
(Zawgyi)⤵⤵⤵
မုံရွာ၊ဧပြီ-၇





မေနှင်းဆီ
Monywa Gazette
-----------
(Unicode)⤵⤵⤵
မုံရွာတွင် ဘဏ်ငွေထုတ်ပြန်လာသူ နေ့ခင်းကြောင်တောင် လုယက်ခံရ

မုံရွာ၊ဧပြီ-၇

မုံရွာမြို့ ရန်ကင်းရပ်ကွက်နေ အမျိုးသမီး ၂ ဦးသည် ယနေ့ မွန်းလွဲပိုင်း ၁နာရီကျော်က ဗိုလ်ချုပ်လမ်းနှင့် ကမ်းနားလမ်းထောင့် ရှိ ကမ္ဘာ့ရတနာဘဏ်မှ ငွေထုတ်အပြန် ပေါ်ဦးခန်းမအနီး လုယက်ခံခဲ့ရကြောင်း သတင်းရရှိသည်။

၎င်းတို့ဆိုင်ကယ်အနီးသို့ နှာခေါင်းစည်း တပ်ထားသော လူငယ်၂ဦးမှ ကပ်လိုက်လာပြီး နောက်မှ ထိုင်လိုက်သည့် အမျိုးသမီးထံမှ ငွေ ၁၆ သိန်းခန့်ပါသော ပိုက်ဆံအိတ်အား လုခဲ့ခြင်းဖြစ်ကြောင်း စုံစမ်း သိရသည်။

"ဆိုက်ကယ်နောက်ကပ်ပြီး လုတာတဲ့၊နောက်ကလူက အင်္ကျီအနက်ဝတ်ထားတယ်လို့ပြောတယ်"ဟု ရန်ကင်းရပ်ကွက်အုပ်ချူပ်ရေးမှူး ဦးတင်အောင်ခိုင်ကပြောသည်။

လုယက်ခံရသူ နှစ်ဦးအား မြို့မရဲစခန်းတွင် စစ်ဆေးချက် ယူပြီးမှ အမှုဖွင့်လှစ်သွားမည်ဟု စခန်းမှူး ဒုရဲမှူးဝင်းနိုင် ကပြောသည်။

မေနှင်းဆီ
Monywa Gazette
https://www.facebook.com/monywagazette/?epa=SEARCH_BOX
မုံရွာတွင် ဘဏ်ငွေထုတ်ပြန်လာသူ နေ့ခင်းကြောင်တောင် လုယက်ခံရ မုံရွာတွင် ဘဏ်ငွေထုတ်ပြန်လာသူ နေ့ခင်းကြောင်တောင် လုယက်ခံရ Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.