သႀကၤန္ကာလ စုေပါင္းျပီးဘုန္းၾကီးေက်ာင္းမတက္ရန္ သံဃာအဖြဲ႔ ထုတ္ျပန္

(Zawgyi)⤵⤵⤵

ဧၿပီ ၇ ရက္ ၂၀၂၀

ကမၻာတဝွမ္း ျဖစ္ေပၚသည့္ COVID-19 ေၾကာင့္ သႀကၤန္ကာလအတြင္း စုေပါင္းျပီး ဘုန္းၾကီးေက်ာင္းတက္ဆြမ္းပန္းကပ္လွဴျခင္းမျပဳရန္ သ်ွမ္းျပည္လံုး ဆုိင္ရာ သံဃာ့အဖြဲ႕ခ်ဳပ္ မွ ထုတ္ျပန္ေၾကညာလုိက္သည္။

ဧၿပီ ၃ ရက္ က သွ်မ္းျပည္လံုး ဆုိင္ရာ သံဃာ့အဖြဲ႔ခ်ဳပ္က ထုတ္ျပန္ထားျခင္းျဖစ္သည္။

သႀကၤန္ကာလ ႏွစ္ေဟာင္း မွ ႏွစ္သစ္သို့ ကူးေျပာင္းခ်ိန္ ျမန္မာလူမ်ိဳး ဗုဒၶဘာသာဝင္မ်ားဘုရားေက်ာင္းကန္တက္ ဥပုပ္သီလေဆာက္တည္ၾကရာ ယခုနွစ္တြင္စုေပါင္းေက်ာင္းတက္ျခင္းကို ရပ္ဆိုင္းထားရန္ ႏွင့္ ဆရာဒကာ စုေပါင္း ကာ တရြာျပီးတရြာ ဘုန္းၾကီးေက်ာင္း လွည့္ပတ္ကန္ေတာ့ျခင္းမ်ား မျပဳလုပ္ရန္ ထုတ္ျပန္ခ်က္တြင္ေရးသားထားသည္။

ထိုနည္းတူ သ်ွမ္းျပည္နယ္ ဗုဒၶတကၠသုိလ္၏ ၄ ႀကိမ္ေျမာက္ COVID-19 ႏွင့္ ပတ္သက္ၿပီး ေဆြးေႏြးခ်က္တြင္ သႀကၤန္ကာလအတြင္း လူစုလူေဝး မျဖစ္ေစရန္ ဘုန္းၾကီးေက်ာင္း မတက္ေရာက္ၾကရန္၊ ဘုန္းၾကီးေက်ာင္းသုိ့ေရာက္လာပါကလည္း တသုတ္လွ်င္ ၁၅ ေယာက္ခန့္သာ တက္ေရာက္တရားနာရန္ သွ်မ္းျပည္ ဗုဒၶတကၠသိုလ္မွ ေမတၱာရပ္ခံ ထားသည္။

ထုိျပင္ လူစုလူေဝး မျဖစ္ေအာင္ ေနရာမ်ား ခြဲၿပီး စီစဥ္ထားရွိရန္လည္း ထုတ္ျပန္ထားသည္။

“ ဒီလို အခ်ိန္မွာေတာ့ အိမ္မွာပဲေနေစခ်င္တယ္။ COVID-19 ထက္မျဖစ္ေစဖုိ႔အတြက္အိမ္မွာေနတာအေကာင္းဆံုးပါ” ဟု ေတာင္ႀကီးၿမိဳ႕တြင္ ေနထုိင္သည့္ အသက္ ၆၀ ႏွစ္ အရြယ္ရွိ ဦးစိုင္းလံု က ေျပာသည္။

သႀကၤန္ကာလအတြင္း ဗုဒၶဘာသာမ်ား ဘုရားေက်ာင္းသြား ကုသိုလ္ယူ အလွဴအတန္းျပဳၾကသည့္ ဓေလ့ရွိၾကေသာ္လည္း ယခုႏွစ္ အတြင္း ေရာဂါကပ္ဆုိးေၾကာင့္ မသြားရသည့္အတြက္ စိတ္မေကာင္းေၾကာင္း လည္း ဦးစိုင္းလံု က ေျပာသည္။

COVID-19 ေၾကာင့္ သႀကၤန္ပြဲေတာ္ပါ မက်င္းပရသည္မွာ ယခုနွစ္သည္ သမိုင္းဝင္ သႀကၤန္ မက်င္းပရသည့္ ႏွစ္ျဖစ္ေၾကာင္းလည္း ဗုဒၶဘာသာဝင္ မ်ားက ေျပာဆုိမွတ္ခ်က္ျပဳၾကသည္။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese/
-------------
(Unicode)⤵⤵⤵
သင်္ကြန်ကာလ စုပေါင်းပြီးဘုန်းကြီးကျောင်းမတက်ရန် သံဃာအဖွဲ့ ထုတ်ပြန်

သျှမ်းသံတော်ဆင့်/ဆိုင်ဖူး

ဧပြီ ၇ ရက် ၂၀၂၀

ကမ္ဘာတဝှမ်း ဖြစ်ပေါ်သည့် COVID-19 ကြောင့် သင်္ကြန်ကာလအတွင်း စုပေါင်းပြီး ဘုန်းကြီးကျောင်းတက်ဆွမ်းပန်းကပ်လှူခြင်းမပြုရန် သျှမ်းပြည်လုံး ဆိုင်ရာ သံဃာ့အဖွဲ့ချုပ် မှ ထုတ်ပြန်ကြေညာလိုက်သည်။

ဧပြီ ၃ ရက် က သျှမ်းပြည်လုံး ဆိုင်ရာ သံဃာ့အဖွဲ့ချုပ်က ထုတ်ပြန်ထားခြင်းဖြစ်သည်။

သင်္ကြန်ကာလ နှစ်ဟောင်း မှ နှစ်သစ်သို့ ကူးပြောင်းချိန် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များဘုရားကျောင်းကန်တက် ဥပုပ်သီလဆောက်တည်ကြရာ ယခုနှစ်တွင်စုပေါင်းကျောင်းတက်ခြင်းကို ရပ်ဆိုင်းထားရန် နှင့် ဆရာဒကာ စုပေါင်း ကာ တရွာပြီးတရွာ ဘုန်းကြီးကျောင်း လှည့်ပတ်ကန်တော့ခြင်းများ မပြုလုပ်ရန် ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထိုနည်းတူ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်၏ ၄ ကြိမ်မြောက် COVID-19 နှင့် ပတ်သက်ပြီး ဆွေးနွေးချက်တွင် သင်္ကြန်ကာလအတွင်း လူစုလူဝေး မဖြစ်စေရန် ဘုန်းကြီးကျောင်း မတက်ရောက်ကြရန်၊ ဘုန်းကြီးကျောင်းသို့ရောက်လာပါကလည်း တသုတ်လျှင် ၁၅ ယောက်ခန့်သာ တက်ရောက်တရားနာရန် သျှမ်းပြည် ဗုဒ္ဓတက္ကသိုလ်မှ မေတ္တာရပ်ခံ ထားသည်။

ထိုပြင် လူစုလူဝေး မဖြစ်အောင် နေရာများ ခွဲပြီး စီစဉ်ထားရှိရန်လည်း ထုတ်ပြန်ထားသည်။

“ ဒီလို အချိန်မှာတော့ အိမ်မှာပဲနေစေချင်တယ်။ COVID-19 ထက်မဖြစ်စေဖို့အတွက်အိမ်မှာနေတာအကောင်းဆုံးပါ” ဟု တောင်ကြီးမြို့တွင် နေထိုင်သည့် အသက် ၆၀ နှစ် အရွယ်ရှိ ဦးစိုင်းလုံ က ပြောသည်။

သင်္ကြန်ကာလအတွင်း ဗုဒ္ဓဘာသာများ ဘုရားကျောင်းသွား ကုသိုလ်ယူ အလှူအတန်းပြုကြသည့် ဓလေ့ရှိကြသော်လည်း ယခုနှစ် အတွင်း ရောဂါကပ်ဆိုးကြောင့် မသွားရသည့်အတွက် စိတ်မကောင်းကြောင်း လည်း ဦးစိုင်းလုံ က ပြောသည်။

COVID-19 ကြောင့် သင်္ကြန်ပွဲတော်ပါ မကျင်းပရသည်မှာ ယခုနှစ်သည် သမိုင်းဝင် သင်္ကြန် မကျင်းပရသည့် နှစ်ဖြစ်ကြောင်းလည်း ဗုဒ္ဓဘာသာဝင် များက ပြောဆိုမှတ်ချက်ပြုကြသည်။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese/
သႀကၤန္ကာလ စုေပါင္းျပီးဘုန္းၾကီးေက်ာင္းမတက္ရန္ သံဃာအဖြဲ႔ ထုတ္ျပန္ သႀကၤန္ကာလ စုေပါင္းျပီးဘုန္းၾကီးေက်ာင္းမတက္ရန္ သံဃာအဖြဲ႔ ထုတ္ျပန္ Reviewed by THITHTOOLWIN on 19:23 Rating: 5
Powered by Blogger.