ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္သူ ၃ ဦး ထပ္မံေတြ႔ရွိ


(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါကူးစက္သူ ေနာက္ထပ္ ၃ ဦးကုိ ထပ္မံအတည္ျပဳလုိက္တဲ့အတြက္ အခုဆုိရင္ စုစုေပါင္း ၁၄၉ ဦးအထိ ရွိသြားပါၿပီ။ ေရာဂါပုိးရွိသူေတြနဲ႔ ထိေတြ႔ဆက္ဆံခဲ့တဲ့ အသက္ ၁၅ ႏွစ္၊ ၁၉ ႏွစ္နဲ႔ ၄၃ ႏွစ္အရြယ္ အမ်ဳိးသား ၃ ဦးတုိ႔မွာ ကူးစက္မႈရွိေနတာကို စစ္ေဆးေတြ႔ရွိခဲ့တာျဖစ္ေၾကာင္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ႕ ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာပါ။

ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာနနဲ႔ ေဆးသုေတသနဦးစီးဌာနတုိ႔က ဓာတ္ခဲြနမူနာ ၁၄၅ ခုကုိ စစ္ေဆးရာမွာ ေရာဂါပုိးရွိသူ ၃ ဦးကုိ အတည္ျပဳႏုိင္ခဲ့တာလုိ႔လည္း ေျပာပါတယ္။

၂ ရက္ဆက္တုိက္ ေရာဂါကူးစက္သူ မေတြ႔ေၾကာင္း သတင္းထုတ္ျပန္ခဲ့ၿပီးေနာက္ ေရာဂါပုိးရွိသူေတြနဲ႔ ထိေတြ႔ဆက္ဆံမႈေၾကာင့္ ေစာင့္ၾကည့္စစ္ေဆးေနသူေတြထဲက ကူးစက္မႈေတြ ေတြ႔ရွိခဲ့တာပါ။

ျမန္မာႏုိင္ငံမွာ အခုအခ်ိန္အထိ ေရာဂါပုိး ကင္းစင္သူ ၁၆ ဦးကုိ ေဆး႐ုံက ဆင္းခြင့္ျပဳခဲ့သလုိ၊ ေသဆုံးသူ ၅ ဦး ရွိေၾကာင္းလည္း က်န္းမာေရး၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏုိင္ငံမွာ လတ္တေလာ အခ်ိန္အထိ ေရာဂါပုိးကူးစက္သူ အေရအတြက္ နည္းပါးေနဆဲ ျဖစ္ေပမဲ့ COVID-19 ေရာဂါဟာ ဘယ္သူမဆုိ ကူးစက္ခံရႏုိင္တာေၾကာင့္ ကူးစက္မႈေတြ အခ်ိန္မေရြးပုိမ်ားလာႏုိင္သလုိ ေရာဂါလကၡဏာမျပေပမဲ့ ေရာဂါပုိးရွိေနႏုိင္တယ္လုိ႔လည္း က်န္းမာေရး၀န္ႀကီးဌာနက တုိက္တြန္းထားတာပါ။

ဒီအတြက္ မလုိအပ္ဘဲ အိမ္ျပင္မထြက္ဖို႔၊ လူစုလူေဝးေရွာင္ဖို႔၊ အိမ္ျပင္ထြက္ရင္ ႏွာေခါင္းစည္းတပ္ဖို႔နဲ႔ တစ္ဦးနဲ႔တစ္ဦး ခြပ္ခြာခြာေနၾကဖို႔ အပါအ၀င္ တာ၀န္ရွိသူေတြ ထုတ္ျပန္ထားတဲ့ က်န္းမာေရးဆုိင္ရာ အစီအမံေတြကုိ အမ်ားျပည္သူ အေနနဲ႔ လုိက္နာၾကဖုိ႔လည္း တိုက္တြန္းထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------
[Unicode Version]

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ ၃ ဦး ထပ်မံတွေ့ရှိ

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ နောက်ထပ် ၃ ဦးကို ထပ်မံအတည်ပြုလိုက်တဲ့အတွက် အခုဆိုရင် စုစုပေါင်း ၁၄၉ ဦးအထိ ရှိသွားပါပြီ။ ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ အသက် ၁၅ နှစ်၊ ၁၉ နှစ်နဲ့ ၄၃ နှစ်အရွယ် အမျိုးသား ၃ ဦးတို့မှာ ကူးစက်မှုရှိနေတာကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနနဲ့ ဆေးသုတေသနဦးစီးဌာနတို့က ဓာတ်ခွဲနမူနာ ၁၄၅ ခုကို စစ်ဆေးရာမှာ ရောဂါပိုးရှိသူ ၃ ဦးကို အတည်ပြုနိုင်ခဲ့တာလို့လည်း ပြောပါတယ်။

၂ ရက်ဆက်တိုက် ရောဂါကူးစက်သူ မတွေ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့ဆက်ဆံမှုကြောင့် စောင့်ကြည့်စစ်ဆေးနေသူတွေထဲက ကူးစက်မှုတွေ တွေ့ရှိခဲ့တာပါ။

မြန်မာနိုင်ငံမှာ အခုအချိန်အထိ ရောဂါပိုး ကင်းစင်သူ ၁၆ ဦးကို ဆေးရုံက ဆင်းခွင့်ပြုခဲ့သလို၊ သေဆုံးသူ ၅ ဦး ရှိကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလော အချိန်အထိ ရောဂါပိုးကူးစက်သူ အရေအတွက် နည်းပါးနေဆဲ ဖြစ်ပေမဲ့ COVID-19 ရောဂါဟာ ဘယ်သူမဆို ကူးစက်ခံရနိုင်တာကြောင့် ကူးစက်မှုတွေ အချိန်မရွေးပိုများလာနိုင်သလို ရောဂါလက္ခဏာမပြပေမဲ့ ရောဂါပိုးရှိနေနိုင်တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားတာပါ။

ဒီအတွက် မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့၊ လူစုလူဝေးရှောင်ဖို့၊ အိမ်ပြင်ထွက်ရင် နှာခေါင်းစည်းတပ်ဖို့နဲ့ တစ်ဦးနဲ့တစ်ဦး ခွပ်ခွာခွာနေကြဖို့ အပါအဝင် တာဝန်ရှိသူတွေ ထုတ်ပြန်ထားတဲ့ ကျန်းမာရေးဆိုင်ရာ အစီအမံတွေကို အများပြည်သူ အနေနဲ့ လိုက်နာကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid/5395547.html
ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္သူ ၃ ဦး ထပ္မံေတြ႔ရွိ  ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္သူ ၃ ဦး ထပ္မံေတြ႔ရွိ Reviewed by THITHTOOLWIN on 21:29 Rating: 5
Powered by Blogger.