ့ ေသြးက လုံလုံေလာက္ေလာက္ရွိတယ္။ အရမ္းခက္ခဲတဲ့ အခါက်ရင္ေတာ့ Page မွာ တင္ေပးပါတယ္။ အရင္ကထက္စာရင္ နည္းေပမယ့္ အရမ္းေတာ့မနည္းဘူး။ ၄ ပုံ ၁ ပုံေလာက္ေတာ့ နည္းသြားတယ္။ ဒီမွာေတာ့ ၃ ေပအကြာနဲ႔ ေနခိုင္းပါတယ္။ ေသြးအလႉရွင္ကို လူနာရွင္က ရွာရတာဆိုေတာ့ လာရသြားရတာကို လူနာရွင္နဲ႔ပဲ ညႇိၾကတာေပါ့။ ေသြးလႉဘဏ္ကိုေရာက္ရင္ေတာ့ လူစုလူေဝးမျဖစ္ေအာင္ တစ္ေယာက္နဲ႔ တစ္ေယာက္ ၃ ေပအကြာ ထိုင္ခိုင္းတာတို႔ လုပ္တာေပါ့“

ပရဟိတအဖြဲ႕အစည္းေတြရဲ႕ ေသြးလႉဒါန္းမႈ အစီအစဥ္ေတြရွိသလို တစ္ဦးတစ္ေယာက္ခ်င္း သြားေရာက္လႉဒါန္း တာလည္း ရွိပါတယ္။ စေန၊ တနဂၤေႏြလိုရက္ေတြဆိုရင္ ေသြးယူနစ္ ၈၀၀ ကေန တစ္ေထာင္ ၾကားရွိပါတယ္။

ဆက္သြယ္ေရးလြယ္ကူလာတဲ့ ဒီေန႔ေခတ္မွာ Facebook လိုမ်ိဳး လူမႈကြန္ရက္မီဒီယာ လူသုံးမ်ားလာတာေၾကာင့္  တစ္ေနရာရာမွာ ေသြးလိုအပ္ခ်က္ အေရးေပၚအေျခအေနျဖစ္လာရင္ ခ်ိတ္ဆက္ကူညီၾကတဲ့အတြက္ ေသြးလႉရွင္ က သက္ဆိုင္ရာေဆး႐ုံကို အေရာက္သြား လႉဒါန္းတာမ်ိဳးလည္း ရွိပါတယ္။

ရန္ကုန္ ကေလးေဆး႐ုံက ေသြးေရာဂါနဲ႔ ေဆးကုသေဆာင္ေတြက ကေလးေတြအတြက္ လိုအပ္ေနတာေၾကာင့္ ေသြးအလႉရွင္ကို ေစာင့္ေမွ်ာ္ေနတယ္လို႔ ဓာတ္ခြဲမႉး ဦးေအာင္ကိုကိုက ေျပာပါတယ္။

“ေလာေလာဆယ္ ေသြးကေတာ့ အမ်ိဳးသားေသြးဌာနက ေထာက္ပံ့ေပမယ့္ ကေလးေတြရဲ႕ လိုအပ္ခ်က္ေတာ့ မျပည့္မီဘူးေပါ့။ ဒီကာလက ကို႐ိုနာကာလဆိုေတာ့ ေရာဂါကူးမွာစိုးလို႔ မလာၾကတာလည္း ျဖစ္မွာေပါ့။ အဓိကက ေဆး႐ုံမွာက ေသြးေရာဂါေတြ ရွိေတာ့ေလ၊ ေန႔တိုင္းလိုလို သြင္းရတာေပါ့။ ေသြးဥမႊားေတြ လိုတာေပါ့။ တစ္ေန႔က ၂၅ ၊ ၃၀ ဝန္းက်င္ေလာက္ လိုအပ္တာေပါ့။ တစ္ခါတေလ ၃၀ ေက်ာ္သြားတယ္“

ႏိုင္ငံတကာမွာလည္း လူအမ်ားအျပား အသြားအလာ ကန႔္သတ္လာတဲ့ေနာက္ပိုင္း ေသြးလႉဒါန္းမႈ နည္းပါးလာၾက တဲ့ေနာက္ပိုင္း ေဆး႐ုံေတြမွာ ေသြးလိုအပ္ခ်က္ႀကီးမားလာတယ္လို႔ ဧၿပီလဆန္းပိုင္း သတင္းေတြမွာ ေတြ႕ရပါ တယ္။

ဧၿပီ ၁၆ ရက္ေန႔မွာေတာ့ က်န္းမာေရးဝန္ထမ္း ၅ဝဝ ေက်ာ္က ေသြးလႉဒါန္းမႈ ပိုမိုမ်ားျပားလာေစေရးအတြက္ အာဏာပိုင္ေတြကို အိတ္ဖြင့္ေပးစာတစ္ေစာင္ ေပးပို႔တဲ့အထဲမွာ လိင္တူဆက္ဆံသူေတြဆီက ေသြးအလႉခံမႈ မျပဳဖို႔ဆိုတဲ့ ေခတ္ေနာက္က်ေနတဲ့ ကန႔္သတ္မႈကို ပယ္ဖ်က္ေပးဖို႔ ေတာင္းဆိုထားတဲ့အေၾကာင္း AFP သတင္း တစ္ပုဒ္မွာ ေဖာ္ျပထားပါတယ္။

Channel News Asia ရဲ႕ သတင္းတစ္ပုဒ္မွာေတာ့ စကၤာပူမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရၿပီး ျပန္လည္သက္သာ ေပ်ာက္ကင္းသြားသူ တစ္ရာေက်ာ္ရွိရာမွာ ေသြးရည္ၾကည္ ကုထုံးအတြက္ သူတို႔ ထဲက ၁၁ ဦးကို ေသြးအလႉခံဖို႔ စုစည္းထားတဲ့အေၾကာင္း ေဖာ္ျပထားပါတယ္။

ေရာဂါေပ်ာက္ကင္းသူရဲ႕ ေသြးရည္ၾကည္ဟာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ အသည္းအသန္လူနာေတြကို ကုသရာမွာ အသုံးျပဳႏိုင္မယ္လို႔ ယူဆေနၾကပါတယ္။

ပုံမွန္အေျခအေနမွာဆိုရင္ ျမန္မာႏိုင္ငံမွာလည္း  ေဆး႐ုံအသီးသီးမွာ လိုအပ္ေနတဲ့ ေသြးအတြက္  ေသြးလႉရွင္ေတြ ပုံမွန္ရွိခဲ့ပါတယ္။

အခုလို ကပ္ေရာဂါေဘး ရင္ဆိုင္ေနရတဲ့ကာလ အစပိုင္းမွာ ေသြးလႉခ်င္ေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါကူးစက္ ခံရမွာ စိုးရိမ္ၿပီး မလႉျဖစ္ၾကတာေၾကာင့္လည္း ေသြးအလႉရွင္ ေလ်ာ့ပါးသြားခဲ့တာပါ။

လမ္းမေတာ္ၿမိဳ႕နယ္ ၾကက္ေျခနီတပ္ဖြဲ႕ဝင္ ကိုထြန္းကိုကိုကေတာ့ အေရးႀကီးကာလ အသြားအလာ ကန႔္သတ္ထား တဲ့အတြက္ ေသြးလႉရွင္ေတြ သြားလာဖို႔ အခက္ခဲေတြရွိတယ္လို႔ ေျပာပါတယ္။

“ပုံမွန္အခ်ိန္ေတြမွာလည္း အခက္ခဲရွိတယ္။ ကိုဗစ္ကာလမွ ဘာအခက္ခဲရွိလဲဆိုေတာ့ အလႉရွင္ေတြက အလုပ္နဲ႔ဆိုေတာ့ သူတို႔႐ုံးသြားဖို႔လာဖို႔ အခ်ိန္ေပးရတာရွိတယ္။ တစ္ခါတေလ ညဘက္ေတြ ေသြးလိုတာမ်ိဳး ေတြရွိတယ္။ အဲဒီအခါ ၾကန႔္ၾကာတာမ်ိဳးေတြ ခက္ခဲတာမ်ိဳးေတြရွိတယ္။ ကိုဗစ္ကာလဆိုေတာ့ ေရာဂါကူး မွာလည္းေၾကာက္တယ္။ အဲဒါလည္းပါတာေပါ့။ ေသြးသြားလႉလိုက္လို႔ တစ္ေနရာရာကမ်ား ကူးမလားဆိုၿပီး စိုးရိမ္ၾကတာလည္း ရွိတာေပါ့“

ေသြးလႉဘဏ္ကို အမည္ေျပာင္းထားတဲ့ အမ်ိဳးသားေသြးဌာနဟာ ရန္ကုန္တိုင္းအတြင္းက ေဆး႐ုံႀကီး ၁၄ ခုကို ေသြးေထာက္ပံ့ေပးေနရတာျဖစ္ပါတယ္။

အခုလို ကပ္ေရာဂါေဘးေၾကာက္ေနရတဲ့ အခ်ိန္မွာ ေသြးလိုအပ္ေနတဲ့ သူေတြအတြက္ ေသြးအလႉဟာ အင္မတန္ မြန္ျမတ္တဲ့ ဒါနျဖစ္ၿပီး ေနာက္ထပ္လည္း ေသြးလိုအပ္တာေတြ ရွိေနဦးမွာ ျဖစ္တဲ့အတြက္ ေသြးအလႉရွင္ေတြကို ဆက္ေမွ်ာ္လင့္ေနရဦးမွာပဲ ျဖစ္ပါတယ္။

ဇာဏီထြဏ္း / RFA Burmese
------------------------------------
သွေးလှူရှင်များ အန္တရာယ်ကာလကို အံတုပြီး ပုံမှန်လှူဒါန်းနေ

ရန်ကုန်မြို့ အမျိုးသားသွေးဌာနမှာ သွေးလာရောက်လှူဒါန်းသူတွေကို ၂ဝ၂ဝ ဧပြီ ၁၉ ရက်နေ့က တွေ့ရစဉ် / Photo: National Blood Center

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးကာလအတွင်း အပြင်မထွက်ဘဲ အိမ်တွင်းအောင်းနေကြပေမယ့် သွေးလှူရှင်တွေ ဟာ ရန်ကုန်ကဆေးရုံတွေမှာ လိုအပ်တဲ့သွေး ဖြည့်ဆည်းနိုင်ဖို့အတွက် သွေးလှူဘဏ်ကို ဆက်သွယ်လှူဒါန်းနေ ကြပါတယ်။

ခုလို ကူးစက်ရောဂါ အန္တရာယ်ကာလအတွင်း အပြင်မထွက်ကြဖို့ အစိုးရက တိုက်တွန်းထားပေမယ့် သွေးလှူရှင် တွေကတော့ ရန်ကုန်မြို့ အမျိုးသားသွေးလှူဌာနကို သွားရောက်လှူဒါန်းနေကြပါတယ်။

ဧပြီ ၁ ကနေ ၂၁ ရက်အထိ သွေးလှူရှင် ၂၈၀၀ ကျော်က လာလှူခဲ့ကြရာ  အရေးပေါ်သွေးလိုအပ်တဲ့ လူနာတွေ၊ မွေးရာပါသွေးအားနည်းလို့ တခြားသူရဲ့သွေးနဲ့ အသက်ဆက်နေရသူတွေ၊ သွေးနဲ့ဆိုင်တဲ့ ရောဂါခံစားနေရတဲ့ သူတွေ၊ ကင်ဆာရောဂါအတွက် ကုသမှုခံယူနေရတဲ့ လူနာတွေအတွက် အဆင်ပြေခဲ့ပါတယ်။

ဗဟိုအမျိုးသမီးဆေးရုံမှာဆိုရင်လည်း အမျိုးသားသွေးဌာနက ပေးတဲ့သွေးနဲ့ လာလှူကြတဲ့ သွေးအလှူရှင် တချို့ကြောင့် လတ်တလော လုံလောက်နေတယ်လို့လည်း အဲဒီဆေးရုံရဲ့ ဓာတ်ခွဲပညာရှင် နော်ထူးဆေးက ပြောပါတယ်။

“လောလောဆယ်တော့ သွေးက လုံလုံလောက်လောက်ရှိတယ်။ အရမ်းခက်ခဲတဲ့ အခါကျရင်တော့ Page မှာ တင်ပေးပါတယ်။ အရင်ကထက်စာရင် နည်းပေမယ့် အရမ်းတော့မနည်းဘူး။ ၄ ပုံ ၁ ပုံလောက်တော့ နည်းသွားတယ်။ ဒီမှာတော့ ၃ ပေအကွာနဲ့ နေခိုင်းပါတယ်။ သွေးအလှူရှင်ကို လူနာရှင်က ရှာရတာဆိုတော့ လာရသွားရတာကို လူနာရှင်နဲ့ပဲ ညှိကြတာပေါ့။ သွေးလှူဘဏ်ကိုရောက်ရင်တော့ လူစုလူဝေးမဖြစ်အောင် တစ်ယောက်နဲ့ တစ်ယောက် ၃ ပေအကွာ ထိုင်ခိုင်းတာတို့ လုပ်တာပေါ့“

ပရဟိတအဖွဲ့အစည်းတွေရဲ့ သွေးလှူဒါန်းမှု အစီအစဉ်တွေရှိသလို တစ်ဦးတစ်ယောက်ချင်း သွားရောက်လှူဒါန်း တာလည်း ရှိပါတယ်။ စနေ၊ တနင်္ဂနွေလိုရက်တွေဆိုရင် သွေးယူနစ် ၈၀၀ ကနေ တစ်ထောင် ကြားရှိပါတယ်။

ဆက်သွယ်ရေးလွယ်ကူလာတဲ့ ဒီနေ့ခေတ်မှာ Facebook လိုမျိုး လူမှုကွန်ရက်မီဒီယာ လူသုံးများလာတာကြောင့်  တစ်နေရာရာမှာ သွေးလိုအပ်ချက် အရေးပေါ်အခြေအနေဖြစ်လာရင် ချိတ်ဆက်ကူညီကြတဲ့အတွက် သွေးလှူရှင် က သက်ဆိုင်ရာဆေးရုံကို အရောက်သွား လှူဒါန်းတာမျိုးလည်း ရှိပါတယ်။

ရန်ကုန် ကလေးဆေးရုံက သွေးရောဂါနဲ့ ဆေးကုသဆောင်တွေက ကလေးတွေအတွက် လိုအပ်နေတာကြောင့် သွေးအလှူရှင်ကို စောင့်မျှော်နေတယ်လို့ ဓာတ်ခွဲမှူး ဦးအောင်ကိုကိုက ပြောပါတယ်။

“လောလောဆယ် သွေးကတော့ အမျိုးသားသွေးဌာနက ထောက်ပံ့ပေမယ့် ကလေးတွေရဲ့ လိုအပ်ချက်တော့ မပြည့်မီဘူးပေါ့။ ဒီကာလက ကိုရိုနာကာလဆိုတော့ ရောဂါကူးမှာစိုးလို့ မလာကြတာလည်း ဖြစ်မှာပေါ့။ အဓိကက ဆေးရုံမှာက သွေးရောဂါတွေ ရှိတော့လေ၊ နေ့တိုင်းလိုလို သွင်းရတာပေါ့။ သွေးဥမွှားတွေ လိုတာပေါ့။ တစ်နေ့က ၂၅ ၊ ၃၀ ဝန်းကျင်လောက် လိုအပ်တာပေါ့။ တစ်ခါတလေ ၃၀ ကျော်သွားတယ်“

နိုင်ငံတကာမှာလည်း လူအများအပြား အသွားအလာ ကန့်သတ်လာတဲ့နောက်ပိုင်း သွေးလှူဒါန်းမှု နည်းပါးလာကြ တဲ့နောက်ပိုင်း ဆေးရုံတွေမှာ သွေးလိုအပ်ချက်ကြီးမားလာတယ်လို့ ဧပြီလဆန်းပိုင်း သတင်းတွေမှာ တွေ့ရပါ တယ်။

ဧပြီ ၁၆ ရက်နေ့မှာတော့ ကျန်းမာရေးဝန်ထမ်း ၅ဝဝ ကျော်က သွေးလှူဒါန်းမှု ပိုမိုများပြားလာစေရေးအတွက် အာဏာပိုင်တွေကို အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့တဲ့အထဲမှာ လိင်တူဆက်ဆံသူတွေဆီက သွေးအလှူခံမှု မပြုဖို့ဆိုတဲ့ ခေတ်နောက်ကျနေတဲ့ ကန့်သတ်မှုကို ပယ်ဖျက်ပေးဖို့ တောင်းဆိုထားတဲ့အကြောင်း AFP သတင်း တစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

Channel News Asia ရဲ့ သတင်းတစ်ပုဒ်မှာတော့ စင်္ကာပူမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ပြန်လည်သက်သာ ပျောက်ကင်းသွားသူ တစ်ရာကျော်ရှိရာမှာ သွေးရည်ကြည် ကုထုံးအတွက် သူတို့ ထဲက ၁၁ ဦးကို သွေးအလှူခံဖို့ စုစည်းထားတဲ့အကြောင်း ဖော်ပြထားပါတယ်။

ရောဂါပျောက်ကင်းသူရဲ့ သွေးရည်ကြည်ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အသည်းအသန်လူနာတွေကို ကုသရာမှာ အသုံးပြုနိုင်မယ်လို့ ယူဆနေကြပါတယ်။

ပုံမှန်အခြေအနေမှာဆိုရင် မြန်မာနိုင်ငံမှာလည်း  ဆေးရုံအသီးသီးမှာ လိုအပ်နေတဲ့ သွေးအတွက်  သွေးလှူရှင်တွေ ပုံမှန်ရှိခဲ့ပါတယ်။

အခုလို ကပ်ရောဂါဘေး ရင်ဆိုင်နေရတဲ့ကာလ အစပိုင်းမှာ သွေးလှူချင်ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက် ခံရမှာ စိုးရိမ်ပြီး မလှူဖြစ်ကြတာကြောင့်လည်း သွေးအလှူရှင် လျော့ပါးသွားခဲ့တာပါ။

လမ်းမတော်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင် ကိုထွန်းကိုကိုကတော့ အရေးကြီးကာလ အသွားအလာ ကန့်သတ်ထား တဲ့အတွက် သွေးလှူရှင်တွေ သွားလာဖို့ အခက်ခဲတွေရှိတယ်လို့ ပြောပါတယ်။

“ပုံမှန်အချိန်တွေမှာလည်း အခက်ခဲရှိတယ်။ ကိုဗစ်ကာလမှ ဘာအခက်ခဲရှိလဲဆိုတော့ အလှူရှင်တွေက အလုပ်နဲ့ဆိုတော့ သူတို့ရုံးသွားဖို့လာဖို့ အချိန်ပေးရတာရှိတယ်။ တစ်ခါတလေ ညဘက်တွေ သွေးလိုတာမျိုး တွေရှိတယ်။ အဲဒီအခါ ကြန့်ကြာတာမျိုးတွေ ခက်ခဲတာမျိုးတွေရှိတယ်။ ကိုဗစ်ကာလဆိုတော့ ရောဂါကူး မှာလည်းကြောက်တယ်။ အဲဒါလည်းပါတာပေါ့။ သွေးသွားလှူလိုက်လို့ တစ်နေရာရာကများ ကူးမလားဆိုပြီး စိုးရိမ်ကြတာလည်း ရှိတာပေါ့“

သွေးလှူဘဏ်ကို အမည်ပြောင်းထားတဲ့ အမျိုးသားသွေးဌာနဟာ ရန်ကုန်တိုင်းအတွင်းက ဆေးရုံကြီး ၁၄ ခုကို သွေးထောက်ပံ့ပေးနေရတာဖြစ်ပါတယ်။

အခုလို ကပ်ရောဂါဘေးကြောက်နေရတဲ့ အချိန်မှာ သွေးလိုအပ်နေတဲ့ သူတွေအတွက် သွေးအလှူဟာ အင်မတန် မွန်မြတ်တဲ့ ဒါနဖြစ်ပြီး နောက်ထပ်လည်း သွေးလိုအပ်တာတွေ ရှိနေဦးမှာ ဖြစ်တဲ့အတွက် သွေးအလှူရှင်တွေကို ဆက်မျှော်လင့်နေရဦးမှာပဲ ဖြစ်ပါတယ်။

ဇာဏီထွဏ်း / RFA Burmese
https://www.rfa.org/burmese/news/blood-donate-04282020013030.html
ေသြးလႉရွင္မ်ား အႏၲရာယ္ကာလကို အံတုၿပီး ပုံမွန္လႉဒါန္းေန ေသြးလႉရွင္မ်ား အႏၲရာယ္ကာလကို အံတုၿပီး ပုံမွန္လႉဒါန္းေန Reviewed by THITHTOOLWIN on 21:44 Rating: 5
Powered by Blogger.